brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အရပ်ရှည်ဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ သက်ရောက်နေတဲ့အချက်တစ်ခုရှိတယ်။ ဒါကတော့ အရပ်ပေါ့။ အရပ်မြင့်တာကလည်း လူကိုစမတ်ကျစေတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒီတော့ အရပ်မြင့်အောင် ကလေးကိုဘာတွေကျွေးရမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

အရပ်ရှည်ဖို့ ဘာတွေစားမလဲ

အရပ်မြင့်တာက ဗီဇနဲ့ဆိုင်လား……..

လူတစ်ယောက်ရဲ့ အရပ်နိမ့်တာ၊ မြင့်တာအပေါ်မှာ မျိုးရိုးကတော်တော်လေး သက်ရောက်မှုရှိတယ်ဆိုပေမယ့် သင့်တင့်တဲ့အရပ်အမြင့်ရရှိစေဖို့အတွက်ကတော့ အာဟာရမျှတမှုရှိဖို့လည်း လိုပါမယ်။ အရပ်မြင့်ဖို့အတွက်အရေးပါတဲ့အချက်တစ်ခုကလည်းရှိပါသေးတယ်။ ဒါကတော့ ကျန်းမာတဲ့အရိုးဖွဲ့စည်းမှုရှိဖို့ပါ။ လူတစ်ယောက်အရပ်မြင့်ဖို့အတွက်က ပရိုတင်း၊ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို သင့်တင့်မျှတစွာရရှိဖို့လိုအပ်ပါမယ်။

အရပ်မြင့်အောင် ဘာတွေစားမလဲ………

အရပ်မြင့်စေဖို့ဆိုရင်တော့

ပရိုတင်း

ပရိုတင်းကိုနေ့စဉ်လုံလောက်အောင် စားသုံးမှုက အရပ်မြင့်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်း က နို့နဲ့နို့ထွက်ပစ္စည်းတွေများများကျွေးပေးပါ။ နို့ကနေရတဲ့ ပရိုတင်းက အရပ်မြင့်စေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအရွယ်ကတည်းက ပရိုတင်းပြည့်ဝမှုကို ဂရုစိုက်ပေးပါ။

ဗီတာမင် C

အရိုးတွေကျန်းမာစေဖို့နဲ့ အရပ်မြင့်စေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ်ပေါ့။ တွယ်ဆက်တစ်ရှုးတွေ၊ အရွတ်နဲ့ အရွတ်တွဲတွေကို ကျန်းမာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အရပ်မြင့်ချင်တယ်ဆိုရင် ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

ဘီတာကယ်ရိုတင်း

အစိမ်းရောင်အသီးအရွက်တွေ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ငရုတ်ပွ တို့မှာအများဆုံးပါဝင်နေတတ်ပါတယ်။ ဘီတာကယ်ရိုတင်းက အရိုးတွေသန်စွမ်းစေဖို့ အဓိကကျတဲ့ ဗီတာမင် တစ်မျိုးပါ။ အရပ်မြင့်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ မေ့ထားလို့မဖြစ်တဲ့အာဟာရတစ်မျိုးပေါ့။

ဗီတာမင် D

အရိုးတွေကျန်းမာသန်စွမ်းစေဖို့နဲ့ အရိုးဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် တစ်ရပ်ပါ။ နေရောင်ခြည်ကနေ ဗီတာမင် D ကိုအဓိကရနိုင်ပေမယ့် နေရောင်ကြောင့်ထိခိုက်လာနိုင်တာတွေရှိပါတယ်။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ အစားအစာတွေစားသုံးပေးဖို့ မမေ့ပါနဲ့။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ ကွေကာအုတ်ကနေစလို့ အမျိုးမျိုးသောအစားအစာတွေရှိပါတယ်။

ကယ်လ်ဆီယမ်

အရိုးတွေသန်မာစေဖို့ မဖြစ်မနေ ဖြည့်တင်းရမယ့်သတ္တုဓာတ်ပါ။ ကလေးဘဝကနေစလို့ သက်တမ်းတလျှောက်လုံး မမေ့မလျော့ဖြည့်တင်းရမယ့် ဓာတ်တစ်ခုပေါ့။ ကယ်လ်ဆီယမ်လုံလောက်ပြည့်ဝမှုက ကလေးကို အရပ်မြင့်စေဖို့ အကောင်းဆုံးကူညီပေးနိုင်မှာပါ။ ဒါကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းနုနွယ်၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ စားစရာတွေကို စားပေးပါ။

အရပ်ကြောင့် စိတ်မညစ်ရစေဖို့ အခုပြောထားတာတွေကို စားသုံးပေးပါ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပေးဖို့မမေ့ပါနဲ့။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Aye Thi Mon · Tanggal diperbarui 30/06/2022