ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

နာကျင်ခြင်းအကြောင်းအပိုင်း ၁

နာကျင်မှုဟာ အလွန်ရှုပ်ထွေးပြီး စိတ်ပိုင်းဆိုင်ရာ အကြောင်းရပ်တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်မှာ သေလောက်အောင် နာကျင်နေပေမယ့် နောက်တစ်ယောက်အတွက်တော့ နေလို့ကောင်းယုံသာ ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ တုန့်ပြန်မှုတွေဟာ တခြားအခြေအနေတွေမှာ ပြောင်းပြန်ဖြစ်နိုင်ပါတယ်။ သူဟာ ရှောင်ရှားလို့မရပဲ လူတွေရဲ့ ဘဝမှာ လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင် နာကျင်မှုဟာ ကိုယ်ခန္ဓါက အန္တရာယ်ရှိကြောင်းပြသတဲ့ ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဥပမာ သင်ဟာ ပူနေတဲ့ ဒယ်အိုးကို မတော်တဆ ထိကိုင်မိတယ်ဆိုရင် အလိုအလျောက် လွှတ်ချမိမှာပါ၊ (လက်ကိုအပူလောင်တာ ကာကွယ်ဖို့ ဖြစ်ပါတယ်) ဒါမှမဟုတ် အရိုးကျိုးတဲ့အခါ ခံစားရတဲ့ စူးရှတဲ့ နာကျင်မှု (ဒီအခါ နာနေတဲ့နေရာကို လှုပ်ရှားမှုကို အလိုအလျောက် ရပ်တန့်လိုက်မှာပါ) ဒီဥပမာတွေဟာ လူတွေဘာလို့ နာကျင်မှုကို လိုအပ်သလဲဆိုတာ ဖေါ်ပြပါတယ်။ ဒါပေမယ့် အခြေအနေနှစ်ခုလုံးမှာ နာကျင်မှုဟာ ခဏတာသာဖြစ်ပြီးတော့ ကန့်သတ်မှုရှိနေပါတယ်။ နာကျင်မှုဟာ အချိန်ကြာမြင့်မယ်ဆိုရင် […]


ရောဂါလက္ခဏာများ

နာကျင်ခြင်းအကြောင်း အပိုင်း၂

နာတာရှည် နာကျင်ခြင်းရဲ့ အရေးကြီးတဲ့ အချက်များ နာကျင်မှုဟာ ဦးနှောက်ကိုသွားတဲ့ သတင်းအချက်အလက်တွေကို ပေါင်းပြီး အဓိပ္ပါယ် ကောက်ယူခြင်းပဲဖြစ်ပါတယ်။ သူ့မှာ အရာအတော်များများပါဝင်ပါတယ်။ တစ်ရှူးပျက်စီးခြင်း ရောင်ရမ်းခြင်း အခြား အချက်အလက်များ (ဖိအား၊ အမြင်အာရုံ၊ အပူ၊အအေး၊ အစရှိသည်များ) ဒီသတင်းအချက်အလက်တွေ ကွဲပြားခြားနားပုံနဲ့ သူတို့နဲ့ အာရုံကြော စနစ်နဲ့ ကြားမှာ အဓိပ္ပါယ်ကောက်မှု ရှုပ်ထွေးပုံတွေဟာ နာကျင်မှုတွေ ဘာလို့ ဒီလောက်ကွဲပြားလဲဆိုတာကို ရှင်းပြနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပူမှုတွေ၊ ဘဝ အခြေအနေတွေ၊ အရင်က အဖြစ်အပျက်တွေနဲ့ အခြားအရာတွေအကုန်လုံးပေါင်းပြီးတော့ နာကျင်မှုဟာ တစ်ရှူးရဲ့ တကယ့်ပျက်စီးမှုကို ကျော်ပြီး ဘယ်လို နိမ့်လိုက်မြင့်လိုက်ဖြစ်လဲဆိုတာကို ဆုံးဖြတ်ပါတယ်။ နောက်ဆုံးသိပ္ပံပညာကတော့ တစ်ရှူးပျက်စီးမှုနဲ့ ခံစားရတဲ့ နာကျင်မှုကြားမှာ ဆက်သွယ်မှုအနည်းငယ်ရှိနိုင်တယ်လု့ိ ဆိုပါတယ်။ ပြဿနာ တည်ရှိပုံခြင်းတူတဲ့ လူနှစ်ယောက်ကို MRI scan ရိုက်ကြည့်လိုက်တဲ့အခါ တစ်ယောက်က နာကျင်မှုကို […]


ရောဂါလက္ခဏာများ

နာကျင်ခြင်းအကြောင်း အပိုင်း၃

သိပ္ပံဆိုင်ရာ သုတေသနတွေဟာ ကုသမှုတွေကို လေ့လာစမ်းစစ်တဲ့နေရာမှာ အထူးသဖြင့် ကုသမှုတစ်ခုကို အခြားတစ်ခုနဲ့ နှိုင်းယှဉ်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ သိပ္ပံပညာကြောင့်သာပဲ ကိုယ်ခန္ဓါ လုပ်ဆောင်ချက်တွေနဲ့ သူတို့ဟာ ကုသမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကို နားလည်လာတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းဟာ အချို့အခြေအနေတွေမှာ နာကျင်မှုကို သက်သာစေတယ်လို့ သိပ္ပံပညာက ပြောထားတာမို့ ဒါကိုလျစ်လျူမရှုသင့်ပါဘူး။ တကယ်လို့ သေချာပေါက် ထိရောက်တယ်ဆိုတဲ့ ကြားဝင်ကုသမှုတစ်ခုသာ ရှိနေခဲ့ရင် ဒါဟာ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ခါးနာခြင်း - လေ့ကျင့်ခန်းဟာ ခါးနာတာကို သက်သာစေတယ်လို့ သက်သေပြမှုတွေ ရှိပါတယ်။ Achilles tendinopathy - သုတေသနတွေက eccentric and concentric exercise တွေက ဒီရောဂါကို သက်သာစေတယ်လို့ ဆိုပါတယ်။   သတိထားရမှာကတော့ သင့်တော်တဲ့လေ့ကျင့်ခန်းကို ပြင်းအား၊ အကြိမ်အရေအတွက်နဲ့ ပမာဏတို့ကို တစ်ယောက်ချင်းစီအလိုက် အသုံးပြုပေးရမှာဖြစ်ပါတယ်။ ကုသမှုအမြောက်အမြားဟာ မထိရောက်ဘူးဆိုတဲ့ လေ့လာမှုများစွာလည်း […]


ရောဂါလက္ခဏာများ

Dehydration (ရေဓါတ်ဆုံးရှုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dehydration (ရေဓါတ်ဆုံးရှုံးခြင်း) ကဘာလဲ။ ရေဓါတ်ဆုံးရှုံးခြင်း ဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓါတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒါဆိုရင်ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ ထိခိုက်လာပြီး အလွန်အန္တရာယ်များစေပါတယ်။ Dehydration (ရေဓါတ်ဆုံးရှုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရေဓါတ်ဆုံးရှုံးခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ် အသက်ရှူထုတ်တိုင်း ရေဓါတ်ဟာ ကျွန်ုပ်တို့ ခန္ဓါကိုယ် ကနေ ဆုံးရှုံးသွားပါတယ်။ ကျွန်ုပ်တို့ရဲ့နေ့စဉ် ချွေး၊ ဆီး၊ ဝမ်းတွေမှာလည်း ရေဓါတ်တွေပါသွားပါတယ်။ တကယ်လို့သာ ကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားတဲ့ ရေဓါတ်ပမာဏကို လုံလောက်သော ရေ(သို့) အရည်များနဲ့ ပြန်လည် မဖြည့်တင်းနိုင်လျှင် ရေဓါတ်ချို့တဲ့ခြင်းကို ခံစားရပါလိမ့်မယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDehydration (ရေဓါတ်ဆုံးရှုံးခြင်း) […]


ရောဂါလက္ခဏာများ

Dysphagia (အစာမြိုရခက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysphagia (အစာမြိုရခက်ခဲခြင်း) ကဘာလဲ။ လည်ချောင်းနှင့် အစာအိမ်ကိုဆက်ပေးသော ကြွက်သားပြွန်အရှည်ကို အစာရေမြိုပြွန်လို့ ခေါ်ပါတယ်။ ၎င်းအစာရေမြိုပြွန်ဟာ 20 cm လောက်ရှည်ပါတယ်။ ပြီးတော့ ၎င်းကို mucosa လို့ခေါ်တဲ့ စိုစွတ်တဲ့ ပန်းရောင်အသားစ တစ်ရှူးနဲ့ ဖုံးအုပ်ထားပါတယ်။ အစာရေမြိုပြွန်ဟာ လေပြွန်နဲ့ နှလုံးရဲ့ အနောက်မှာရှိပြီး ကျောရိုးရဲ့ အရှေ့မှာရှိပါတယ်။ အစာအိမ်သို့ မဝင်ခင်လေးမှာ အစာရေမြိုပြွန်ဟာ ရင်ဝမ်းခြားကြွက်သားကို ဖြတ်ရပါတယ်။ အစာမျို၍ မရခြင်းဆိုတာ သင့်ပါးစပ်ထဲမှ အစာ သို့မဟုတ်ရေဟာ သင့်အစာအိမ်သို့ ရောက်ရှိသွားရန် အချိန်ပိုယူ၊ အားပိုယူရ ခြင်းကိုဆိုလိုပါတယ်။ ဤသို့ဖြစ်ရခြင်းမှာ သင့်ရဲ့လည်ချောင်း သို့မဟုတ် အစာရေမြိုပြွန်မှာ ပြသနာတစ်ခုခုရှိနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ သင်အစာအမြန်စားတဲ့အခါ သို့မဟုတ် အစာကိုကျေညက်အောင်ဝါး မစားတဲ့အခါ သင့်ပါးစပ်ကနေ အစာအိမ်အထိ အစာရေမြိုပြွန်တစ်လျှောက် ဖြတ်သွားသော အစာနှင့် အရည်တွေကြောင့် ဒီလိုလက္ခဏာ […]


အခြေခံကျန်းမာရေး

Boils (အနာစိမ်း/သွေးစုနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Boils (အနာစိမ်း/သွေးစုနာ) ကဘာလဲ။ အနာစိမ်းဆိုတာ ပြည်ပုပ်တွေပြည့်နေတဲ့ အရေပြားပေါ်က အနာဖုတစ်ခုဖြစ်ပါတယ်။ စင်စစ် တွင် အရေပြားပေါ်ရှိ အမွေးအိတ်ကလေးများ ပိုးဝင်ရာမှဖြစ်တယ်။ အနာစိမ်းသည် မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ တင်ပါးနဲ့ပေါင်ကဲ့သို့သော ခန္ဓါကိုယ်အနှံ့အပြားတွင် ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ အနာစိမ်း တစ်ခုထက်ပို၍ ပေါက်နိုင်ပါတယ်။ ကြောက်စရာကောင်းသောရောဂါမဟုတ်ပါ။ ကုသပျောက်ကင်းနိုင် ပါတယ်။ Boils (အနာစိမ်း/သွေးစုနာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပါတယ်။ အများအားဖြင့် တခြားရောဂါအရင်းခံတစ်ခုနဲ့ ဆက်စပ်နေတတ်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့ အတွက် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBoils (အနာစိမ်း/သွေးစုနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အနာစိမ်းသည် ၁.၅မှ ၅ စင်တီမီတာအချင်းရှိသော သေးငယ်၊ နာကျင်သော အဖုကလေး တစ်ခုမှစ ဖြစ်တယ်။ မျက်နှာ၊ လည်ပင်း၊ ခါး၊ ပေါင်ခြံ၊ ချိုင်းနဲ့ တင်ပါးဆုံကြားတို့တွင် […]


အခြေခံကျန်းမာရေး

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကဘာလဲ။ sarcoidosis ဆိုတာ ခန္ဓကိုယ်အနှံ့မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်တွေအလွန်ပွားများလာပြီး အင်္ဂါအစိတ်အပိုင်းတွေကို ရောင်ရမ်းခြင်းဖြစ်ပေါ်စေပါတယ်။ အဖြစ်အများဆုံးကတော့ အဆုတ်၊ပြန်ရည်ကျိတ်၊ သွေး၊ မျက်လုံးနှင့် အရေပြားတို့ ဖြစ်ကြပါတယ်။ sarcoit (ဆာကွိုက်) ဆိုတာ လူသိများတဲ့ ခုခံအားဆဲလ်အစုအဝေးအလုံး / အသားနုလုံး (granuloma) ဖြစ်ပြီး ထိုဆဲလ် နဲ့သက်ဆိုင်သော ရောဂါတွေလဲ ဖြစ်စေပါတယ်လို့ သိရပါတယ်။ ထိုခုခံအားဆဲလ်အစုအဝေး အလုံး/အသားနုလုံးကို မပြန့်ပွားတဲ့ ရိုးရိုးအကျိတ်လို့လဲ သတ်မှတ်ထားပါတယ်။ ဒီအကျိတ်လေးတွေကို မိုက်ခရိုစကုပ်အောက်မှာပဲ တွေ့နိုင်ပါတယ်။ Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကျား/မ မရွေးဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၁၅ နှစ် မှ ၆၅ နှစ်ကြားဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို […]


အခြေခံကျန်းမာရေး

Anthrax (ထောင့်သန်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Anthrax (ထောင့်သန်းရောဂါ ) ကဘာလဲ။ anthrax (ဒေါင့်သန်းရောဂါ)ဆိုတာ Bacillus antharcis ဆိုတဲ့ ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားပိုးက အသက်မဝင်သေးတဲ့ spore လေးတွေကို ထုတ်ပြီး ၎င်း spore တွေက မြေဆီလွှာထဲမှာ နေထိုင်နေကြပါတယ်။ အဲ့ဒီ spore လေးဟာ တိရာစ္ဆာန် သို့ လူထဲဝင်သွားတဲ့ အခါမှာတော့ အသက်စဝင်လာပါတော့တယ်။ သက်ဝင်လှုပ်ရှားလာပြီ ဖြစ်တဲ့ အဲ့ဒီ spore လေးတွေက ပွားများလာပြီး အဆိပ်အတောက်တွေ ထုတ်ပြီး ခန္ဓါ အနှံ့ ပြန့်စေကာ ဆိုးဝါးတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ၎င်းဟာ အရေပြား၊ အဆုတ်နှင့် တချို့ရှားပါးဖြစ်စဉ်တွေမှာ အစာချေလမ်းကြောင်းကိုပါ ထိခိုက်စေပါတယ်။ anthrax ဟာ အသက် အန္တရာယ်ရှိသော်လည်း စောစောစီးစီး […]


ရောဂါလက္ခဏာများ

Jaundice (အသားဝါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Jaundice (အသားဝါခြင်း) ကဘာလဲ။ အသားဝါရောဂါသည် သွေးတွင်း bilirubin (အဝါဓါတ်)ပမာဏများခြင်းကြောင့် အရေပြားနှင့် မျက်လုံးဝါခြင်းတို့ဖြစ်ပါသည်။ သွေးနီဥများပျက်စီးခြင်းကြောင့် bilirubin များ ဖြစ်ပေါ်လာပါသည်။ အသည်းမှတစ်ဆင့် bilirubin များကိုစွန့်ထုတ်ပါသည်။ များသောအားဖြင့် မွေးကင်းစကလေးများတွင် အသည်းသည် အပြည့် မဖွံ့ဖြိုးသေးပါ။ ထို့ကြောင့် biliriumများသည် ပို၍မြန်မြန် စုပုံလာပါသည်။ အသည်းမကောင်းသောသူများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ Jaundice (အသားဝါခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသားဝါရောဂါသည် အလွန်အဖြစ်များပါသည်။ အသက်အရွယ် မရွေး ဖြစ်ပွား နိုင်ပြီးမွေးကင်းစကလေးငယ်များတွင် ပို၍ အဖြစ်များပါသည်။ အသားဝါရောဂါသည် မွေးကင်းစကလေးငယ် များတွင် ပျောက်ကင်းမြန်သော်လည်းမပျောက်ကင်းပါက ပြင်းထန်သောအခြေအနေ ဖြစ်နိုင်ပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများJaundice (အသားဝါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသောရောဂါလက္ခဏာများမှာအရေပြားနှင့် မျက်လုံးဝါ ခြင်းတို့ဖြစ်ပါသည်။ […]


အခြေခံကျန်းမာရေး

Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ကဘာလဲ။ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် နှလုံးမှသွေးများကို ခန္ဓါကိုယ်အောက်ပိုင်းရှိ တစ်ရှူးများအင်္ဂါများသို့ သယ်ဆောင်ပေးသောအဓိကသွေးလွှတ်ကြောဖေါင်းလာခြင်း ဖြစ်ပါသည်။ ပင်မသွေးလွှတ်ကြောမသည် ခန္ဓါကိုယ်အတွင်းအကြီးမားဆုံးသွေးလွှတ်ကြော ဖြစ်ပါသည်။ ပင်မသွေးကြောဖေါင်းခြင်းဆန့်ကားခြင်းသည် အန္တရာယ်များပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်စွာမကုသပါကသွေးလွှတ်ကြောနံရံသည် အားပျော့လာပြီးပေါက်ကာသွေးထွက်နိုင်သောကြောင့် ဖြစ်သည်။ Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အဖြစ်များသောရောဂါ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင်ပို၍ ဖြစ်ပွားပါသည်။ အထူးသဖြင့် အသက် ၆၀ ကျော်သူများတွင် ပို၍ ဖြစ်ပွားပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများAbdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် ဖြည်းညင်းစွာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း