အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကဖင်းဓာတ်စွဲသွားစေသော စွမ်းအားဖြည့်အချိုရည် များ

ကလေးများဟာ သူတို့ကြီးပြင်းလာတာနဲ့အမျှ ဖိအားတွေ ပိုပြီး ရင်ဆိုင်လာရပါတယ်။ အလုပ်ပြီးရမယ့် သတ်မှတ်ရက်တွေ၊ ကျောင်းစာတွေ၊ စာမေးပွဲတွေ စတာတွေဟာ ကလေးတွေကို ထိုးနှက်နေပါတယ်။ ဒါကြောင့် ကဖင်းဓာတ် သုံးစွဲမှုဟာ ပိုပြီး မြင့်တက်လာပါတယ်။ ယနေ့အခါ စွမ်းအားဖြည့်အချိုရည် တွေဟာ ကလေးများကြားမှာ ရေပန်းစားနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါရဲ့လား။ စွမ်းအားဖြည့်အချိုရည် များရဲ့ အာဟာရဓာတ် အချက်အလက်များ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း၊ တော်ရင်း၊ ဗီတာမင်၊ ဆေးဖက်ဝင်အပင်များက ထုတ်လုပ်တဲ့ ဖြည့်စွက်စာများ၊ သကြားနဲ့ အချိုဓာတ်တွေ ပါဝင်ပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းကတော့ ကဖင်းပါပဲ။ များသောအားဖြင့် ဒီအချိုရည်တွေမှာ ဂွာရာနာ၊ ကိုလာအစေ့၊ ယာဘာ၊ ကိုကိုး စတာတွေ ထည့်သွင်းထားတတ်ကြပါတယ်။ သုတေသနတွေအရ ဈေးကွက်ထဲက စွမ်းအားဖြည့်အချိုရည် အများစုရဲ့ ကဖင်းဓာတ်ပါဝင်မှုဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

သုတေသနတွေအရ လူနဲ့ တိရစ္ဆာန်များကြား အပြန်အလှန် ဆက်နွယ်မှုဟာ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ကိစ္စတွေမှာ အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အော်တစ်ဇင်နဲ့ စာဖတ်ခြင်းပြဿနာရှိသူ ကလေးငယ် များဟာ တိရိစ္ဆာန်များနဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ ဖွံ့ဖြိုးတိုးတက်မှု ရှိစေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းတဲ့ ကလေးတွေတောင်မှ ခွေးများ၊ ကြောင်များ မွေးခြင်းဟာ အကျိုးရှိစေတယ်လို့ သိရပါတယ်။ သင့်ကလေးတွေ အိမ်မွေးတိရစ္ဆာန် မွေးခွင့်ပေးနိုင်ဖို့ အကြောင်းပြချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ သင့်ကလေး စာဖတ်နိုင်စေဖို့ အထောက်အကူပြုသလား ဒီအစီအစဉ်မှာ ကလေးတွေကို ခွေးတွေအတွက် စာဖတ်ပြခြင်း ပါဝင်ပါတယ်။ ကလေးတွေရှေ့မှာ ခွေးလေးတွေကို ပရိသတ်အနေနဲ့ ရှိစေပြီး စာဖတ်ခြင်းမှာ ပျော်မွေ့လာစေဖို့ စိတ်ကူးစိတ်သန်း ဖြစ်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဆရာမရှေ့မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုသောနည်းလမ်းများ

ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ကာယကံရှင် အမျိုးသမီး အတွက်ရော ခင်ပွန်းသည်အတွက်ပါ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံဖြစ်ပါတယ်။ တချို့ကိုယ်ဝန်များဟာ အမှတ်မထင် ရလာတတ်ပေမယ့် တချို့ကိုယ်ဝန်တွေကတော့ အချိန်နဲ့ အင်အား အများကြီးစိုက်ထုတ်ပြီးမှ ရလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ရဖို့ ခက်ခဲနေမယ်ဆိုရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။ တားဆေးများကို ကြိုတင်ဖြတ်ပါ ကိုယ်ဝန်တားဆေးအချို့ဟာ ရပ်လိုပ်ပြီးရင်တောင် ကလေးရဖို့ အခွင့်အရေး နည်းနေတတ်ပါတယ်။ မျိုးဥကြေါခြင်းဟာ ပုံမှန်အနေအထားကို ပြန်ရောက်လာဖို့ အချိန်ယူရတတ်ပါတယ်။ ဒါပေမယ်ပ ကလေးရနိုင်ခြေကတော့ ရှိပါတယ်။ ဒါ့အပြင် ဘေးလည်းကင်းပါတယ်။ သင့်ကလေးဟာ ကျန်းမာပါလိမ့်မယ်။ ဘယ်အချိန်မျိုးဥကြွေလည်း စစ်ဆေးပါ ကလေးရနိုင်ခြေအချိန်ကာလဟာ တိုတောင်းပါတယ်။ မျိုးဥကြွေပီးရင် ၂၄နာရီအထိပဲ ရှင်သန်နိုင်တာကြောင့် အချိန်ကိုက်ရွေးချယ်ဖို့ဟာ အဓိကကျပါတယ်။ မျိုးဥကြွေတဲ့နေ့ဟာ အမြဲတမ်းမမှန်ပါဘူး။ တခါတရံမှာ အနည်းငယ်စော ဒါမှမဟုတ် နောက်ကျတတ်ပါတယ်။ စုံတွဲများဟာ ဒါကို လွတ်မသွားရအောင် တပတ်ကို ၃ကြိမ် အတူနေသင့်ပါတယ်။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်ခြင်းကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

White Coat Syndrome (ဝှိုက်ကုတ်ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်White Coat Syndrome ဆိုတာ လူအချို့က သူတို့အိမ်မှာနေနေစဉ်မှာသွေးပေါင်ချိန်ကပုံမှန်ဖြစ်နေပြီး ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာသွေးပေါင်ချိန်က နည်းနည်းလေးမြင့်နေတတ်ပါတယ်။ ဒီလိုမျိုး အခြေအနေကိုwhite coat syndrome (သို့မဟုတ်) the white coat effect လို့ခေါ်ပါတယ်။ ဆရာဝန်တွေ သူနာပြုဝန်ထမ်းတွေက ဝတ်ဆင်ရတဲ့ဂျူတီကုတ်အဖြူရောင်ကို အစွဲပြုပြီး အခုလိုမျိုးခေါ်ဆိုတာပဲဖြစ်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်က ၁၂၀/၈၀ mm Hg ရှိမှာဖြစ်ပြီး ဒီထက်နည်းနည်းလေးကျော်နေခဲ့ရင်တော့သွေးတိုးနေတယ်လို့ဆိုရမှာပါ။white coat syndrome က ဆရာဝန်တွေ၊ သူနာပြုတွေကိုတွေ့လိုက်တဲ့အချိန်မှာ ပုံမှန်ထက်သွေးပေါင်ချိန်တက်လာစေပါတယ်။ အချို့မှာ အရမ်းမပြင်းထန်ပေမယ့် အချို့မှာတော့white coat syndrome ကပြင်းထန်နိုင်ပါတယ်။ White-coat hypertension ကဆေးရုံဆေးခန်းလိုမျိုးနေရာဝန်းကျင်ကိုရောက်သွားတဲ့အခါသွေးပေါင်ချိန်တက်လာတာပါ။ ဆရာဝန်နဲ့တွေ့လိုက်တဲ့အခါမှာသွေးပေါင်ချိန်တက်လာပြီးနေအိမ်မှာတိုင်းတာကြည့်တဲ့ အခါသွေးပေါင်ချိန်မတက်တဲ့ အနေအထားမျိုးပါ။ လက္ခဏာများWhite Coat Syndrome ရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့ရအများဆုံး လက္ခဏာကဆေးရုံဆေးခန်းတွေသွားတဲ့အချိန် နဲ့ ဆရာဝန်နဲ့တွေ့တဲ့ အချိန်မှာသွေးပေါင်ချိန်တိုင်းလိုက်တိုင်းသွေးပေါင်က ရှိသင့်တဲ့ပမာဏထက်များနေတာပါ။ အကြောင်းအရင်းများWhite Coat […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကဘာလဲ။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်းဆိုတာ ခန္ဓါကိုယ်မှ ပါရာသိုင်းရွိုက်ဟော်မုန်းကို တုန့်ပြန်နိုင်စွမ်း ကျဆင်းသော မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်မျိုးဖြစ်သည်။   လက္ခဏာများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများမှာ ကယ်လ်ဆီယမ်ချို့ယွင်းခြင်းနှင့်ဆိုင်သော မျက်စိအတွင်းတိမ်ဖြစ်ခြင်း သွားရောဂါများ ထုံကြဉ်ခြင်း တက်ခြင်း အကြောကပ်ခြင်း (ကြွက်သားလှုပ်ခြင်း၊ ခြေလက်ကပ်ခြင်းတို့ ပါဝင်သည်။) တို့ဖြစ်သည်။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း၊ အရိုးဖွဲ့စည်းပုံမမှန်ခြင်း၏ လက္ခဏာများမှာ အရေပြားအောက်တွင် ကယ်လ်ဆီယမ်များ တင်ကျန်နေခြင်း ရောဂါဖြစ်သော လက်ချောင်း၏အဆစ်နေရာတွင် ချိုင့်ဝင်သွားခြင်း မျက်နှာဝိုင်း၍ လည်ပင်းတိုခြင်း လက်ချောင်းများ အထူးသဖြင့် လက်သူကြွယ် အရိုးတိုခြင်း အရပ်ပုခြင်းတို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပါရာသိုင်းရွိုက်ဂလင်းသည် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးသည်။ ပါရာသိုင်းရွိုက်ဟော်မုန်းသည် သွေးထဲနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pompe disease (Pompe ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pompe disease (Pompe ရောဂါ) ကဘာလဲ။ ကလေးမှာ Pompe ရောဂါ ရှိနေပြီဆိုရင် ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူသလို၊ ကုမှုမျိုးစုံးလည်းရှိတယ်ဆိုတာကို သိထားရပါမယ်။ ခန္ဓါကိုယ်က ဂလိုက်ကိုဂျင်ဆိုတဲ့ သကြားဒြပ်ပေါင်းကို စွမ်းအင်ရရှိဖို့အတွက် ခြေဖျက်ပေးတဲ့ပရိုတင်းတစ်မျိုးကို မထုတ်ပေးနိုင်တော့တဲ့အခါမှာ Pompeရောဂါ ဖြစ်လာပါတယ်။ သကြားဓါတ်တွေစုပုံလာပြီး ကြွက်သားတွေနဲ့ ကလီစာတွေကို ဒုက္ခပေးပါတော့တယ်။ Pompeရောဂါဟာ ကြွက်သားတွေအားနည်းသွားစေပြီး အသက်ရှုမဝဖြစ်စေပါတယ်။ အသည်း၊ နှလုံးနဲ့ ကြွက်သားတို့ဟာ ထိုရောဂါရဲ့ သက်ရောက်မှုကို အများဆုံးခံစားရပါတယ်။ Pompeရောဂါကို GAA ချို့တဲ့ခြင်း ဒါမှမဟုတ် အမျိုးအစား၂ ဂလိုက်ကိုဂျင်သိမ်းဆည်းမှုပြဿနာ(GSD) လို့လဲခေါ်ပါတယ်။ လူတိုင်းမှာ ဖြစ်ပွားနိုင်သော်လည်း အာဖရိကန်-အမေရိကန်လူမျိုးတွေနဲ့ အာရှလူမျိုးအချို့တွေမှာ ပိုတွေ့ရတတ်ပါတယ်။ Pompe disease (Pompe ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးတော်တော်လေးအဖြစ်များပြီး မိန်းမတွေမှာ ရာခိုင်နှုန်းပိုများပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

low potassium (ပိုတက်စီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်low potassium (ပိုတက်စီယမ်နည်းခြင်း) ကဘာလဲ။ သွေးထဲရှိပိုတက်စီယမ်ပမာဏ နဂိုရှိသင့်သည်ထက် နည်းနေခြင်းကို ပိုတက်စီယမ်နည်းခြင်း(ဟိုက်ပိုကယ်လီးမီးယား) လို့ခေါ်ပါတယ်။ ပိုတက်စီယမ်က ကိုယ်ခန္ဓါအတွင်းရှိ ဆဲလ်များတစ်လုံးကနေတစ်လုံး လျှပ်စစ်အချက်ပြမှုတွေ ပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ ထိုစွမ်းရည်ဟာ အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေ အထူးသဖြင့် နှလုံးကြွက်သားဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ပုံမှန်သွေးတွင်းပိုတက်စီယမ်ပမာဏကတော့ 3.6 ကနေ 5.2 millimoles per liter (mmol/L) ပါ။ ပိုတက်စီယမ်အရမ်းနည်းခြင်း ( 2.5 mmol/L အောက်) ဟာ အသက်အန္တရာယ်ရှိပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ low potassium (ပိုတက်စီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများlow potassium (ပိုတက်စီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာရုံကြောနှင့် ကြွက်သားဆဲလ်များ စွမ်းအင်ထုတ်လွင့်ခြင်း (Depolarization) နှင့် စွမ်းအင်ပြန်လည်ပြည့်ဖြိုးခြင်း (Repolarization) တို့အပေါ်မှာ ပိုတက်စီယမ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) ကဘာလဲ။ နားထင်သွေးလွှေတ်ကြောများ ရောင်ခြင်းပျက်စီးခြင်းဖြစ်ပါတယ်။ ဦေးခါင်းနဲ့ဦးနှောက်ကို ထောက်ပံ့ပေးတဲ့သွေးကြောတွေ ဖြစ်ပါတယ်။ နားထင်သွေးလွှတ်ကြောတွေမှာ အဓိကဖြစ်တတ်ပေမယ့် အခြားသွေးလွှတ်ကြောအရွယ်အစားအလယ်အလတ်ကနေ အကြီးအထိ အကုန်လုံးနီးပါးမှာ ဖြစ်နိုင်ပါတယ်။ နားထင်သွေးလွျှွှ်ကြောရောင်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ဦးခေါင်းခွံအရေပြား ဦေးရတင်းခြင်း၊ မေးရိုးနာကျင်ခြင်းနဲ့ အမြင်အာရုံပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် လေဖြတ်ခြင်း၊ မျက်စိကန်းခြင်းအမြင်အာရုံဆုံးရှုံးခြင်းတွေ ဖြစ်နိုင်ပါတယ။ သွေးကြောရောင်ခြင်းလက္ခဏာတွေကို သက်သာဖို့နဲ့ အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ဖို့ ကော်တီကိုစတီးရွိုက်ဆေးတွေနဲ့ ချက်ချင်ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကုသမှုစပြီး ရက်အနည်းငယ်တွင်းမှာ ပြန်သက်သာလာနုငိပါတယ်။ ကုသမှုပေးလျက်နဲ့တောင်မှ ပြန်ဖောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ နားထင်သွေးလွှတ်ကြောရြောင်နေပြီလို့ သံသယရှိနေမယ်ဆိုရင် ဆရာဝန်မနဲ့တတ်နိင်သမျှမြန်မြန်ပြသသင့်ပါတယ်။ အလွန်ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေ ဖြ်စန်ုငပေမယ့်လည်း ချက်ချင်းကုသမှုပေးခြင်းက နောက်ဆက်တွဲတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ Temporal Arteritis (နားထင်သွေးလွှတ်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ှReye's syndrome (ရိုင်းစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကဘာလဲ။ Reye’s syndrome ဆိုတာဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပြီး အသည်းနဲ့ ဦးနှောက်တို့ကို ရောင်ရမ်းဖောင်းကားစေပါတယ်။Reye’s syndrome ဟာ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး စိတ်ရှုပ်ထွေးခြင်း၊တက်ခြင်း၊သတိလစ်ခြင်း အစရှိသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Reye’s syndrome ကို စောစောသိ၊စောစောကုနိုင်ရင်တော့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။ Reye’s syndrome နဲ့ အက်စ်ပရင်ဆေးတို့အကြားမှာ ဆက်စပ်မှု တစုံတရာရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဒီဆေးကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ အသက်နှစ်နှစ်အထက် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ရေကျောက် ဒါမှမဟုတ် တုပ်ကွေးလက္ခဏာတွေကနေ ပြန်ကောင်းလာတဲ့ ကလေးငယ်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Serotonin syndrome (ဆီရိုတိုနင် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) ကဘာလဲ။ ဦးနှောက်ဆဲလ်တွေနဲ့ အခြားအာရုံကြောအဖွဲ့အစည်းဆဲလ်တွေကို အချင်းချင်းဆက်သွယ်ရာမှာ ခန္ဓါကိုယ်ကထုတ်ပေးတဲ့ကယ်မီကယ်တစ်ခုဖြစ်ပါတယ်။ ဆီရိုတိုနင်ဦးနှောက်ထဲမှာအရမ်းနည်းခြင်းက စိတ်ဓါတ်ကျခြင်းမမှာအဓိကကျပါတယ်။ အရမ်းများခြင်းက နာဗ်ဆဲလတွေအရမ်းတက်ကြွစေပြီး ဆီရိုတိုနင်ရောဂါစုလို့ခေါ်တဲ့ သေစေန်ုငလောက်တဲ့လက္ခဏာအစုအဝေးကြီးကိုဖြစ်စေပါတယ်။ Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများSerotonin syndrome (ဆီရိုတိုနင် ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီရိုတိုနင် ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီရိုတိုနင် ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မရေမရာဖြစ်ခြင်း ဂဏှာမငြိမ်ခြင်း ခေါင်းကိုက်ခြင်း သွေးပေါင်ချိန်ကိုယ်ပူချိန်အပြောင်းအလဲရှိခြင်း မူးဝေခြင်း ပျို့အြန်ခင်း ဝမ်ေးလျှာခြင်း နှလုံးခုန်နှုန်းမြန်ခြင်း တုန်ြခ်ငး ကြွက်သားများပေါင်းစည်းလုပ်ဆောင်နိုင်စွမ်းမရှိတော့ခြင်း၊ ကြွက်သားများတွနြေ့ဲခင်း ချမ်းတုန်ခြင်း၊ ကြက်သီးထခြင်း ချွေးထွက်များခြင်း ပိုပြီးပြင်းထန်တဲ့အခြအနေတွေမှာ အသက်အန္တရယ.်ပေးနိုင်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခုခံစားနေရမယ်ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အဖျားကြီးခြင်း တက်ခြင်း နှလုံးခုန်မမှန်ခြင်း သတိလစ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဆေးအသစ်သောက်တဲ့အခါမျိုးမှာ ဒါမှမဟုတ်သောက်နေကျဆေးကိုပမာဏတိုးလိုက်တဲ့အခါမျိုးမျာ ဆီရိုတိုနင်ရောဂါစုရှိနေပြီလို့ သံသယရှိနေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပါ ဒါမှမဟုတ်အရေးပေါ်ခန်းကိုချက်ချင်းသွားပါ။ ဆိုးဆိုးရွားရွားလက္ခဏာတွေ ပြင်းထန်လာရင်ဒါမှမဟုတ် ရုတ်တရက်ပိုဆိုးလာတယ်ဆိုရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ အကြောင်းရင်းများSerotonin […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း