အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Thalassemia ရောဂါ နှင့် အာဟာရ

Thalassemia ရောဂါ က သွေးခဏခဏ သွင်းရတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် သံဓါတ်များတဲ့ အစားအစာတွေကို အဓိက ရှောင်ရှားပေးရပါမယ်။ နောက်ထပ်အရေးကြီးတာကတော့ သံဓါတ်အားဆေးတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။ နောက်ပြီး အစာစားပြီးတိုင်း ရေနွေးကြမ်း (လက်ဖက်ခြောက် ခတ်ထားတဲ့) ကို သောက်ပေးတဲ့အကျင့် လုပ်ပေးရပါမယ်။ ထမင်း၊ ဟင်းချက်ပြုတ်တဲ့နေရာမှာလည်း သံထည်ပစ္စည်းတွေ နဲ့ ချက်မယ့်အစား အခုနောက်ပိုင်းပေါ် လာတဲ့ ကြွေအိုး၊ ဖန်အိုးတွေ နဲ့ ပြောင်းချက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ နောက်ပြီး ထမင်းစားစားပြီးချင်း သံပုရာရည်ေသာက်၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ မာလကာသီး၊ ငရုပ်ပွအနီ၊ သံပုရာသီး ဖြင့်သုပ်ထားတဲ့ အသုပ်စတဲ့ ဗီတာမင် စီ (Vitamin C) ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အရေးအကြီးဆုံးကတော့ ဘာပဲ ဝယ်စားစား Nutrition Label (အာဟာရတန်ဖိုး အညွှန်းပြဇယား) ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးဆားလို့ ပြောကြတဲ့ ပန်းရောင်ဆား သွေးမတိုးဘူးဆိုတာ ဟုတ်သလား

Himalayan salt လို့ခေါ်တဲ့ ပန်းရောင်ဆားဆိုတာ ဟိမဝန္တာတောင်တန်းတွေအနီး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ဒေသမှာရှိတဲ့ သတ္တုဆားခဲတစ်မျိုးပါ။ ပန်းရောင်ဆားဟာ ဆားအမျိုးအစားများစွာထဲက အသန့်စင်ဆုံးဖြစ်ပြီး ကျန်းမာရေးအကျိုးေကျးဇူးတွေလည်း သိပ်များတယ်လို့ တချို့က ယုံကြည်ညွှန်းဆိုကြပါတယ်။ အခုဆိုသွေးမတိုးတဲ့ဆား ဆိုပြီးတောင်ကြော်ငြာနေတာတွေတွေ့လာရပါတယ်။ဒါပေမယ့် သူက ကျန်းမာရေးအတွက် ပိုကောင်းနေတာလား၊ သူများတွေပြောနေတဲ့ အကျိုးကျေးဇူးတွေကရော ဟုတ်ရဲ့လား၊ ဘာတွေထူးခြားနေလဲ၊ ရိုးရိုးဆား အစား သူ့ကိုပဲအမြဲသုံးရတော့မလား ဆိုတဲ့မေးခွန်းတွေကို ဒီဆောင်းပါးနဲ့ ရှင်းပြချင်ပါတယ်။ Himalayan salt ဆိုတာဘာလဲ ပန်းရောင်ဆားဆိုတာလည်း စားပွဲတင်ဆားလိုပါပဲ။ သူ့မှာsodium chloride က ၉၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းမှာတော့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊နဲ့ ကယ်လ်စီယမ်တို့လို သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဒီလိုပါဝင်လို့လည်း ပန်းရောင်သမ်းစေတာဖြစ်သလို ရိုးရိုးဆားနဲ့အရသာကွဲနေတာဖြစ်ပါတယ်။ ဘယ်လိုသုံးကြလဲ တချို့က ဟင်းချက်တာ၊ အသုပ်သုပ်တာ စတဲ့အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ရိုးရိုးဆားလိုပဲ သုံးကြပါတယ်။ တချို့က ပန်းရောင်ဆားကို အခဲပြားလိုက်ပုံစံနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့စဉ်အာဟာရမှာ ပရိုတင်းဓါတ် ပါဝင်သင့်တဲ့ အကြောင်းရင်း (၁၀) ချက်

ကျား၊ မ မရွေး ကိုယ်ခန္ဓါကြီးထွားစေဖို့၊ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓါတ်၊ ကစီဓါတ်နဲ့ အဆီဓါတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီအာဟာရ ၃ မျိုးမှာမှ ပရိုတင်းဟာ လူ့ခန္ဓါကိုယ်နဲ့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး အာဟာရဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့် အသက်အရွယ်မရွေး ပရိုတင်းပမာဏ ပြည့်ဝစွာ စားသုံးဖို့ အရေးကြီးလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ မလိုအပ်ဘဲ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်တယ်။ ပရိုတင်းဓါတ်ဟာ ဆာလောင်မှုကို ဖြစ်စေတဲ့ ဂရီလင် (ghrelin) ဟော်မုန်းကို လျှော့ချပေးပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ဗိုက်ကို ပြည့်သွားစေပြီး နောက်ထပ် အစားအစာတွေ၊ အဆီအစိမ့်တွေ စားချင်စိတ် မဖြစ်လာစေဖို့ ကူညီပေးနိုင်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းပေးထားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ချဖို့၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပူပူလေးမှ စားတတ်၊သောက်တတ်တယ်ဆိုသူတွေ သတိထား!

ကော်ဖီေသာက်ရင် ပူပူလေးမှကြိုက်တယ်၊ လက်ဖက်ရည်ပူပူချိုချိုလေး ခံတွင်းတွေ့လိုက်တာဆိုတဲ့ သူလေးတွေ သတိထားနော်။ အစားအစာပူပူနွေးနွေးစားပါဆိုပေမယ့် အရမ်းပူနေရင်တော့ကောင်းကျိုးထက် ဆိုးကျိုးရှိလာဖို့ ရှိနေပါတယ်နော်။ အရမ်းပူတုန်းမှာစားလိုက်တာက လျှာကျက်သွားလို့ အရသာခံရတာ အနှောင့်အယှက်ဖြစ်သွားရုံလောက်ပေါ့ ဘာတွေများဖြစ်လာမှာမို့လို့လဲလို့ တွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါနော်။ အရမ်းပူတာတွေစားတဲ့အခါ အရမ်းပူတဲ့အစားအစာတွေ၊ လက်ဖက်ရည်ပူပူ၊ရေနွေးပူပူသောက်တတ်သူတွေက အစာရေမျိုကင်ဆြာဖစ်နိုင်ခြေပိုများနေပါတယ်နော်။ အမေရိကန် ကင်ဆာ အဖွဲ့ကြီးရဲ့ ၂၀၁၉ ခုနှစ်မှာထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အစာရေမျိုကင်ဆာခံစားရသူအရေအတွက်က ၁၇၆၅၀ ဦးတိုးလာခဲ့ပြီး အစာရေမျိုကင်ဆာကြောင့် အခုနှစ်ကုန်ပိုင်းမျာ လူဦးရေ ၁၆၀၀၀ ဦးလောက်သေဆုံးနိုင်တယ်၊လို့ သိရပါတယ်။ အစာရေမျိုကင်ဆာရှိသူတွေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာရောဂါရှိတယ်လို့ သိရှိရပြီးနောက် ၅ နှစ်အကြာမှာသေဆုံးခဲ့ကြပါတယ်။ အစာရေမျိုကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ အစာခြေရည်ြပန်ဆန်တက်တာကြောင့် အစာရေမျိုကင်ဆာဖြစ်နိုင်သလိုပြုပြင်ထားတဲ့အသားတွေ အစားများပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အစားနည်းတာကြောင့် အစာရေမျိုကင်ဆာဖြစ်ရတာပါ။ သုတေသီတွေမကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရကတော့ အမြဲလိုလို ခပ်ပူပူအရာတွေကို စားတာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ချဉ်စပ်လေးမှ၊ ရှူးရှဲလေးမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ဝမ်းသာစရာဖြစ်တော့မှာပဲ။ ငရုတ်သီးစပ်စပ်လေးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်ပိုနည်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။ စားကာစတော့ လျှာမှာပူပြီးထုံသွားမယ်၊ နှုတ်ခမ်းနဲ့ ခံတွင်းထဲမှာ ပူစပ်ပူစပ်ဖြစ်လာပြီးတဲ့နောက်တော့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေစလာပါတယ်။ချွေးတွေ၊ မျက်ရည်တွေ၊နှာရည်တွေ၊ တံတွေးတွေ အကုန်ပွင့်ထွက်လာပါရော။ ဒီတော့ ဘာအတွက်ကောင်းလဲပေါ့။ အစပ်မကြိုက်သူတွေကပြောတယ်။ ဘာအရသာများရှိလို့လဲ၊ ဘာအကျိုးကျေးဇူးရှိလဲဆိုတာမျိုး။ အကျိုးကျေးဇူးကရှိပါတယ်။ ဥပမာ ဖျားချင်ချင်ဖြစ်နေရင် ပူပူစပ်စပ်လေးစားပြီးချွေးထုတ်တာ၊ခေါင်းမကြည်လို့ချွေးထွက်အောင် စားလိုက်တာ၊ ထမင်းစားပျက်နေရင် အစပ်လေးပါတော့မြိန်သွားတာမျိုး။ အစာအိမ်ရောဂါရှိရင်တော့ သတိထားပေါ့။ အစပ်စားခြင်းက အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုကဖော်ပြဖူးပါတယ်။ အစပ်စားခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တယ်လို့ University Of Wyoming သုတေသီတွေကပြောပါတယ်။ အစပ်ကဲတဲ့အစားအစာတွေက ဘီယာနဲ့တွဲရင်တော့ အဆီကျစေတဲ့အကျိုးကျေးဇူးကိုလျော့ပါးစေနိုင်တယ်။ အမျိုးသား ၁၆၀၀၀ လေ့လာခဲ့တဲ့ ၂၀၁၇ ခုနှစ် University Of Vermont ရဲ့သုတေသနတစ်ခုအရ ငရုတ်သီးကြိုက်သူတွေဟာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတယ်လို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေအတွက် မရှိမဖြစ် ဗီတာမင်အာဟာရ (၄) မျိုး

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ့်ရဲ့ အသားအရေကို အရင်ကထက် သေချာဂရုစိုက်ပြီး အလေးအနက်ထားလာကြပါတယ်။ ကိုယ်ခန္ဓာကျန်းမာစေဖို့ အာဟာရဓါတ်တွေ လိုအပ်သလို အသားအရေ လှပစေဖို့လည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရှိပါတယ်။ ဒီလိုအာဟာရဓာတ်တွေကို ပြီးပြည့်စုံအောင် ရရှိပါမှ ကိုယ့်အသားအရေက ကျန်းမာစိုပြေနေပြီး မြင်သူငေးရလောက်အောင် လှနေမှာပေါ့။ လူတွေတော်တော်များများ သိထားကြတာ နေရောင်ခြည်ဒဏ်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို တော်တော်လေး ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာပါပဲ။ တကယ်တော့ ဒီအချက်ဟာ လုံးဝမှန်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ အသားအရေကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ဗီတာမင် ဒီ ဓာတ်ဟာ အသားအရေကို စိုပြေဝင်းလက်စေဖို့ မရှိမဖြစ် ဗီတာမင် ၄မျိုးထဲမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ

သက်ရှိတိုင်းမှာ ခန္ဓါကိုယ်ဆိုတာရှိနေတော့ဝေဒနာကမကင်းဘူးလေ။ အသက်လေးရလာလေလေ ခန္ဓါကိုယ်မှာ ခံစားရတဲ့ဝေဒနာတွေက များလာလေလေပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လိုက်တဲ့အခြေအနေမျိုးမှာတော့ အကောင်းဆုံးခုခံရမှာပေါ့။ တိုက်စစ်မရရင်ခံစစ်နဲ့တော့ရအောင်ကစားရမှာပဲလေနော်။ ဒီတော့ရောဂါတွေကို အစားအစာတွေနဲ့ ခုခံရအောင်လား။ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာတွေက ဘာတွေများလဲ ရောဂါတွေကိုတိုက်ထုတ်ပေးမယ်ဆိုလို့ ဘယ်လိုအစားအစာတွေများလဲလို့ အကြီးကြီးတွေးနေပြီလား။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါနေတဲ့ စားအစာတွေပါပဲနော်။ ပန်းသီး ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်တစ်မျိုးဖြစ်တဲ့ pectin ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ အယမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိလျော့ကျစေနိုင်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။ ချင်း (ဂျင်း) မီးဖိုချောင်ထဲကဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပေါ့။ နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။သွေးကျဲစေနိုင်တယ်။သွေးကျဲဆေးေသာက်နေရသူတွေအတွက် သဘာဝဆေးလေးတစ်မျိုးပေါ့။ ရွှေဖရုံသီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။beta-carotene နဲ့ beta-cryptoxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ စားစရာတစ်ခုပါ။ ဘယ်ရီသီးတွေ ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့် ခန္ဓါကိုယ်မှာ နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။ နို့ထွက်ပစ္စည်းတွေ   ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ ပရိုတင်း […]


ကျန်းမာစွာ စားသောက်ခြင်း

အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း

ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ Trans Fat ဆိုတာ မြန်မာလိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ဘယ်လို အစားအစာတွေ မှာ Trans Fat တွေ ပါလဲ အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ အသင့်စား အစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက် ကော်ဖီမှုန့်၊ လက်ဖက်ရည်မှုန့်၊ Creamer ဆီကြော်အစားအစာများ၊ ထပ်ခါ ထပ်ခါ ကြော်ထားသော ဆီများ၊ အစားအစာ များ။ Trans Fat အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ် လာမလဲ ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူ ကို အံတုဖို့ ဒီအသီးတွေ စားပေးပါ။

မကြာခင် နွေရာသီကလည်း ရောက်တော့မယ်။ ရာသီဥတုက တဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာတဲ့အပြင် ဒီနှစ်ထဲ အယ်နီညိုကလည်းဖြစ်ဦးမယ်ဆိုတော့ ဒီနှစ်နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ပြင်ဆင်ရတော့မှာပေါ့။ နွေရာသီရဲ့ အဓိက ပြဿနာကတော့ နေပြင်းပြီး ချွေးထွက်များလို့ ရေဓာတ်ခမ်းခြောက်တာနဲ့ အသားအရေ နေလောင်တာပဲ ဖြစ်ပါတယ်။ ဒါတွေက အင်မတန်မှ စိတ်ညစ်စရာကောင်းတဲ့ နွေရောက်ရင် ဖြစ်နေကျ ပြဿနာတွေပါ။ နွေပူပူ ကို တွန်းလှန်နိုင်တဲ့ အသီးတွေရှိတယ်ဆိုရင် သင်စိတ်ဝင်စားမလား။ နွေပူပူ ကို အံတုဖို့ စားသင့်တဲ့ အသီးများ  စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ကီဝီသီး - ဗီတာမင် C ဓာတ် အပြည့်ပါတဲ့ ဒီအသီးတွေဟာ နွေရာသီမှာ အစားသင့်ဆုံးအသီးလို့ဆိုရင်တောင် မမှားပါဘူး။ ဗီတာမင် C ရဲ့ နေလောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ အစွမ်းကြောင့် ဆောင်းလက်ကျန် စတော်ဘယ်ရီသီးတွေက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာလူးများများစားရင် တင်ပါးပိုကြီးတယ်ဆိုတာ တကယ်လား

“နင် တင်ပါးကြီးချင်ရင် အာလူးများများစားလေ” ဆိုပြီး ကိုယ့်သူငယ်ချင်း အချင်းချင်း နောက်ပြောင်နေကြတာ ကြားဖူးမယ်ထင်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်တွေဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်က နေ့စဉ် အသုံးပြုဖို့ အားအင်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ မှန်ကန်တဲ့ နည်းစနစ်နဲ့ ချက်ပြုတ်တဲ့အခါမှာ ခန္ဓာကိုယ်အတွက်လည်း အာဟာရများစွာ ပေးစွမ်းနိုင်တဲ့ အစားအစာဆိုလည်း မမှားပါဘူး။ အာလူးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ဖော့စဖရပ်စ်ဓာတ်၊ဖောလစ်အက်ဆစ်၊ အမျှင်ဓာတ်၊ အသားဓာတ်နဲ့ ကစီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်လို့ ဆီးချိုရောဂါသည်တွေ စားဖို့ သင့်တော်ပါတယ်။ အမျှင်ဓာတ်ပါဝင်လို့ အစာကြေလွယ်စေပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့နေ့စဉ်လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်၊ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဆိုရင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း