အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသစ်တော်သီးလေး စားပေးပါ

ပန်းသစ်တော်သီးက အရည်ရွှမ်းသလို စားလိုက်ရင်လည်း  ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ပန်းသစ်တော်သီး ဆိုတာ ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင်သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်မှာ အားပြည့်စေသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ............. အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ ကယ်လ်လိုရီ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် K ပိုတက်ဆီယမ် ကော့ပါး အမျှင်ဓာတ် ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ................. အရသာရှိတဲ့ ပန်းသစ်တော်သီးက ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ် ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကိုစားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်​ကြွယ်ဝစေသလို ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှောက်ဘီလူးရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတော်တော်များများမှာ အနံ့အရသာပြည့်စုံအောင်ဆိုပြီး ထည့်ချက်ပြုတ်တတ်ကြတဲ့ ရှောက်ဘီလူးရွက် က ဟင်းကိုတင် အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတော်တော်များများပေး နိုင်ပါသေးတယ်။ ရှောက်ဘီလူးရွက် အာရှနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့မှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အနံ့အရသာပြင်းသလို ဆေးဖက်လည်းဝင်ပါတယ်။  ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းများစွာပါဝင် နေပါတယ်။ ရှောက်ရွက်နဲ့ ခပ်ဆင်ဆင်တူပေမယ့် အနံ့အရသာပိုပြင်းပါတယ်။ ရှောက်ဘီလူးရွက်ကပေးတဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေဖြစ်မလဲ………. ရှောက်ဘီလူးရွက် က ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် ခံတွင်းကျန်းမာစေနိုင်တဲ့အာနိသင်ရှိပြီး ခံတွင်းအနာနဲ့ သွားဖုံးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  ဒါကြောင့် ခံတွင်းထဲမှာဖြစ်တဲ့အနာတွေ သွားဖုံးမှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက် ရေစင်အောင်ဆေးထားတဲ့ ရှောက်ဘီလူးရွက် နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အရည်ညှစ်ပြီး စွတ်ပေးလို့လည်းရသလို ရေနွေးနဲ့စိမ်ပြီး ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။ သွေးသန့်စေတယ် သွေးနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေဖို့အတွက် ရှောက်ဘီလူးရွက်ကို သုံးပေးလို့ရပါတယ်။ နာတာရှည်သွေးနဲ့ပတ်သက် တဲ့ရောဂါတွေသက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။ သွေးထဲက ထိခိုက်စေနိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်တာကြောင့် အသည်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

စည်သွတ်ဘူးတွေအကြောင်း သိသင့်သမျှ

စည်သွတ်အစားအစာတွေဟာ လတ်ဆတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အေးခဲပြီး သိမ်းဆည်းထားတဲ့ အစားအစာတွေလောက် အာဟာရဓာတ်မရှိဘူးလို့ လူအများစုက ယူဆထားပါတယ်။ တချို့ကတော့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်လို့ ရှောင်ကြဉ်သင့်တယ်လို့ ပြောဆိုကြပါတယ်။ တချို့ကလည်း စည်သွတ်ဘူးဟာ အာဟာရပြည့်ဝတဲ့ ပုံမှန်စားစရာတမျိုးပဲလို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စည်သွတ်ဘူးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ စည်သွတ်ဘူးဆိုတာ စည်သွတ်ဘူးများဟာ အသီးအနှံ၊ သားငါး၊ ပဲအမျိုးမျိုးစတဲ့ စားသောက်ဖွယ်ရာတွေကို ကြာရှည်ခံအောင် လေလုံတဲ့ဘူးထဲမှာ ထည့်သွင်းသိုလှောင်ထားခြင်းပဲ ဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး များသောအားဖြင့် စစ်သားများနဲ့ သင်္ဘောသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူအများအသုံးပြုနိုင်အောင် ဈေးကွက်မှာပါ ရောင်းချလာတဲ့ အနေအထား ရောက်လာပါတယ်။ စည်သွတ်ဘူးထုတ်လုပ်ရာမှာ ထုတ်လုပ်တဲ့ပစ္စည်းအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတခုကို အနည်းဆုံး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖားသားကြိုက်ကြလား

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတိုပလို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား.... လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။ ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ.... ဖားသားမှာ ပရိုတင်း ဗီတာမင် A omega-3 fatty acids ပိုတက်ဆီယမ် ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ဇင့် ဗီတာမင် B1 ဗီတာမင် C ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ..... ဖားသားကို ကြော်စားတာ၊ ကင်စားတာ၊ ချက်စားတာဆိုပြီး အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဖရဲသီးစားတဲ့အခါ အစေ့ကိုထွေးပစ်ကြပါတယ်။ နှမျောစရာကောင်းတာက ဖရဲစေ့ဟာ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေပါရှိနေပြီး ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါပဲ။ ကျန်းမာရေးအတွက် အစေ့အဆန်တွေစားရမယ်ဆိုပြီး အွန်လိုင်းကတောင် တကူးတကမှာစားကြတာ ဈေးကြီးပေးပြီးတော့လေ။ ကိုယ့်အနီးအနားမှာပဲ လွယ်လွယ်ကူကူရနိုင်နေတဲ့ သမားရိုးကျအစေ့အဆန်တွေကလည်း တန်ဖိုးမသေးဘူးဆိုတာ မသိကြရော့သလား။ ဖရဲစေ့က စားလို့ရလို့လား ကွာစေ့လို့သိကြတာ ဖရဲစေ့ပါပဲ။ ဖရဲသီးအစေ့ကိုစားတာာက လုံးဝကိုအန္တရာယ်ကင်းတဲ့အပြင် အလုံးစုံကျန်းမာရေးအတွက်ပါ အရမ်းကောင်းပါတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ကလေးတွေစားရင် အစေ့တွေမျိုချမိလို့ သီးမှာ နင်မှာကို မိဘတွေကစိုးရိမ်ကြပေမယ့် ဖရဲစေ့ကို ကြိုက်သလောက်စား ဘေးမရှိပါဘူးတဲ့။ ဆေးဖက်ဝင်ဖို့အတွက်ဆိုရင် သည်အတိုင်းမျိုချတာအပြင် ဖရဲစေ့ကိုစားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာ- အညှောင့်ဖောက်တာ၊ လှော်တာ၊ အဆီထုတ်တာ တို့ပဲဖြစ်ပါတယ်။ အလွယ်ဆုံးနည်းက လှော်တာဖြစ်ပါတယ်။ ဖရဲစေ့တွေကို ဒယ်အိုးထဲမှာ အပူနည်းနည်းနဲ့ မိနစ် ၃၀ - ၄၅ မိနစ်လောက် ကြွပ်ရွလာတဲ့အထိ လှော်ပါ။ အိုးကို သံလွင်ဆီလေး ဖျန်းပြီးမှလှော်ရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ ခရမ်းသီးရဲ့ကောင်းကျိုးများ (၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ် နှလုံးကျန်းမာရေးအတွက် ကိုလက်စထရောပမာဏနဲ့ သွေးဖိအားကို မှန်ကန်တဲ့အဆင့်ရှိမှာထိန်းထားနိုင်ဖို့ လိုပါတယ်။ သည်လိုမှမထိန်းနိင်ရင် ဆိုးရွားတဲ့နှလုံးရောဂါအခြေအနေတွေဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရမ်းသီး ဟာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။ ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) ဦးနှောက်ကိုကာကွယ်ပေးတယ် ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေတာပါ။ nasunin […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။ အဆီကျစေခြင်း မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဆီးချိုသွေးချိုထိန်းပေးခြင်း သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။ အရိုးပွရောဂါကာကွယ်ပေးခြင်း မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းစေခြင်း အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့တခြားအစွမ်းအာနိသင်(၅)မျိုး

သခွားသီးဟာ ရေဓါတ်ပါဝင်မှု ၉၅ ရာခိုင်နှုန်းဖြစ်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပြီး ဇီဝဖြစ်စဉ်ကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးက ဗိုက်အဆီကိုကျစေနိုင်ပါတယ်။ သခွားသီးကို သရေစာလိုစားပေးရင် အဆီဓါတ်လုံးဝမပါဘဲ ကယ်လိုရီနည်းတာကြောင့် အသုံးဝင်လှပါတယ်။ လီမွန်၊ ချင်း၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ရောပြီး ဖျော်သောက်လည်းရပါတယ်။ သခွားသီးရဲ့ တခြားအစွမ်းအာနိသင်တွေကို ကြည့်ရအောင်။ (၁) ခန္ဓါကိုယ်အဆိပ်အတောက်ဖယ်ရှားသန့်စင်ပြီး ဗိုက်ပွခြင်းကိုသက်သာစေတယ် ဗိုက်ပွနေပြီဆိုရင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓါတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။ (၂) ဝမ်းချုပ်သက်သာစေတယ် အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။ (၃) ဗိုက်အောင့်သက်သာစေတယ် အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျာ့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။ (၄) အဆီဓါတ်မပါဘဲ ခွန်အားဖြစ်စေတယ် ဝိတ်ချအစီအစဉ်အောင်မအောင်ဆိုတာ အဆီဓါတ်စားသုံးမှုပမာဏကို မူတည်ပါတယ်။ ကယ်လိုရီတွေမများရပါဘူး။ ဝိတ်ချပြီဆိုရင် သခွားသီးကိုလည်း အဆာပြေစားလို့ရပါတယ်။ ခွန်အားဖြစ်စေပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

တစ်ခုခုစားရင် ကြက်သွန်နီ မထည့်နဲ့နော်။ ပါးစပ်နံမှာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။ ကြက်သွန်နီ အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး။ အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ ကြက်သွန်နီကပေးတဲ့ အာဟာရ ကြက်သွန်နီမှာ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ် အမျှင်ဓါတ် ပရိုတင်း သကြားဓါတ် မဂ္ဂနိ သံဓါတ် ကယ်လ်ဆီယမ် ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

အခုတလော ကျွန်တော့်တို့ဆီမှာ တော်တော်လေး ခေတ်စားလာကြတဲ့ oatmeal နဲ့ ပတ်သက်ပြီးမျှဝေချင်တာလေး တချို့ ရှိပါတယ်။ (၁) Oatmeal ဟာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တဲ့အပြင် တခြားသောဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ သွပ်ဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် B1 နှင့် B5 တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးကို အဖက်ဖက်ကနေ အထောက်အကူပြု နိုင်စွမ်းရှိပါတယ်။ (၂) Oatmeal မှာ ဓါတ်တိုးဆန့်ကျင် (antioxidants) များစွာ ပါဝင်တဲ့ အတွက် ရောင်ရမ်းခြင်း နှင့် အချို့သော ကင်ဆာများကို လည်း ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုပါ တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးပါတယ်။ (၃) Beta-glucan […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း