အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ခဝဲသီး ချိုချိုလေးက ပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီး လေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။ ခဝဲသီး ဆိုတာ အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။ ခဝဲသီး မှာပါတဲ့ အာဟာရဓါတ်တွေ စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓါတ်လေးတွေပါတယ်နော်။ ကယ်လ်လိုရီ ဖောလိတ် ကယ်လ်ရိုတင်း လူတင် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ကယ်လ်ဆီယမ် ဇင့် ပိုတက်ဆီယမ် မဂ္ဂနိ မဂ္ဂနီဆီယမ် သံဓါတ် အမျှင်ဓါတ် ရေဓါတ်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ................. ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။ ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား .... ဒါဆိုရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်း အရသာ ရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။ ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

ဖရုံစေ့လှော်က ပိစိလေးမို့ အထင်မသေးလိုက်ပါနဲ့။ ဖရုံစေ့ ဆိုတာ အရွယ်အစားနဲ့မလိုက်အောင် အကျိုးကျေးဇူးများတဲ့ အစားအစာတစ်ခုပါနော်။ သူ့မှာ တန်ဖိုးကြီးတဲ့အာဟာရဓါတ်တွေအပြည့်ပါနေတာပါတဲ့။ နည်းနည်းလောက်ပမာဏကိုပဲ မကြာမကြာစားပေးရင် ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်တွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေကို အတော်များများရရှိနိုင်ပါလိမ့်မယ်။ ဒါက ဥပမာလောက်ပါပဲ၊ နောက်ထပ် ဘယ်လိုတွေဆေးဖက်ဝင်တာလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး... ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ အာဟာရဓါတ်တွေ ကြွယ်ဝတယ် ဖရုံစေ့မှာ အပင်ကရရှိတဲ့မပြည့်ဝဆီ(polyunsaturated fatty acids)တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ်တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက်နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုလည်းများပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာရေးအတွက်ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်းကို လက္ခဏာတွေလျော့ပါးသက်သာစေတယ်လို့ သုတေသနတွေ့ရှိချက်တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရလည်း ဖရုံစေ့က ဆီးအိမ်လုပ်ဆောင်ချက်လွန်ကဲခြင်းကို ကုသပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတယ် ဖရုံစေ့မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါး၊ အသုပ်တွေစားရတာမကြိုက်ဘဲ Oatmeal လေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ........... Oatmealမှာ မဂ္ဂနီဆီယမ် သံဓါတ် ဖော့စဖရိတ်စ် ဇင့် ဖောလိတ် ကော့ပါး ဗီတာမင် B1 ဗီတာမင် B5 အမျှင်ဓါတ်တို့ပါဝင်နေပါတယ်။ Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ် ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။ အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ် Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။ အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ် Oatmealမှာပါတဲ့beta-glucan က အစာအိမ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခံတွင်းတွေ့စေမယ့် သပြုသီး ကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်

သပြုသီး က ကြည့်လိုက်ရင် အရသာရှိမယ်လို့ သိပ်မထင်ရပေမယ့် စားလိုက်တဲ့အခါ သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာလေးကတော်တော်လေးစားကောင်းပါတယ်။ ခံတွင်းရှင်းသလို လန်းဆန်းမှုလည်းရစေပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်တဲ့အရသာလေးက စားရတာခံတွင်းတွေ့လှပါတယ်။ သပြုသီး ဆိုတာ သပြုသီးရဲ့ သိပ္ပံနာမည်ကDillenia indicaဖြစ်ပြီး အရှေ့တောင်အာရှဒေသ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နဲ့မြန်မာနိုင်ငံတို့မှာပေါက်ရောက်ကြပါတယ်။ သပြုပင်က ပူနွေးစိုစွတ်သောရာသီဥတုမှာပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးပါ။ အပင်ကြီးတစ်မျိုးဖြစ်ပြီးပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြပါတယ်။ သပြုပင်ကအရွက်၊အသီး၊အခေါက်အားလုံးနီးပါးက အသုံးတည့်ကြတာပါ။ သပြုသီးမှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ........... သပြုသီးမှာ ဘီတာကယ်လ်ရိုတင်း ဗီတာမင် A ဗီတာမင် B ဗီတာမင် C သီရာမင်း ရီဗိုဖလာဗင် ကာဗိုဟိုက်ဒရိတ် ပရိုတင်း သံဓါတ် အမျှင်ဓါတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

အချိုအချဉ်လည်းမပြင်းဘဲ အရည်ရွှမ်းတဲ့ ကျွဲကောသီး လေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တာ ဘယ်လောက်ကောင်းလိုက်လဲ။ပြောကြတာတော့သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲ ဆက်ပြီးကြည့်ရအောင်... ကျွဲကောသီး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ ကိုယ်ခံအားကောင်းစေတယ် ကျွဲကောသီး မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့်ပဲချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကို ကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို အားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အစာခြေစနစ်ကို ကူညီတယ် အသီးအနှံတွေမှာ အမျှင်ဓါတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့အမျှင်ဓါတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသက်ရှည်ကျန်းမာချင်ရင် နွားနို့ပုံမှန်သောက်ပါ

သဘာဝကရတဲ့ နွားနို့ဟာ ကျွန်တော်တို့လူတွေရဲ့ ခန္ဓါကိုယ်အတွက် တော်တော်လည်း အကျိုးဖြစ်စေပြီး အာဟာရရှိတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ နွားနို့ကိုလည်း ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ နွားနို့ဆိုတဲ့နေရာမှာ နွားကရတဲ့ နို့တစ်မျိုးတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဆိတ်နို့၊ သိုးနို့၊ ပဲနို့၊ ဒိန်ချဉ် စတာတွေလည်း ပါဝင်ပါတယ်။ ဒီတော့ နွားနို့ကနေ ရနိုင်တဲ့ အာဟာရတန်ဖိုးနဲ့ ဘာကြောင့် တစ်နေ့ကို နွားနို့တစ်ခွက် အနည်းဆုံး သောက်ပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ နွားနို့မှာ အာဟာရဓါတ်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ နွားနို့တစ်ခွက်မှာ အဓိက ပရိုတင်းဓါတ်၊ အဆီဓါတ်နဲ့ ကယ်လိုရီ အများဆုံးပါဝင်ကြပီး ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်ဓါတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ပွင့် လေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကျောက်ပွင့် ဖြူဖြူလေးကို သုပ်စားရတာကြိုက်လား။ ဒီချစ်စရာကောင်းတဲ့ကျောက်ပွင့်လေးတွေက သုပ်စားရုံတင်မကဘဲကြော်စားလို့ရသလို ဟင်းရည်ချက်သောက်လို့လည်းရပါတယ်။ အရောင်အသွေးရော အသွင်အပြင်ပါချစ်စရာကောင်းတဲ့ကျောက်ပွင့်က အာဟာရဓါတ်ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကျောက်ပွင့် ဆိုတာ ကျောက်ပွင့် ဆိုတာက မှိုအမျိုးအစားတစ်ခုပေါ့။ လူကြိုက်များသလို အာဟာရလည်းကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အဖြူရောင်လေးရှိပြီး အပွင့်ထူထူလေးနဲ့ အဖက်လေးတွေက အထပ်အထပ်လိုက်လေးတွေရှိနေတာပါ။ ပုံစံအတိအကျတော့မရှိပါဘူး။ အပူပိုင်းဒေသမှာအများဆုံးပေါက်ရောက်တတ်ကြပြီး သစ်ပင်တွေရဲ့ ပင်စည်တွေမှာ ကပ်ပြီးပေါက်ရောက်တတ်ကြပါတယ်။ ဘရာဇီးဒေသမျိုးရင်းပင်တစ်မျိုးဖြစ်ပြီးရှေးယခင်ကာလတွေကတည်းက တရုတ်နဲ့ အရှေ့တောင် အာရှဒေသတွေမျာဆေးဖော်စပ်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ကျောက်ပွင့် လေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဝါးလိုက်တိုင်း အိအိလေးဖြစ်နေတဲ့ကျောက်ပွင့်လေးကို စားသုံးပေးမယ်ဆိုရင် သွေးတွင်းကိုလက်စထရောကျစေမှာပါ ကျောက်ပွင့်မှာပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ရောပျော်ဝင်မလွယ်တဲ့ အမျှင်ဓါတ်ပါပါဝင်နေပါတယ်။သွေးတွင်းကအကျိုးမပြုကိုလက်စထရောတွေကိုချေဖျက်ပေးနိုင်သလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်မှာပါ ကျောက်ပွင့်မှာPolysaccharides နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်တွင်းမှာ ပရိုတင်းပမာဏကို တိုးမြှင့်ပေးပြီး အသည်းကိုပုံမှန်လုပ်ဆောင်နိုင်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်တာကြောင့် ခန္ဓါကိုယ်မှာ အားမရှိသလို ခံစားရတာတွေကို သက်သာစေနိုင်မှာပါ။ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ ကျောက်ပွင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်စားစား၊ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင်ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးေးလကို ဖတ်ကြည့်သင့်တယ်နော်။ မျှစ်ဆိုတာ မြက်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့အရှည်ဆုံးသောမြက်မျိုးရင်းဝင်အပင်တစ်မျိုးပါ။ ဝါးပင်နုနုလေးပေါ့။ ရက်သတ္တပတ်နှစ်ပတ်အရွယ်မတိုင် အမြင့် တစ်ပေအရွယ်မပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပေါ့။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့စားကောင်းလှပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်းဆောက်လုပ်ရေးနဲ့ အခြားသောအရာတွေအတွက် အသုံးဝင်တဲ့ ဝါးပင်ဖြစ်လာတာပါ။ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အာရှဒေသခံတွေအတွက်တော်တော်လေးအသုံးဝင်တဲ့ အပင်တစ်မျိုးပေါ.။ ဘယ်လိုအာဟာရဓါတ်တွေရရှိနိုင်လဲ.......... မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှုနည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓါတ်ပါဝင်မှုနည်းသလို အဆီဓါတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓါတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း