အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

တိုးတက်လာတဲ့ လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်းမြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food)တွေ စားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိရဲ့လား။ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ပြုပြင်ထားတဲ့ အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သေပြနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင် ထည့်ထားတာတွေ၊ အရသာကောင်းအောင် ပြုပြင်ထားတာတွေ ပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတစ်လေကနေ အမြဲလိုလို စားနေမိနိုင်ပါတယ်နော်။ ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တော်တော်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊ အငန်ဓာတ်နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားဆေး သောက်စရာ တကယ်မလိုဘူးလား ။ ။

ကိုယ်နေ့တိုင်းစားနေတဲ့ ထမင်းတွေ၊ ဟင်းတွေကနေ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအကုန်ရနေတာပဲ။ ကိုယ်ကလည်း စားနိုင်နေတာပဲ ဘာကြောင့် အားဆေး တွေ ထပ်သောက်ဖို့လိုဦးမှာလဲ ဆိုပြီး မရှင်းဖြစ်နေကြတဲ့သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အားလုံးသိချင်နေကြတဲ့ မေးခွန်းတွေအတွက် အချက် ၅ ချက်နဲ့ ဖြေပြပေးချင်ပါတယ်။ ၁။ ကိုယ်ကြိုက်တာ ကိုယ်ရွေးစားကြတယ်။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအာလုံး ရနိုင်ဖို့အတွက် အစားအစားတွေအားလုံးကို မျှတအောင်စားပေးရမှာ မှန်ပေမယ့် လူတွေက သူတို့ကြိုက်တာကိုပဲ ပိုစားကြတဲ့သူချည်းပါ။ အသားကြိုက်တဲ့သူတွေက အသားတွေချည်းစားမိမယ်၊ သတ်သတ်လွတ်သမားေတွကလည်း အသားမစားဘူး။ ဒီလိုနဲ့ စားစရာ အသီးသီးကရတဲ့ အာဟာရဓါတ်တွေ မစားဖြစ်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့ကုန်ရော။ ။ ၂။ သဘာဝ မြေသြဇာသုံးတဲ့ စိုက်ပျိုးရေးခြံဆိုတာ မရှိသလောက် ရှားသွားပါပြီ။ ခေတ်မီ စိုက်ပျိုးရေး စနစ်မှာ သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရေးလုပ်တဲ့ တောင်သူဦးကြီးတွေ အရမ်းရှားသွားပါပြီ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖင်းဆိုတိုင်း လန်းရောလား

အိပ်ငိုက်လိုက်တာကော်ဖီေသာက်ပါလား။ ဒါမှမဟုတ် လက်ဖက်ရည်ေလးဖြစ်ဖြစ်ပေါ့ လို့ပြောနေကြတာကြားဖူးမှာပါ။ ညကအိပ်ရေးပျက်တယ် အိပ်ငိုက်တော့မှာပဲ၊ လက်ဖက်ရည်ကျကျလေးသောက်လိုက်မယ်ဆိုတာရော၊ အိပ်ချင်ပြေ လက်ဖက်သုပ်လေးစားပါလား၊ဆိုတာတွေက အိပ်ငိုက်လိုက်တာဆိုတဲ့ စစကားတစ်ခွန်းအတွက်ပေးတတ်ကြတဲ့အဖြေတွေပေါ့။ ဒါဆိုရင် ဒီအစားအစာတွေက အိပ်ချင်ပြေစေတယ်ဆိုတဲ့သဘောပေါ့။နောက်တစ်ခွန်းကျန်သေးတယ်ခေါင်းထဲမှာမကြည့်ဘူး။ခေါင်းကြည်ပြီး လန်းသွာအောင်ကော်ဖီသောက်ပါလားဆိုတာမျိုးပေါ့။ အခုပြောခဲ့တာတွေအားလုံးက ကဖင်းပါတဲ့ အစားအစာတွေပါ။ ဒီနေရာမှာမေးစရာတစ်ခုက ခန္ဓါကိုယ်မှာ မလန်းမဆန်းဖြစ်နေရင် ကဖင်းပါတာတစ်ခုခုစားပြီး လန်းအောင်လုပ်လို့ရတာလား။ ကဖင်းက အတန်အသင့်ဆိုရင် လန်းဆန်းစေနိုင်ပေမယ့် အရမ်းများရင်တော့ ပါဝါမတက်ဘဲ ပါဝါထိုးကျသွားမှာပါ။ ကဖင်းဆိုတိုင်း လန်းရောလား အရာရာက တန်ဆေး လွန်ဘေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အရမ်းများသွားရင်တော့နေမထိထိုင်မသာဖြစ်တာ၊ အသားတွေတုန်လာတာမျိုး၊ရင်တွေတုန်လာတာမျိုး ကျန်းမာရေးဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ ကဖင်းလွန်ရင်ဘာဖြစ်မလဲ စိတ်ပူပန်မယ် ကဖင်းက တက်ကြွစေနိုင်တယ်ဆိုပေမယ့် အရမ်းများရင်တော့ ပင်ပန်းသလိုခံစားလာရပါလိမ့်မယ်။ ကဖင်းကို အတန်အသင့်သောက်တာက စိတ်ကြည်လင်လန်းဆန်းစေနိုင်တယ်ဆိုပေမယ့် လိုတာထက်ပိုသောက်ရင်တော့ ပိုလန်းလာမှာ မဟုတ်ဘဲ အာရုံရှုပ်ထွေးပြီး စိတ်ပူပန်မှုတိုးလာစေမှာပါ။ အိပ်မပျော်ဖြစ်မယ် သောက်လိုက်ခါစမှခေါင်းကြည်ပြီး အိပ်မငိုက်တော့ဘဲဖြစ်နိုင်ပေမယ့် ညဘက်အိပ်တဲ့အခါမှာလည်း ဘယ်လိုမှကောင်းကောင်းအိပ်မပျော်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခွက်၊နှစ်ခွက်ထက်ပိုမသောက်မိပါစေနဲ့။ အစာခြေစနစ်ပြဿနာခံစားရနိုင်တယ် ကော်ဖီ နည်းနည်းလောက်သောက်တာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါကင်းချင်ရင် အစိမ်းမစားသင့်တဲ့အရာများ

အစိမ်းစားလို့မရတာ အသားနဲ့ငါးပဲရှိတယ်လို့ အရင်ကပြောကြပေမယ့် အခုဆို အသား၊ငါးတွေကို အစိမ်းပြင်ဆင်ထားတဲ့မီနူးတွေ ဟိုတယ်စာတွေမှာပါတွေ့နေရပါပြီ။ ထိုင်းစတိုင် ပုဇွန်အစိမ်းသုပ်တို့၊ ဂျပန်စတိုင်၊ ကိုရီးယားစတိုင် ငါးအသားလွှာတို့ဘာတို့ ကြိုက်ကြတယ်မလား။ အစိမ်းစားတာက အစာအဆိပ်သင့်တာကလွဲရင် ချက်ချင်းတော့ အသက်အန္တရာယ်မရှိနိုင်တော့လည်း စားလို့ရတယ်လို့ပြောကြမှာပေါ့လေ။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်ကနေဆိုရင်တော့ အစိမ်းမစားသင့်တဲ့အရာတွေရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဘယ်အစားအစာတွေကိုရှောင်သင့်လဲ၊ ဘာကြောင့်ရှောင်သင့်လဲ ဆက်ပြီးဖတ်ကြည့်နော်။ ဆူရှီ သိပ်ကိုလူကြိုက်များတဲ့ ဆူရှီတွေကို ထိခိုက်စေလိုတာတော့မဟုတ်ပါဘူး။ ထမင်းရယ်၊ရေညှိရယ်၊ အသီးအရွက်၊ အသားငါးပင်လယ်စာ၊ ကြက်ဥနဲ့လုပ်တဲ့ မာရိုးနစ်တို့ပါဝင်လို့ အာဟာရပြည့်တဲ့အစားအစာတစ်ခုပါ။ ဒါပေမယ့် အသား၊ပင်လယ်စာတွေကို အစိမ်းထည့်ထားတာတော့ မစားသင့်ပါဘူး။ ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်ဗိုက်နာတွေဖြစ်စေနိုင်တဲ့anisakiasis လို ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေပါလာနိုင်ပါတယ်။ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဆို ပိုပြီးသတိထားသင့်ပါတယ်။ သူ့ဒေသရေမြေအနေအထား အပူချိန်၊လတ်ဆတ်မှု၊ တာရှည်ခံမှုတို့က ဒီမှာဆိုရင် ကွဲပြားနိုင်တာမို့ ဂျပန်စတိုင်အတိုင်း အစိမ်းမစားသင့်ပါဘူး။ ဝက်သား ဝက်သားကို အစိမ်းစားလေ့မရှိကြပေမယ့် မကျက်တကျက်တော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Night out လုပ်ဖို့စဉ်းစားထားရင် ဒါတွေရှောင်ပါနော်

သောကြာနေ့လိုနေ့မျိုးရောက်လာပြီဆိုရင် လူငယ်တော်တော်များများတွေးမိတတ်တာက တစ်ပတ်လုံးပင်ပန်းထားသမျှကို သူငယ်ချင်းတွေနဲ့ Night out လုပ်ပြီးသောက်မယ်၊ စားမယ်၊လျှောက်သွားမယ်ပေါ့။ ဒီတော့ Night out လုပ်တဲ့အခါသောက်ကြမယ့် ကိုကို မမတွေအတွက် သိထားသင့်တဲံရှောင်ရမယ့်အချက်လေးတွေပြောပြပေးပါရစေလား။ Night out လုပ်ပြီးသောက်ဖို့စဉ်းစားထားတယ်ဆိုရင် night out လုပ်ပြီးသောက်ကြတဲ့အခါ မစားသင့်တာတွေကို စားမိရင် မအီမသာဖြစ်တာ၊ အရက်နာကျတာမျိုးတွေခံစားရပြီး စိတ်မသက်မသာဖြစ်ရနိုင်ပါတယ်။ ဒီပြဿနာတွေကကင်းဝေးစေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးပါနော်။ သကြား အပြင်ထွက်လည်ပြီး မသောက်ခင်မှာ အချိုပါတဲ့ အစားအစာတွေစားတာ၊ အချိုရည်တွေသောက်တာမျိုး မလုပ်သင့်ပါဘူး။သွေးတွင်းသကြားဓါတ်ကိုထိခိုက်စေနိုင်တာကြောင့်ပါ။နောက်တစ်ချက်က အချိုကဲတဲ့အစားအသောက်တွေကို အရက်မသောက်ခင်စားလိုက်တဲ့အခါလေပွတာမျိုးခံစားရနိင်တာကြောင့်ပါ။ ဆီကြော်စာတွေ အစာကြေခဲတဲ့သဘာဝရှိကြတာပါ။ အယ်လ်ကိုဟောနဲ့ပေါင်းမိတဲ့အခါ အစာအိမ်ပြဿနာဖြစ်စေပြီး မအီမသာဖြစ်နိုင်ပါတယ်။ ဆားပါဝင်မှုများတဲ့ အာလူးကြော်တွေနဲ့ အခြားသောဆီကြော်တွေကို မသောက်ခင်မစားပါနဲ့။ ဒီအစားအစာတွေက ခန္ဓါကိုယ်ရေဓါတ်ကို ကျဆင်းစေပြီး အရက်နာကျတာကို ပိုဆိုးစေနိုင်ပါတယ်။ ကဖင်း ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း၊ လက်ဖက်တို့က ကဖင်းဓါတ်ပါတဲ့အစားအသောက်တွေပါ။ချောကလက်နဲ့ အားဖြည့်အချိုရည်တို့မှာလည်း ကဖင်းဓါတ်ပါဝင်နေနိုင်ပါတယ်။ ညဘက်သွားသောက်ကြဖို့တွေးထားတယ်ဆိုရင်ကော်ဖီအပါအဝင် ကဖင်းပါတာတွေကိုရှောင်ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေ ဒီအစားအစာတွေကို အရက်မသောက်ခင်စားလိုက်မယ်ဆိုရင် အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာလုံး အားအင်ပြည့်နေစေဖို့ စားပေးသင့်တဲ့ အစားအသောက်များ ။ ။

တစ်နေ့တာလုံး လန်းဆန်းအားပြည့်စေဖို့အတွက် ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီတော့ တစ်နေ့တာလုံး အားအင်ပြည့်ပြီး လန်းဆန်းနေအောင် ဘယ်လို အစားအသောက်တွေ စားပေးသင့်လဲ ။ ။ ရေ ။ ။ ရေ အသက် တစ်မနက်လို့ ဆိုရလောက်အောင် ရေဆိုတာ သင့်ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်စာတစ်ခုပါ။ ကိုယ်တွင်းက ဆဲလ်တွေ စိုပြည်ဖို့၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့အတွက် ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ရေကို လုံလောက်အောင် မသောက်မိရင် ရေဓါတ်ခမ်းခြောက် ပြီး နုန်းချိသလို ခံစားရတတ်ပါတယ်။ Green Tea ( လက်ဖက်စိမ်းရည်) ။ ။ လက်ဖက်စိမ်းရည်ရဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် သင့်ကိုယ်ခန္ဓါမှာ ဖိစီးနေတဲ့ဖိစီးမှုတွေ အကုန်ပြေလျော့စေမှာ ဖြစ်တဲ့အပြင် ကဖင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးအတွက် လုံးဝကို အကျိုးပြုတဲ့ ကော်ဖီတစ်ခုကို ဘယ်လိုဖန်တီးမလဲ ။ ။

ကော်ဖီဆိုတာ လူတိုင်း နှစ်သက်စွာ သောက်နေကျတဲ့ ရေပန်းအစားဆုံး သောက်စရာတစ်ခုပါ။ ဒီလိုကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတဲ့သူတွေလည်းရှိသလို ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဘယ်အရာမှ ကောင်းတာချည်းပဲ မရှိတဲ့အတွက် ကော်ဖီဟာ ကျန်းမာရေးအတွက်ကောင်းသလို ဆိုးကျိုးကိုလည်း ပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နေတဲ့ အရာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့ ဘယ်သူမှ မဖြစ်ချင်တဲ့အတွက် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သောက်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။ ။ ကျန်းမာရေးအတွက် အကျိုးပြုအောင် ကော်ဖီကို ဘယ်လိုသောက်ရမလဲ ။ ။ နေ့ခင်း ၂ နာရီနောက်ပိုင်း ကော်ဖီ မသောက်ပါနဲ့တော့ - ကော်ဖီဆိုတာ မနက်ပိုင်းအသောက်သင့်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ကဖင်းဓါတ် ကြောင့် သင်တစ်နေ့တာလုံး လန်းဆန်း နေဖို့ကို ကော်ဖီက တာဝန်ယူပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

အစာတစ်လုတ်ကို အခါ ၃၀ လောက် ဝါးစားသင့်တယ် ဆိုတဲ့အကြောင်းကို ငယ်ငယ်တုန်းက ကြားဖူးကောင် း ကြားခဲ့ဖူးပါလိမ့်မယ်။ ခက်တာက ကြားဖူးပြီး လိုက်မလုပ်ကြတဲ့သူ ၁၀၀ မှာ ၉၇ ယောက်လောက်ရှိနေပါတယ်။ အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ အဲလို အစားကိုသေချာ ကြေညက်အောင် ဝါးမစားရင်တဖြည်ဖြည်းချင်းနဲ သင့်အစာအိမ်ကျန်းမာရေး ပြဿနာတက်တတ်တယ်ဆိုတာ သင်သိပါသလား ။ အစားကို ဘယ်နှစ်ခေါက်လောက်ဝါးစားသင့်လဲ ။ ။ အစားကို ဝါးစားတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ ဘယ်အစားအသောက်ကိုမဆို ပျော့ပျောင်းသွားအောင် သွားတွေကို ကြိတ်ချေလိုက်တာဖြစ်ပါတယ်။ အစားကို ဝါးစားခြင်းဟာ အစာခြေစနစ်ရဲ့ ပထမဆုံး အလုပ် ဆိုလည်း မမှားပါဘူး။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေ ဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။ ကျန်းမာရေးအရ အဝလွန်ခြင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက် လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။ ။

သိုင်းရွိုက်ဟော်မုန်းများခြင်းဆိုတာကို အားလုံးသိကြမှာပါ။ လည်ပင်းကြီး ရောဂါလို့လည်း လူသိများကြပါတယ်။ ဒီလို လည်ပင်းကြီးပြီး သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ဆေးကုသမှုခံယူရင် အကြာကြီးခံယူရပြီး ဆေးကို အကြာကြီးစွဲသောက်ရလေ့ရှိပါတယ်။ ဆေးသောက်ရုံနဲ့တင်မပြီးသေးပါဘူး။ ကိုယ်စားတဲ့ အစားအသောက်တွေကလည်း သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်ဆိုတာကို သင်သိပါသလား။ ဒါဆို သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက် စားပေးသင့်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများရင် ဘယ်လို လက္ခဏာတွေရှိမလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ရင်တုန်မယ် ဝမ်းလျှောမယ် ကိုယ်အလေးချိန် ကျနေမယ် စိတ်တိုလွယ်ပြီး စိတ်မရှည်ဘူး အပူဒဏ်ကို မခံနိုင်ဘူး စတဲ့ လက္ခဏာတွေရှိတတ်ပါတယ် ။ ဒီလို လက္ခဏာတွေက ဖတ်လိုက်ရင် သိပ်မဆိုးဘူးလို့ ထင်ရပေမယ့် တကယ်ခံစားနေရတဲ့သူတွေ အတွက်တော့ တော်တော်ကြီးကိုခံရခက်တဲ့ ဝေဒနာတွေပါ။ ဒီလို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း