သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အာဟာရဓာတ်လိုအပ်ချက်တွေ၊ ကယ်လိုရီလောင်ကျွမ်းတာတွေ ပြောင်းလဲလာပါတယ်။ သက်ကြီးအာဟာရနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဒီမှာလေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့် အကြောတက်တတ်တယ်။ သွေးတိုးတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အစစအရာရာ အမှားမခံတဲ့ ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး ကြိုက်လို့ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ....... ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ […]

သက်ကြီးရွယ်အို အာဟာရ ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

ချစ်ရတဲ့ မေမေဖေဖေတို့ကို ကျန်းမာရေးလက်ဆောင်ပေးလို့ရတယ်ဆိုတာ မေ့နေတာလား

တန်ဆောင်တိုင်ဂါရဝပြုလက်ဆောင်လို့ပြောလိုက်ရင် လူတိုင်းလိုလိုပြေးမြင်တာက စားစရာတွေနဲ့ အဝတ်အစား အသုံးအဆောင်တွေပါ။ စားကောင်းတာတွေနဲ့ ဝတ်ကောင်းစားလှတွေက ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တဲ့အရာတွေလို့ အများက လက်ခံယူဆထားပုံရပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အခါ စားကောင်းသောက်ဖွယ်တွေနဲ့ အသုံးအဆောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အထိရောက်ဆုံးဖော်ပြနိုင်မှာပါ။ ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းကျန်းမာမာအသက်ရှည်ရှည်နေစေချင်တဲ့ဆန္ဒလူတိုင်းမှာရှိမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်စေဖို့က အစားအသောက်နဲ့ အသုံးအဆောင်တွေနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပါလုပ်ပေးဖို့လိုဦးမှာပါ။ ဒါဆိုတန်ဆောင်တိုင်ကာလမှာ ချစ်ရတဲ့သူတွေကို ဂါရဝပြူဖို့ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လမ်းညွှန်ပါရစေ။ တန်ဆောင်တိုင်အတွက် ကျန်းမာရေးဂါရဝ.... သီတင်းကျွတ်တုန်းက မကန်တော့ရသေးလို့ဖြစ်ဖြစ် သီတင်းကျွတ်မှာ ကန်တော့ပြီးပေမယ့် တန်ဆောင်တိုင်မှာ မှတ်မှတ်ရရလက်ဆောင်ပေးချင်လို့ဖြစ်ဖြစ်မေမေဖေဖေတို့အပါအဝင် ချစ်ခင်ရသူတွေကို မတူတဲ့လက်ဆောင်တစ်ခုခုပေးချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်တွေပြင်ဆင်ပေးလို့ရပါတယ်။ ကျန်းမာရေးဆိုတဲ့နေရာမှာ အစာအာဟာရအပြင် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေပါပေးလို့ရတာပါ။ ကိုယ်ကန်တော့မယ့်သူက ဆီးချိုရှိနေယ်ဆိုရင်သွေးချိုတိုင်းစက်၊သွေးပေါင်ချိန်စက်အပြင် ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်စွက်အာဟာရတွေကိုပါ ကန်တော့လို့ရပါသေးတယ်။ ဒါဆိုရင် အသင့်တော်ဆုံးကဘာများဖြစ်မလဲ ကိုယ်တိုင်လေးရွေးချယ်ကြည့်နော်။ ဆေးဝါး ရောဂါတစ်ခုခုရှိမှ မဟုတ်ဘဲနေအိမ်တိုင်းမှာဆောင်ထားသင့်တဲ့ဆေးဝါးလေးတွေရှိပါတယ်။ လူကြီးတွေရှိနေတဲ့နေအိမ်တွေမှာဆိုရင်ဆေးဝါးတွေကမဖြစ်မနေလိုအပ်မှာပါ။ ဒဏ်ကြေလိမ်းဆေး လေဆေး အဖျားပျောက်ဆေး အနာလိမ်းဆေး အရက်ပြန် […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင်

မိုးတွေအကြိုက်ရွာလို့ ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေခဲ့တဲ့ ကာလပတ်ကို ကုန်ဆုံးလို့ မိုးလေ ကင်းလွတ်ပြီး သီတင်းကျွတ်ကာလရောက်လာပြီဆိုရင်မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုဓလေ့အတိုင်း လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အဝေးရောက်နေတဲ့သားသမီးတွေက မိဘတွေရှိရာ ဖိုးဖိုးဖွားဖွားတွေရှိရာဆီကို အရောက်ပြန်လာပြီး ကန်တော့ကြတယ်။ ဒါကမြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပေါ့။ သီတင်းကျွတ်ပြီ မိုးလေးကင်းလွတ်ပြီဆိုရင် မီးပုံးလွှတ်တယ်။ မီးထွန်းတယ်။ လူကြီးတွေကို ကန်တော့တယ် မုန့်ဖိုးတောင်းကြတယ်ဆိုတာတွေက ကလေးဘဝကတည်းက လုပ်လာခဲ့တဲ့ သီတင်းကျွတ်ရဲ့ အလေ့အထတွေပါ။ ကလေးတွေစုပြီး အတူတူဆော့ရတာလည်းပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ သီတင်းကျွတ်အမှတ်တရတွေပေါ့။ သီတင်းကျွတ်လွမ်းချင်းလေးပြီးတော့ သီတင်းကျွတ်ကန်တော့မယ့် ကိစ္စလေးပြောကြရအောင်။ မေ့ထားလို့မရတဲ့ အရာတစ်ခု ကိုယ်တွေကိုယ်တိုင်က အလုပ်ခွင်ဝင်နေပြီဆိုရင် ကိုယ့်ကိုမွေးဖွားပျိုးထောင်ခဲ့တဲ့မေမေဖေဖေတို့က အသက်ကြီးနေပြီဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့သီတင်းကျွတ်ကန်တော့တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုက အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင်ကန်တော့မယ့်ကိစ္စပါ။ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓါကိုယ်က အင်အားတွေယုတ်လျော့လာမှာ အသေအချာပါ။ ဒီတော့ဖေဖေမေမေတို့ိကို အားအင်ပြည့်နေစေဖို့ အာဟာရပြည့်ဝအောင် […]


သက်ကြီးရွယ်အို အာဟာရ

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

လူဆိုတာ အသက်ကြီးလာပြီဆိုရင် လူငယ်တုန်းကလောက် သန်မာဖျတ်လတ်မှုမရှိကြတော့ဘူးနော်။ အလုပ်လုပ်တာ၊ သွားတာလာတာ နှေးကွေးလာတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းလာတော့ ရောဂါတွေ ဖြစ်ဖို့ ပိုလွယ်လာတယ်။ ကြွက်သားတွေကလည်း အားနည်းပြီး အရိုးအဆစ်တွေက ထိခိုက်ဖို့ ပိုလွယ်လာတာပေါ့။ ဒီတော့ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေ အားနည်းပြီး ပျော့ခွေနေချိန်မှာ ဘယ်လိုအစားအစာတွေ ကျွေးပြီး အားပြန်ဖြည့်ပေးလို့ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ပရိုတင်းပါတဲ့ အစားအစာတွေ များများကျွေးကြမယ်။ လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတယ်။ တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ဇီဝကမ္မပြောင်းလဲမှြုဖစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေကျန်းမာစေဖို့

အာဟာရြပည့်ဝမှုက သက်ရှိတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါနော်။ ကလေးတွေမှအာဟာရပြည့်ဝဖို့လိုတာမဟုတ်ပါဘူး။ လူကြီးတွေလည်း အာဟာရပြည့်ဝဖို့လိုပါမယ်။ များသောအားဖြင့် ဂရုစိုက်မိတတ်ကြတာက ကလေးလေးတွေ အာဟာရပြည့်ဝဖို့ကိုပဲ အာရုံစိုက်နေမိတတ်ကြတာပါ။ တကယ်တော့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့လည်း အာဟာရပြည့်ဝဖို့လိုပါမယ်။ ဒါမှလည်း ကျန်းမာပြီး အသက်ရှည်စေမှာပါ။ ချစ်ရတဲ့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့ကျန်းမာစေဖို့ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စေဖို့ အာဟာရပြည့်ဝစေရေးအတွက်သေချာလေးဂရုစိုက်ပေးဖို့ပြောပါရစေ။ မဖြစ်မနေသိထားရမယ့်အချက်တစ်ခုက ကိုယ့်ကမွေးတဲ့ရင်သွေးတွေမှာ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့်ကိုမွေးဖွားစောင့်ရှောက်ပေးခဲ့တဲ့မေမေဖေဖေဖိုးဖိုးဖွားဖွားတို့ကျန်းမာအာဟာရပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်နော်။ အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်မြင့်လာသလား အရွယ်ရောက်လာတာနဲ့အမျှ မဖြစ်ချင်ပေမယ့်လည်း အရိုးတွေရဲ့ သိပ်သည်းဆက ကျလာသလို ကြွက်သားတွေလည်း ဆုံးရှုံးစပြုလာပါပြီ။ မလိုအပ်ဘဲ ကြွက်သားနဲ့ အရိုးတွေဆုံးရှုံးမှုက လူကြီးတွေမှာ သွားလာရခက်ခဲစေနိုင်သလို ထိခိုက်ဒဏ်ရာရနိုင်ခြေကိုလည်း ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒါ့အပြင်နောက်တစ်ခုက အရွယ်ရလာတာနဲ့အမျှ လူကြီးတွေက အသားအပါအဝင် အာဟာရရစေနိုင်တဲ့ အစားအသောက်အရင်းအမြစ်တွေကို စားသုံးမှုနည်းလာကြတာပါ။ ဒါကြောင့်ဆုံးရှုံးမှုကိုဖြည့်တင်းဖို့ အာဟာရလိုအပ်ချက်ကမြင့်လာနိုင်ပါတယ်။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ဒါကတော့ လွယ်ပါတယ်။ အာဟာရပြည့်ဝအောင်ကျွေးရုံပေါ့။လေ့လာမှုအသစ်တစ်ရပ်အရ အရွယ်ရလာတဲ့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့ကို ပရိုတင်းကြွယ်ဝပြီး ကယ်လ်လိုရီနည်းတဲ့ အစားအသောက်တွေကိုပြင်ဆင်ပေးတာက အသက်ကြီးမှ အဝလွန်တာကို […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေတို့အတွက် ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုကြမယ်

ဝါလကင်းလွတ်တဲ့မြန်မာ့သီတင်းကျွတ်ကာလမှာ ချစ်ဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုက ဘာဖြစ်မလဲ။ ကိုယ်တွေငယ်ငယ်တုန်းကမျှော်ခဲ့ရ၊ပျော်ခဲ့ရတဲ့အချိန်ပါနော်။ ကိုယ့်မိဘတင်မကဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ချစ်ခင်လေးစားစိတ်နဲ့ ကန်တော့လက်ဆောင်ပေးကြတဲ့ဓလေ့ပါပဲ။ ကိုယ့်အိမ်က လူကြီးတွေကို အမျိုးတွေ လာကန်တော့ကြရင် ကိုယ်တွေမုန့်စားရသလို ကိုယ်တွေက သွားကန်တော့ကြရင် မုန့်ဖိုးတွေရတယ်လေ။ ဆီမီးတွေလင်းထိန်နေတဲ့ ညဘက်တွေမှာဆော့ရတယ်၊ သီတင်းကျွတ်ပွဲဈေးလျှောက်ဖို့ မိဘတွေကိုပူဆာရတာလည်းပျော်စရာ။ ဘာကြောင့်ပဲဆိုဆို လူကြီးမိဘတွေကို ကန်တော့လက်ဆောင်ပေးကြတဲ့ သီတင်းကျွတ်ရဲ့အစဉ်အလာက မိသားစုရဲ့အဓိပ္ပါယ်ပေါ်လွင်စေတဲ့ဓလေ့လေးဖြစ်ပါတယ်။ ကိုယ်တွေကြီးပြင်းလာတဲ့အခါကျတော့ရော ကလေးဘဝကလို ဒီပျော်စရာ၊ ချစ်စရာတွေမရှိတော့ဘူးလား။ပြန်တွေးကြည့်နော်။ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့်၊ အသုံးဝင်မယ့်ပစ္စည်းတွေဝယ်ပြီး အကောင်းဆုံးဖြည့်ဆည်းကန်တော့ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ။ ကလေးတုန်းကလို ကိုယ်မုန့်ဖိုးရဖို့ပဲတွေးမိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုအရာရာဂရုစိုက်ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေမေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးလက်ဆောင်ကိုပြင်ဆင်ကန်တော့နိုင်တဲ့ ပီတိက ဘာနဲ့မှလဲမရပါဘူး။ အားလုံးမတတ်နိုင်ရင်တောင်မေမေတို့ရဲ့ကျန်းမာရေးအတွက် တစ်စုံတစ်ရာအထောက်အကူပေးမယ့်တစ်ခုခုကို ကန်တော့နိုင်မယ်ဆိုလည်း ဝမ်းသာစရာပါပဲ။ ဘာလေးတွေနဲ့ ကန်တော့ရကောင်းမလဲ တွေးရခက်နေတယ်ဆိုရင် ဒါလေးတွေရှိတယ်ဆိုတဲ့အကြောင်း Hello ဆရာဝန်က မေတ္တာနဲ့ အကြံပေးလိုက်ပါမယ်နော်- အာဟာရဖြည့်စွက်စာ အသက်ကြီးလာတာနဲ့အမျှ အစားစားနိုင်စွမ်းနည်းလာတယ်၊ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အသားဓါတ် ဆိုတာ ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး။ ကိုယ်ခန္ဓါကြီးထွားဖို့ ၊ သန်စွမ်းဖို့၊ အရိုးသန်မာဖို့အတွက် ပရိုတင်းဓါတ်တွေက မရှိမဖြစ်ပါ။ ပရိုတင်းဓါတ်ဆိုတာကလည်း တကူးတက လိုက်ရှာနေစရာ မလို။ နေ့စဉ် စားလိုက်တဲ့ အသားတွေကနေ ပရိုတင်းဓါတ်ရနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ amino acid တွေက ခုခံအားေကာင်းအောင်၊ အရိုးသန်မာအောင် ၊ ကြွက်သားတွေ သန်မာကျစ်လစ်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်ကြီးတဲ့ သူတွေနဲ့ လူငယ်တွေမှာ စားလိုက်တဲ့ အစားအသောက်တွေထဲက ပရိုတင်းကို စုပ်ယူတာခြင်း မတူပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ ပရိုတင်း ပမာဏကလည်း အသက်အရွယ်နဲ့ လိုက်ပြီး ကွဲသွားပါတယ်။ ပြီးတော့အသက်ကြီးတဲ့လူတွေက လူငယ်တွေထက် ပရိုတင်းရဖို့ ပိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။ အသက်ကြီးလာရင် ပရိုတင်းတွေ ဘာကြောင့် နည်းလာရတာလဲ။ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

လူငယ်ဘဝမှာ စားကောင်းတာလေး၊ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေဆိုရင် ငယ်တုန်းမို့စားရတာ လို့ပြောပြောပြီး များများစားလိုက်ရမှ။ တကယ်လည်းဟုတ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ဘာစားစား အားပြည့်နေတာပဲ၊ သွားလည်းကောင်းတာကိုး။ အသက်ကြီးလာတဲ့အခါ သွားမကောင်းတာရယ်၊ရောဂါကြောင့် မတည့်တာရှောင်ရတာတွေရယ်၊ အစားစားချင်စိတ်က မတူတော့တာရယ်ကြောင့် သိပ်မစားနိုင်တော့ပါဘူး။ ငါကတော့ ဟင်းသိပ်မစားနိုင်ဘူး၊ ခံတွင်းတွေ့မယ့်ဟင်းတစ်မျိုးဆိုရပြီလို့ လူကြီးမိဘတွေပြောတတ်ကြတယ်။ အစားနည်းလာတယ်၊ အစာကြေဖို့ သိပ်မလွယ်တော့ဘူးဆိုတော့ တစ်နေ့တာလိုအပ်တဲ့အာဟာရတွေပြည့်နိုင်ပါ့မလား။ ဆီးချိုရှိတဲ့လူကြီးတွေဆို ပိုဆိုးပါတယ်။ စားချင်စိတ်ရှိတာတောင် အချိုဓါတ်မလွန်ကဲစေဖို့ရှောင်ကြရင်း အစားအသောက်ဘက်မှာဘောင်ကျဉ်းလာတဲ့အခါ အားဖြည့်အာဟာရတွေ၊ အားဆေးတွေကို အားကိုးလာရပါတယ်။ ခန္ဓါကိုယ်မှာရှိသင့်တဲ့ အာဟာရဓါတ်တွေချို့တဲ့လာတဲ့အခါ လူကြီးတွေရဲ့ကျန်းမာရေးမှာ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ် - ကိုယ်ခံအားနည်းလာလို့ရောဂါပိုးတွေကူးစက်ခံရလွယ်နိုင်တယ်။ အနာဖြစ်ရင်တော်တော်နဲ့ပြန်မကျက်ဘူး။ ကြွက်သားတွေအားနည်းလာတယ်၊ အရိုးပွလာနိုင်တယ်။ အဲဒီကနေချော်လဲတာ၊အရိုးကျိုးအက်တာတွေဖြစ်လာနိုင်တယ်။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းလာတယ်။ လုံးဝအားမရှိသလို ပင်ပန်းနွမ်းလျခြင်း၊ အားကုန်မောပန်းခြင်း ခံစားရနိုင်တယ်။ စိတ်သွားတိုင်းခန္ဓါကိုယ်ကမလှုပ်ရှားနိုင်တော့ စိတ်ဓါတ်ကျလာတယ်။ သွေးအားနည်းလာတယ်။ မှတ်ဉာဏ်လျော့နည်းလာတယ်။ ဒါတွေက အာဟာရချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာနဲ့ဖြစ်နိုင်ခြေတွေပါ။ ဒါတွေအပြင် အစားစားဖို့ငြင်းဆန်လာတာ၊ အစာစားချင်စိတ်မရှိတာတွေအထိဖြစ်လာခဲ့ရင် […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်မှာ သားသမီးတွေရှိခဲ့နိုင်တယ်၊ ခွဲစိတ်မှုတွေခံယူခဲ့ဖူးနိုင်တယ်၊ ဝခဲ့ဖူးမယ်၊ ပိန်ခဲ့ဖူးနိုင်တယ်၊ ထိခိုက်ဒဏ်ရာတွေခံစားရဖူးနိုင်တယ် ဒါမှမဟုတ် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ရောဂါတွေ ရင်ဆိုင်ခဲ့ရနိုင်တယ်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ဟော်မုန်းတွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခန္ဓါကိုယ်မှာ ဖြစ်လာတဲ့ပြောင်းလဲမှုအမျိုးမျိုးကို မလွှဲမရှောင်သာ လက်ခံပေးရမှာပါ။ ဒါ့ကြောင့် ကျန်းကျန်းမာမာနဲ့ ခွန်အားပြည့်ဝစွာနေနိုင်ဖို့ လျှို့ဝှက်ချက်ကို လူကြီးမိဘတွေနဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေက လိုလားတောင့်တနေကြတာဖြစ်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါ၊ အထောက်အကူဖြစ်စေပါလိမ့်မယ်။   အိပ်ရေးဝဝအိပ်ပါ တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုများလာပြီး မိုဘိုင်းဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေမရှိတဲ့ အိမ်ဆိုတာ မရှိသလာက်ပါပဲ။ ဒါ့အပြင် တီဗီကြိုက်တဲ့ လူကြီးမိဘတွေဆိုရင်တော့ အိပ်ရေးဝဝအိပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ အိပ်ရေးပျက်ထားတဲ့လူဟာနောက်တစ်နေ့မှာခေါင်းမူးနေမယ်၊ အာရုံပျံ့လွင့်လွယ်တယ်၊တစ်နေ့တာလုံး အားနည်းသလို နုံးသလိုခံစားနေရတတ်ပါတယ်။ အသက်ကြီးသူတွေမှာဆို ဒီအခြေအနေတွေက ပိုဆိုးနိုင်ပါတယ်။ အသက်ကြီးလာပြီဆိုရင် ခန္ဓါကိုယ်က အရင်ကလို ဒူပေနာပေခံနိုင်တော့မှာမဟုတ်ဘဲ အိပ်ရေးလေးပျက်ရုံနဲ့ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ကြွက်သားအားလျော့ခြင်း၊ ခံနိုင်ရည်လျော့ကျခြင်း၊နဲ့ အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ ယိုယွင်းပျက်စီးလာခြင်းတို့လို […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်

အသက်ကြီးရင့်လာတဲ့သူတိုင်း နှလုံးရောဂါကိုရှောင်လွှဲလို့မရဘူးဆိုတဲ့ လူတော်တော်များများလက်ခံထားတဲ့ အယူအဆကိုငြင်းပယ်ချင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးရောဂါခံစားရနိုင်ခြေက ပိုများလာနေတယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတိုင်း နှလုံးရောဂါကြောင့်သေဆုံးကြတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံက အသက်ကြီးတဲ့သူတွေကို နှလုံးကျန်းမာနေစေအောင် အထောက်အကူပြုပေးနိုင်ပါတယ်။   နှလုံးရောဂါရှိနေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ နှလုံးရောဂါဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကိုဆိုလိုချင်တာပါ။ နှလုံးရောဂါကဖြစ်နေတယ်ဆိုရင်တောင် အချိန်တော်တော်ကြာတဲ့ အထိသတိမထားမိဘဲဖြစ်နေနိုင်ပါတယ်။ လူတော်တော်များများက ရုတ်တရက်နှလုံးရပ်သွားတာမျိုး လက္ခဏာတွေခံစားရပြီးတဲ့နောက်မှ သူတို့မှာနှလုံးရောဂါရှိနေတယ်ဆိုတာကို ရိပ်စားမိကြတာပါ။ ရုတ်တရက်နှလုံးရပ်သွားတဲ့ရောဂါရဲ့ သတိပေးလက္ခဏာရပ်တွေကတော့ အားနည်းတာ၊ခေါင်းထဲမှာ မူးဝေဝေဖြစ်နေတာ၊ အသက်ရှုကျပ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ အစာမကြေတာ၊ ရင်ဘတ်အောင့်တာ၊သွေးတိုးတာ၊ချွေးထွက်တာ၊ ဇက်ကြောထဲက ပုံမှန်မဟုတ်ဘဲ နာကျင်တာ၊ ပခုံးနဲ့လက်မောင်းနာကျင်တာ၊ နှလုံးခုန်မမှန်တာလိုမျိုးတွေပါ။ တကယ်လို့များ အခုဖော်ပြခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူ ဖို့လုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ အခုဖော်ပြပေးမယ့်အချက်လေးတွေအတိုင်း နှလုံးကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။   ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ အသက်ကြီးတဲ့သူတွေမှာ ကယ်လိုရီက အများကြီးမလိုအပ်ဘူးဆိုပေမယ့် သူတို့ခန္ဓါကိုယ်က အာဟာရဓါတ်များများရဖို့တော့ လိုအပ်ပါသေးတယ်။ အကြံပြုချင်တာကတော့ လူကြီးမိဘတွေကို အရောင်စိုစိုရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ဇရာဆိုတာရှောင်လွှဲလို့မရတဲ့ သဘာဝပါ။ ဒါပေမယ့် ထိုက်သင့်တဲ့အာဟာရဓါတ်ရရှိဖို့က အသက်အရွယ်အပိုင်းအခြား အားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အဓိကအရေးပါတာကြောင့် စောင့်ရှောက်သူတွေအနေနဲ့ လူကြီးတွေကို အစာစားချင်စိတ်ပိုဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။   လူကြီးမိဘတွေ ဘာကြောင့် ခံတွင်းပျက်ကြတာလဲ အထက်မှာဖော်ပြခဲ့သလိုပဲ အစာစားချင်စိတ်နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် - ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။   လူကြီးတွေကိုအစာစားချင်စိတ်တိုးလာစေမယ့်အချက်များ အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့ တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။ ၂၀၀၃ ခုနှစ်က "International Psychogeriatrics" ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း