သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အာဟာရဓာတ်လိုအပ်ချက်တွေ၊ ကယ်လိုရီလောင်ကျွမ်းတာတွေ ပြောင်းလဲလာပါတယ်။ သက်ကြီးအာဟာရနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဒီမှာလေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့် အကြောတက်တတ်တယ်။ သွေးတိုးတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အစစအရာရာ အမှားမခံတဲ့ ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး ကြိုက်လို့ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ....... ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ […]

သက်ကြီးရွယ်အို အာဟာရ ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင်ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေကနွေရာသီရဲ့ အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ လူကြီးတွေဘာလို့ အပူဒဏ်ကိုမခံနိုင်ကြတာလဲ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်ရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ချွေးဂလင်းတွေနဲ့ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန္ဓါကိုယ်မှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကိုခံနိုင်စွမ်းနည်းရတာမျိုးလည်းရှိပါတယ်။ သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ .......... ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။ အိမ်ထဲမှာအေးနေအောင်ထားပါ - တကယ်လို့ အိမ်မှာ လေအေးပေးစက်ရှိတယ်ဆိုရင်နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင်နေ့ခင်းဘက် အိမ်ထဲကိုနေရောင်တိုက်ရိုက်မဝင်နိုင်အောင်ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာအေးနေအောင်ထားပေးပါ။ ညဘက်မှပြတင်းတံခါးကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း