အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါလေးကန်ထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါလေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုကကော်ဖီသောက်တာပါပဲ။ ဒါပေမယ့်ကော်ဖီကသောက်တိုင်းမကောင်းပါဘူး။ ခန္ဓါကိုယ်ထဲမှာ ကဖင်းဓါတ်များတဲ့အခါ စိတ်ဖိစီးတဲ့ခံစားမှုကို ခံစားရစေပြီး အိပ်မပျော်တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။ လေးလံထိုင်းမှိုင်းတာကို တိုက်ဖျက်ပြီး တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေဖို့ ဒီအချက်လေး ၁၀ ချက်ကိုလုပ်ကြည့်ရအောင်လား။ (၁) အစားအသောက်တွေကိုသေချာစီစဉ်စားသုံးပေးပါ စားသုံးမယ့်အစားအစာတွေထဲမှာ ခန္ဓါကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကိုပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ်ကျောင်းမှာတစ်နေ့တာလုံးလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်ဖို့ ခွန်အားပြည့်ဝနေမှာပါ။ အစားအသောက်တွေစားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓါတ်တွေပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်စားသုံးပေးပါ။ကောက်နှံတစ်ခုလုံး၊ အခွံမာသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ အသားဓါတ်တွေပါဝင်အောင်စားသုံးပေးပါ။ အရေးကြီးဆုံးအချက်တစ်ခုက ခန္ဓါကိုယ်မှာ ခွန်အားပြည့်ဝနေစေဖို့အတွက်သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိဖို့ပါ။ လုံလောက်တဲ့သွေးတွင်းသကြားဓါတ်ရှိနေမယ်ဆိုရင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမှာပါ။ (၂) ထိုင်နေရာကနေ ထပြီး လမ်းနည်းနည်းပတ်လျှောက်ပါ တကယ်လို့ သင်က စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အမြဲထိုင်နေတာမျိုးမလုပ်ဘဲ […]


အခြေခံကျန်းမာရေး

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အညီ လူတန်းစေ့နေထိုင်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းနေရတာကြောင့် လူတိုင်းဟာတော်တော်လေးပင်ပန်းကြရပါတယ်။ တစ်နေ့တာလုံးမနားရလောက်အောင် လှုပ်ရှားနေရပေမယ့် ခန္ဓါကိုယ်ကို လုံလောက်တဲ့ အာဟာရဓါတ်တွေရောပေးမိရဲ့လား။ လုံလောက်တဲ့ အာဟာရဆိုတဲ့နေရာမှာ အိပ်စက်မှုရော၊ စားသောက်မှုပုံစံပါ ပါတယ်။ ခန္ဓါကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေဖြစ်လာပါတယ်။ လုပ်နိုင်စွမ်းထက် ပိုခိုင်းမိတဲ့အခါ ကွန်ပျူတာတွေ ဟန်းမ်သွားတာလိုမျိုးပေါ့။ ဗီတာမင် ချို့တဲ့ခြင်းဆိုတာ ဗီတာမင် ဆိုတာက ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာပါ။ အခုခေတ်ရဲ့ ဘဝနေထိုင်မှုပုံစံကိုက အသင့်ပြင်ထားတဲ့ အစားအစာတွေ နဲ့ အဆီများတဲ့အစားအစာတွေကိုရှောင်လွှဲနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများဟာ ဗီတာမင် ချို့တဲ့မှုဒဏ်ကိုခံစားလာကြရတာပါ။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် ချို့တဲ့လာတဲ့အခါ အစာခြေစနစ်မှာပြဿနာဖြစ်လာပါတော့တယ်။ ခန္ဓါကိုယ်ရဲ့ဇီဝတွင်းလုပ်ငန်းစဉ်တွေလုပ်ဆောင်လည်ပတ်နိုင်စေဖို့အတွက် ဗီတာမင်တွေကို မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းအနေနဲ့ လုံလောက်တဲ့ ဗီတာမင်ရရှိအောင် အစားအစာတွေကို စားသုံးပေးတာမျိုးဖြစ်ဖြစ် ဗီတာမင်အားဖြည့်ဆေးတွေသောက်သုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်ရပါမယ်။ နေ့စဉ်စားသုံးတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကဘာလဲ။ placental abruption နောက်တစ်နည်း abruption placentae ဆိုတာ အချိန်မတိုင်ခင် အချင်းကွာကျခြင်းကို ခေါ်ပါတယ်။ ၎င်းက ကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်သော်လည်း ဖြစ်ခဲပါတယ်။ အချင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပေါ်လာပြီး ကလေးကို အာဟာရပေးပါတယ်။ ဒီရောဂါမှာ အချင်းက ကလေးမထွက်ခင်မှာ သားအိမ်၏ အတွင်းနံရံမှ ကွာကျလာပါတယ်။ ၎င်းကို အဆင့် ၁၊ ၂ နှင့် ၃ ဆိုပြီး ပြင်းထန်မှုပေါ်လိုက်ပြီး ၃ မျိုးခွဲနိုင်ပါတယ်။ သားအိမ်မှ ကွာကျသွားတဲ့ အချင်းကို ပြန်ကပ်လို့မရပါဘူး။ ဒါဟယ ကလေးကို အောက်စီဂျင်နှင့် အာဟာရတွေ ပေးပို့မှုကို ကန့်သက်လိုက်နိုင်ပြီး အမေကိုလည်း သွေးထွက်လွန်စေပါတယ်။ ဒီအန္တရယ်များတဲ့ အခြေအနေကြောင့် အစောပိုင်း ခွဲမွေးရခြင်းကြုံနိုင်ပါတယ်။ အချင်းကွာခြင်းက ရုတ်တရက်ဖြစ်နိုင်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။ သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊ အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။ Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေး ဖြစ်နိုင်တယ် ဆိုပေမယ့် အသက် ၂ နှစ် ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို လိုက်နာပြီး ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကဘာလဲ။ Gaucher’s disease ဆိုတာ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်း တွေ အထူးသဖြင့် သရက်ရွက် နဲ့ အသည်း မှာ စုဝေးနေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်ထက် ပိုကြီးစေပြီး သူ့တို့ရဲ့ သဘာ၀ လုပ်ဆောင်ချက်တွေကို ပျက်ယွင်းသွားစေပါတယ်။ Gaucher’s disease နဲ့ ဆက်စပ်နေတဲ့ အဆီ တွေဟာ အရိုးတစ်ရှုးတွေမှာလည်း စုဝေးနေတတ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာသာ အဆီတွေ စုဝေးနေမယ် ဆိုလို့ ရှိရင် အရိုးကို အားနည်းစေပြီး အရိုးပါးရောဂါ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရိုးတွင်းခြင်ဆီမှာ အဆီတွေစုဝေးနေရင် သွေးခဲဖြစ်ပေါ်စေခြင်းကိုလည်း ထိခိုက်စေပါတယ်။ Gaucher’s disease အမျိုးအစား ၃ မျိုး ရှိပါတယ်။ အမျိုးအစား ၁ – […]


အခြေခံကျန်းမာရေး

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာပင်ပန်းသမျှကိုဖြေဖျောက်တဲ့အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့ပြီးပျော်ပျော်ရွှင်ရွှင်သောက်ကြစားကြတာမျိုးရှိကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေစုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ပမာဏထက်ပိုပြီးသောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလိုများသွားတာကသောက်တုန်းတော့ သိပ်မသိသာပေမယ့်နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ အရက်နာကျတဲ့ခံစားမှုကို စတင်ခံစားရပြီလေ။ အရက်နာကျတာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အရက်နာကျတယ်ဆိုတာက အရက်နာကျတာက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အရက်နာကျတဲ့အခါခေါင်းကိုက်မယ်၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်နေမယ်၊ခြေကုန်လက်ပန်းကျနေမယ်၊ ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းသလိုဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့သူတွေမှာ အဖြစ်များဆုံးလက္ခဏာက ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းနေသလို ခံစားရတာပါပဲ။ အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့မလွယ်တာမျိုးဖြစ်နိုင်သလို စိတ်ထဲမကြည်မလင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိကအကြောင်းအရင်းကတော့ အရက်ထဲမှာပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓါကိုယ်ထဲကရေဓါတ်ကိုဆုံးရှုံးစေပါတယ်။ အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ရေသောက်ပါ -ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက်ရေသောက်ပေးဖို့လိုပါမယ်။ရေများများသောက်ပေးလေလေ ခန္ဓါကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေလေပါ။ဖြစ်နိုင်ရင်တော့ ညဘက်အရက်သောက်နေချိန်မှာကိုကရေကိုသောက်ပေးသင့်တာပါ။ ရေဓါတ်ပြည့်ဝစေမယ့်ဖျော်ရည်တွေသောက်ပေးပါ -ရေသောက်ပေးရုံနဲ့ရေဓါတ်ကုန်ခန်းသွားတာတွေကိုဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဆားဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်ကိုပါ ဆုံးရှုံးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနချေိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုးအရာတွေကိုသောက်သုံးပေးလို့ရသလို စွပ်ပြုတ်တစ်ခုခုကိုသောက်ပေးလို့လည်းရပါတယ်။ မနက်စာစားပေးပါ […]


အခြေခံကျန်းမာရေး

အဖြစ်များတဲ့ လှုပ်ရှားမှုပြသနာတွေဟာ ဘာတွေလဲ

၁။ လှုပ်ရှားမှုပြသနာအပေါ် ယေဘုယျအမြင် လှုပ်ရှားမှုပြသနာဆိုတာ လှုပ်ရှားမှုရဲ့ လျင်မြန်ခြင်း၊ သွက်လက်ခြင်း၊ သက်တောင့်သက်သာရှိခြင်း စတဲ့အချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Dyskinesia လို့ခေါ်တဲ့ ပြသနာမှာ ပြင်းပြင်းနဲ့ မြန်မြန် လှုပ်ရှားတတ်တဲ့ hyperkinesia ဖြစ်ခြင်းရော ဖြေးဖြေး (သို့) လှုပ်ရှားမှု မရှိတတ်တဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။ ၂။ အတွေ့များတတ်သော လှုပ်ရှားမှုပြသနာများ Parkison ရောဂါ Parkison ရောဂါဆိုတာ တဖြည်းဖြည်းပိုဆိုးလာတတ်တဲ့ အာရုံကြောရောဂါဖြစ်ပြီး ကိုယ်ခန္ဓါလှုပ်ရှားမှုတွေအပေါ် ထိန်းချုပ်မှုကင်းမဲ့သွားတတ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတာ မသိသေးသလို ကုသနည်းလည်း မရှိသေးပါဘူး။ ဒီရောဂါနဲ့ ပတ်သက်လို့ သိရသလောက်တော့ Substantia Nigra လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပျက်စီးလာရာကနေ ရောဂါ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ Substantia Nigra […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

အိမ်သုံးဓါတုပစ္စည်းတွေဟာ သေချာမသုံးရင် မသိမ်းရင် ပြသနာဖြစ်တတ်ပါတယ်။ ဒီလိုမတော်တဆ ပြသနာတွေရှောင်နိုင်ဖို့ ဒီဆောင်းပါးကို လေ့လာကြည့်ပါ။ အောက်ပါဆောင်းပါးမှာတော့ အိမ်သုံးဓါတုပစ္စည်းတွေနဲ့ပတ်သက်ပြီး သင်သတိထားရမယ့်အရာတွေ တင်ဆက်ပေးမှာဖြစ်ပါတယ်။ လတ်ဆတ်သောအသီးအနှံများ ဝယ်စားရန်ကြိုးစားကြည့်ပါ : အိမ်သုံးဓါတုပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ အစားအစာများကနေလာနိုင်ပါတယ်။ မြေသြဇာ , ပိုးသတ်ဆေးနှင့်ဟော်မုန်းတွေ ထိတွေ့မှုလျှော့ချရန် လတ်ဆတ်တဲ အော်ဂဲနစ်အသီးအနှံတွေစားပါ။ ကျွန်ုပ်တို့ နေ့စဉ်သောက်နေကျ နို့ကိုလည်း ကြီးထွားဟော်မုန်းတွေပါမပါ check လုပ်ထားရပါမည်။ ထုပ်ပိုးထားတဲ့ အစားအစာများမှာ မကြာခဏ BPA သို့မဟုတ် parabens ဓါတုပစ္စည်းတွေပါဝင်နေတတ်တယ်။ ရေကန်များသို့မဟုတ်မြစ်များကနေ (PCBs နှင့်ပြဒါးကဲ့သို့) အန္တရာယ်ရှိသော ဓါတုပစ္စည်းများပါဝင်နိုင်တဲ့အတွက် စီးပွားဖြစ် သို့မဟုတ် မွေးမြူ ရေးငါးတွေကိုရှောင်ပါ။ သမားရိုးကျ ဖမ်းမိတဲ့ငါးသို့မဟုတ်ဓါတ်ခွဲခန်းမှာ စမ်းသပ်ပြီးတဲ့ ငါးကို ရွေးချယ်ဖို့အကြံပြုပါတယ်။ ပလပ်စတစ်ရှောင်ကြဉ်ပါ တချို့ဓါတုပစ္စည်းတွေက အစားအစာသို့မဟုတ်အချိုရည်ထဲသို့ ပလတ်စတစ်ထဲက စိမ့်ထွက်နိုင်တဲ့အတွက် မှ BPA မပါတဲ့ပလတ်စတစ်အသုံးပြုသူများအတွက်တောင် အန္တရာယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်စေမယ့် လျှို့ဝှက်ချက်များ

ညစာကို မိသားစုလက်ဆုံစားပါ။ နောက်ဆုံးပြုလုပ်ထားတဲ့လေ့လာချက်အရ မိသားစုနဲ့အတူတူလက်ဆုံစားတဲ့ကလေးတွေဟာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး၊ ကိုယ်ဝန်ရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ အစားအသောက်မူမမှန်ခြင်းစတာတွေ ဖြစ်တာနည်းတယ်လို့ တွေ့ရပါတယ်။ နောက်ထပ်လေ့လာမှုတွေကတော့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ဆုံစားကြတဲ့ကလေးတွေမှာ ဝေါဟာရပိုမိုကြွယ်ဝခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားခြင်း စတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အပေါ် လက်ခံနိုင်ဖွယ်ရာအကောင်းဆုံး လေ့လာမှုကတော့ မီချီဂန်တက္ကသိုလ်က ပြုလုပ်ထားတဲ့ လေ့လာချက်ပါ။ ၁၉၈၁ နဲ့ ၁၉၉၇ခုကြား အမေရိကန်ကလေးတွေ သူတို့မိသားစုနဲ့ အချိန်ဘယ်လိုဖြုန်းတယ်ဆိုတာကို လေ့လာခဲ့ကြပြီး အိမ်မှာ မိသားစုနဲ့ ထမင်းအတူတူစားပြီး အချိန်ကုန်ကြတဲ့ကလေးတွေဟာ ပညာရေးမှာပိုထူးချွန်ကြပြီး အပြုအမူတွေလည်း ပိုပြီး ယဉ်ကျေးကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ထမင်းစားချိန်ဟာ ကျောင်းမှာ စာသင်နေတဲ့အချိန်တွေ၊ ဘာသာရေးကျောင်းတွေတက်နေရတဲ့အချိန်တွေ ဒါမှမဟုတ် အားကစားလုပ်ချိန်တွေထက် ပိုပြီး လွှမ်းမိုးမှုရှိပါတယ်။ ညစာအတူတူစားဖို့ သင့်မိသားစုအတွက် အဆင်မပြေနေဘူးလား။ ညစာအတူတူစားရမှ (ညစာစားချိန်မှ)လို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မကောင်းပါ

တစ်ခါတစ်ရံ မိဘများသည် သူတို့ကလေးများ အလွန် ဆူညံနေသောအခါ စိတ်အနှောင့်အယှက်ဖြစ်ကြပြီး တိတ် ဆိတ်သွားရင် ကောင်းလိမ့်မည်ဟု ဆုတောင်းသည်။ သို့သော်လည်း ကလေးများ အမှန်တကယ် တိတ်ဆိတ်သွား ပါက ဘာဖြစ်မလဲ။ သင့်ကလေးသည် မကြာသေးမီတွင် ပုံမှန် မဟုတ်ဘဲ တိတ်ဆိတ်သွားသည်ဟု သတိပြုမိပါသလား။ သင်သည် ထိုသို့ခံစားရပါက သင့်ကလေးတွင် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိကောင်းရှိနိုင်သည်။ အမှန်တွင် ၎င်းသည် ကလေးငယ်များတွင် အဖြစ်နည်းသော ပြဿနာတစ်ခု မဟုတ်ပါ။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ဆိုတာဘာလဲ။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းဆိုသည်မှာ လူများ စကားပြောရာတွင် ရှင်းလင်းသော စာကြောင်းများဖြစ်စေရန် မှန်ကန်သော စကားလုံးများ မရှာနိုင်သော ချို့ယွင်းချက် တစ်ခု ဖြစ်သည်။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိသောလူများသည် အခြားသူများပြောသည်ကို နားလည်ရန် လည်း ခက်ခဲနိုင်သည်။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း၏ လက္ခဏာတွေက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း