အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားစားချိန်မှန် ဖို့လိုအပ်ရတဲ့ အကြောင်းအရင်း

လူတစ်ယောက် ကျန်းမာနေစေဖို့ အဓိကလိုအပ်တဲ့အရာ ၃ ခုရှိပါတယ်။ ဒါကတော့ အစာအာဟာရ၊ သန့်စင်တဲ့လေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတို့ပါ။ ဒီလိုဆိုတာနဲ့ ဒီအချက် ၃ ခုပြည့်ရင်ပြီးရောလို့ဆိုပြီးလုပ်လို့လည်းမဖြစ်ပြန်ပါဘူး။ အရာရာကို ချိန်သားကိုက်လုပ်နိုင်မှ ခန္ဓါကိုယ်က ကျန်းမာတော့မပေါ့။ ဒီတစ်ခေါက်တော့ ခပ်ပေါ့ပေါ့လေးလို့တွေးနေကြတဲ့ အစားစားချိန်မမှန်တဲ့အချက်လေး နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ တစ်နေ့က ဘယ်နှနပ်စားလဲ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို ၃ နပ်ကလုံလောက်တဲ့ အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အစားတွေ အများကြီးမစားနိုင်သေးတဲ့ ကလေးလေးတွေအတွက်တော့ တစ်နေ့ကို ၅ နပ်လောက်အထိ နည်းနည်းချင်းစီနဲ့စားဖို့လိုမှာပါ။ ဒီအချက်က ကလေးတွေနဲ့ပဲ သက်ဆိုင်တယ်တော့မဟုတ်ပါဘူး။ ဖေဖေမေမေ ဖိုးဖိုးဖွားဖွား တွေအတွက်လည်း အကျုံးဝင်ပါတယ်။ လူကြီးတွေက အသက်အရွယ်ရလာတဲ့အခါ အစားတွေကို တစ်ခါတည်းအများကြီး မစားနိုင်ကြတော့ပါဘူး။ ဒီအချိန်မှ လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့က နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားရတာပါ။ ဒီလို အကြိမ်ရေတွေ ဘယ်လောက်ကွာကွာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး

ဗီတာမင် အေက မျက်စိအမြင်အာရုံကျန်းမာရေးအတွက် အရေးပါတယ်လို့သိကြပါတယ်။ ဗီတာမင် အေ က ဆဲလ်တွေကြီးထွားဖို့ထောက်ပံ့ပေးသလိုနှလုံး၊အဆုတ်နဲ့ အခြားသောအရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ ဒီလိုအရေးကြီးတဲ့ ဗီတာမင် အေ ကိုခန္ဓါကိုယ်က မထုတ်ပေးနိုင်တာကြောင့် အစားအစာတွေကနေတဆင့် ရယူရပါတယ်။ အားဆေးလွယ်လွယ်ဝယ်သောက်လိုက်မယ့်အစား အစားအသောက်ကနေ များများရနိုင်တော့ မကောင်းဘူးလား။ ဒါ့ကြောင့် ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေပြောပြလိုက်မယ်နော်။ (၁) ငရုတ်ပွအနီ ဗီတာမင်အေဆိုတာရက်တီးနွိုက်လို့ခေါ်တဲ့ ဓါတ်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ ငရုတ်ပွအနီဟာ အရသာချိုပြီး အနံ့မွှေးတာမို့ ဟင်းထဲထည့်ချက်တာအဆင်ပြေပါတယ်။ ဒီငရုတ်ပွမှာ ဗီတာမင်အေ ကြွယ်ဝလို့ တစ်လုံးလောက်ချက်စားရင်ပဲ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို တဝက်လောက်ပြည့်ဝစေပါတယ်။ (၂) ဟင်းနုနွယ် ဗီတာမင်အေ မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။Preformed vitamin A လို့ခေါ်တဲ့ ပထမတစ်မျိုးမှာ ကြက်၊ဝက်၊အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်ပြောင်းလဲချက်လုပ်ဖို့မလိုတဲ့ အရံသင့်အမျိုးအစားဖြစ်ပါတယ်။ ဒုတိယအမျိုးအစားprovitamin A မှာတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲရောက်မှ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာခြေစနစ် ကို ပိုကောင်းမွန်စေတဲ့ စားသောက်နေထိုင်မှုပုံစံ

လူတစ်ယောက် ကျန်းမာဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့ အစာခြေစနစ် က ကောင်းစွာ အလုပ်လုပ်နေဖို့ လိုပါတယ်။ ဒီလို ကိုယ်ခန္ဓာအတွက် အကျိုးပြုတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အစာခြေစနစ်ကိုလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူးနော်။ ကျွန်တော်တို့ ကိုယ်ခန္ဓာက အစာကောင်းစွာချေဖျက်နိုင်မှ ကိုယ်စားလိုက်တဲ့ အစာတွေဆီကနေ အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်မယ်။ ဝမ်းမှန်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်မယ်။ အားအင်တွေ ပြည့်ဖြိုးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာပါ။ ခုခေတ်မှာ ကျန်းမာရေးကို အလေးထားလာကြပေမယ့် အစာခြေစနစ်နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဂရုစိုက်ဖို့ မေ့နေကြတုန်းပါပဲ။ အစာစားချိန်မမှန်တာ၊ ညနောက်ကျမှ အစာစားတာ၊ အာဟာရမဖြစ်တာတွေ စားလွန်းတဲ့အခါ တကယ်တမ်းဒုက္ခရောက်မှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးဝါးမလို၊ ကုသမှုမလိုအပ်ဘဲ သဘာဝအတိုင်း ကိုယ့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ အစာခြေစနစ် ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတွေ

ဟူး...... ပူလိုက်တာနော်။ အေးအေးလေးတစ်ခုလောက် သောက်ချင်တယ်။ အချိုရည်တွေလည်း မသောက်ချင်ဘူး။ သောက်လိုက်ရင် ရင်ထဲအေးသွားပြီး ခံတွင်းရှင်းစေတဲ့ ချိုချိုအေးအေးလေး သောက်ချင်တယ်ဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ နွေပူပူမှာ ကျန်းမာရေးအတွက်လည်းအထောက်အကူပြု အရသာလည်းရှိတဲ့ ဖျော်ရည်လေးတွေ အကြောင်း ပြောပြမယ်နော်။ နွေရာသီမှာ ရင်အေးစေမယ့် သဘာဝ ဖျော်ရည်လေးတွေ သံပရာရည် သွေးတိုးကျစေနိုင်သလို အမောလည်းပြေစေပါတယ်။ နွေအပူကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တာကိုပါ သက်သာစေမှာပါ။ သံပရာသီးစစ်စစ်လေးကို သကြား၊ဆား၊ သောက်ရေအေးအေးလေးနဲ့ ဖျော်လိုက်ရုံပါ။ ဗီတာမင် စီ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေမှာပါနော်။ ဖရဲသီးဖျော်ရည် နွေရာသီနဲ့ အသင့်တော်ဆုံး ဖျော်ရည်လေးတစ်ခုပေါ့။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါသေးတယ်နော်။ ဒါကြောင့် ဖရဲသီးကို ကြိတ်ခြေပြီး အေးအေးလေးသောက်ပေးနော်။ ဆီးချိုရှိသူတွေအတွက်လည်း သင့်တော်တဲ့ ဖျော်ရည်လေး တစ်ခုပါ။ ဆီးချိုရှိတယ်ဆိုရင်တော့ အချိုလျှော့ပေါ့နော်။ သရက်သီးဖျော်ရည် သရက်သီးမှည့်လေးကို ကြိတ်ခြေပြီး သစ်သီးဖျော်ရည်စစ်စစ်လေး သောက်ပေးတာကလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ

မနက်အလုပ်သွားတုန်းကတော့ ဘာတွေတော့ပြီးအောင်လုပ်မယ်။ ဘယ်အလုပ်လေးကို လက်စသတ်မယ်။ ဒီနေ့တော့ပြီးမှာပါလို့ တွက်ထားပေမယ့် ထင်ထားသလောက် ခန္ဓာကိုယ်က မလုပ်လိုက်နိုင်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူးဖြစ်နေတယ်။ အလုပ်လုပ်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ စွမ်းဆောင်ရည် တွေတိုးလာစေဖို့ ဒီအစားအစာလေးတွေ စားပေးပါနော်။ တစ်နေ့တာမှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အလုပ်ခွင်မှာ တက်ကြွလန်းဆန်းပြီး အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်တဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးပါလို့ပြောပါရစေနော်။ ရေ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပေါ့။ လန်းဆန်းကျန်းမာနေစေဖို့ရော ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာ ရေကို ဘူးနဲ့ထည့်ထားပြီး သောက်ပါ။ ရေသောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတစ်ခုပါ။ ရေဓာတ်မပြည့်ဝမှုကလည်း လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတဲ့အချက်တစ်ခုပါနော်။ အလုပ်လုပ်နေရင်း မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက် တစ်ခါလောက်ရေသောက်ပေးပါ။ ဘယ်ရီသီးတွေ အရသာရှိသလို လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ညစ်စရာရှိ အစားအသောက်နဲ့ဖြေပါ

ဘဝရဲ့အတက်အကျ အနိမ့်အမြင့်တွေကြား ရှေ့ဆက်ရတဲ့လမ်းမှာ ကျော်ဖြတ်ရခက်ခဲတဲ့အခြေအနေမျိုး ကျွန်မတို့အားလုံး တစ်ကြိမ်မကကြုံဖူးမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ကြာလာရင် အကြောင်းရင်းမည်မည်ရရတောင်မရှိဘဲ ဘာညစ်မှန်းမသိ စိတ်ညစ်နေတာ၊ စိတ်ဓါတ်ကျနေတာ၊ ဘာလုပ်လုပ်မအောင်မြင်နိုင်ပါဘူးထင်နေတာ၊ အဆိုးမြင်လာတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေတဲ့ရက်တွေ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဓါတ်ခွန်အားပေးတဲ့ စာတွေ၊ နည်းလမ်းတွေနဲ့ အကြံပေးကြတာများပါတယ်။ ဒါပေမယ့် အစားအသောက်ကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တယ်ဆိုတာ သိထားပြီးပြီလား။ စိတ်တွေညစ်နေ၊ စိတ်ဓါတ်တွေကျနေတဲ့အခါ ဒါလေးတွေစားပြီးဖြေကြည့်ပါလို့ ။ ၁) အဆီများတဲ့ ပင်လယ်ငါး အိုမီဂါသရီး အဆီအက်စစ်ချို့တဲ့နေတဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရနိင်ခြေပိုများတယ်လို့ လေ့လာမှုအရသိရပါတယ်။ ဆော်လမွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းတို့ကို ပုံမှန်စားသုံးရင် ဦးနှောက်ကျန်းမာစေပြီး စိတ်ကြည်လန်းဆန်းစေနိင်ပါလိမ့်မယ်။ ၂) အုတ်ဂျုံ အုတ်ဂျုံဟာ glycaemic index (GI) နည်းပါးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ဆေးပဲဖြစ်ပါတယ်။ ကွေကာကြမ်းကို ပျားရည်၊ အစေ့အဆံတွေထည့်ပြီး မနက်စာအဖြစ်စားပေးလို့လည်းရပါတယ်။ ၃) ငှက်ပျောသီး ငှက်ပျောသီးမှာပါတဲ့ အမိုင်နိုအက်စစ် tryptophan၊ ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အပူအစပ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲ

စားစရာနဲ့ ပတ်သက်လာရင် အပူအစပ်တွေကို လူတော်တော်များများက ရှောင်တတ်ကြပါတယ်။ ခန္ဓါကိုယ်အတွက်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ထင်တာကတစ်ကြောင်း၊ ပူစပ်နေတဲ့ ခံစားချက်ကို မကြိုက်တာကြောင့်ရောပေါ့။ တကယ်တော့ လူတွေထင်ထားကြသလို အစပ်စားလို့ ကျန်းမာရေးအတွက် ဘေးဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ "တန်ဆေး လွန်ဘေး" ဆိုသလို ဘယ်အစားအစာကိုမဆို တန်သင့်ရုံလောက်သာ စားပေးသင့်တာပေါ့။ လိုတာထက် ပိုပြီး အများကြီးစားရင်တော့ အစပ်မှ မဟုတ်ပါဘူး။ ဆေးတောင်မှ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်ပါတယ်နော်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစပ်စားလို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေတဲ့ သူတွေအတွက် သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။ ၁။ နှလုံးကျန်းမာစေတယ်။ လေ့လာတွေ့ရှိချက်တွေအရ အစပ်ကို နည်းနည်းနဲ့ ပုံမှန်လေးစားပေးတဲ့သူတွေမှာ နှလုံးနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ အစပ်ထဲမှာ ပါတဲ့ ဓါတ်တစ်မျိုးက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်

ခုလို နွေရာသီမှာ လူတော်တော်များများက ရေခဲရေသောက်ရမှာကို အရမ်းကြောက်ကြပါတယ်။ အပူလျှပ်မှာ၊ ဖျားနာမှာကြောင့် အပြင်က ရာသီဥတုကလည်း အရမ်းပူနေတော့ အေးလွန်းတဲ့ ရေခဲရေဆို မသောက်ဖို့ လူကြီးတွေ အမြဲပြောနေကြတာ ကြားဖူးမယ်ထင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရေခဲရေသောက်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ တခြား ဆိုးကျိုးအန္တရာယ်တွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။ ရေခဲရေ သောက်လို့ ဘာကောင်းကျိုးတွေ ရှိနိုင်လဲ။ ၁။ အားကစား၊ လေ့ကျင့်ခန်း လုပ်ပြီးချိန် ကိုယ်ခန္ဓာက လွန်လွန်ကဲကဲ ထွက်နေတဲ့ အပူတွေကို ငြိမ်းအေးစေတယ်။ လူကို လန်းဆန်းတက်ကြွစေတယ်။ လူက အေးမြပြီး လန်းဆန်းနေတော့ အားကစားလုပ်ရတာ ပိုပြီး ခွန်အားစိုက်ထုတ်လို့ ရတာပေါ့။ ၂။ အချိုများတဲ့ ဖျော်ရည်တွေအစား ရေခဲရေသောက်ပေးခြင်းဟာ အပူချိန်ထိန်းဖို့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရတဲ့အတွက် ကယ်လိုရီအချို့ကို လောင်ကျွမ်းသွားစေပြီး ကိုယ်အလေးချိန် ကျစေတယ်။ ၃။ ပူလွန်းတဲ့ နေ့တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဒါတွေကိုများတွဲစားမိနေပြီလား.................

စားကောင်းလို့ဆိုပြီး တွဲစားလိုက်တယ်။ပြီးရင် ရင်ပြည့်သလိုလို၊ ဗိုက်ထဲမှာ မအီမသြာဖစ်သလိုလိုခံစားရတယ်ဟုတ်။ ဗိုက်ထဲမှာ မအီမသာဖြစ်တဲ့ ခံစားချက်ကနေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမျိုး အစားတစ်လုတ်ေကြာင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေမထိခိုက်စေဖို့ အခုပြောမယ့်အချက်လေးတွေကို သတိထားပေးပါနော်။ ဒါတွေတွဲစားမိနေပြီလား အချိုစာ နဲ့ အရက် အရက်သောက်တဲ့အချိန်မှာ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့မြည်းတာက အကောင်းဆုံးပါ။ အရက်သောက်တဲ့အခါ အချိုဓါတ်ကဲတဲ့ အစားအစာတွေနဲ့တွဲမစားမိစေဖို့ သတိထားစေချင်ပါတယ်။ အယ်လ်ကိုဟောက အချိုဓါတ်ကိုပြည့်ဝအဆီအဖြစ်ပြောင်းလဲစေတာကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေဖြစ်စေနိုင်ပါတယ်နော်။ ကြက်ဥ/ဘဲဥ နဲ့ အသားကြော် ဒီနှစ်ခုကိုတွဲစားတာကအစာအိမ်ကိုတော်တော်လေးဝန်ပိစေတာပါ။ ပရိုတင်းကိုချေဖျက်ဖို့ဆိုရင် ပုံမှန်ထက်အချိန်ပိုယူနိုင်တာကြောင့် ဒီနှစ်ခုကို တွဲမစားစေချင်တာပါ။ အသားနဲ့ ကြက်ဥကိုတွဲစားမယ့်အစား၊ အသားကြော်ကို ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးနဲ့ တွဲစားလိုက်တာက ပိုကောင်းပါတယ်။ ချိစ် နဲ့ ပဲအမျိုးမျိုး ဒီနှစ်ခုကိုတွဲစားပြီးရင်ခေါင်းထဲက ညီးစီစီဖြစ်သလိုလိုလေပွနေသလိုလိုခံစားရတယ်ဟုတ်။ ဒီနှစ်ခုကို တွဲစားလိုက်တာကအစာခြေစနစ်ကိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခိုင်းလိုက်ရာရောက်ပါတယ်။ ဒါကြောင့် နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးကို တွဲမစားမိစေဖို့ သတိထားပေးပါ။ အစားအစာနဲ့ရေ မဖြစ်နိုင်တာပါ၊ လို့တွေးနေပြီလား။ ထမင်းစားနေရင်းဖြစ်ဖြစ်၊ အစားတစ်ခုခုစားနေရင်းဖြစ်ဖြစ်ရေကို မသောက်ပါနဲ့။ အစားစားပြီး နာရီဝက်ကြာမှရေသောက်တာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ရိုး ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီတွေထုတ်စားရတာ ကြိုက်တဲ့သူတွေရှိလား ။ ။

ကြက်စွပ်ပြုတ်တို့ ၊ ဆိတ်ရိုးစွပ်ပြုတ်တို့ စားဖူးတဲ့သူတိုင်း သိကြမှာပါ။ အရိုးထဲက ရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားလိုက်ရ၊ ခြစ်စားလိုက်ရမှ ကျေနပ်တယ်ဟုတ်။ စိမ့်ပြီးတော့ အရသာကိုရှိလို့။ ပါတာကလည်းနည်းနည်းလေးဆိုတော့ စားလို့လည်းကောင်း စားရတာလည်း မဝဘူးမလား။ ဒီ ကြက်ရိုးတို့ ဆိတ်ရိုးတို့ထဲက ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာရော သိကြလား။ ။ ရိုးတွင်းခြင်ဆီဆိုတာဘာလဲ ။ ။ ရိုးတွင်းခြင်ဆီဆိုတာ အရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွတွေဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ပေးတဲ့ေသွးနီဥ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥနဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီ ကြက်သား၊ဆိတ်သား၊ အမဲသားတို့ကရတဲ့ ရိုးတွင်းခြင်ဆီကို စားစရာအဖြစ် စားသုံးကြပါတယ်။ ရိုးတွင်းခြင်ဆီမှာပါတဲ့ အာဟာရဓါတ်များ ။ ။ ရိုးတွင်းခြင်ဆီမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုများပြီး ပရိုတင်းနဲ့ ဗီတာမင် B 12 တို့လို ဗီတာမင်သတ္တုဓါတ် တွေ အဓိကပါဝင်ပါတယ်။ ပါဝင်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း