အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်း စွဲတတ်တယ် ဆိုတာ ဟုတ်လား

ထမင်းစားပြီး ရေမချိုးနဲ့နော် ရေချိုး ရင် ရေဖျဉ်း စွဲလိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။ တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်က ရေတွေ ဗိုက်ထဲဝင်သွားတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေ စုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန် ဖြစ်ပေမယ့် အသည်းက ပုံမှန် အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။ ဘာကြောင့် ရေဖျဉ်း စွဲသလဲ အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းအရွတ် ဖြစ်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ […]


အခြေခံကျန်းမာရေး

ဂက်စ်မီးဖိုသုံးရင် ဘာအန္တရာယ်တွေရှိနိုင်သလဲ

စနစ်တကျတပ်ဆင်ထားမယ်၊လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓါတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း ကာဗွန်မိုနောက်ဆိုဒ်ဟာ အလုံပိတ်နေရာတစ်ခုအတွင်းမှာဆိုရင် လူတွေကိုသေစေနိုင်တဲ့အထိပြင်းထန်တဲ့ အရောင်မဲ့၊အနံ့မဲ့တဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂက်စ်မီးဖိုအသုံးပြုချက်ပြုတ်နေတယ်ဆိုရင် မီးဖိုခန်းနဲ့အိမ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကပြင်ပလေထုအတွက် လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်းချက်ပြုတ်ရတာ ပုံမှန်ထက်ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ်ပိုစိတ်ပူရတာပါ။ တခြားအဆိပ်ဓါတ်ငွေ့များ ဂက်စ်မီးဖိုကို တပ်ဆင်မှုစနစ်မကျရင်၊လေထွက်ပေါက်မရှိရင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ဖော်မယ်လ်ဒီဟိုက်တို့လို အဆိပ်ဓါတ်ငွေ့တွေကိုရှူရှိုက်ရပါလိမ့်မယ်။လေထွက်ပေါက်တပ်ဆင်ထားရင်တော့ အဆိပ်ဓါတ်ငွေ့ထိတွေ့မှုကိုလျော့နည်းစေပါလိမ့်မယ်။   ဂက်စ်ယိုစိမ့်မှု ဂက်စ်ပိုက်ပေါက်နေမယ်ဆို အိမ်ထဲမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မတော်တဆ မီးလောင်စေနိုင်ပါတယ်။ ချို့ယွင်းနေတဲ့နေရာ ရှိမရှိကို အမြဲစစ်ဆေး၊ပြင်ဆင်သင့်ပါတယ်။ အိမ်ထဲမှာ ဂက်စ်နံ့ရနေမယ်၊ ယိုစိမ့်နေပြီလို့သံသယရှိနေတယ်ဆို မီးဖိုနဲ့ ဂက်စ်အိုးကို တတ်ကျွမ်းသူခေါ်ပြီး စစ်ဆေးပါ။ မပေါ့ဆသင့်တဲ့ အိမ်သုံးပစ္စည်းထဲမှာ ဂက်စ်မီးဖိုတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ အန္တရာယ်နည်းအောင်ဘယ်လိုလုပ်ရမလဲ ဂက်စ်မီးဖိုသုံးပြီး ချက်ပြုတ်နေတဲ့အခါ အိမ်ရှေ့ပိုင်းမှာ(မီးဖိုနဲ့အဝေးမှာ) ပန်ကာဖွင့်ထားပါ။ […]


အခြေခံကျန်းမာရေး

ရေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး

ကိုယ်ခန္ဓါရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို ရေဓါတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးလည်း ရှိပါသေးတယ်။ ကျွန်တော်တိုရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေအတွက် ရေဟာ မရှိမဖြစ် အရေးကြီးပါတယ်။ ခန္ဓါကိုယ်ကနေ လိုအပ်တဲ့ရေဟာ ပါးစပ်ကနေပဲ အဓိကဝင်ရောက်ပါတယ်။ ရေဟာအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါတယ်ဆိုပေမယ့် ညစ်ညမ်းမှုတဲ့ရေကတော့ ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။ မိမိတို့နေထိုင်ရာဝန်းကျင်က ရေထုဟာ အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေရင် လူထုနဲ့ချီတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပွားရပါတယ်။ ရေထုညစ်ညမ်းရခြင်းရဲ့ အကြောင်းအရင်းများ ကျွန်တော်တို့ ပတ်ဝန်းကျင်က ရေထုကို ညစ်ညမ်းစေတဲ့ အဓိကအကြောင်းအရာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အိမ်ရာများ၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးရေညစ်များကို မပြုပြင်ဘဲ မြစ်ချောင်းများထဲသို့ စွန့်ပစ်ခြင်း စက်ရုံများမှ ဓါတုပစ္စည်းများ စွန့်ထုတ်ခြင်း မြို့ပြများဖွံ့ဖြိုးလာရမှ ညစ်ညမ်းမှုမြင့်တက်လာခြင်း ရုပ်ကြွင်းလောင်စာများ မီးလောင်ရာမှ အက်ဆစ်မိုးများ ရွာချခြင်း ရေနံဓါတုပစ္စည်းများ ဖိတ်စင်ခြင်း […]


အခြေခံကျန်းမာရေး

ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ

အိမ်ဆိုတာ လုံခြုံမှုအကာအကွယ်ပေးထားတဲ့ အရိပ်အမြုံတစ်ခုလို့ လက်ခံယုံကြည်ထားကြပါတယ်။ အိမ်ပြန်ရောက်ရင် စိတ်ထဲလုံခြုံမှုကိုခံစားရသလို စိတ်လက်ပေါ့ပါးသွားကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်အိမ်ထဲမှာရှိသမျှအရာတွေအားလုံးက မိတ်ဆွေစစ်တွေမဟုတ်ကြပါဘူး။ အကူအညီရတာ၊အသုံးဝင်တာမှန်ပေမယ့် အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ အိမ်တွင်းရန်သူတွေပါဝင်နေပါတယ်။ ပစ္စည်း အရွယ်အစားသေးငယ်ရင်တောင် သတိမမူမိရင် အသက်အန္တရာယ်အထိဖြစ်လာနိုင်တဲ့ အနေအထားတွေရှိနိုင်ပါတယ်။ အိမ်မှာရှိနေကျပစ္စည်းတွေက အမြဲတမ်းပုံမှန်ဆို ဘာမှမဖြစ်ပေမယ့် အခန့်မသင့်ရင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို သတိထားသင့်ပါတယ်။ ကိုယ့်မိသားစုမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရှိတယ်ဆို ပိုသတိထားရမှာပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။ ဓါတ်ခဲပိစိလေးတွေ အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓါတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေမျိုချမိနိုင်ပါတယ်။Nine-volt ဓါတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီးပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ တီဗီ ဘယ်သူမဆိုဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကိုအောက်ခြေမငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့အပြင် လျပ်စစ်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကိုလည်း သတိထားကိုင်တွယ်ပါ။ ဂက်စ်မီးဖို ဂက်စ်မီးဖိုတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးနဲ့အရက် နီးနီးကပ်ကပ်သောက်မိရင် ဘာဖြစ်တတ်လဲ ။ ။

ဆေးသောက်ပြီးရင် အရက်ေသာက်လို့ရလား၊ အရက်သောက်ပြီးရင်ရော ဆေးသောက်လို့ရသေးလား။ ဆေးတိုင်း အရက်နဲ့တွဲသောက်လို့ရလား။ အရက်မတည့်တဲ့ ဆေးတွေရှိလား။ ။ ဆေးနဲ့ အရက်တွဲသောက်မိရင် ဘာဖြစ်တတ်လဲ။ အရက်နဲ့ မတည့်တဲ့ ဆေးတွေက ဘာတွေလဲ ။ ။ ဆိုတဲ့မေးခွန်းတွေ မကြာခဏကြားရတတ်ပါတယ်။ Disulfiram-like reactions ဆိုတာ ဘာလဲ။ ။ အရက်နဲ့တွဲသောက်လို့ မဖြစ်တဲ့ ဆေးတွေရှိပါတယ်။ အဲဒါကို မသိဘဲ သောက်လိုက်မိရင် ကိုယ်ခန္ဓါမှာ တစ်ချို့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါကို ဆေးပညာအရ Disulfiram-like reactions လို့ခေါ်ပါတယ်။ acetaldehyde syndrome လို့လည်း လူသိများပါတယ်။ Disulfiram-like reactions ကဘယ်လိုပေါ်လာတာလဲ ။ ။ Disulfiram လို့ခေါ်တဲ့ဆေးတစ်မျိုးရှိပါတယ်။ အရက်သမားတွေကို အရက်ြဖတ်အောင် လုပ်တဲ့အခါ အဲ့ဒီ Disulfiram ဆေးကိုတိုက်လေ့ရှိပါတယ်။ သူကို့သောက်ပြီး အရက်သောက်လိုက်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်

အချိန်နဲ့ အမျှ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူအများစုဟာ လှုပ်ရှားသွားလာပြီး ရုန်းကန်နေရတာထက် ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ အချိန်တွေ ပိုများလာပါတယ်။ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ သက်တောင့်သက်သာရှိတယ်။ အချိန်ကုန် လူပင်ပန်းမဖြစ်ဘူး။ ဒီလို အထိုင်များလာတဲ့အခါ ကျန်းမာရေးမှာ ပြဿနာဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လူတွေက သတိမထားတတ်ကြပါဘူး။ ကျောင်းနေအရွယ်မှာလည်း စားပွဲပေါ်မှာပဲ ထိုင်ပြီး စာတွေ လုပ်နေရတယ်။ အိမ်စာတွေ မပြီးမှာ စိုးတဲ့ မိဘေတွက ကလေးေတွကို အိမ်အောက်ဆင်းပြီး သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားခွင့်မပေးတော့ဘူး။ အသက်ကြီးလာတော့လည်း လုပ်ငန်းခွင်မှာ မနက်ကနေ ရုံးဆင်းတဲ့အချိန်ထိ ငြိမ်ငြိမ်လေး ထိုင်နေရတယ်။ အိမ်ရောက်တော့လည်း အလုပ်ဒဏ်တွေ ပိပြီး လူက လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိတော့ဘူး။ ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ရုပ်ရှင်တွေ ကြည့်ကြတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များလာတဲ့ ဘဝဟာ အချိန်ကြာလာတာနဲ့အမျှ […]


အခြေခံကျန်းမာရေး

မျက်နှာကို လက်နဲ့မထိပါနဲ့

တစ်နေ့မှာ ဘယ်နှကြိမ်လောက် မျက်နှာကို လက်နဲ့ထိတတ်လဲ။ မျက်နှာသစ်တဲ့အချိန် မိတ်ကပ်လိမ်းတဲ့အချိန်မဟုတ်ဘဲလေ။တော်တော်များများပဲမဟုတ်လား။ လက်ကအားနေတိုင်းဖြစ်ဖြစ်၊တစ်ခုခုတွေးနေရင်းဖြစ်ဖြစ် လက်ကရောက်မှန်းမသိ မျက်နှာပေါ်ရောက်ရောက်သွားတတ်တယ်ဟုတ်။ လက်ကနေရာတိုင်းကိုထိတွေ့နေတာပါ။ တံခါးလက်ကိုင်ဘုတွေကို ကိုင်ရတာလည်း ဒီလက်ပဲ။ ဖုန်းသုံးရင်လည်း ဒီလက်ပဲ။ ဖိနပ်စီးလည်း ဒီလက်ပဲ။ ဘာလုပ်လုပ်လက်ချောင်းတွေကို အများဆုံးအသုံးပြုရတာပါ။ အရာရာကိုထိတွေ့နေရတဲ့ လက်ချေင်းတွေမှာ ဘက်တီးရီးယားတွေက ထောင်နဲ့ချီပြီးရှိနေနိုင်ပါတယ်။ ဒီလိုမျိုးအရာရာမှာ အသုံးဝင်တဲ့ဒီလက်တွေက မျက်နှာအသားအရေအတွက်တော့ရန်သူပါပဲ။ မျက်နှာကို လက်နဲ့ထိရင် ဘာဖြစ်လာမလဲ မျက်နှာကို လက်နဲ့ထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေကို မျက်နှာပေါ်တင်ပေးလိုက်သလိုဖြစ်ပြီး အရေပြားထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ မျက်နှာကိုလက်နပြထိရုံတင်မဟုတ်ဘဲ ကုတ်မယ်။ ဖဲ့မယ်ဆိုရင်တော့အရေပြားကရောင်ရမ်းပိုးဝင်တာမျိုးတွေအထိတောင်ဖြစ်လာနိုင်ပါတယ်နော်။ မျက်နှာကို လက်နဲ့ခဏ ခဏထိတွေ့တဲ့အခါ - ရောဂါပိုးတွေပြန့်နိုင်တယ် လက်ချောင်းက ကီးဘုတ်တွေကိုထိတွေ့ထားသလို၊မောက်စ်၊ ပိုက်ဆံ၊ခြေထောက်၊ဖိနပ် နဲ့ အခြားသောအရာတွေကို ထိတွေ့မိနိုင်ပါတယ်။ ဒီအရာတွေမှာဘက်တီးရီးယားတွေရှိနေနိုင်ပြီး လက်ချောင်းတွေမှာ ကပ်ငြိလာနိုင်ပါတယ်။ လက်ချောင်းတွေနဲ့ မျက်နှာကိုထိတွေ့လိုက်တဲ့အခါ ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကို အခမဲ့ပို့ဆောင်ပေးလိုက်သလိုဖြစ်သွားပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အရေပြားပြဿနာတွေကို ပိုဆိုးစေနိုင်တယ် ဝက်ခြံတွေကို […]


အခြေခံကျန်းမာရေး

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ရအောင်

စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ပူပန်တဲ့အခါ၊ တစ်ခုခုတွေးနေတဲ့အခါမျိုးမှာ လူတွေက အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ အပြုအမူလေးတွေရှိနေတတ်ပါတယ်။ ဒါကကိုယ်ပိုင်အမှတသညာတစ်ခုပေါ့။ စာဖတ်ပရိသတ်ကြီးရော ဘာလုပ်တတ်တာလဲ။ခေါင်းကုတ်နေတတ်တာလား။ မျက်နှာကို ပွတ်မိနေတတ်တာလား။လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေလှုပ်နေတတ်တာလား။ ဒါမှမဟုတ် လက်သည်းကိုက်တတ်တာလား။ ကျန်တာတွေကပြဿနာမရှိပေမယ့် သင်က လက်သည်းကိုက်တတ်တဲ့သူဆိုရင်တော့ ဒီအကျင့်ကပြင်မှဖြစ်မှာပါ။ ကလေးမို့လက်သည်းကိုက်တာကမေမေဖေဖေတွေမှာ တာဝန်ရှိတာဆိုပေမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီ လက်သည်းကိုက်နေသေးရင်တော့ သတိထားပြီးပြင်ရပါတော့မယ်။ လက်သည်းကိုက်တာကို ရပ်တန့်သင့်တဲ့အကြောင်းအရင်းတွေ လက်သည်းကိုက်တာကပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ခပ်ပေါ့ပေါ့သဘောထားရမှာတော့လည်း မဟုတ်ပါဘူး။ လက်သည်းကိုက်တဲ့အခါ - လက်သည်းတွေပျက်စီးလာနိုင်တယ် - လက်သည်းကိုက်တာက အချိန်ကြာလာတာနဲ့အမျှ လက်သည်းနဲ့ လက်သည်းတဝိုက်က တစ်ရှုးတွေထိခိုက်ပျက်စီးစေပြီး လက်သည်းရဲ့ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းတွေကိုလည်း ပုံမကျ ပန်းမကျဖြစ်စေနိုင်ပါတယ်။ အပြုံးလှလှလေးတွေပျောက်ဆုံးလာနိုင်တယ် - လက်သည်းကမာကြောတဲ့အရာပါ။ ဒီမာကြောတဲ့အရာကို ကိုက်နေတဲ့အခါ သွားတွေက ပျက်စီးလာနိုင်ပါတယ်။ရေရှည်မှာ လက်သည်းကိုက်တာကြောင့်မေးရိုးပြဿနာတွေတောင်ရှိလာနိုင်ပါတယ်။ အပြုံးလေးတွေလှပချင်ရင် လက်သည်းကိုက်တဲ့အကျင့်ကိုဖျောက်ပါ။ နာမကျန်းဖြစ်စေနိုင်တယ် - လက်တွေက ဘက်တီးရီးယားတွေရဲ့ အဓိကနားခိုရာနေရာပါ။ လက်သည်းလေးတွေအောက်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပဋိဇီဝဆေးတွေ ဘာလို့အလွယ်မသောက်သင့်တာလဲ

နေမကောင်းများဖြစ်လာရင် ဒီဆေးသောက်ရင်ပျောက်မယ်ဟဲ့ ဆိုပြီး ပုံသေမှတ်ထားတတ်ကြတာဆိုးပါတယ်။ အရင်တခေါက်ဖျားတုန်းကဆေးဆိုင်ကပေးလိုက်တာ ဒါမှမဟုတ် ဆရာဝန်ကညွှန်းလိုက်တာနဲ့ သက်သာဖူးတော့ ဒီတခါလည်း ဒီဆေးပဲသောက်မယ်လို့တွေးတာမျိုးပါ။ဆေးဆိုင်တွေကပေးတဲ့ စပ်ဆေးဆိုတာ ဘာတွေထင်ပါသလဲ။ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝဆေးတွေကိုရောစပ်ထားတာပါ။ တချို့ဆို ဆေးခန်းမှာ ပဋိဇီဝဆေးတွေမတိုက်ဘူးလား ဆရာဝန်ကိုတောင်းဆိုတာတာတောင်ရှိပါသေးတယ်။ ဒါပေမယ့် ဆရာဝန်တွေက အဲဒီပဋိဇီဝဆေးတွေကို လိုအပ်တဲ့အခါမှ ပေးလေ့ရှိပါတယ်။ ပဋိဇီဝဆေးေတွကို ဘာလို့အလွယ်ရမ်းမသောက်သင့်တာလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။ ဆရာဝန်က ပဋိဇီဝဆေးေတွကို နေမကောင်းတိုင်း ဘာလို့ပေးမသောက်တာလဲ အအေးမိတာ၊ ဖျားနာတာတွေကို ချက်ချင်းဖျတ်ခနဲပျောက်ကင်းစေဖို့တောင့်တနေတာလား။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်သုံးတာက ကိုယ့်ကျန်းမာရေးအတွက်ရေရှည်မှာ အကျိုးဆက်မကောင်းနိုင်ပါဘူး။ပဋိဇီဝဆေးဝါးတွေ မလိုအပ်ဘဲသောက်ပါများရင်ဆေးယဉ်ပါးတဲ့အဆင့်ရောက်မှာ သိပ်ကြောက်စရာကောင်းပါတယ်။ အအေးမိ၊ချောင်းဆိုး၊ လည်ချောင်းနာ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်မဟုတ်တဲ့အတွက် ပဋိဇီဝဆေးတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သည်လိုအနေအထားမျိုးမှာ မဆီမဆိုင် ပဋိဇီဝဆေးတွေချည်းသောက်တာများလာတဲ့အခါ ဒီဆေးတွေနဲ့ထိတွေ့မှုများလာတဲ့ ဘက်တီးရီးယားအခံတွေက သန္ဓေပြောင်းပြီး ခံနိုင်ရည်ရှိလာပါတယ်။ ဥပမာStaphylococcus aureus ဟာ နှာခေါင်းထဲ သို့မဟုတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ကိုယ်ခန္ဓါမှာ ဘာတွေဆက်ဖြစ်သေးလဲ ။ ။

သေခြင်းတရားဆိုတာ ရှောင်လွဲလို့မရတဲ့ လောကနိယာမ တစ်ခုဆိုတာ လူတိုင်းလက်ခံထားကြတဲ့အရာတစ်ခုပါ။ လူတစ်ယောက် မွေးဖွားလာပြီဆိုကတည်းက တစ်နေ့ကျရင်သေရမယ့်လူချည်းပါပဲ။ မွေးဖွားပြီး နောက်ပိုင်း ကြီးထွားလာမှု အဆင့်ဆင့်ကိုသာ လူတွေသိကြပေမယ့် သေသွားပြီး နောက်ပိုင်း ၁၂ နာရီအတွင်း ကိုယ်ခန္ဓါမှာ ဘာပြောင်းလဲမှုတွေ ဖြစ်သလဲဆိုတာ သေသွားတဲ့သူကိုယ်တိုင်လည်း မသိနိုင်တဲ့အပြင် ကျန်ရစ်ခဲ့တဲ့ မိသားစုလည်း ဘယ်သူမှ အတွင်းကျကျ မသိကြပါဘူး။ စာဖတ် ပရိသတ်ကြီးရောသိချင်ကြလား။ ။ သေပြီးနောက် ၁၂ နာရီအတွင်း ဆက်ဖြစ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ။ ။ ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် အသက်ဝိညာဉ်မရှိတော့လို့ ကျန်ခဲ့တဲ့ ရုပ်အကြွင်းကြီးလည်း ချက်ချင်း သူလုပ်နေတဲ့ အလုပ်တွေကို ရပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ။ သေအံ့ဆဲဆဲ အခိုက်အတန့်။ ။ ခုန်နေကျ ဘယ်ဘက်တစ်ခြမ်းက နှလုံးလေးလည်းမခုန်တော့ဘူး၊ နှာသီးဖျားလေးက လေဝင်လေထွက်လည်း မရှိတော့တဲ့ အချိန်ဆို အသက်မရှိတော့ဘူးလို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း