အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဆူညံသံများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများ

ဒီခေတ်ကြီးမှာ အပန်းဖြေဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာဖို့တောင် ခက်ခဲပါတယ်။ သင်ဟာ အမြဲတမ်း မော်တော်ဆိုင်ကယ်တွေ၊ စပီကာတွေ၊ လွှသံ၊ လွန်သံ၊ နားကျပ်က ဆူညံသံတွေနဲ့ ဝန်းရံခြင်း ခံနေရပါတယ်။ ဒီလိုအမြဲဆူညံ နေတဲ့ နေရာတွေမှာ အလုပ်လုပ်ခြင်းဟာ သင့်နားကို ပျက်စီးစေပြီး နားပြဿနာတွေဖြစ်တဲ့ tinnitus နဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး ဆူညံသံတွေ ကြားနေရခြင်းဟာ နားထဲက ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒါဆို ဘယ်လို ကာကွယ် ကြမလဲ။ Tinnitus Tinnitus ဟာ မဟုတ်တဲ့ အသံတွေကြားခြင်း (သို့) နား၊ ခေါငးထဲမှာ အသံမြည်နေခြင်းတွေ ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအသံတွေဟာ ညင်သာတာလဲ ဖြစ်နိုင်ပါတယ်။ ဆူညံတာလည်း ဖြစ်နိုင်ပါတယ်။ high-pitched လဲ ဖြစ်နိုင်သလို low-pitched […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။ကိုဒင်း(Codeine) ဟာ ဘိန်း (သို့) မူးယစ်ဆေးဝါး အနွယ်ဝင် ဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့ကို မပြင်းထန်တဲ့ နာကျင်မှုကနေ အတော်အသင့် ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေဖို့အသုံးပြုပါတယ်။ ဒါပေမယ့် ကိုဒင်း ကို အများအပြားအသုံးပြုရင် စွဲသွားတတ်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အရက်နဲ့ ကိုဒင်း ဓါတ်ပြုမှုအရက်နဲ့ ကိုဒင်း ဓါတ်ပြုမှု ကိုဒင်း ကိုသောက်သုံးနေရင် အရက်ကို မသောက်ပါနဲ့။ သူတို့နှစ်ခုကို တစ်ပြိုင်နက် သောက်သုံးခြင်းဟာ အာရုံကြောစနစ်ကို အကျိုးသက်ရောက်မှုတွေ ရှိပြီး အိပ်ချင်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ထဲမှာ ဘာမှ မရှိခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်းနဲ့ တွေးတောမှုနဲ့ ဆုံးဖြတ်မှု မပြုလုပ်နိုင်ခြင်း အစရှိသည်တို့ကို တိုးမြှင့်စေနိုင်ပါတယ်။ ပိုမို ဆိုးရွားတဲ့ သူတွေမှာ သူတို့နှစ်ခုပေါင်းသောက်ခြင်းဟာ သွေးပေါင်ကျခြင်း၊ အသက်မရှူနိုင်ခြင်း၊ သတိလစ်ခြင်း၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရင်ဝမ်းခြားကြွက်သား ဘယ်လိုအလုပ်လုပ်သလဲ

Thoracic Diaphragm လို့ အသိများတဲ့ Diaphragm ရင်ဝမ်းခြားကြွက်သား ဟာ နံရိုးအိမ်ရဲ့အောက်မှာ အလျားလိုက်ရှိတဲ့ ကြွက်သားအထပ် တစ်ခု ဖြစ်ပါတယ်။ သူဟာ ဖွင့်ထားတဲ့ လေထီးနဲ့ သဏ္ဍာန်တူပြီး နှလုံးနဲ့ အဆုတ်တွေ ရှိတဲ့ ရင်ခေါင်းပိုင်းကို အစာအိမ်၊ အသည်းနဲ့ အခြား အင်္ဂါတွေရှိတဲ့ ဝမ်းဗိုက်ပိုင်းကနေ ခွဲခြားပေးထားတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အသက်ရှူမှုကို ထိန်းညှိပေးပြီး သူ့ရဲ့ ကျုံ့ခြင်း၊ လျှော့ခြင်းတွေဟာ လေတွေကို အဆုတ်အတွင်း ရောက်ရှိခြင်း၊ ထွက်လာခြင်းတွေကို အသီးသီး ဖြစ်စေပါတယ်။ ရင်ခေါင်းရဲ့ အောက်ဘက်နံရံမှာ ခုံးပြီး ဗိုက်ရဲ့ အပေါ်မှာတော့ ကွေးနေပါတယ်။ ဒီကြွက်သားဟာ နေရာအနှံ့အပြားကနေ စတင်ဖြစ်ပေါ်လာပါတယ်။ သူ့အပေါ်ကိုတော့ ရင်ညွန့်ရိုးရဲ့ အပေါ်က Xiphoid process ကနေ စတင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ရှားစောင်းလက်ပက်၏ အကျိုးကျေးဇူး ၅ ချက်

ရှားစောင်းလက်ပတ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဘက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပတ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။   ရှားစောင်းလက်ပတ်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ရှားစောင်းလက်ပတ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ အသားအရည်ကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ရောဂါနှင့် ပတ်သတ်ပြီး မးခွန်းပေါင်းသောင်းခြောက်ထောင်

သိုင်းရွိုက်ဂလင်းဆိုတာ ညှပ်ရိုးအပေါ်လည်ပင်းမှာခွနေတဲ့ လိပ်ပြာပုံ အင်္ဂါတစ်မျိုးပါ။ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒါကြောင့် သင့်သိုင်းရွိုက် မှာချို့ယွင်းချက်တစ်ခုခု ဖြစ်နေပြီဆိုရင်တော့ စိတ်မချမ်းသာစရာ အရာအမျိုးမျိုး ကြုံတွေ့ရတော့မှာပါ။   သိုင်းရွိုက်ဂလင်းရဲ့ ချို့ယွင်းချက်တွေဆိုတာဘာလဲ။ သိုင်းရွိုက်ချို့ယွင်းနေတဲ့ လူနာတွေဟာ ပြသနာအမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ကြပါတယ်။ ယင်းတို့မှာ · သိုင်းရွိုက်ကင်ဆာ · လည်းပင်းကြီးရောဂါ။ သိုင်းရွိုက်ဂလင်း ကြီးနေခြင်း · သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း- သိုင်းရွိုက်ဂလင်းက ဟော်မုန်းကို လိုတာထက် ပိုထုတ်ခြင်း · သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း- လုံလောက်တဲ့ ဟော်မုန်းကို မထုတ်ပေးနိုင်ခြင်း · သိုင်းရွိုက်အကျိတ်ထွက်ခြင်း- သိုင်းရွိုက်တွင် အဖုများထွက်နေခြင်း · သိုင်းရွိုက်ရောင်ရမ်းခြင်း- သိုင်းရွိုက်ဂလင်းဖောင်းကားလာခြင်း တို့ပဲဖြစ်ပါတယ်။ အခြားရောဂါတွေနဲ့ မတူဘဲ သိုင်းရွိုက်ဂလင်းရောဂါဟာ စိတ်မသက်သာစရာ တွေကို ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ရောဂါစဖြစ်ကတည်းက သိရှိကုသမယ်ဆိုရင်တော့ စိုးရိမ်စရာရှိမှာ မဟုတ်လောက်ပါဘူး။ သိုင်းရွိုက် ဂလင်းရောဂါတွေ ကို ဘယ်အရာတွေက ဖြစ်စေတာလဲ။ ဘယ်အရာက ဘယ်လို သိုင်းရွိုက်ရောဂါမျိုးကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

တစ်ချို့လူတွေက သူတို့ပိုကြည့်ကောင်းဖို့ နဲ့ ယုံကြည်မှုပိုရှိစေဖို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြင်တာ ဒါမှမဟုတ်ပုံဖော်လုပ်ပေးတဲ့ cosmetic surgery( ကော်စမတ်တစ် ဆာဂျရီ) ကိုရွေးချယ်ကြပါတယ်။ တစ်ချို့အရာတွေကအသေးစားဖြစ်ပြီး ခွဲစိတ်စရာမလိုပေမယ့် အချို့တွေကတော့ ရှုပ်ထွေးပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီဆောင်းပါးကတော့ စာဖတ်သူတို့အတွက် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့အသိပညာတွေ ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။   ခွဲစိတ်စရာမလိုတဲ့ ပြုပြင်ကုသနည်း ဆရာဝန်ဖြစ်သူက ခွဲစိတ်မှုမလုပ်ခိုင်းပဲ skin care တွေပဲသုံးပြီး ပြုပြင်ယူတဲ့ ကိစ္စတွေရှိပါတယ်။ လိုချင်တဲ့အခြေအနေပေါ်မူတည်ပြီး နည်းလမ်းတွေကကွခြားမှုရှိနိင်ပါတယ်။ - အရွယ်တင်နုပျိုစေရန် : အသက်အရွယ်ကြောင့် အရေပြားပျက်စီးတာ , အစက်အပြောက်နဲ့ ဝက်ခြံတွေ, […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

မျက်နှာနဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတာကြောင့် မျက်ကွင်းညိုမဲ စွဲတတ်ပါတယ်။ မျက်လုံး အညိုအမဲ စွဲတယ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပျောက်ကင်းဖို့ အချိန်ယူရသလို နာကျင်ပြီး မျက်နှာအလှလည်း ပျက်စေပါတယ်။ ကံကောင်းစွာဖြင့် အဲဒီဒဏ်ရာတွေကို မြန်မြန်ပျောက်ကင်းအောင်လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ မျက်လုံး အညိုအမဲတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ဘယ်အရာတွေက မျက်လုံးအညိုအမဲစွဲအောင် လုပ်တာလဲ။ နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြောင့် မျက်လုံးမှာ အညိုအမဲတွေ ဖြစ်စေနိုင်ပါတယ်။ ယင်းထိခိုက်မှုတွေပြီးနောက်မှာတော့ မျက်လုံးဟာ ဘာဒဏ်ရာမှ မရရှိဘဲ သူဘေးနားမှာ သွေးနဲ့ အခြားအရည်တွေ စုပုံလာပြီး ရောင်လာကာ အညိုအမဲစွဲ လာပါတယ်။ မျက်လုံးမှာ အညိုအမဲစွဲနေတာကို ဘယ်လိုဖျောက်နိုင်မလဲ။ အောက်ဖော်ပြမယ့် အကြောင်းအရာကတော့ မျက်လုံးအညိုအမဲကို ဖျောက်နိုင်မယ့် နည်လမ်းအဆင့်ဆင့်ပါပဲ။ […]


အခြေခံကျန်းမာရေး

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

ကုမ္ပဏီလုပ်ငန်းကိစ္စနဲ့ခရီးအဝေးကြီးခဏခဏသွားရတဲ့သူတွေကို လူနေမှုအဆင့်အတန်းမြင့်မားတဲ့ အထက်တန်းစားတွေအဖြစ် လူတွေက ရှုမြင်ကြလေ့ရှိပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ သူတို့အနေနဲ့လေယာဉ်ကိုပထမတန်းကနေ စီးခွင့်ရမယ်၊ ကမ္ဘာတလွှားကနေရာတွေအနှံ့အပြားကိုလည်ပတ်ခွင့်ရမယ် ဒါမှမဟုတ် လေကြောင်းလိုင်းတွေကပေးတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်းခံစားခွင့်ရမယ် စသဖြင့် အင်မတန်မှအားကျဖို့ကာင်းပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ University of Surrey ကပြုလုပ်တဲ့စစ်တမ်းအရ ဒီလူတွေကို အားကျမနာလိုစရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။ "အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့လူတယောက်က အကောင်းစားသားရေထိုင်ခုံမှာ ထိုင်နေမယ်။ သူရှေ့မှာလည်း လက်တော့ပ်ကွန်ပြူတာကြီး ဖွင့်ထားမှာဖြစ်ပြီး အပြုံးတွေဝေနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့်လေယာဉ်မယ်လေးက အအေး ဒါမှမဟုတ် စကော့ခ်ျဝီစကီအကောင်းစားတခွက်ကို ငှဲ့ပေးနေမယ်။ ဒါတွေဟာ တီဗီ ဒါမှမဟုတ် မဂ္ဂဇင်းကြော်ငြာတွေထဲမှာ မြင်ရလေ့ရှိသော business travel လို့ခေါ်တဲ့သူဌေးကြီးတွေလုပ်ငန်းကိစ္စအတွက် ခရီးသွားတဲ့ပုံစံပါ။ ဒါပေမယ့် ဒီခမ်းနားအားကျစရာကောင်းတဲ့ အထက်တန်းစားနေထိုင်မှုပုံစံမှာ (မီဒီယာတွေဒါမှမဟုတ်လူတွေလျစ်လျူရှုထားတဲ့) မကောင်းတဲ့အချက်တွေလည်း ရှိနေပါသေးတယ်" လို့ University of Surrey […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

သင်ဟာ မြင့်မားတဲ့နေရာတွေရောက်ပြီဆိုရင် လေထုထဲက လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏကို မရနိုင်တာကြောင့် အမြင့်ကြောင့် မအီမသာဖြစ်ခြင်း ကို ခံစားရနိုင်ပါတယ်။ ဒီလို ကိစ္စအများစုဟာ အပျော့စားတွေပါ။ ကျွမ်းကျင်သူတွေ ကိုယ်တိုင်ကလည်း ဘယ်သူတွေက ဒီပြဿနာဖြစ်နိုင်ပြီး ဘယ်သူတွေ မဖြစ်နိုင်ဘူးလဲဆိုတာ မသိကြသေးပါဘူး။ သင့်ရဲ့ကြံ့ခိုင်မှုအနေအထားဘယ်လောက်ပဲကောင်းနေပါစေ၊ သင်ကယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ အမြင့်ကြောင့်မအီမသာဖြစ်ခြင်း ရနိုင်ခြေကတော့ အတူတူပါပဲ။ ဒီပြဿနာဟာ တစ်ခါတရံမှာတော့ အန္တရာယ် များနိုင်ပါတယ်။ တကယ်လို့ သင်က တောင်တက်ခရီးစဉ်သွားဖို့ စီစဉ်ထားတယ် သို့မဟုတ် ပီရူး၊ အီကွေဒေါ၊ နီပေါ စတဲ့ အမြင့်ပိုင်းမှာရှိတဲ့ နိုင်ငံတွေကို ခရီးထွက်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။ ဘာက အမြင့်ကြောင့် မအီမသာဖြစ်ခြင်းကို ဖြစ်စေတာလဲ။ သင်က မြင့်သထက်မြင့်တဲ့နေရာကို ခပ်မြန်မြန် ရောက်သွားမယ်ဆိုရင် လေဖိအား နည်းတာကြောင့် သင့်ခန္ဓါကိုယ်က လုံလောက်တဲ့ အောက်စီဂျင် ပမာဏကို ရရှိနိုင်မှာ […]


အခြေခံကျန်းမာရေး

‘Transgender people’ ဆိုတာ ဘယ်သူတွေလဲ

ဒီဘက်နှစ်ပိုင်းတွေမှာ လူ့အဖွဲ့အစည်းဟာ ပိုပြီးပွင့်လင်းလာ၊နားလည်မှုရှိလာ၊သဘောထားအမြင်တွေ ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ကိုယ်သူတို့ ‘transgender people’ တွေပါလို့ ကြွေးကြော်လာသူတွေ အရေအတွက်ဟာ ပိုလို့ပိုလို့ များများလာနေပါတယ်။ အခု ဆောင်းပါးမှာ ‘transgender people’ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်သဘောပေါက်လာအောင် အကြမ်းဖျဉ်း ပြောပြမှာ ဖြစ်ပါတယ်။ လူအများစုအတွက် သူတို့ရဲ့ လက်ရှိဖြစ်တည်နေတဲ့ ကျား၊မ အခြေအနေဟာ ဘာမှအငြင်းပွားစရာမလို အထွေအထူး တွေးနေစရာမလိုတဲ့ ကိစ္စပါ။ တနည်းပြောရရင် သူတို့အနေနဲ့ "ငါဟာ ယောက်ျားဖြစ်တယ်" "ငါဟာ မိန်းမဖြစ်တယ်" ဆိုတဲ့ လက်ရှိ ကျားမလိင်အနေအထားကို လက်ခံသဘောကျပါတယ်၊ လက်ရှိလိင်သဘာဝနဲ့ လိုက်လျောညီထွေပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ စကားအတိုင်းပါပဲ။ ဒါဟာ လူအများစုအတွက် ဖြစ်ပါတယ်။ လူအားလုံးအတွက် မဟုတ်ပါဖူး။ တချို့တွေအတွက် လက်ရှိလိင်သဘာဝ ဖြစ်တည်မှုဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း