အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

အလုပ်ရှုပ်လှသော ခေတ်သစ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ အလုပ်ရဲ့ စိတ်ဖိအားတွေကို လျော့နည်းစေဖို့ အချိန်နည်းနည်းပဲ ပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာ ထင်ထားတာထက် ကျန်းမာရေးကို ပိုမိုသက်ရောက်နေတဲ့ အိမ်သန့်ရှင်းရေး ကို လျစ်လျူရှုနေကြပါတယ်။ ကလေးတွေ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့ အိမ်တွေက အိမ်သန့်ရှင်းဖို့၊ ရောဂါပိုးရှင်းနေဖို့ ပိုတောင် လိုပါသေးတယ်။ အောက်ပါ ဆောင်းပါးက အိမ်ကို မိနစ်၂၀အတွင်း သန့်ရှင်းသပ်ရပ်နေအာင် ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။ မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀ စာ အိမ်သန့်ရှင်းရေး ကတော့ ဘာတွေဖြစ်မလဲ ဆိုတော့ နေရာ(၁) ရေချိုးခန်း ရေပန်း၊ ဘေစင်၊ မှန်တင်ခုံနဲ့ ရေစည်တို့ကို Sprayဖျန်း သန့်စင်ကာ နေရာတကျ ထားပါ။ တစ်ခါတရံကို အိမ်သာကို ပြောင်အောင် ဆေးဖို့ဆိုတာ ခက်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါဝင်သော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါသော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။   သင့်ဇနီးရဲ့ အိမ်အလုပ်တွေကို ကူညီပြီး လုပ်ပေးပါ ခွဲစိတ်ကုသမှု မပါသော မျက်နှာအသားအရေ တင်းရင်းအောင်ပင့်တင်ခြင်း ၏ ဘေးထွက်ဆိုးကျိုးအချို့မှာ အောက်ပါတို့ပါဝင်နိုင်ပါတယ်။ သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုဖြစ်ခြင်းနှင့် မျက်နှာပြင်နှစ်ဖက် မညီခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူမရဲ့ နေ့စဉ်အိမ်အလုပ်တွေကို သင်ဟာ ကူလုပ်ပေးသင့်ပြီး ကုသမှု ခံယူပြီးတဲ့နောက် ကောင်းကောင်းအနားယူဖို့ရာ အကြံပေးသင့်ပါတယ်။ သွေးခြည်ဥနေတဲ့ နေရာတွေကို အေးမြအောင် ပြုလုပ်ပေးပါ။ ရောင်ရမ်းခြင်း ၊နီရဲခြင်း နှင့် ယားယံခြင်းတို့ဟာ အဆီများအရည်ပျော်ခြင်းကြောင့် ဖြစ်လာပြီး အချိန်တိုတွင်း ပျောက်သွားနိုင်ပါတယ်။ သို့သော် သွေးခြည်ဥခြင်းကို လျော့ကျစေရန် ရေခဲဝတ်ကပ်ပေးခြင်း အားဖြင့် သူမကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် Andol ၊ Acetasol […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ

လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အကြောင်းအရင်းများစွာကြောင့် ဒဏ်ရာရလေ့ရှိပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုပဲဂရုစိုက်စိုက် ဒါကိုရှောင်ရှားနိုင်တဲ့ သူဆိုတာမရှိပါဘူး။ သင့်ရဲ့ဒီလိုဖြစ်လာတဲ့အနာတရတွေကို သန့်သန့် ရှင်းရှင်းထားခြင်း၊ ပိုးမဝင်အောင် ကာကွယ်ထားခြင်း သို့မဟုတ် ပိုဆိုးလာတဲ့ အနာတွေကို ဆေးဝါးကုသမှုခံယူခြင်း စတာတွေကို ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် သင့်ရဲ့ ဒဏ်ရာပိုပြီးမြန်မြန်ကျက်ဖို့ရာ လိုအပ်တဲ့ အာဟာရဓါတ်ကို သဘာဝအတိုင်း များလာစေဖို့အတွက် အစားအစာတွေရဲ့ အခန်းကဏ္ဍ ဟာလည်းအရေးကြီးတဲ့ နေရာမှာပါဝင်တယ်ဆိုတာ သင်သိပါသလား။ ဒီမှာ သင့်အတွက် နည်းလမ်းကောင်းလေးတွေ ညွှန်ပေးထားပါတယ်။   ဗီတာမင်စီဓါတ် ကြွယ်ဝသော အစားအသောက်များ ဗီတာမင်စီဓါတ်များစွာ ပါဝင်တဲ့အစားအသောက်တွေဟာ သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ ဖြည့်စွက်ဖို့လိုအပ်တဲ့ အရာတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဗီတာမင်စီဓါတ်ရဲ့ အကူအညီနှင့် သင့်ရဲ့အနာတွေကို ကျက်ဖို့ရာ အချိန်အနည်းငယ်သာ လိုအပ်စေပြီး အရေပြားအလွှာသစ်ဖြစ်စေမယ့် ကော်လဂျင်ဓါတ် ဖန်တီးပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အသားဓါတ်ဟာ ကော်လဂျင်ကို […]


အခြေခံကျန်းမာရေး

အိမ်တွင်းအကြမ်းဖက်ခြင်းကိုဘယ်လိုဖြေရှင်းမလဲ။

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည်မည်သူ့ထံတွင် မဆိုဖြစ်နိုင်ပြီးထိခိုက်ခံရသူ၏ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိသည်။ အကြမ်းဖက်သူများသည် ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကိုအသုံးပြုပြီး သင့်ကိုပင်ပန်းအောင်(သို့) ထိခိုက်အောင် လုပ်သကဲ့သို့ သင်နှင့်သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်ပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်း၏ ပြဿနာများနှင့် လက္ခဏာများကိုနားလည်ထားခြင်းသည် သင် အကြမ်းဖက်ခံရသည့်အခါ မည်ကဲ့သို့ စီမံရန်နှင့် ကိုယ့်ကိုကိုယ် ကူညီနိုင်ရန် အထောက်အပံ့ပေးပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်းဆိုသည်မှာဘာလဲ။ ရုပ်ပိုင်းဆိုင်ရာ(ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခြင်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ လူတစ်ယောက်ကို ထိခိုက်စေလိုသော(သို့) အန္တရာယ်ရှိစေနိုင်သော ရည်ရွယ်ချက်များဖြင့် အားအသုံးပြုခြင်းဖြစ်သည်။ အကြမ်းဖက်ခံရသူ၏ ခန္ဓါကိုယ်တွင် အနာများ(သို့) ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးပင်ဖြစ်ကြောင်းသိထားရမည်။ အကယ်၍သင်သည် သင်မလိုချင်သော(သို့) အရှက်ရသောလိင်ဆက်ဆံခြင်းတစ်ခုတွင် ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ၎င်းကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းဟု သတ်မှတ်နိုင်သည်။ သင့်ခင်ပွန်း(သို့) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ပင်ပန်းခြင်း (သို့) စိတ်ဖိစီးခြင်းဟာ အရာရှိတွေအတွက်တင် အဓိက ပြဿနာ ဖြစ်နေရုံမကပဲ လူကြီးတွေနဲ့ ကျောင်းသားတွေအတွက်ပါ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို စိတ်ရှုပ်ထွေးစေပြီး သင့်အလုပ်တွေကို ထိရောက်အောင် လုပ်နိုင်မှုကို နည်းပါးစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်ရမလဲဆိုတာ စိတ်ရှုပ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို အဖြေအချို့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဖြစ်စေတဲ့ အချက်များ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း လေယာဉ် အကြာကြီးစီးသောကြောင့် ပင်ပန်းခြင်း ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း မအိပ်ခြင်း ရောဂါလက္ခဏာများ စိတ်ပူခြင်း ဆီးချို အဝလွန်ခြင်း စိတ်ဖိစီးခြင်း နှလုံးရောဂါ စိတ်ကျခြင်း Hyperthyroidism Hypothyroidism ကုသနည်းများ ၁။ လှုပ်လှုပ်ရှားရှားနေပါ။ သင်ပင်ပန်းနေချိန်မှာ နောက်ဆုံးမှ စဉ်းစားမှာက လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့် အားအင် ပမာဏကို မြှင့်တင်ပေးပါတယ်။ Johns […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားလပ်ရက် ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း (၇)သွယ်

အားလပ်ရက်အကြုံပေးချက်(၇) ချက် အားလပ်ရက်တွေမှာအစားအစာတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းမာစွာအပန်းဖြေလိုပါသလား ။ အောက်ကအချက်ခြောက်ချက်ကသင့်လာမယ့်အားလပ်ရက်တွေအတွက်လမ်းညွှန်ပေးပါလိမ့်မယ်။   (၁) သူငယ်ချင်းတွေနဲ့မိသားစုအပေါ်အာရုံစိုက်ပါ။ အားလပ်ရက်ဆိုတာသင်ချစ်ရတဲ့သူတွေနဲ့အတူအချိန်ကုန်ဆုံးပေးသင့်တယ်ဆိုတာကိုသတိရပါ။ ဒါ့ကြောင့်အစားအစာအပေါ်မှာချည်းပဲဂရုမစိုက်ဘဲမိသားစုနဲ့သူငယ်ချင်းတွေအပေါ်အာရုံစိုက်ပေးပါ။ ဂိမ်းတွေတူတူကစား၊လုပ်အားပေးလုပ်၊အပြင်သွားပြီးအတူတူပျော်ရွှင်ခြင်းတို့သာလုပ်ကြပါ။ (၂) ဒါကပါတီဆိုပေမယ့် အရမ်းအလွန်အကျွံတော့ မလုပ်ပါနဲ့။ စာဖြည်းဖြည်းစားပါ။ နောက်ပြီးတစ်နှစ်မှတစ်ခါစားရမယ့်အစားအစာတွေကိုလည်းပျော်ပျော်ရွှင်ရွှင်စားပါ။ တကယ်လို့စားသောက်ရမယ့်အချိန်ကသင်ပုံမှန်အစာစားနေကျအချိန်မှာဆိုရင်သင်စားနေကျကာဗိုဟိုက်ဒရိတ်ပမာဏအတိုင်းစားပါ။ တကယ်လို့သင်ကအချိုပွဲစားချင်သေးတယ်ဆိုအဓိကအစာမှာ ပါတဲ့ကာဗိုဟိုက်ဒရိတ်ကိုလျှော့စားထားပါ။ သင်စားတဲ့ပမာဏကသင့်တော်ပြီး နောက်ထပ်စားတာမျိုးမဖြစ်အောင်စားပါ။ (၃) သင်စားချင်တာယူလာပါ။ ရောက်ရင်ဘာစားရမလဲဆိုတာမပူပါနဲ့။ သင်ကြိုက်တဲ့အစားအစာကိုယူလာပြီးမျှဝေစားပါ။ သင်ကကာဗိုဟိုက်ဒရိတ်ပမာဏ ရေတွက်သူဆိုရင်သင့်အစားအစာရဲ့အာဟာရ အညွှန်း အချက်လက်တွေကိုစစ်ပါ။ ဒါမှသာတစ်ပွဲစာမှာကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပါလဲသိရမှာပါ။ (၄) အရက်ကိုတော်ရုံသာသောက်ပါ။ သင်အရက်သောက်တော့မယ်ဆိုရင် သွေးထဲမှာကလူးကိုစ့်ပမာဏကျသွားတာမျိုးမဖြစ်စေဖို့မသောက်ခင်တစ်ခုခုအရင်စားပါ။ ဝိုင်ပဲဖြစ်ဖြစ်၊ဘီယာပဲဖြစ်ဖြစ်သောက်တာကသင့်ကိုကယ်လိုရီသိသိသာသာတက်စေပါတယ်။ အမျိုးသမီးတွေဆိုရင်တစ်ခွက်၊ အမျိုးသားတွေဆိုနှစ်ခွက်ထက်ပိုမသောက်ပါနဲ့။ ပုံမှန်ဆိုဒါ နဲ့အချိုရည်လိုမျိုးကယ်လိုရီများတာတွေကိုမသောက်ပါနဲ့။ သူတို့ကကာဗိုဟိုက်ဒရိတ်နဲ့ကယ်လိုရီအပြည့်ပါပါတယ်။ သကြားမပါတဲ့ အရည်တွေကိုပဲသောက်ပါ။ (၅) တက်တက်ကြွကြွနေပါ။ အားလပ်ရက်တွေမှာဆီးချိုနဲ့ကိုယ်အလေးချိန်ထိန်းချုပ်ဖို့ခက်ခဲတဲ့အကြောင်းအရင်းကလှုပ်ရှားမှုနည်းတာပါပဲ။ အားလပ်ရက်တွေမှာ လုပ်စရာတွေများနေတာမှန်ပေမယ့် နေ့တိင်းလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေစီစဉ်ထားပါ။ အားလက်ရက်တွေကိုတက်တက်ကြွကြွဖြတ်သန်းပါ။ (၆) ကျောင်းပိတ်ရက်ဒါမှမဟုတ်အလုပ်အားနေတဲ့အခါပိုနေတဲ့အချိန်ကိုလေ့ကျင့်ခန်းလုပ်ပါ။ အားလပ်ရက်အပြေးပြိုင်ပွဲတွေလမ်းလျှောက်ပွဲတွေမှာပါဝင်ပါ။ ဘောလုံး၊ဘတ်စကက်ဘောနဲ့တခြားအားကစားတွေကိုလည်းကစားနိုင်ပါတယ်။ အစာစားပြီးတဲ့အခါသင်ချစ်တဲ့သူတွေနဲ့လမ်းလျှောက်ပါ။ အစာစားပြီးတဲ့အခါကူညီသိမ်းဆည်းပေးခြင်းဖြင့်လှုပ်လှုပ်ရှားရှားနေပါ။ (၇) အစားအစာတွေကိုအရသာတွေ့ပြီးအလွန်စားနေလား။ ပြန်ထိန်းပါ။ သင်ရည်ရွယ်ထားတာထက်ပိုစားမိရင်သင်ရှုံးသွားပြီလို့မထင်ပါနဲ့။ ညမှာထပ်မစားတော့ဘဲအချိန်တွေကိုသင့်ဘေးကလူတွေနဲ့ကုန်ဆုံးပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊သင့်သွေးတွင်းသကြားဓါတ်ပမာဏကိုတိုင်းတာခြင်း၊ နောက်ရက်မှာသင်စားနေကျ အလေ့အကျင့်အတိုင်းပြန်စားခြင်းစတာတွေလုပ်ပါ။


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ..... နေ့ခင်းဘက် ထိုင်းမှိုင်းနေတာမျိုး ခဏခဏဖြစ်နေပါသလား။ ညဘက်က ကောင်းကောင်းအိပ်ပျော်ခဲ့တာတောင်မှ နေ့ခင်းဘက်မှာ အားအင်အပြည့်ရဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို အားအင်ကုန်ခမ်းမှုတွေကို ချန်ထားခဲ့နိုင်ဖို့ ဖြေရှင်းနည်းတစ်ခုတော့ လိုပါတယ်။ ခုပြောမှာကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို အသစ်ပြန်လည်လန်းဆန်းစေမယ့် အချက်(၁၀)ချက်ပဲ ဖြစ်ပါတယ်။ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ မနက်စာစားပါ မနက်စာကို မနက်တိုင်းပုံမှန်စားတတ်သူတွေဟာ ပိုပြီး ဖျတ်လတ်တယ်။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိပါတယ်။ အမျှင်များများပါတဲ့ အစာတွေ၊ အဆာခံတဲ့အစားအသောက်တွေက တစ်နေ့တာလုံးမှာ အားအင်တက်ကြွစေပါလိမ့်မယ်။ ၂။ ယောဂကျင့်ပါ တချို့လေ့လာချက်တွေအရ ကိုယ်နေဟန်ထားအမျိုးမျိုးလုပ်ပြီး အသက်ပြင်းပြင်း ရှူရတဲ့လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ စတဲ့ ယောဂကျင့်စဉ်များက မောပန်းမှုများကို ပြေလျော့စေပါတယ်။ ၃။ ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်များကို သီဆိုပါ သီချင်းဆိုခြင်းက စိတ်ခံစားမှုတွေကို ပေါ့ပါးစေသလို၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ

တကယ်ဆို ဆဲဆိုပေါက်ကွဲခြင်းဟာ မဖြစ်သင့်တဲ့ အပြုအမူတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုဆဲဆိုပေါက်ကွဲခြင်းဟာ ကိုယ့်ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။   စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတယ်။ ဆဲဆိုပေါက်ကွဲခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ နာကျင်မှုများကို သက်သာစေပါတယ်။ မကြာသေးခင်က လုပ်ထားတဲ့ လေ့လာချက်အရ ကျိန်တွယ်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုနဲ့ နှလုံးခုန်နှုန်းတွေဟာ သိသာစွာ လျော့ကျသွားတယ် ဆိုတာပါပဲ။ သူတို့ရဲ့ သွေးဖိအားနဲ့ အသက်ရှူမှုကလည်း တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။   နာကျင်မှုကို ခံနိုင်ရည်ရှိစေတယ်။ ရီချက်စတီဖင် ပြုလုပ်ထားတဲ့ စမ်းသပ်ချက်တစ်ခုမှာ ပါဝင်သူတွေဟာ သူတို့ရဲ့ လက်ကို ရေခဲရည်ပုံးထဲ နှစ်ထားပြီး ခံနိုင်ရည်ကို စမ်းသပ်ပါတယ်။ ဆဲဆိုပေါက်ကွဲဖို့ ခွင့်ပြုထားတဲ့ လူအုပ်စုမှာ သူတိုရဲ့ခံနိုင်ရည်ဟာ ခွင့်ပြုထားခြင်းမခံရတဲ့ လူအုပ်စုထက်စာရင် ပိုကြာရှည်တာကို တွေ့ရပါတယ်။ တချို့သိပ္ပံပညာရှင်များကလည်း ဆဲဆိုပေါက်ကွဲခြင်းဟာ Adrenaline ဟော်မုန်းကို ထွက်စေတယ်လို့ ဆိုပါတယ်။ အဲဒီဟော်မုန်းက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စွမ်းအင်မြင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းများ

မနက်စောစောမှာ အားအင်အပြည့်နဲ့ ထလာပြီး အီးမေးလ်တွေပို့၊ လုပ်စရာရှိတာတွေလုပ် နောက်ပြီး နှစ်နာရီလောက်လဲကျရော အကုန်လုံးဟာ ပင်ပန်းကုန်ကြတော့ တာပါပဲ။ ဒီ နေ့လည်ပိုင်းအချိန်ဟာ ရုံးမှာ အလုပ်လုပ်ဖို့ မကောင်းဆုံးအချိန်ပါပဲ။ အလုပ်ဆင်းဖို့လဲ သိပ်မလိုတော့တာကြောင့် သင်ဟာ စိတ်လျှော့ချင်တာလဲ ပါပါတယ်။ ဒီဆောင်းပါးမှာ နေ့လည်ပိုင်း လုပ်ကိုင်မကောင်းချိန်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ဖေါ်ပြထားပါတယ်။ အားအင် ပြည့်ဝစေတဲ့ နည်းလမ်းပေါင်း ၁၂ ခုလောက်ရှိပါတယ်။ တစ်ခု၊ နှစ်ခု ဒါမှမဟုတ် ၁၂ ခုလုံးကို ကြိုးစားကြည့်လိုက်ရင် အားအင်တွေ ပြည့်ဝလာတာကို တွေ့ရမှာပါ။ Magnesium စားသုံးမှုကို မြှင့်တင်ပါ။ အစာစားခြင်းဟာ သင့်အားအင်ပမာဏကို မြင့်တက်စေပါတယ်။ အချိုစားခြင်းဟာ အားရှိစေတယ်လို့ သင်ထင်မှာ ဖြစ်ပေမယ့် magnesium ပါဝင်တဲ့ အစာတွေက ပိုအကျိုးရှိပါတယ်။ magnesium ကို အမျိုးသမီးတွေမှာ 300mg နဲ့ အမျိုးသားတွေမှာ […]


အခြေခံကျန်းမာရေး

လုံခြုံစိတ်ချရသော ယာဉ်မောင်းလမ်းညွှန် ၅ ချက်

သင်ဟာ အရောင်းစာရေး (သို့) ကုန်တင်ကားမောင်းသူဖြစ်နေရင်တောင် အလုပ်ကိုနေ့တိုင်း သွားလာနေဖို့ လိုမှာပါ။ ဒီလို အခြေအနေမျိုးမှာ လုံခြုံစိတ်ချစွာ ကားမောင်းဖို့ဟာ အရေးကြီးပြီးတော့ ဒါဟာ လမ်းမှာ ပြထားတဲ့ ဆိုင်းဘုတ်တွေ၊ ယာဉ်အသွားအလာ ဥပဒေတွေကို လိုက်နာခြင်းထက် အများကြီးပိုပါတယ်။ အောက်ဖေါ်ပြပါအချက် ငါးချက်ကို လမ်းမှာ မတော်တဆမှုဖြစ်ခြင်းမှ ကင်းဝေးအောင် ထည့်သွင်းစဉ်းစားထား သင့်ပါတယ်။   (၁) ကိုယ်လက်လှုပ်ရှားမှုရှိပါ။ သင့်မှာ ကြွက်သား အထပ်ထပ်မရှိခဲ့ရင်တောင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို အကျိုးအများကြီး ရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းဟာ သင့်အားအင်နဲ့ ပျော့ပြောင်းနိုင်စွမ်းကို တိုးတက်စေပြီးတော့ ပိုမို တက်ကြွစေပြီး သင့်ကို လမ်းပေါ်မှာ တွေ့ရမယ့် ပြဿနာတွေကို ပိုမို ဖြေရှင်းဖို့ လွယ်ကူစေပါတယ်။ သင့်နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်တွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုတွေကို ပါထည့်သွင်းထားသင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ လူအတော်များများအတွက် ကောင်းမွန်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း