ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

နေဝင်ချိန်မှာ အဖော်ပြုပါ။

အသက် ၆၀ပိုင်းလောက် ရလာပြီ။ ပင်စင်တွေ ဘာတွေ ယူပြီဆိုရင် လူကြီးတွေက ဘဝတစ်ဆစ်ချိုး ထပ်ပြောင်းပါပြီ။ နောက်ဆုံးတစ်ဆစ်ချိုးလို့ပဲ ပြောရမလားပဲ။ အရင်က မိုးလင်းတာနဲ့ အပြင်ထွက် အလုပ်လုပ်၊ လက်အောက်ငယ်သားတွေနဲ့ တရုန်းရုန်း ဖြစ်ခဲ့ရာက ရုတ်တရက် ရုံးမတက်ရတဲ့ မနက်ခင်းကို ရောက်လာပါပြီ။ ရုံးမသွားရတော့လည်း ဘာဖြစ်လဲ။ အိပ်ရေးဝတာပေါ့လို့ ဖြေတွေးလိုက်ပေမယ့် တစ်ရက်က နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ရောက်လာတဲ့အခါ စိတ်ထဲမှာ တစ်ခုခုလိုသလို ခံစားရလာပါပြီ။ အိမ်မှာနေတော့လည်း သားသမီးတွေ၊ မြေးမြစ်တွေက အလုပ်သွား၊ ကျောင်းသွားတဲ့သူနဲ့ ခြောက်ကပ်နေတာပဲ။ လုပ်စရာဆိုလို့ တီဗွီကြည့်ရုံအပြင် ဘာမှမရှိ။ အိမ်အလုပ်လုပ်မယ်ဆိုတော့လည်း အမေရယ်၊ အဖေရယ် ငြိမ်ငြိမ်နေပါဆိုပါဆိုပြီး ဝိုင်းတားကြ။ အိမ်ဦးခန်းမှာပဲ အခန့်သားနေပါဆိုပြီး ပြောကြ။  ဒီအဘိုးကြီး အဘွားကြီးတွေက ကျီးနှင် ကြက်မောင်းရုံပါလားလို့ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ်တောင် […]


သက်ကြီးရွယ်အို အာဟာရ

အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး

ဘဝဆိုတာ အသက်၄၀မှ စတာပါ။ ဒါကြောင့် ငါတော့ဖြင့် အသက် ၄၀ကျော်နေပြီဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အသက်၄၀ကျော်လည်း လူတိုင်းမှာ ကျန်းမာလှပဖို့ အခွင့်အရေးတွေ ရှိပါတယ်။ စနစ်တကျ နေထိုင်စားသောက်မယ်ဆိုရင်ပေါ့။ သူများနိုင်ငံတွေမှာတော့ ၄၀ကျော်သည့်တိုင် လူငယ်တွေလိုမျိူး တန်းတူလှုပ်ရှား သွားလာနေပြီး သွက်သွက်လက်လက် အလုပ်လုပ်နေကြသူတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ သတင်းဆိုးကတော့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်းယိုယွင်းပျက်စီးလာတတ်တဲ့အမျိုးဖြစ်ပါတယ်။  စိတ်ကနုပျိုဖျတ်လတ်နေဆဲဆိုပေမယ့် ခန္ဓာကိုယ်ကတော့ ငယ်ငယ်တုန်းကနဲ့မတူတော့ဘူးဆိုတာကို  သတိထားမိပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့က အများကြီးလိုလာပါပြီ။ ၄၅ နှစ်ကျော်ချင်းအတူတူ တချို့တွေလူငယ်ရှုံးအောင် တက်ကြွဖျတ်လတ်ပြီး ငယ်ရွယ်တဲ့ပုံစံပေါက်ပေမယ့် တချို့ကျလည်း အသက်ကြီးကြီးအဖိုးကြီးတွေလိုဖြစ်နေတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာပေါ်မှာမူတည်ပါတယ်။ ဂရုစိုက်သင့်တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ အာဟာရပါ။ အသက်၄၅နှစ်ကျော်လာရင် အရင်လို အသင့်စား အစားအသောက်တွေကိုမစားဘဲ ကိုယ့်ကိုယ်ကို အာဟာရပြည့်ဝပြီး ကျန်းမာဖို့ […]


အဖြစ်များသော လူကြီးရောဂါများ

သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့ကို ဘာကျွေးမလဲ။

ဘိုးဘိုးဘွားဘွားတွေဟာ အသက်ကြီးလာတာနဲ့အမျှ စားသောက်တဲ့ပုံစံ ပြောင်းလာတာကို သတိထားမိပါသလား။ သူတို့က တဖြည်းဖြည်းနဲ့ အစားကို သိပ်ပြီး မက်မက်စက်စက် မရှိတော့ဘူး။ အသက်ကြီးလာတော့ အရင်လို လှုပ်လှုပ်ရှားရှား မလုပ်ရတော့ ကယ်လိုရီလည်း သိပ်မလိုတော့ပါဘူး။ ဒီတော့ ဗိုက်လည်း သိပ်မဆာတော့ပါဘူး။ နောက်ပြီး အသက်ကြီးလာတော့ အရသာခံတာတွေ၊ ခံတွင်းတွေ့လာတွေလည်း ပြောင်းလာပါတယ်။ အရင်လို တစ်ခုခုကို မက်မက်မောမော စားချင်လိုက်တာဆိုတာမျိုး သိပ်မရှိတော့ပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ သွားမကောင်း လို့ပါ။ သွားမကောင်းတော့ စားရ ဝါးရတာ မလွယ်တော့ တော်ရုံဆို စားချင်စိတ်လည်း မရှိတော့ပါဘူး။ ဒီအချက်တွေက ကြာလာရင် ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အစားမဝင်တာက ကြာလာရင် နဂိုက ကျန်းမာရေး ကောင်းတဲ့ ဘိုးဘိုးဘွားဘွားတွေကိုတောင် အာဟာရပြတ်ပြီး အိပ်ရာထဲလဲစေနိုင်ပါတယ်။ အဓိက သွားမကောင်းလို့ စားကို […]


အဖြစ်များသော လူကြီးရောဂါများ

မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ဂရုစိုက်ရအောင်

တစ်နှစ်တာရဲ့ အပူပြင်းဆုံး နွေကာလပြီးဆုံးသွားတဲ့အခါ အေးမြသာယာမှုတွေ၊ စိတ်ကျေနပ်စရာတွေ၊ ပြန်လည် ရှင်သန်လာတဲ့ သဘာဝတရားတွေ တစ်ပွေ့တစ်ပိုက်နဲ့ မုတ်သုံက ရောက်လာပါပြီ။ မုတ်သုံဝင်စ မိုးစက်မိုးပေါက်လေးတွေက အေးမြမှုကို ပေးတော့ စိတ်ထဲမှာ ကြည်နူးစရာ ကောင်းတာပေါ့။ ဒီလိုနဲ့ မိုးက ရက်ရှည်လများရွာတဲ့အခါ မိုးရေစက်လေးတွေက စွန့်ပစ်ထားတဲ့ အိုးခြမ်းပဲ့တွေ၊ ဘူးခွံလေးတွေထဲမှာ ပြည့်လာပြီး ခြင်တွေပေါက်ဖွားဖို့က အသင့်ဖြစ်လာပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း စိုစွတ်အေးမြနေပါတော့တယ်။ ဒီစိုစွတ်အေးမြမှုက သိပ်မကြာခင်မှာရောဂါပိုးတွေ ပေါက်ဖွားဖို့ အားပေးတဲ့အရာဖြစ်လာတော့မှာပါ။ မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ဂရုစိုက်ရအောင် မုတ်သုံက မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံအတွက် အရေးပါသလို စာဖွဲ့လောက်အောင် လှပပေမယ့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့အတွက်တော့ ခက်ခဲပါတယ်။ မုတ်သုံချိန်မှာ လူကြီးတွေ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ......... မုတ်သုံကာလမှာ စိုစွတ်မှုနဲ့ အေးမြမှုတွေက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ […]


သက်ကြီးရွယ်အို အာဟာရ

ဘိုးဘိုးဘွားဘွားတွေအတွက် ခုခံအားကို ဘယ်လို မြှင့်တင်မလဲ။

ငယ်ငယ်တည်းက ကိုယ့်ကို ထိန်းကျောင်းလာခဲ့တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ ခုဆို အားအင်လျော့နည်းလာပါပြီ။ ကိုယ်တွေက တစ်လှည့် ပြန်စောင့်ရှောက်ပေးရမယ့်အလှည့် ရောက်လာပါပြီ။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘိုးဘိုးဘွားဘွားတွေ ရောဂါတွေဖြစ်၊ အိပ်ရာထဲမှာ လဲမနေဘဲ ကျန်းကျန်းမာမာနဲ့ ကိုယ့်နားမှာ ရှိနေနိုင်တာလည်း ပျော်စရာ တစ်ခုပါပဲ။ ခုတလောမှာတော့ ရောဂါပိုး အသစ်အဆန်းတွေ ဖြစ်နေတာကြောင့် ဘိုးဘိုးဘွားဘွားတွေအတွက် စိုးရိမ်နေရမှာပါ။ ဒီရောဂါပိုးတွေကနေ ဘိုးဘိုးဘွားဘွားကို ဘယ်လို စောင့်ရှောက်မလဲ။ ဘယ်လို ခုခံအားတွေ တက်အောင် လုပ်မလဲဆိုတာ ပြောပြပေးပါမယ်။ ဘိုးဘိုးဘွားဘွားတွေ ဘာကြောင့် ခုခံအား ကျလာရတာလဲ။ အသက်ကြီးလာတာနဲ့အမျှ  ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတော်တော်များများက အလုပ်လုပ်နိုင်စွမ်း လျှော့နည်းလာပါတယ်။ ခုခံအားစနစ်အပါအဝင်ပေါ့။ ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်ခုခုဝင်လာပြီဆိုရင် ခုခံအားက အရင်ကလို တက်တက်ကြွကြွ လိုက်မတိုက်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ခုခုဆို ဖျားလွယ် နာလွယ်ပါတယ်။ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်အရွယ်ကြီးလာခြင်းကြောင့် ကြွက်သားများကျုံလှီလာခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

အသက်အရွယ်ကြီးရင့်လာချိန်မှာ ကြွက်သားတွေကျုံလှီလာခြင်းကို Sarcopenia လို့ ခေါ်ပါတယ်။ အသက် ၅၀ ကျော်လာသူများရဲ့ ၁၀%ခန့်ဟာ ဒီအခြေအနေကို တွေ့ကြုံရပါတယ်။ ဘဝရဲ့နေ့စဉ် နေထိုင်မှု အရည်အသွေးကို ထိခိုက်လာနိုင်တဲ့အတွက် တတ်နိုင်သလောက် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒီပြဿနာရဲ့ အကြောင်းအရင်းတချို့ဟာ အသက်ကြီးလာခြင်းကြောင့် မလွှဲမရှောင်သာ ဖြစ်ရတယ်ဆိုပေမယ့် အတော်များများကိုတော့ ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အသက်ကြီးလို့ ကြွက်သားများကျုံလှီလာခြင်းကို ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ Sarcopenia ဆိုတာဘာလဲ မူရင်းအဓိပ္ပာယ်ကတော့ အသားစိုင်များ ကင်းမဲ့လာခြင်းပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာ ကြွက်သားတွေ ကောင်းကောင်းမဖွံ့ဖြိုးတော့ဘဲ သေးသိမ်လာခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ကျော်ရင် ဖြစ်လာတတ်ပါတယ်။ သက်လတ်ပိုင်းအရွယ်ရောက်လာရင် နှစ်စဉ် ကြွက်သားများရဲ့ ၃%ဟာ ဆုံးရှုံးလာတတ်ပါတယ်။ အဲဒီအချိန်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စတွေကိုတောင် မလုပ်ဆောင်နိုင်ဘဲ ဖြစ်လာတတ်ပါတယ်။ အဆိုပါပြဿနာဟာ ကြွက်သားဆဲလ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းနဲ့ ဖြိုခွဲခြင်းအကြား ဟန်ချက်မညီခြင်းကြောင့် […]


သက်ကြီးရွယ်အို အာဟာရ

ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး

အသက်အရွယ်လေး ရလာပြီ ဆိုရင်ဖြင့် ဟိုက ဖြစ်၊ ဒီကဖြစ်နဲ့ ကျန်းမာရေးပြဿနာ တွေ စလာတယ်ပေါ့။ ဇရာက စကားပြောလာတယ် လို့ ပြောလေ့ ရှိကြတယ်။ ဒါပေမယ့် အာဟာရ  နဲ့ ကျန်းမာရေး လိုက်စားတဲ့ လူကြီးပိုင်းတွေကျ လူငယ်တောင် ရှုံးအောင် ကြံ့ခိုင်လိုက်တာမှ၊ သိပ်အားကျဖို့ ကောင်းလှပါတယ်။ သဘာဝတရား အရ တော့ အသက်ကြီးလာရင် ခန္ဓာကိုယ်ရဲ့ စနစ်တွေ ပျက်ယွင်းလာမယ်၊ အားနည်းလာမယ်၊ အာဟာရ စုပ်ယူနိုင်စွမ်း နည်းလာမယ်။ ခန္ဓာကိုယ်က အိုဟောင်းလာပြီကိုး။ ဒါပေမယ့် ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရယ်၊ ကောင်းမွန်တဲ့ အာဟာရစနစ် ရယ် ပိုင်ဆိုင်ထားရင် ကျန်းမာအသက်ရှည်မှာ သေချာပါတယ်။ ဒီလို အာဟာရ နဲ့ ပတ်သက်ပြီး ဟန်ချက် ညီညီ ထိန်းနိုင်ဖို့က ဒီ (၃) ချက်အပေါ်မှာ […]


သက်ကြီးရွယ်အို အာဟာရ

အဖိုးအဖွား ခံတွင်းပျက် နေသလား

အဖိုးအဖွား တွေမှာ အဖြစ်များတဲ့ ပြဿနာက အရင်လိုမစားနိုင်တော့တာ၊ အစားနည်းလာတာ၊ ခံတွင်းပျက်လာတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာမယ်၊ အာဟာရတွေ ပိုပြီးလိုအပ်လာမယ်လေ။ ဒီအချိန်မှာ အစာအာဟာရ အလုံအလောက်မရတဲ့အခါ ပိုပြီး အားနည်းလာနိုင်လို့ ရောဂါဝင်လွယ်ပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် ခံတွင်းပျက်ခြင်းပြဿနာကို ဖြေရှင်းဖို့ အရေးကြီးပါတယ်နော်။ အဖိုးအဖွား တွေ ဘာလို့ ခံတွင်းပျက်ကြတာလဲ အပေါ်မှာပြောခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် – ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သွားမကောင်းလို့ အရင်လိုမစားနိုင်တော့တာလည်း ပါဝင်ပါတယ်။ အစာစားချင်စိတ် တိုးလာအောင် ဘာတွေလုပ်ပေးရမလဲ (၁) အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့ တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို […]


သက်ကြီးရွယ်အို အာဟာရ

အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ

အသက်အရွယ်ရလာရင် ကျန်းမာရေးကလည်း အားနည်းလာတတ်ပါတယ်။ ဒါကလူတိုင်းကြုံတွေ့ရမယ့် အနေအထားတစ်ရပ်ဆိုပေမယ့် အသက် ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာက အသက်ကြီးတဲ့အထိ ကျန်းမာနေစေမှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားရမလဲ...ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားကြမလဲ......... ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်ရင်တော့ အသက်အရွယ်ရလာတဲ့အခါ နေ့စဉ်စားသုံးတဲ့အထဲမှာ ဒါလေးတွေပါအောင်စားသုံးပေးပါ။ ထောပတ်သီး  ထောပတ်သီးက စားရတာအရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ် ၂၀ နီးပါး ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ အသက်အရွယ်ရလာသူတွေအတွက်  လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဗီတာမင် Kတို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေပါတယ်။  နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးမှာပါ။ အနက်ရောင်ချောကလက် တစ်နေ့ကို အနက်ရောင်ချောကလက် ၃၀ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

ဖိုးဖိုးဖွားဖွားအရွယ် ကြွက်သား သန်မာအောင် နေကြမယ်ဆိုရင်

တရွေ့ရွေ့ရှေ့ကိုတိုးလာတဲ့ အသက်အရွယ်နဲ့အညီ နုပျိုသန်မာမှုတွေလည်း လျော့ပါးလာတာ ဇရာပဲပေါ့။ အရင်လို မသွားနိုင်မလာနိုင်တော့ဘူး၊ ငါအရင်လို မသန်မာတော့ပါဘူး၊ အလုပ်တွေလည်း မလုပ်နိုင်တော့ဘူး လို့ ဖြစ်လာကြတာပဲမဟုတ်လား။ အရေပြားတွေ လျော့တွဲပြီး ကြွက်သားတွေ လျော့လာပြီလေ။ အသက် ၃၀ ကျော် နဲ့ အသက် ၄၀ စွန်းစွန်းမှာ ကြွက်သားတည်ဆောက်မှုအကောင်းဆုံးအချိန်ဖြစ်ပြီး ၄၀ ကျော်လာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းချင်းလျော့ပါးလာပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားစိုင် ဆုံးရှုံးမှု၊ ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း လျော့ပါးလာတာတွေကို Sarcopenia လို့ခေါ်ဆိုပြီး ဒီဖြစ်စဉ်က ထင်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ကြွက်သား လျော့ပါးမှုဟာ အသက် ၃၀ ကျော်လာတဲ့အခါ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိရှိလာတာ ဖြစ်ပါတယ်။ ဒါကို ကာကွယ်ကုစားဖို့လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် ဆယ်နှစ်တာအတွင်း ကြွက်သား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း