အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထင်မြင်ချက်အတိအကျမပေးနိုင်ပါ (သို့) ဆရာဝန်များကို အမြင်မှားစေတတ်သော မှုခင်းဆေးပညာဆိုင်ရာသက်သေထွက်ဆိုချက်တစ်ခု

လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှု (Sexual Assault) ဖြစ်လာပြီဆိုရင် တိုင်ကြားခြင်း၊ အစစ်ဆေးခံခြင်း၊ သက်သေထွက်ဆိုခြင်း စတဲ့နောက်ဆက်တွဲ လုပ်ကိုင်ဆောင်ရွက်စရာတွေပါ ကြုံလာရပါတယ်။ နစ်နာသူအနေနဲ့လည်း စိတ်ဒဏ်ရာများနဲ့ ကြုံတွေ့ခံစားနေရသည့်တိုင် ဒီအဆင့်များကိုတော့ မလွဲမသွေရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေအတွက် ကြုံရတာတစ်ခုက ဆရာဝန်ထွက်ဆိုချက်ကို အဓိပ္ပါယ်ကောက်ယူမှုလွဲခြင်း ဖြစ်ပါတယ်။ နားလည်မှုလွဲတတ်ကြတဲ့ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကတော့ လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ၊မရှိ ဆေးပညာအနေဖြင့် တိကျသောထင်မြင်ချက် မပေးနိုင်ပါ ဆိုတဲ့ သက်သေထွက်ဆိုချက်မျိုးကိုပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသတင်းတွေတက်လာရင် ဖော်ပြတဲ့အတိုင်း နားလည်မှုလွဲတဲ့ကိစ္စမျိုးတွေ တွေ့ရတတ်ပါတယ်။ ဘာကြောင့်နားလည်မှုလွဲတတ်ကြသလဲ အဲဒီထွက်ဆိုချက်ဟာ တကယ်တော့ ကျူးလွန်မှုမဖြစ်ခဲ့ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ကျူးလွန်ခဲ့ခြင်းရှိမရှိ ပြောနိုင်တဲ့အထောက်အထားမရှိခြင်းကြောင့် ထင်မြင်ချက် အတိအကျမပေးနိုင်ဆိုတဲ့ သဘောသာဖြစ်ပါတယ်။ ဒါပေမယ့် လူအများဟာ အရပ်စကားနဲ့ တခြားအကြောင်းခြင်းရာတွေအရ ကျူးလွန်မှုထင်ရှားတယ်လို့ ထင်မြင်ယူဆနေချိန်မှာ ဆရာဝန်ဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူနာများ၏ တာဝန်ဝတ္တရားများ

လူအများ ခေတ်မီတိုးတက်လာခြင်း၊ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားလာခြင်း၊ သတင်းအချက်အလက်များစီးဆင်းမှု မြန်ဆန်လာခြင်းနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာလည်း အများကြီးပြောင်းလဲလာပါတယ်။ လူနာများဟာ ယခင်ကလို ဆရာဝန်ရဲ့ ကုသမှုတွေကို မျက်စိမှိတ်လက်ခံခြင်း မပြုတော့ဘဲ မကျေလည်တဲ့အချက်တွေရှိရင် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်ခံခြင်း/ငြင်းပယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။ ဆရာဝန်များ၊ ဆေးရုံများရဲ့ ပေါ့ဆမှုအတွက် တရာစွဲဆိုမှုတွေလည်း နောက်ပိုင်းမှာ များပြားလာပါတယ်။ ကမ္ဘာ့ဆေးပညာအသင်းကြီးကနေ လူနာတွေရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လစ္စဘွန်းကြေငြာစာတမ်းဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ သတင်းအချက်အလက်ခေတ်မှာ လူနာများရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး အတော်လေး နိုးကြားလာပါတယ်။ ဒီနေရာမှာ သတိချပ်သင့်တာက အခွင့်အရေးနဲ့ရပိုင်ခွင့် (Right) ရဲ့တဖက်မှာ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း (Responsibility) ဆိုတာ ရှိနေပါတယ်။ လူနာများဟာ ဆေးကုသမှုခံယူချိန်မှာ ဘယ်လိုအခွင့်အရေးတွေ ရသင့်သလဲဆိုတာ သိထားသင့်သလို တာဝန်ယူရတဲ့အပိုင်းတွေကိုလည်း နားလည်ထားဖို့လိုပါတယ်။ လူနာတစ်ဦးရဲ့ တာဝန်များနဲ့ ပတ်သက်ပြီး အမျိုးမျိုးသတ်မှတ်ထားကြတာရှိပေမယ့် အဓိကသဘောတရားတွေကတော့ အတူတူပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာဖော်ပြလိုတဲ့ […]


အခြေခံကျန်းမာရေး

လူနာကို အသိပေးမှာလား

“ဆရာရယ် အမေ့ကို အသိမပေးပါနဲ့ဦး” “အဖေ့ရှေ့မှာတော့ သူ့ရောဂါအကြောင်း မပြောပါနဲ့ ဆရာ၊ သူမသိစေချင်သေးလို့ ဆရာ့ကို သတ်သတ်လာတွေ့တာ” “ဆရာဝန်တွေကလည်း လူနာအရှေ့ရောဂါ အကြောင်းလျှောက်ပြောနေတယ်။” လူနာတစ်ယောက်တွင် ကင်ဆာကဲ့သို့သော ရောဂါ ကြီးကြီးမားမားတစ်ခု ဖြစ်သည့် အခါ လူနာရှင်များထံမှ ကြားနေကျ စကားသံများဖြစ်သည်။ လူနာရှင်များအနေနှင့် လူနာကို ရောဂါအကြောင်း ပေးမသိစေချင်ကြသည်က များသည်။ တစ်ခါတရံ ဆရာဝန် ဆရာမများက လူနာကို ရောဂါအကြောင်း အသိပေးလိုက်လျှင် အပြစ်ပင်တင်တတ်ကြသည်။ ထိုအလေ့အထသည် မှန်ကန် ပါရဲ့လား။ လူနာအနေနှင့် ရောဂါ အကြောင်းသိသွားလျှင် အများအားဖြင့် လူနာတစ်ယောက်အနေနှင့် ရောဂါအကြောင်းသိရှိသွားလျှင် စိတ်ဓါတ်ကျခြင်းဖြစ်သွားမည်ကို စိုးရိမ်တတ်ကြသည်။ စိတ်ထောင်း၍ ကိုယ်ကြေသည် ဟူသော အဆိုကို လက်ခံကြသည်နှင့် အညီ စိတ်ဓါတ်ကျပြီး ရောဂါပိုတိုးသွားမည် သက်တမ်းပိုတိုသွားမည်ကို စိုးရိမ်တတ်ကြသည်။ ထိုစိုးရိမ်မှုသည် မှန်သင့်သလောက် မှန်သော်လည်း တစ်ဖက်ကပြန်တွေးလျှင် လူနာအနေဖြင့် […]


အခြေခံကျန်းမာရေး

ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ။ ။

ကိုယ့်ဗိုက်ထဲမှာ ရှိနေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲပက်သက်ပြီး ငယ်ငယ်တည်းက မှားသိနေတဲ့ အယူအမှားတွေ ရှိပါတယ်။ ကိုယ်ကြားဖူးနေကျ နားရည်ဝနေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာ ကြည့်ရအောင်။ ။ ပီကေတွေ မျိုချမိရင် အူမှာကပ်နေတတ်တယ်။ ။ ပီကေမျိုချမိရင် အူမှာကပ်နေတတ်တယ်။ အန္တရာယ်ရှိတယ်ဆိုတာမျိုးတွေ ငယ်ငယ်က ပီကေစားရင်း လူကြီးတွေပြောတာ ကြားဖူးမှာပါ။ တကယ်တော့ ဒါဟာ မှားနေတဲ့ အယူအဆပါ။ ပါးစပ်ထဲမှာ ပီကေဝါးနေရင် မကပ်အောင် တံတွေးက ကူညီသလိုပဲ မတော်တဆမျိုချမိတဲ့ ပီကေကို အူနဲ့ အစာအိမ်မှာ ကပ်မနေအောင်လို့ ဆောင်ရွက်ပေးတဲ့ အစာခြေရည်ေတွ ရှိပါတယ်။ ဒါကြောင့် ကိုယ် မတော်တဆ ပီကေမျိုချလိုက်ပြီဆိုရင် စိုးရိမ်မနေပါနဲ့။ ရက်အနည်းငယ်ကြာရင် ဝင်သွားတဲ့ ပီကေက ဝမ်းနဲ့ အတူပြန်ပါသွားမှာပါ။ မာလကာစေ့မျိုချမိရင် အူအတက်ရောင်တတ်တယ်။ ။ ငယ်ငယ်တုန်းကဆို မာလကာသီးစားရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ

လူအများဟာ နေထိုင်ကောင်းနေစဉ်မှာ ကျန်းမာရေးရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။ နာမကျန်းဖြစ်ချိန်မှသာ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းသင့်သလဲ နည်းလမ်းတွေ ရှာဖွေကြတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူအများစု မှားယွင်းလုပ်ဆောင်နေတတ်တဲ့ ကျန်းမာရေး အတွက် အရေးကြီးတဲ့ နေထိုင်မှုပုံစံေတွကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ က ဘာတွေ ဖြစ်မလဲ။ မနက်စာလွတ်ခြင်း မနက်စောစော breakfast စားခြင်းဟာ တနေ့တာအတွက် အားအင်တွေဖြည့်လိုက်ခြင်း ဖြစ်ပါတယ်။ သင့်ရဲ့တနေ့တာကိုမနက်စာမစားဘဲ စတင်လိုက်ခြင်းဟာ ဆီနည်းနေတဲ့ မော်တော်ကားနဲ့ ခရီးစတင်သလိုပါပဲ။ တဖြည်းဖြည်းနဲ့ ထိုးရပ်ချင်နေပါလိမ့်မယ်။ ဒါ့အပြင် မနက်စာမစားတဲ့အကျင့်ဟာ ဆီးချိုရောဂြါဖစ်ပွားနိုင်ခြေနဲ့ အဝလွန်ရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကိုစားသုံးခြင်းဟာ ဇီဝဖြစ်ပျက်မှုတွေကို အထောက်အကူပြုစေပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ တနေ့တာ လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ကျောပိုးအိတ်၊ လက်ကိုင်အိတ်အလေးကြီးများကို သယ်ဆောင်ခြင်း သင်ကတော့ တခါတရံလေးလံတဲ့အရာတွေကို ဘယ်လောက်တောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Poland syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်Poland syndrome ဆိုတာဘာလဲ။ Poland syndrome ကို 19ရာစုက British anatomist Sir Alfred Poland က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ Poland syndrome ဆိုတာ မွေးကတည်းက ကိုယ်ခန္ဓါတစ်ဖက်ခြမ်းတည်းပဲမှာပဲ ထူးခြားစွာပုံစံမမှန်မှုအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပါတယ်။ Poland syndrome ကို ခန္ဓါကိုယ်ရဲ့တစ်ဖက်ခြမ်းတည်းမှာရင်ဘတ်က ကြွက်သားဖြစ်တဲ့ pectoralis ကြွက်သားမပါခြင်း၊ နောက်ပြီး အဲ့တစ်ဖက်တည်းမှာပဲလက်ချောင်းလေးတွေက ဆက်နေခြင်းကို တွေ့ရပါတယ်။ Poland syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဆေးပညာစာပေများအရ တင်ပြချက်များအရ Poland Syndrome ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆပိုပြီးဖြစ်တယ်တွေ့ရတယ်လို့ဆိုပါတယ်။ ခန့်မှန်းချက်အရကတော့ အနီးစပ်ဆုံးကတော့ အယောက်တစ်သောင်းမှာ တစ်ယောက်နဲ့ အယောက်တစ်သိန်းမှာ တစ်ယောက်လို့အသစ်အသစ်တွေ့တဲ့ အခြေအနေအရတင်ပြထားပါတယ်။ Poland syndrome ဟာ ၇၅% လောက်က ခန္ဓါကိုယ်ရဲ့ညာဘက်အခြမ်းကို ပိုပြီးဖြစ်စေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Weill-Marchesani syndrome (ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း ဆိုတာဘာလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ရရှိတဲ့ တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးဖြစ်ပြီး မျက်လုံးတွင်းမှန်မကောင်းခြင်း၊ အရပ်ပုခြင်း၊ ခေါင်းတိုပြီးပြားခြင်းနှင့် အဆစ်တောင့်ခြင်းတို့ပါဝင်ပါတယ်။   ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ အရမ်းရှားတဲ့ရောဂါတစ်မျိုးပါ။ ဖြစ်ပွားနှုန်းက တစ်သိန်းမှာ တစ်ယောက်နှုန်းဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ အရပ်ပုခြင်း – ဒါပေမယ့် လက်၊ခြေထောက်၊ခန္ဓါကိုယ်နဲ့ ဦးခေါင်းအရွယ်အစားတို့ဟာ အရပ်အမြင့်နဲ့ အချိုးကျနေရပါမယ်။ အရွယ်ရောက်ပြီးယောက်ျားတစ်ယောက်အရပ်ဟာ ၄ပေ၈လက်မကနေ ၅ပေ၆လက်မ လောက်ရှိရမယ်ဖြစ်ပြီး အရွယ်ရောက်ပြီးမိန်းမတစ်ယောက်အရပ်ကတော့ ၄ပေ၃လက်မကနေ ၅ပေ၂လက်မလောက်ရှိရပါမယ်။ လက်ချောင်းတိုခြင်း အဆစ်တောင့်ခြင်း မျက်လုံးပြဿနာများရှိခြင်း – ကလေးဘဝမှာတည်းက တွေ့ရှိပြီး မျက်လုံးတွင်းမှန်သေးခြင်း၊ အဝေးအလွန်မှုန်ခြင်း၊ မျက်လုံးတွင်းမှန်နေရာမမှန်ခြင်းနှင့် အတွင်းတိမ်ဖြစ်ခြင်းတို့ပါဝင်ပြီး အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဆုတ်သွေးကြောအဆို့ရှင်ကျဉ်းခြင်း၊ Ductus arteriosus ကျန်ရှိနေခြင်းတို့လိုမျိုး နှလုံးပြဿနာများရှိခြင်း ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းလူနာတွေဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Weismann-Netter-Stuhl syndrome (ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ဆိုတာဘာလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဆိုတာ အရိုးတွင် မူမမှန်မှုများစွာဖြစ်သော အလွန်ရှားပါးသည့် မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြေသလုံးရိုး၂ခုမှာ လေးကိုင်းသဏ္ဍန်ဖြစ်နေပါမယ်။ တချို့လူတွေမှာ နံရိုး၊ တင်ပဆုံရိုး၊ ကျောရိုးနဲ့ လက်ရိုးတို့လိုမျိုး အခြားအရိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ တော်တော်ရှားတဲ့ အရိုးရောဂါတစ်မျိုးဖြစ်ပြီး ယောက်ျားလေးနဲ့ မိန်းကလေးဖြစ်ပွားနှုန်းတူညီကြပါတယ်။ ၁၉၅၄မှာစတင်တွေ့ရှိပြီး လူအယောက်၇၀လောက် ဖြစ်ပွားပြီးပြီလို့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့်လည်း ထိုရောဂါမျိုးဟာ ရှာဖွေရခက်ခဲတာကြောင့် လူထုထဲမှာဘယ်လောက်နှုန်းနဲ့ ဖြစ်ပွားနေတယ်ဆိုတာကို ဆုံးဖြတ်ရအဆင်မပြေပါဘူး။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ခြေသလုံးရိုး၂ချောင်း လေးကိုင်းသဏ္ဍန်ကွေးနေခြင်း ပေါင်ရိုးကွေးခြင်း ကိုယ်ကာယစွမ်းရည်ကို သိပ်မထိခိုက်တာကြောင့် ကလေးအရွယ်ရောက်တာတောင် မသိဘဲရှိနေတတ်ပါတယ်။ အရိုးကွေးတာတွေက ၂ဖက်လုံးမှာဖြစ်တတ်ပြီး တစ်ဖက်တည်းဖြစ်တာတော့ ရှားပါတယ်။ ခြေသလုံးရိုး တီဘီယာမှာ အတက်ထွက်နိုင်ပြီး ဓါတ်မှန်ဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Xeroderma pigmentosum (ဇီရိုဒါးမားပစ်မမ်တိုစမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဇီရိုဒါးမားပစ်မမ်တိုစမ် ဆိုတာဘာလဲ။ ဇီရိုဒါးမားပစ်မမ်တိုစမ် (XP) ဆိုတာ နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကို မခံနိုင်သောမွေးရာပါ အရေပြားရောဂါတစ်မျိုးပါ။ များသောအားဖြင့် နေရောင်ခြည်ဖြင့်ထိတွေ့သော နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အရေပြား၊ မျက်ခွံနဲ့ မျက်လုံးမျက်နှာပြင်တို့က အထိခိုက်ဆုံးနေရာများဖြစ်သော်လည်း လျာထိပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ တချို့တွေမှာ အာရုံကြောတွေမှာ ထိခိုက်ခံရနိုင်ပါတယ်။ ဇီရိုဒါးမားပစ်မမ်တိုစမ်ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ XP ဟာ ယောက်ျားလေးကော မိန်းကလေးပါ ဖြစ်ပွားနိုင်ခြေတူပါတယ်။ ထိုရောဂါနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကို နေရာဒေသအချို့မျာ တွေ့ရှိရပါတယ်။ ထိုနေရာဒေသတွေမှာ XP ဖြစ်ပွားနှုန်းမြင့်မားကြပါတယ်။ အမေရိကန်နဲ့ ဥရောပတိုက်တို့မှာဆိုရင် ရောဂါဖြစ်ပွားနှုန်း လူ၁၀သိန်းမှာ ၁ယောက်ပါ။ ဂျပန်မှာဆိုရင် ပိုဖြစ်ကြပြီး ဖြစ်ပွားနှုန်းက အယောက် ၂သောင်း၂ထောင်မှာ ၁ယောက်ပါ။ မြောက်အာဖရိကဒေသများ (ဥပမာ တူနီးရှား၊ အယ်ဂျီးရီးယား၊ မော်ရိုကို၊ လစ်ရာ၊ အီဂျစ်)နဲ့ အရှေ့အလယ်ပိုင်းဒေသများ (ဥပမာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Carney complex (Carney ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carney ရောဂါစု ဆိုတာ ဘာလဲ။ Carney ရောဂါစုဆိုတာ ရှားပါးတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါစုတစ်ခုဖြစ်ပြီး ၎င်းရဲ့ဝိသေသလက္ခဏာတွေကတော့ အရေပြားမှာ အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ခန္ဒါကိုယ်မှာ lentiginosis ခေါ် အမည်းရောင် သို့မဟုတ် အညိုရောင် အစက်အကွက်များ နေရာအနှံ့ဖြစ်ပေါ်ခြင်း၊ အရေပြားနှင့် နှလုံးမှာ (များသောအားဖြင့် ကင်ဆာမဟုတ်တဲ့) myxoma ခေါ် အကျိတ်များ ဖြစ်ပေါ်ခြင်း၊ ကင်ဆာမဟုတ်တဲ့ တွယ်ဆက်တစ်ရှူးအကျိတ်များ ဖြစ်ပေါ်ခြင်း၊ schwannoma ခေါ် အာရုံကြောအပေါ်လွှာအကျိတ်များ ဖြစ်ပေါ်ခြင်း၊ endocrine ဂလင်းတွေမှာ ကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်တဲ့အကျိတ်များ ဖြစ်ပေါ်ပြီး ၎င်းဂလင်းများ ပုံမှန်ထက်ပိုအလုပ်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါစုကို multiple neoplasia ရောဂါစုလို့လည်း ခေါ်ကြပြီး Carney’s Triad ရောဂါနဲ့ မတူညီပါဘူး။ Carney ရောဂါစုကို ၎င်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း