ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ) ကဘာလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ ဂလင်းတွေ ကောင်းမွန်စွာအလုပ်မလုပ်တာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ဆိုလိုပါတယ်။ ဟော်မုန်း စနစ်ဆိုတာဟာ ဟော်မုန်းထုတ်လုပ်ပေးနိုင်တဲ့ ဂလင်းတွေ ပူးပေါင်းဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဟော်မုန်းဆိုတာဟာ ဓါတုဗေဒဆိုင်ရာ အချက်ပေးမှုတွေဖြစ်ပြီး သူတို့ကို ဂလင်းတွေကတဆင့် သွေးထဲကို စစ်ထုတ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်တွေဖြစ်တဲ့ အစားအသောက်စားချင်စိတ်၊ အသက်ရှုတာ၊ကြီးထွားတာ၊အရည်ဓါတ်တွေ ထိန်းညှိပေးတာ၊ကျားမ သဘာဝ ပီပြင်အောင် ဖော်ဆောင်ပေးတာ၊ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာတွေကို ကူညီဆောင်ရွက်ပေးပါတယ်။   ဟော်မုန်း အဖွဲ့အစည်း မူမမှန်တဲ့ ပြဿနာတွေ ဘာလို့ဖြစ်တာလဲ။ ဒီပြဿနာတွေကို အဓိက အုပ်စုနှစ်စု ခွဲနိုင်ပါတယ်။ ဂလင်းတခုခုကနေ ဟော်မုန်းဓါတ် အလွန်အကျွံ ဒါမှမဟုတ် မဆိုစလောက်အနည်းငယ်သာ ထုတ်လို့ ဟော်မုန်းဓါတ်မညီမမျှဖြစ်ရတဲ့ ရောဂါမျိုး။ ဟော်မုန်း အဖွဲ့အစည်းမှာ […]


ရောဂါလက္ခဏာများ

Cough (ချောင်းဆိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cough (ချောင်းဆိုးခြင်း) ကဘာလဲ။ လေပြွန်တစ်လျှောက်မှ ဆဲလ်များလှုံ့ဆော်ခံရ သောအခါ ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုလှုံ့ဆော်မှုကြောင့် အဆုတ်ဟာ လေတွေကို ဖိအားပြင်းပြင်းနှင့် အပြင်သို့ထုတ်ပါတယ်။ ချောင်းဆိုးသည့်ကြာချိန်ပေါ် မူတည်ပြီး ရုတ်တရက်ချက်ချင်း ဖြစ်သောချောင်းဆိုး၊ နာတာရှည်ချောင်းဆိုးနှင့် ရုတ်တရက်လည်းမဟုတ် နာတာရှည်လည်းမဖြစ်သေးသော ချောင်းဆိုး အစသဖြင့်ရှိပါတယ်။ Cough (ချောင်းဆိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ချောင်းဆိုးတယ်ဆိုတာ သင့်အဆုတ်ကို ကာကွယ်ပေးတဲ့ပုံမှန် သဘာဝအလိုအလျောက် တုံ့ပြန်မှုဖြစ်ပါတယ်။ ၎င်းတုံ့ပြန်မှုကသင့်ရဲ့ လေပြွန်မှ မီးခိုးနှင့် ဖုန်ကဲ့သို့သေးငယ်သော အမှုန်စတဲ့ လှုံ့ဆော်ပစ္စည်းများကို သန့်ရှင်းပေးပြီး ပိုးမွှားများမဝင်အောင် ကာကွယ်ပေးပါတယ်။ အချိန်ကြာကြာ ချောင်းဆိုးခြင်းဟာ မနှစ်မြို့စရာ ဘေးထွက်ဆိုးကျိုးတွေကို ဖန်တီးတဲ့အပြင် မစစ်ဆေးပဲနေပါက အရမ်းကို အန္တရာယ်ရှိလာနိုင် ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCough (ချောင်းဆိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချောင်းဆိုးခြင်းဟာ […]


ရောဂါလက္ခဏာများ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကဘာလဲ။ ချောင်းဆိုးသွေးပါခြင်းဟာ အခြားသောရောဂါ တစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ အဆုတ်ပိုးဝင်ခြင်း၊ ကင်ဆာ နှင့် အဆုတ်တွင်း (သို့) သွေးကြောများထဲမှ ပြသနာဖြစ်ခြင်းတို့ ကဲ့သို့ ပြင်းထန်သောရောဂါ အခြေအနေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထွက်လာတဲ့သွေးဟာ သင့်လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်ထဲမှ ဖြစ်နိုင်ပါတယ်။ Coughing Blood (ချောင်းဆိုးသွေးပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ပျမ်းမျှအားဖြင့် အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCoughing Blood (ချောင်းဆိုးသွေးပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချောင်းဆိုးသွေးပါခြင်းဟာ ရောဂါတစ်ရပ်ရဲ့ လက္ခဏာသာ ဖြစ်တယ်။ ချောင်းဆိုးသွေးပါပြီးတဲ့အခါ နောက်ကလိုက်လာလေ့ရှိတဲ့ လက္ခဏာအချို့ကတော့ • ရင်ဘတ်အောင့်ခြင်း၊ • မူးဝေခြင်း၊ • ဖျားခြင်း၊ […]


ရောဂါလက္ခဏာများ

Dizzy (မူးဝေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dizzy (မူးဝေခြင်း) ကဘာလဲ။ မူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ သို့သော် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မူးဝေခြင်း၊ ဦးခေါင်းလေးလံခြင်း၊ ခေါင်းမူးခြင်း စသဖြင့်ခံစားရလေ့ရှိပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး မူးဝေခြင်းကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ သို့သော် ၎င်းဟာ ခဏခဏလည်းဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မူးဝေခြင်းဟာ ဆိုးရွားတဲ့ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သူ့အလိုအလျောက် ပျောက်သွားလေ့ရှိပါတယ်။ သို့မဟုတ်လျှင်လည်း ဖြစ်နေရတဲ့ အကြောင်းအရင်းကို ကုသခြင်းအားဖြင့် ပျောက်ကင်းသွားနိုင်ပါတယ်။ သို့သော် ဒီလိုမူးဝေခြင်းက သင့်ရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်လာပြီဆိုလျှင် ဆေးသောက်ပြီးတော့ ထိန်းချုပ်နိုင်ပါတယ်။ Dizzy (မူးဝေခြင်း) က ဘယ်လောက်အဖြစ်များသလဲ မူးဝေခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDizzy (မူးဝေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မူးဝေခြင်းဟာ ခံစားရတဲ့လက္ခဏာတစ်ခုမျှသာ ဖြစ်ပါတယ်။ […]


ရောဂါလက္ခဏာများ

Claudication (ခြေသလုံးကြွက်သားနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Claudication (ခြေသလုံးကြွက်သားနာခြင်း) ကဘာလဲ။ သွေးလည်ပတ်မှုနည်းခြင်းကြောင့်ဖြစ်သော ခြေသလုံး ကြွက်သား နာကျင်ခြင်းဆိုသည်မှာ လေ့ကျင့်ခန်းလုပ်ပြီး နောက် ခြေထောက်တွင် ဆတ်ဆတ်တုန်၍ စူးရှစွာ နာခြင်း ဖြစ်သည်။ ပိုဆိုးလာပါက နာကျင်ခြင်းသည် အနားယူနေစဉ် တွင် ဖြစ်နိုင်သည်။ ခြေသလုံးကြွက်သားနာခြင်းသည် အဓိက မဟုတ်သော သွေးကြောများ ရောဂါ၏ ရောဂါလက္ခဏာ တစ်ခု ဖြစ်သည်။ ထိုရောဂါ သည် လက် နှင့်ခြေထောက်သို့ သွားသော သွေးကြောများ ကျဉ်းစေကာ ထိုနေရာများသို့ သွေး မရောက်ခြင်းကို ဖြစ်စေသည်။ ခြေသလုံးကြွက်သားသည် အထိခိုက်ခံရဆုံး ဖြစ်ပြီး ခြေ ထောက်၊ ပေါင် နှင့်တင်ပါးတွင်လည်း နာကျင်နိုင်ပါသည်။ နာကျင်ခြင်း သည် လေ့ကျင့်ခန်းလုပ်စဉ်နှင့် လုပ်အပြီးတွင် ဖြစ်လေ့ရှိပြီး အနားယူခြင်းနှင့် အတူ ပျောက်ကင်းသွားသည်။ Claudication (ခြေသလုံးကြွက်သားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေသလုံးကြွက်သားနာခြင်းသည် […]


ရောဂါလက္ခဏာများ

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကဘာလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းဆိုသည်မှာ ခန္ဓါ ကိုယ်မှ အပူထုတ်နိုင်မှုထက် ပို၍မြန်မြန် အပူများ ဆုံးရှုံးနေ သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ ခန္ဓါကိုယ်အပူချိန် သည် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အောက် ကျဆင်းသောအခါ ဖြစ်ပွားပါသည်။ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ကိုမကုသဘဲထားပါက အန္တရာယ် ရှိပါသည်။ နှလုံး၊ အာရုံကြောစနစ် နှင့် အခြားကိုယ်အင်္ဂါများ ပျက်စီးစပြုလာပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းသည် အေးသော ဒေသများတွင် နေထိုင်သော အသက်ကြီးသူများနှင့် ကလေး ငယ်များတွင် အများဆုံးဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ကိုယ်အပူချိန် […]


အခြေခံကျန်းမာရေး

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကဘာလဲ။ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါဆိုသည်မှာ သိုင်းရွိုက် ကလန်း အလုပ် အလွန် လုပ်ခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ သိုင်းရွိုက်ဂလန်းသည် လည်ပင်းတွင် ရှိပြီး ခန္ဓါကိုယ်၏ လှုပ်ရှားမှုများစွာကို ထိန်းချုပ်သော သိုင်းရွိုက် ဟော်မုန်းကို ထုတ်လုပ်ပေးပါသည်။ သိုင်းရွိုက်ဂလန်း၏ လုပ်ငန်းအချို့မှာ သွေးတွင်း ကယ်စီယမ်ပမာဏကို ထိန်းချုပ်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ်ကို အားသန်စေခြင်း၊ နှလုံး၊ အာရုံကြောစနစ်ကို နိုးဆွပေးခြင်း နှင့် ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းတို့ ဖြစ်သည်။ သို့သော် ဟော်မုန်းများခြင်းသည် လည်ပင်းသိုင်းရွိုက် ဟော်မုန်းများသော ရောဂါ၏ လက္ခဏာများကို ဖြစ်စေသည်။ Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ အမျိုးသားများထက် […]


ရောဂါလက္ခဏာများ

Vomiting (အန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vomiting (အန်ခြင်း) ကဘာလဲ။ Vomiting (အန်ခြင်း) ဆိုတာ အစာအိမ်တွင်းမှ အရာများကို ပါးစပ်မှ မထိန်းနိုင်ပဲ အားနှင့်ထွက်စေတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ ပျို့ခြင်းဆိုတာ အန်ခြင်းနဲ့တွဲပြီးလာတတ်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ တခါတရံမှာခန္ဓါကိုယ်တွင်းမှ အဆိပ်တွေကို စွန့်ထုတ်တဲ့အနေနဲ့ အန်တာလဲဖြစ်နိုင်ပါတယ်။ အန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာများစွာရှိပါတယ်။ အန်ခြင်းဖြစ်စေတဲ့ အရာကို ကုခြင်းဟာ အန်ခြင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။ Vomiting (အန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အန်ခြင်းဟာ အသက်အရွယ် ကျားမ မရွေးဖြစ်တဲ့ အလွန်အဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။ အန်ခြင်းဟာ ပျို့ခြင်းနဲ့အတူ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိစ အချိန်မှာ၊ ခေါင်းတစ်ခြမ်းကိုက်တဲ့ လူနာတွေမှာ သို့ အစာအဆိပ်သင့်ချိန်တွေမှာ အန်တတ်ပါတယ်။ ကင်ဆာရောဂါသည်တွေမှာ ကင်ဆာဆေးပေးခြင်းကြောင့်လဲ အန်တတ်ပါတယ်။ လက္ခဏာများVomiting (အန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အန်ခြင်းဟာ အခြေအနေတော်တော်များများရဲ့ လက္ခဏာအနေနဲ့ လာတတ်ပါတယ်။ […]


ရောဂါလက္ခဏာများ

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ

thalassemia ရောဂါဆိုတာဘာလဲ။ thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကလေးမှာ thalassemia ရှိနေကြောင်း ဘယ်လိုသိမလဲ။ thalassemia ရောဂါရဲ့ လက္ခဏာတွေက -အားနည်းမယ်။ -ပင်ပန်းနွမ်းနယ်နေမယ်။ -အသားအရေဖြူဖျော့မယ်။ -မျက်နှာကအရိုးတွေငေါလာမယ်။ -အရပ်အမောင်းပုသေးမယ်။ -ဆီးမည်းမယ်။ -ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။ ကလေးမှာ ဘာလို့thalassemia ဖြစ်ရတာလဲ။ thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း […]


အခြေခံကျန်းမာရေး

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကုသမလဲ။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။ ဖိထားနိုင်တဲ့ ခြေအိတ်များ - ဒီကုသမှုဟာ သွေးကြောတွေပေါ်မှာ ဖိအားသက်ရောက်စေပြီး ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို သက်သာစေပါတယ်။ Sclerotherapy - သင့်ဆရာဝန်ဟာ အရည်တစ်မျိုးကို ရောဂါဖြစ်နေတဲ့ သွေးကြောထဲကို ထိုးထည့်ပေးနိုင်ပါတယ်။ ဒါဟာ သွေးကြောတွေကို အမာရွတ်ဖြစ်စေပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ သွေးတွေဟာ ပိုမိုကျန်းမာတဲ့ သွေးပြန်ကြောတွေကနေ စီးဆင်းသွားပါလိမ့်မယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း