အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

အဝါရောင် သကြားပြောင်းချိုချိုလေး က ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကောထဲထည့်ထည့်၊ ဟော့ပေါ့ထဲထည့်စားစား၊ ကင်ပဲစားစား အနံ့အရသာပြည့်စုံပြီး စားကောင်းတာကတော့ အမှန်ပါ။ ဒီစားကောင်းတဲ့ သကြားပြောင်းချိုချိုလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အထောက်အကူပေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့ ပြောပါရစေ။ သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး............ သကြားပြောင်းချိုချိုလေး က စားကောင်းရုံတင်မဟုတ်ပါဘူး။ အရွယ်တင်စေပါတယ် သကြားပြောင်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်စေဖို့အတွက် သကြားပြောင်းချိုချိုလေးစားပေးလို့ရပါတယ်။ အသားအရေ ကြည်လင်စေတယ် ပြောင်းဖူးစားပေးတာ ဒါမှမဟုတ် ပြောင်းဖူးကနေရတဲ့ အဆီနဲ့ အသားအရေကို လိမ်းကျံနှိပ်နယ်ပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေ ကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင် ပြောင်းဖူးလေးစားပေးလို့ရပါတယ်။ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ် ဗီတာမင် E ကြွယ်ဝစွာပါဝင်မှုကြောင့် ပြောင်းဖူးစားပေးတာက ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲကတစ်ရပ်ပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းဂေါ်ဖီ ကြိုက်ကြလား.....

ဘဲဥလေးနဲ့ပဲကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျောပြီးပဲ သုပ်သုပ် စားလို့ကောင်းတဲ့ ပန်းဂေါ်ဖီ ကိုကြိုက်ကြလား။ ဒီ မေးခွန်းကို အင်း လို့ ဖြေမယ်ဆိုရင်တော့ သင်က ဒီ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ။ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးတာက ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါအမျိုးမျိုး ကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ ကြိုက်သူလေးတွေသာ ရနိုင်မယ့် ကျန်းမာရေး အာနိသင် ပန်းဂေါ်ဖီ စားသုံးပေးမှုက အစာခြေစနစ် ကျန်းမာစေနိုင်တယ် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် နဲ့ ရေဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ ပန်းဂေါ်ဖီမှာပါတဲ့ အမျှင်ဓာတ်က ကိုယ်ခံအားကောင်းစေနိုင်ပြီး နာကျင်မှုကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

သင်က ဒီနှစ်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ ရည်မှန်းထားတယ်ဆိုပါစို့။ ဒါပေမယ့် သင်ကိုယ်တိုင်ကလည်း ကော်ဖီချိုးလို့ နာမည်ပြောင်ထွက်လောက်အောင် ကော်ဖီကို နှစ်သက်သူဖြစ်နေမယ်ဆိုရင် … သင့်ရဲ့ ဝိတ်ချတဲ့ လုပ်ငန်းစဉ်ကို ကော်ဖီက နှောင့်ယှက်နိုင်ပါသလား။ အဖြေက Yes ရယ် No ရယ် နှစ်မျိုးထွက်နိုင်ပါတယ်။ သင်လိုချင်တဲ့ အဖြေကို ချင့်ချိန်ယူပေါ့။ သုတေသန ရလဒ်အသစ်တွေအရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ ကိုယ်အလေးချိန် လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်ပါတယ်တဲ့။ အဝလွန်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၁၂၆ ဦးကို တစ်နေ့ ကော်ဖီ ၄ ခွက်နဲ့ သောက်သုံးစေပြီး စမ်းသပ်ကြည့်တဲ့အခါမှာ ၆ လ အတွင်း ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါကာလအတွင်းမှာ အနည်းဆုံး ကိုယ်တွင်း အဆီပမာဏ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics ဘယ်ကစ

ကြားဖူးကြလား အကျိုးပြုဘက်တီးရီးယား ( Probiotics ) ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။ Probiotics ဘယ်ကစ ဒီစကားလုံးက ဂရိစကားလုံးပါ။ Pro ဆိုတာက promoting (မြှင့်တင်ခြင်း) လို့ အဓိပ္ပါယ်ရပြီး biotic ဆိုတာကတော့ (ရှင်သန်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ ၂၀ ရာစုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့တဲ့ စကားလုံးလေးတစ်ခုပေါ့။ ဒီစကားလုံးလေးကိုမွေးထုတ်ပေးခဲ့သူကတော့ father of probiotics လို့သိကြတဲ့ ဘူဂေးရီးယားနိုင်ငံသား Elie Metchnikoff ပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ဒိန်ချဉ်လိုမျိုးအချဉ်ဖောက်ထားတဲ့အရာတွေမှာ တွေ့ရှိရပြီး ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ Probiotics ဆိုတာ ဘာလဲ……… ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သား ဒံပေါက်တစ်ပွဲကပေးတဲ့ အာဟာရ

ဒံပေါက်ဆိုတဲ့ အစားအစာဟာ မြန်မာတွေအကြိုက် အစားအစာတစ်မျိုးပါ။ ကြက်သားတုံးခပ်ကြီးကြီးလေးနဲ့ မဆလာနံ့သင်းသင်းလေးဟာ သာမန်လူတစ်ယောက်ကို အလိုလိုနေရင်း ဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်ပါတယ်။ ရိုးရာအစားအစာတစ်ခုမဟုတ်ပေမယ့် ဒံပေါက်ဟာ မြန်မာတွေရဲ့ အလှူမင်္ဂလာနဲ့ ပွဲလမ်းသဘင်တွေရဲ့ အကျွေးအမွေးတွေမှာ မကြာခဏဆိုသလို ပါဝင်လေ့ရှိတဲ့အထိ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒံပေါက်ဟာ အဆီဓာတ်များတဲ့အစားအစာဖြစ်တာမို့ အလွန်အကျွံစားမိတဲ့အခါ သွေးတိုးတာ၊ အစာမကြေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အသား၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်တို့ပါဝင်တဲ့ ဒံပေါက်ဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုပြီး ကောင်းကျိုးတွေလည်းပေးနိုင်တယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။ အထူးသဖြင့် ကောင်းမွန်ကျနစွာ ချက်ပြုတ်ထားတဲ့ ကြက်သားဒံပေါက်တစ်ပွဲဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသက်သက်မဟုတ်ပဲ အောက်မှာ ဖော်ပြထားသလို ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ပေးပါလိမ့်မယ်။ အဲဒါတွေကတော့ … ၁။ အသားဓာတ်က ဗိုက်ပြည့်လွယ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။ ၂။ သီးစုံဒံပေါက်မဟုတ်တဲ့ ဒံပေါက်တွေဟာ အသားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အရိုးကိုခိုင်မာစေဖို့ အားပေးပါတယ်။ ၃။ ကြက်သားမှာ Niacin နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးတွေ ကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး..... ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးတယ် ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ အကိုက်အခဲ သက်သာစေနိုင်တယ် ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖက်ဖယ်ရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတိုင်းလိုလိုမှာ ပါတတ်တဲ့ ဖက်ဖယ်ရွက် က ဟင်းခတ်အမွှေးအကြိုင်အနေနဲ့တင်မဟုတ်ဘဲဆေးဖက်လည်းဝင်ပါသေးတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ ဖက်ဖယ်ရွက်လေး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကိုများပေးစွမ်းနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဖက်ဖယ်ရွက် ဆိုတာက ဗီယက်နမ်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းချိုတွေ၊ စတူး နဲ့ အသုပ်တွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့အသုံးပြုကြပါတယ်။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အဓိကအသုံးပြုကြတဲ့အရွက်တစ်မျိုးပေါ့။ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်ခပ်ချွန်ချွန်လေးတွေပါ။ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဖက်ဖယ်ရွက် ရဲ့ ကျန်းမာရေးအာနိသင် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာကိုတိုးစေနိုင်တဲ့ ဖက်ဖယ်ရွက်လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ် အစာကြေစေနိုင်တယ် သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ် အအေးမိတုပ်ကွေးဖြစ်တာကို သက်သာစေနိုင်တယ် နှာစေးနှာပိတ်တာကို သက်သာစေနိုင်တယ် အဆိပ်ရှိတဲ့အကောင်တွေ ကိုက်ခံရတဲ့အခါ အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ် ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်ပါတယ် ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်ပါတယ် သွေးသန့်စေတယ် ဝက်ခြံသက်သာစေတယ် အရေပြားကျန်းမာစေနိုင်တယ် ဆီးချိုသက်သာစေနိုင်တယ် အစာအိမ်ဝေဒနာသက်သာစေနိုင်တယ် ဗောက်သက်သာစေနိုင်တယ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက် ကိုကြော်စားလို့ရသလို အသုပ်တွေထဲမှာပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ်စားလေ့ရှိကြပါတယ်။ ဒီလိုမျိုး စားလို့ကောင်းတဲ့ ပဲပင်ပေါက် ကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ ပဲပင်ပေါက် ဆိုတာ ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ပဲပင်ပေါက်ကိုရောကြော်စားကြတာများသလို အသုပ်တွေ၊ မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။ ပဲပင်ပေါက် စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ

ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ အာဟာရဓါတ်အစုံအလင်လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေထဲမှာ ဗီတာမင် ဘီ ဓာတ်လည်းပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်ခုဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင်ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့ရင် ပြသလာမယ့် လက္ခဏာတွေအကြောင်းပြောပြချင်ပါတယ်။ ၁။ ခြေလက်တွေထုံကျဉ်လာမယ် ဗီတာမင် ဘီက ခန္ဓာကိုယ်ကအာရုံကြောစနစ်တွေကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ အာရုံကြောအချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကိုကာကွယ်ပေးဖို့ပါလိုအပ်တဲ့ မိုင်လင်(myelin) ဓာတ်ဖွဲ့စည်းပေးပါတယ်။ ဗီတာမင် ဘီလုံလုံလောက်လောက်မရှိရင်တော့ အာရုံကြောတွေမှာ မိုင်လင်ချို့တဲ့လာပြီး တဖြည်းဖြည်းပျက်စီးလာစေပါတယ်။ ဒီလိုအာရုံကြောပြဿနာက အစွန်အဖျားဖက်ရောက်တဲ့အာရုံကြောတွေမှာ ပိုအတွေ့များတာကြောင့် ခြေဖျားလက်ဖျားတွေမှာ ထုံကျဉ်တဲ့ဝေဒနာခံစားရခြင်းဖြစ်ပါတယ်။ ၂။ လမ်းလျှောက်ရခက်သွားမယ် ဒီပြဿနာကလည်းအပေါ်ကအချက်နဲ့ဆက်စပ်နေပါတယ်။ ဗီတာမင်ဘီချို့တဲ့လို့ဖြစ်တဲ့ အာရုံကြောပျက်စီးမှုပိုဆိုးလာရင် ပုံမှန်ကြွက်သားလှုပ်ရှားမှုတွေကိုတောင် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေ ပိုပိုချည့်နဲ့လာပြီး အကြောတွေပါပျက်စီးသွားစေတဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။ ၃။ အသားဝါမယ်၊ဖြူဖတ်ဖြူလျော်ဖြစ်နေမယ် ဗီတာမင် ဘီက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့အာဟာရဓာတ်တွေပေါ်မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုးကို ပြောပြပေးပါ့မယ်။ ၁။ ပရိုတင်းဓာတ် ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲ ပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။ ၂။ ကာဘိုဟိုက်ဒရိတ် ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကာဘိုဟိုက်ဒရိတ်ကိုအဓိကသုံးစွဲရပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်များများပါတဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကြမ်း၊ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။ ၃။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း