ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမျှင်ဓါတ်များတဲ့ အစားအစာတွေကဘာတွေလဲ

အူရောင်ရောဂါ (IBT) တွေဖြစ်တဲ့ Chrohn’s disease, ulcerative colitis, diverticulitis တွေ ရှိနေမယ်ဆိုရင် သင့်ဆရာဝန်က အကြွင်းအကျန် နည်းပါးတဲ့ အစာတွေသာ စားစေမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာကိုဆိုလိုပါသလဲ။ အခြေခံကတော့ အစာကြေလွယ်တဲ့အစာတွေကို ဆိုလိုတာဖြစ်ပြီး အစာမကြေတဲ့အရာတွေကိုလည်း ပမာဏလျှော့ချပေးနိုင်တာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ၁။ အကြွင်းအကျန်နည်းပါးတဲ့ အစားအစာတွေက ဘာတွေလဲ။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ whole grain ပေါင်မုန့်၊ အခွံမာသီး၊ အစေ့၊ အသီးအရွက် အစိမ်း(သို့) အခြောက်တွေကို ကန့်သတ်ထားတဲ့ အစားအစာတွေဖြစ်ပါတယ်။ Residue ဆိုတာ အမျှင်တွေအပါအဝင် မစင်ကိုဖြစ်စေတဲ့ အစာခြေစရာမလိုတဲ့အရာတွေကို ပြောတာဖြစ်ပါတယ်။ ဒီအစားစားပုံရဲ့ ရည်ရွယ်ချက်ကတော့ နေ့တိုင်းမှာ အနည်းငယ် အူလှုပ်ရှားမှု ရှိဖို့ပဲဖြစ်ပါတယ်။ ဒါတွေဟာ ဝမ်းလျှောခြင်း၊ ဗိုက်ပွခြင်း၊ ဂက်စ်ထခြင်းနဲ့ ဗိုက်နာခြင်းတွေကို […]


ကျန်းမာစွာ စားသောက်ခြင်း

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် ၁၀ချက်

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် (၁၀)ချက် ကျန်းမာသောနေ့စဉ်ဘဝအတွက် အစားအစာများကိုရွေးချယ်ရာတွင် ရိုးရှင်းသောအောက်ပါအချက် (၁၀)ချက်ကိုအသုံးပြုကြည့်ပါ။ သင်၏ကယ်လိုရီကိုညီညွတ်မျှတစေရန် မည်သည်တို့ကိုပို၍စားသုံးရမည်၊ မည်သည်တို့ကိုလျှော့၍စားသုံးရမည်ကိုအကြုံပြုပေးထားပါသည်။ (၁) ကယ်လိုရီကိုညီညွတ်မျှတအောင်စားပါ သင်၏ကိုယ်အလေးချိန်ကိုထိန်းညှိရန် တစ်နေ့တွင်သင့်အတွက်လိုအပ်သောကယ်လိုရီပမာဏကိုသိအောင်လုပ်ပါ။ www.ChooseMyPlate.govတွင်လေ့လာနိုင်ပါသည်။ လှုပ်လှုပ်ရှားရှားနေခြင်းကလည်းကယ်လိုရီညီညွတ်မျှတစေရန်အထောက်အကူပြုပါသည်။ (၂) အစားအစာကိုအချိန်ပေး၍စားပါ နှစ်သက်စွာ စားသောက်နိုင်ရန်လုံလောက်အောင် အချိန်ပေးပါ။ လျှင်မြန်စွာစားခြင်း (သို့မဟုတ်) အစားစားစဉ်အခြားသို့အာရုံရောက်နေပါက ကယ်လိုရီများစွာ စားမိနိုင်ပါသည်။ မစားမီ၊ စားနေစဉ် နှင့် စားပြီးအချိန်များတွင် ဗိုက်ဆာနေလား ၊ ဗိုက်ပြည့်ပြီလားသတိထားကြည့်ပါ။ ထိုအခါ မည်သည့်အခါအစားစားသင့်ပြီးမည်သည့်အခါလုံလောက်ပြီကိုသင်သိလိမ့်မည်။ (၃) လွန်ကဲစွာစားသုံးခြင်းကိုရှောင်ပါ ပန်းကန်ပြားသေးသေး ၊ ဟင်းချိုခွက်နှင့် ဖန်ခွက်တို့နှင့် စားသုံးပါ။ မစားမီ အစားအစာတစ်ချို့ကိုလျှော့ပါ။ အပြင်ထွက်၍စားသည့်အခါ နည်းနည်းသာစားပါ။ အခြားသူများနှင့်မျှ၍စားပါ။ အချို့ကိုအိမ်ပြန်သယ်ပါ။ (၄) မကြာခဏစားပေးသင့်သောအစားအစာများ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆန်များနှင့် အဆီမပါသောနို့တို့ကို များများစားသောက်ပေးပါ။ ကျန်းမာရေးအတွက် လိုအပ်သောပိုတက်ဆီယမ် ၊ ကယ်လ်ဆီယမ်၊ဗီတာမင်ဒီ နှင့်အမျှင်ဓါတ်တို့ပါဝင်ပါသည်။ အစားအစာအနပ်တိုင်းအတွက် ထိုအစားအစာတို့ကိုအခြေခံအဖြစ်ပါဝင်ပါစေ။ (၅) မိမိစားသောပန်းကန်၏ တစ်ဝက်ကိုဟင်းသီးဟင်းရွက်နှင့်သစ်သီးတို့ပါဝင်အောင်စားပါ အနီရောင်၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းကျန်းမာမာနဲ့ မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းကောင်းများ

ယခုပြောမှာကတော့ ရင်းနှီးနေပြီးသား အကြောင်းအရာတစ်ခုပါပဲ။ သင် နေ့စဉ် အစားအသောက်တွေနဲ့ ကယ်လိုရီကို တွက်ချက်လေ့ရှိပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရုံးမှာ ကိတ်မုန့်လုံးတွေကို စားခြင်း (သို့) အချိုရည်တွေကို သောက်ခြင်း ပြုလုပ်နေနိုင်ပြီး ဝိတ်လျှော့တာတော့ သွားပြန်ပြီလို့ စဉ်းစားမိမှာပါ။ တစ်ပတ်လောက်ကို စားသမျှထက် ၅၀၀ ကယ်လိုရီပိုပြီး နေ့စဉ် လောင်ကျွမ်းစေနိုင်လျှင် တစ်ပေါင်ကနေ နှစ်ပေါင်အထိ ကျဆင်းနိုင်ပါတယ်။ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းချင်ရင်တော့ အစားလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ။ သင်ဟာ ကိုယ်အလေးချိန် ပေါင် ၂၅၀ ကျော်ခဲ့ရင် တစ်နေ့ကို ၁၀၅၀-၁၂၀၀ ကယ်လိုရီစားပြီး လေ့ကျင့်ခန်း တစ်ရက်ကို တစ်နာရီလုပ်ရင် ပထမ အပတ်မှာ သုံးပေါင်ကနေ ငါးပေါင်အထိ ကျဆင်းနိုင်ပါတယ်။ လိုအပ်တာထက်ပိုတဲ့ ကယ်လိုရီလျှော့ခြင်းဟာ အန္တရာယ် ရှိတာမို့ မပြုလုပ်လုပ်သင့်ပါဘူး။ ဒီဆောင်းပါးမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆယ်ကျော်သက်များ အပျိုဖော်၊လူပျိုဖော်ဝင်ချိန် စားသင့်သော အထူးအစားအစာများ

အပျိုဖော်၊လူပျိုဖော်ဝင်ခြင်းဆိုသည်မှာ ကလေးခန္ဓါကိုယ်မှ အရွယ်ရောက်သူတစ်ဦး၏ ခန္ဓါကိုယ်အဖြစ်သို့ရုပ်ပိုင်းဆိုင်ရာ လျင်မြန်စွာ ပြောင်းလဲလာပြီး မျိုးပွားခြင်း စွမ်းဆောင်နိုင်သော အဆင့်အထိပြောင်းလဲခြင်းကိုဆိုလိုပါသည်။ဤအချိန်တွင် ဆယ်ကျော်သက်တစ်ဦး၏ ခန္ဓါကိုယ်သည် ကယ်လိုရီပိုမိုလိုအပ်လာပြီး အခြားအာဟာရများလည်းလိုအပ်လာပါသည်။ ကယ်လ်စီယမ် လူသားများသည် အသက်ကြီးလာသည်နှင့်အမျှ ခန္ဓါကိုယ်ထဲတွင်ရှိသောကယ်လ်စီယမ်များ ကျဆင်းလာပါသည်။ အပျိုဖော်၊လူပျိုဖော်ဝင်ချိန်တွင် ကလေးများသည် အရိုးနှင့်ကြွက်သားများ ကြီးထွားဖို့အတွက် ကယ်လစီယမ်ပိုမိုလိုအပ်ပါသည်။ အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ကယ်လ်စီယမ် တစ်ထောင့်နှစ်ရာ မီလီဂရမ် လိုအပ်ပါသည်။ ကယ်လ်စီယမ် ပါဝင်သောအစားအစာများမှာ နို့၊နို့ပူတင်း၊ဒိန်ချဉ်၊ချိစ့် စသည်တို့ဖြစ်ပါသည်။ သင့်ကလေးသည် တစ်ရက်လျှင် ကယ်လ်စီယမ်ပါဝင်သော အစားအစာသုံးမျိုး သို့မဟုတ် လေးမျိုးလောက် စားပေးသင့်ပါသည်။   ပရိုတင်း(အသားဓါတ်) အသားဓါတ်သည်ကြီးထွားနေသောတစ်ရှူးများ၊ကြွက်သားများနှင့်အရိုးများအတွက် အရေးပါသော အာဟာရဖြစ်သည်။ ပရိုတင်းကို အသား၊ပဲ ၊ ပင်လယ်စာများတွင် တွေ့နိုင်သည်။ တစ်နေ့လျှင်ပရိုတင်း နှစ်မျိုး သို့မဟုတ် သုံးမျိုးစားသင့်သည်။ သင်သည် အသား၊ကြက်သား၊ဘဲသား စသည်ဖြင့်စားနိုင်သည်။ အကယ်၍သက်သတ်လွတ်စားသူဆိုပါက ပဲ သို့မဟုတ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဇင့်၏ ကောင်းကျိုး ဆယ်ချက်

ZINC (ဇင့်) ပမာဏ အနည်းငယ်ကို ကျန်းမာစေဖို့အတွက် လိုအပ်တာကြောင့် ZINC ကို မရှိမဖြစ် ဒြပ်စင်တစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမယ့် ZINC မလုံလောက်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ကြီးထွားနှုန်းတန့်ခြင်းနဲ့ ကလေးတွေမှာ ရုတ်တရက် ဝမ်းလျှောခြင်းနဲ့ အနာမကျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ လုံလောက်တဲ့ ZINC ပမာဏရှိခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ ZINC မလုံလောက်မှုကို ကိုယ်ခံအားကျဆင်းစေပါတယ်။ ZINC နည်းပါးတဲ့သူတွေဟာ ရောဂါပိုးအမျိုးမျိုးကို ပိုမို ကူးစက်ခံရနိုင်စေပါတယ်။ ကျန်းမာရန်အတွက် သင့်အစားအသောက်ထဲမှာ ZINC လုံလုံလောက်လောက် ပါဝင်သင့်ပါတယ်။ ကလေးတွေမှာ ဝမ်းလျှောတာကို ကုသကာကွယ်ပေးပါတယ်။ ဝမ်းလျှောခြင်းဟာ ငါးနှစ်အောက် ကလေးသန်းပေါင်းများစွာကို သေဆုံးစေပါတယ်။ လေ့လာမှုတွေက ZINC ဆေးပြားတွေကို ဆယ်ရက်လောက်သောက်ခြင်းဟာ ဝမ်းလျှောခြင်းကို ကုသပေးပြီး ပြန်ဖြစ်ခြင်းကိုလည်း ကာကွယ်စေပါတယ်။ မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း တိုးတက်စေခြင်း လေ့လာမှုတွေက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ

လူမှုဆက်ဆံရေးကောင်းဖို့အတွက် တစ်ခါတစ်ရံမှာ ပါတီပွဲတွေနဲ့ ကပွဲတွေကို မဖြစ်မနေတက်ရောက်ရမှာပါ။ အဲ့ဒီမှာ အရက်တွေ ဘီယာတွေကို အလွန်အကျွံသောက်သုံးမိတတ်ပါတယ်။ ဘီယာတွေ အလွန်အကျွံသောက်တဲ့ အကျိုးဆက်အနေနဲ့ ဗိုက်ကြီးပိုပူလာပြီး ပိုပြီးလည်းကြည့်ရဆိုးလာပါတယ်။ ဒါဟာကျန်းမာရေးအတွက်မကောင်းပါဘူး။ လူကြီးဖြစ်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးအတွက် တက်ရောက်ရမယ့် ပါတီတွေ ကပွဲတွေ တွေ့ဆုံပွဲတွေ ပိုများလာပါတယ်။ ဘီယာတွေ ဝိုင်တွေကိုလည်း အမြဲလိုလို သောက်မိမှာပါ။ ဘီယာပမာဏအများကြီးကို အချိန်အကြာကြီးဆွဲသောက်ပါက ဗိုက်ကလည်းပူသည်ထက် ပိုပူလာမှာပါ။ တစ်နေ့ ကိုယ့်ကိုကိုယ် မှန်ထဲမှာကြည့်မိတဲ့အခါ ဘီယာဗိုက်ကြီးကိုတွေ့ရမှာပါ။ ဒါက အလွန်အန္တရာယ်များပါတယ်။ ဘီယာဗိုက်ကို လူမှုရေးလိုက်စားမှုကြောင့်ဖြစ်တဲ့ နာမကျန်းမှုအဖြစ် မှတ်ယူထားကြပါတယ်။ ဘီယာသောက်သူတိုင်းမှာတော့မဖြစ်ပါဘူး။ ကြည့်ကောင်းချင်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းချင်လို့ပဲဖြစ်ဖြစ် ဘီယာဗိုက်ကိုလျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘီယာဗိုက်ဘာကြောင့် ရှိနေတာလဲ။ ဘီယာဗိုက်ဆိုတာ သင့်ရဲ့ဗိုက်က ဘောင်းဘီရဲ့ရှေ့ကို ပြူထွက်နေတာမျိုးပဲဖြစ်ပါတယ်။ သင်ဟာ ကယ်လိုရီတွေအများကြီးစားမိပြီး ပြန်လည်မသုံးစွဲမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ နာမည်နဲ့ဆန့်ကျင်စွာဘဲ ဘီယာဗိုက်က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်ထဲတွင်ပါဝင်သည့် အပိုပစ္စည်းများ၏ အန္တရာယ်

အချို့သော အစားထဲ ထည့်သွင်းတဲ့အရာတွေနဲ့ ကြာရှည်ခံအောင် ထပ်ထည့်ထားတဲ့အရာတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း ဆိုးဆေးနဲ့ အရသာပိုကောင်းအောင် ထည့်တဲ့ဆေးတွေကတော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ကိုယ်ခန္ဓါနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့ အစားအစာတွေနဲ့ ထိတွေ့တဲ့ နေရာတွေက ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံးခုခံနည်းကတော့ စီမံပြုလုပ်ထားတဲ့ အစာ (သို့) အလွယ်တကူစားလို့ရတဲ့အစားအစာတွေကို ရှောင်ရှားခြင်းပဲ ဖြစ်ပါတယ်။   တိရိစ္ဆာန်တွေနဲ့ လုပ်ထားတဲ့သုတေသနတွေအရ ဆိုးဆေးတွေဟာ အောက်ဖေါ်ပြပါအချက်တွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ ကြွက်လိုအကောင်မျိုးမှာ ကင်ဆာ ဖြစ်ပွားခြင်း ပန်းနာရင်ကျပ်နဲ့ ဓါတ်မတည့်မှုများ - ဓါတုပစ္စည်းတွေနဲ့ ဆက်စပ်မှုရှိပြီး အသားအရောင် ချွတ်ဖို့အတွက် အသုံးပြုတဲ့ sulphites, nitrites, nitrates တွေဟာ အဆိုးဆုံး တာရှည်ခံဆိုးဆေးတွေပဲဖြစ်ပါတယ်။ ပျို့အန်ခြင်းအစရှိတဲ့ ဗိုက်ပြဿနာများ (ဓါတ်မတည့်မှု ကြောင့်လည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်သွားကိုစွန်းထင်းစေသော အစားအစာနှင့် အလေ့အကျင့်များ

သင်သည် သွားကိုမှန်မှန်တိုက်နေပါလျက် တောက်ပဖြူဖွေးမှုမရှိ ဖြစ်နေပါသလား။ သင့်သွားကိုစွန်းထင်းစေသည့် ဘာအမှားများရှိသလဲဟု သင့်ကိုယ်သင် ဆန်းစစ်ကြည့်ဖူးပါသလား။ အဓိကအချက်မှာ ပြင်ပအကြောင်းအရာများကသာမက သင်စားသောက်နေသည့် အရာများကလည်းသင့်သွားအရောင်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဤဆောင်းပါးတွင် သင့်သွားအလှအပကို ထိခိုက်စေမည့် အစားအသောက်များကိုစာရင်းပြုစုထားပါသည်။ ပထမဆုံးအစွန်းအထင်း၏အရင်းမြစ်ကိုမိပါစေ။ သွား၏အပေါ်ယံလွှာဖြစ်သည့် သွားကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲလာပါသည်။ သင့်သွားကြွေလွှာသက်တမ်းရင့်လာသည်ကိုအခွင့်ကောင်းယူ၍ အစွန်းအထင်းဖြစ်စေသောအရာများသည်ကြွေလွှာမျက်နှာပြင်ပေါ်ရှိကွဲကြောင်းငယ်လေးများတွင် တွယ်ကပ်လာပါသည်။ ထိုအရာများမှာ • Chromogens-ပြင်းထန်သောရောင်ချယ်များဖြင့်ဖွဲ့စည်းထားသော ဒြပ်ပေါင်းများ။ • Tannins -အပင်မှအခြေခံထားသောသွားတွင်တွယ်ကပ်နိုင်သည့်ဒြပ်ပေါင်းများ။ • Acid -သွားကြွေလွှာကိုပိုမိုပျော့ပျောင်း ကြမ်းတမ်းစေကာစွန်းထင်းရန်ပိုလွယ်ကူစေသည်။ ဘာတွေကသင့်သွားကိုစွန်းထင်းစေသလဲ။ ကော်ဖီနှင့်လက်ဖက်ရည် လူအများစုသောက်နေသောကော်ဖီသည် သွားဖြူခြင်းအတွက် အဆိုးဆုံးရန်သူပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတု့ိ၏အရောင်ကြောင့်ဖြစ်သည်။ ကော်ဖီသည်အဆိုးဆုံးအကြောင်းအရင်းမဟုတ်သော်လည်း သင့်သွား၏အရောင်ကို သက်ရောက်မှုရှိပါသည်။ တကယ်တော့လက်ဖက်ရည်သည် သင့်သွား၏ဖြူဖွေးမှုကို ပို၍ထိခိုက်စေပါသည်။ ၎င်းတွင်အက်စစ်သာမက tannin လည်းပါဝင်သည်။ tannin သည် အစွန်းအထင်းကိုသွားတွင်ကပ်စေသည်။ သတိထားရမည်မှာကာ်ဖီ၊ လက်ဖက်ရည်သက်သက်ချည်မဟုတ်ဘဲ သင်သောက်သည့် အကြိမ်အရေအတွက်ကပေါ်မှုတည်၍ ထိခိုက်နိုင်သည်။ ဝိုင် အနီရောင်ဝိုင်သည် chromogenနှင့်tannin ပါဝင်သည့် acid […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကိုရှာရတာဟာလူအတော်များများကြားမှာထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီးကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။ သို့သော်ဒါဟာထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့ အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။   အဝလွန်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများ ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေ အခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့) အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။ ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း - ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ ကိုယ်အလေးချိန်နှင့် ကင်ဆာ - အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ အမျိုးသားရောအမျိုးသမီးမှာပါ အဝလွန်ခြင်းဟာအစာပြွန်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။ အမျိုးသားတွေမှာ အစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆားလျှော့စားနိုင်မယ့် နည်းလမ်းကောင်းတွေ

သင်လျှော့စားဖို့ အချိန်တန်ပြီလား။ ဒီဆောင်းပါးမှာတော့ မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ မုန့်တွေ၊ ဖျော်ရည်တွေ အတွက် ဆိုဒီယမ်နည်းပါးတဲ့ အစားတွေကို သွေးပေါင်မတက်စေပဲ ဘယ်လိုစားရမလဲဆိုတာ ဖေါ်ပြမှာဖြစ်ပါတယ်။ မနက်စာ - ငှက်ပျောသီး အခွံမာသီး အုတ်ဂျုံမှုန့် ပါဝင်ပစ္စည်းများ အုတ်ဂျုံမှုန့် တစ်ခွက်ခွဲ ရေ တစ်ခွက် ငှက်ပျောသီး လှီးပြီး တစ်လုံး သစ်ကြားသီး အမှုန့်ကြိတ်ပြီး စားပွဲတင်ဇွန်း တစ်ဇွန်း သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း   ပြုလုပ်ပုံ အုတ်ဂျုံမှုန့်နဲ့ ရေတို့ကို သေးငယ်ပြီး microwave မှာ သုံးလို့ရတဲ့ ပန်းကန်လုံးအတွင်းထည့်ပါ။ အပူချိန်အမြင့်မှာ သုံးမိနစ်ခန့်ထားပါ။ အပေါ်က ငှက်ပျောသီး လှီးပြီးသား၊ သစ်ကြားသီးနဲ့သစ်ကြံပိုးခေါက်တို့ အုပ်ပါ။   နေ့လည်စာ - မှိုဘာဂါ ပါဝင်ပစ္စည်းများ နှမ်းပါတဲ့ဘာဂါ ပေါင်မုန့်လုံး တစ်ခု ဆလပ်ရွက် တစ်ရွက် အမဲသား ၅၀ ဂရမ် မှိုအကြီး လှီးပြီးသား လေးပွင့် ကြက်သွန်နီ အလယ်အလတ် လှီးပြီး တစ်လုံး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ခရမ်းချဉ်သီး အလယ်အလတ် တစ်ပြား ဆိုဒီယမ်နည်းတဲ့ ချီးစ် တစ်ပြား   ပြုလုပ်ပုံ မှိုနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း