အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်ကုသမှုပြီးနောက် ဂရုစိုက်သင့်သည်များ

ခွဲစိတ်မှုပြုလုပ်ပြီးတဲ့လူနာတစ်ယောက်လုပ်ဖို့လိုအပ်တာကသူ့ကိုယ်သူသေချာဂရုစိုက်တာပါဘဲ။ ဒါကသင့်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ကိုအထောက်အကူပြုတဲ့အပြင်ဒဏ်ရာကိုရောဂါပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။   ခွဲစိတ်မှုပြီးတဲ့အခါ သင်ဘာတွေခံစားရနိုင်သလဲ ။ ခွဲစိတ်မှုပြီးတဲ့အခါမှာသင်ဟာ မေ့ဆေးအရှိန်ကြောင့်အားနည်းပြီးရီဝေဝေခံစားရနိုင်ပါတယ်။ ဆရာဝန်ကသင့်ကို ပိုက်နဲ့ဲပဲဖြစ်ဖြစ်နှာခေါင်းအုပ်နဲ့ပဲဖြစ်ဖြစ် အောက်ဆီဂျင်ထောက်ပံ့ပေးပါမယ်။ မေ့ဆေးရှိန်ကြောင့်ဖျားနာခြင်း၊အန်ခြင်းတွေလည်းဖြစ်နိုင်ပါသေးတယ်။ သင့်ကိုဒါတွေကနေသက်သာစေဖို့ဆရာဝန်ကဆေးပေးပါလိမ့်မယ်။ ဒါ့အပြင်သင်ဟာနှုတ်ခမ်းခြောက်ခြင်း၊လည်ချောင်းနာခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့သူနာပြုကခွဲစိတ်မှုအပြီးသင်ကျန်းမာမှုရှိမရှိသေချာဖို့အတွက်သင့်ရဲ့သွေးဖိအားနဲ့အပူချိန်ကိုလာတိုင်းမှာပါ။ ခွဲစိတ်ထားတဲ့ဒဏ်ရာကသင့်ရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေတဲ့အတွက်သင်ဂရုစိုက်မိနေပါလိမ့်မယ်။ သင့်အနေနဲ့ သေချာဂရုစိုက်မယ်ဆိုရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာကအများသောအားဖြင့်နှစ်ပတ်ဆိုကောင်းပါပြီ။ တကယ်လို့သင်က စတီးရွိုက်လိုမျိုးဆေးတွေသောက်နေရတာမျိုး၊တခြားကျန်းမာရေးအခြေအနေရှိတာပဲမျိုးမျိုးဆိုရင်တော့နှစ်ပတ်ထက်ပိုကြာနိုင်ပါတယ်။   ဘယ်လိုဂရုစိုက်ရမလဲ ။ သွေးခဲခြင်းမဖြစ်ပါစေနဲ့။ သွေးမခဲစေဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင်သင့်အနေနဲ့နည်းနည်းလှုပ်ရှားနေပေးပါ။ အိပ်ရာပေါ်မှာပဲလှဲနေခြင်းကသင့်ကိုအနာမြန်မြန်မကျက်စေပါဘူး။ ဒါကသင့်ကိုသွေးခဲနိုင်ချေတောင်များစေပါတယ်။ ခြေထောက်လေ့ကျင့်ခန်းတွေလုပ်နေပေးတာကသင့်ကိုသွေးမခဲစေတော့ပါဘူး။ ခြေထောက်လေ့ကျင့်ခန်းဆိုတာကဘာမှခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒူးကိုကွေးလိုက်ဆန့်လိုက်ဒါမှမဟုတ် ခြေကျင်းဝတ်ကိုလှည့်လိုက်ဒါတွေပဲဖြစ်ပါတယ်။ သင်ခွဲစိတ်မှုအပြီးမှာဆရာဝန်ကသင့်ခြေထောက်သွေးလည်ပတ်မှုကိုအထောက်အကူပြုတဲ့ အထူးခြေအိတ်ကိုပေးချင်ပေးပါလိမ့်မယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတာတော့နားလည်အောင်လုပ်ပါ။ ရောဂါပိုးဝင်နိုင်ခြေကိုလျှော့ပါ။ ခွဲစိတ်ပြီးအနာမကျက်ခင်အချိန်မှာသင်ဟာရောဂါပိုးကူးစက်ဖို့လွယ်ကူနေပါတယ်။ ရောဂါပိုးကူးစက်နိုင်ချေနည်းဖို့အတွက်သင်ဟာဆရာဝန်နဲ့အနာကိုဘယ်လောက်ကြာအောင်ခြောက်သွေ့စေရမလဲမေးပြီးဆရာဝန်ပြောတဲ့အတိုင်းလိုက်နာသင့်ပါတယ်။ နေ့စဉ်ဒဏ်ရာကို ရောဂါပိုးဝင်နေလားဆိုတာစစ်ဆေးဖို့လည်းမမေ့ပါနဲ့။ ဒါ့အပြင်သင်မလုပ်သင့်တာတစ်ခုရှိပါသေးတယ်။ သင့်ရဲ့ဒဏ်ရာကိုကုတ်တာပဲဖြစ်ဖြစ် ၊ပွတ်တာပဲဖြစ်ဖြစ်လုပ်တာကအနာအတွက်မကောင်းပါဘူး။ ကပ်ထားတဲ့ပတ်တီးပြားတွေကိုဆရာဝန်မပြောဘဲမခွာပါနဲ့။ ဆရာဝန်ရေချိုးခွင့်မပေးမချင်းရေပတ်ဘဲတိုက်ပါ။ ဒါပေမယ့် ရေပတ်ပဲတိုက်တိုက်၊ ရေပဲချိုးချိုးသင့်ဒဏ်ရာကိုပလတ်စတစ်နဲ့အုပ်ထားရပါမယ်။ သင့်ရဲ့ခွဲစိတ်ထားသောချုပ်ရိုးကိုဂရုစိုက်ပါ။ ချုပ်ရိုးကိုချုပ်ကြိုး၊တွဲစက်ဒါမှမဟုတ်ခွဲစိတ်ခန်းသုံးကော်တွေနဲ့ပိတ်ထားပါလိမ့်မယ်။ တွဲစက်နဲ့တွဲထားတာဆိုရင်အနာကျက်တာနဲ့ဆရာဝန်ကတွဲစက်တွေကိုဖြုတ်ပေးပါမယ်။ ဒဏ်ရာကအများသောအားဖြင့်၅ရက်ကနေ၁၀ရက်အတွင်းကျက်ပါတယ်။ ချုပ်ကြိုးနဲ့ဆိုရင်တော့အချိန်ကြာလာလို့ချုပ်ကြိုး ပျောက်သွားတာပဲဖြစ်ဖြစ်ဆရာဝန်ကဖြည်ပေးတာပဲဖြစ်ဖြစ်လုပ်ပါလိမ့်မယ်။ ချုပ်ကြိုးစတွေ၊တွယ်စက်တွေ၊ ကော်တွေကိုလက်နဲ့ဆွခြင်းမပြုရပါဘူး။ တကယ်လို့ဒဏ်ရာကယားလာတယ်ဆိုရင်အယားပြေဖို့ဆရာဝန်ဆီကဆေးတောင်းနိုင်ပါတယ်။ တကယ်လို့ ချုပ်ရာကသွေးထွက်လာတယ်ဆိုရင်ပုဝါသန့်သန့်ကိုယူပြီး၅မိနစ်ခန့်ဖိအုပ်ထားနိုင်ပါတယ်။ တကယ်လို့အဲဒါကအလုပ်မဖြစ်ဘူးဆိုရင်ဆရာဝန်ခေါ်ပြီးဆေးရုံအရေးပေါ်ခန်းသွားပါ။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် နည်းလမ်းများ

ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ နှစ်စဉ်ပင် အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။ သူတို့ထဲက အချို့ဟာ ဒဏ်ရာ ရရှိမှုပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ကြပါတယ်။ ရုံးအလုပ်ပဲ ဖြစ်စေ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်ပဲ ဖြစ်စေ ဘယ်လိုအလုပ်အမျိုးအစားမှာမဆို ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ ကတော့ရှိနေပါတယ်။ သင့်ကိုယ်သင် အလုပ်လုပ်နေစဉ်မှာ အန္တရာယ် ကင်းအောင် အောက်ပါနည်းလမ်းတွေကို စိတ်ထဲမှာ အမြဲသတိရှိနေပါမယ်။   သင့်ရဲ့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အမြဲဂရုစိုက်ကာ သတိရှိနေပါ။ အလုပ်လုပ်သူများဟာ ၎င်းတို့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ မထားပဲ ဖြစ်သလိုနေခြင်းဟာ လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းအရင်း ဆိုတာကို သတိမပြုမိကြပါဘူး။ ဥပမာအားဖြင့် သင်အလုပ်လုပ်တဲ့ ကြမ်းပြင်ပေါ်မှ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေကြောင့် အလွယ်တကူ ချော်လဲနိုင်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်တယ်ဆိုတာကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးကြောထုံးရောဂါအကြောင်း သိကောင်းစရာများ

သွေးကြောထုံးခြင်းဆိုတာဘာလဲ သွေးပြန်ကြောတွေဟာဖောင်းပြီး ကြီးမားကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ခြေထောက်ဟာနာကျင်လေးလံပြီးသက်တောင့်သက်သာမရှိခြင်း ခြေဖမိုးနှင့် ခြေဆစ်များရောင်ရမ်းခြင်း ခြေထောက်ကြွက်တက်ခြင်း ခြေထောက်ရှိအသားအရေခြောက်သွေ့ပြီးအရောင်ပြောင်းလဲခြင်း   သင့်ရဲ့ဆရာဝန်ဟာ ဒီလက္ခဏာတွေပေါ် အခြေခံပြီးသွေးပြန်ကြောရောင်ခြင်းကိုရောဂါအတည်ပြုပါတယ်။ တခြားစစ်ဆေးမှုအချို့လည်းလုပ်ပါသေးတယ်။   သွေးကြောထုံးရောဂါကိုဘာတွေက ဖြစ်စေသလဲ သွေးပြန်ကြောတွေအတွင်းမှာရှိတဲ့ အဆို့ရှင်လေးတွေ ကောင်းစွာအလုပ်မလုပ်တော့ရင် ဖြစ်တတ်ပါတယ်။ ကောင်းမွန်တဲ့သွေးပြန်ကြောထဲမှာသွေးဟာ နှလုံးဆီကိုချောမွေ့စွာစီးဆင်းပါတယ်။ ဒီလိုစီးရာမှာသွေးကိုနောက်ကြောင်းပြန်မစီးအောင် အဆို့ရှင်လေးတွေဟာအပိတ်အဖွင့် လုပ်ပေးပါတယ်။ အဆို့ရှင်လေးတွေ အားနည်းသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ သွေးဟာနောက်ဘက်ကို ပြန်စီးဆင်းပြီးသွေးပြန်ကြောထဲမှာစုအိုင်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သွေးပြန်ကြောဟာဖောင်းပြီး ကြီးလာပါတယ်။ တချို့ကိစ္စတွေဟာသွေးပြန်ကြောထုံးခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ကိုယ်ဝန်ရှိခြင်း ကိုယ်အလေးချိန်များခြင်း အသက်ကြီးခြင်းစတာတွေ ဖြစ်ပါတယ်။   သွေးကြောထုံးရောဂါ ကိုဘယ်လိုကာကွယ်နိုင်လဲ သွေးကြောထုံးမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားအောင်တော့ကာကွယ်နိုင်ပါတယ်။ သွေးပြန်ကြောထုံးခြင်း ဖြစ်စဉ်ကို နှောင့်နှေးအောင် ကြိုးစားလို့လည်းရပါတယ်။ အနားယူခြင်းမရှိဘဲ ကြာရှည်စွာထိုင်ခြင်း၊ ရပ်ခြင်းများကိုရှောင်ကြည်ပေးရပါမယ်။ ထိုင်တဲ့အခါမှာခြေထောက်ချိတ်ထိုင်ခြင်းကိုရှောင်ကြဉ်ပေးသင့် ပါတယ်။ ထိုင်တဲ့အခါ၊ အနားယူတဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ပေးထားပါ။ […]


အခြေခံကျန်းမာရေး

နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အသစ်ဖန်တီးနိုင်မယ့် နည်းလမ်း

ဘဝကို ပုံမှန်လည်ပတ်နေကျအတိုင်း ဆက်သွား နေမယ်ဆိုရင်တော့ တခါတလေမှာ ပျင်းစရာကောင်းလှပါတယ်။ လက်ရှိ အနေအထား သည် ဘဝအခြေခံအုတ်မြစ်ကောင်းဖို့ နဲ့ ဘဝမှာကောင်းမွန်တဲ့အနေအထားတွေကို တွေ့ကြုံရနိုင်ဖို့အတွက် အရေးပါလှပါတယ်။ ထိုနည်းတူ အနာဂတ်အတွက် တက်တက်ကြွကြွတွေးခေါ်၊ လုပ်ဆောင် ခြင်းကလည်း အနာဂတ်ကောင်းမွန်ရေးအတွက် အရေးပါလှပါတယ်။ ပစ္စပ္ပုန် နှင့် အနာဂတ် အရေးနှစ်ခုကို မျှတမှုရှိစေဖို့ အရေးကြီးပါတယ်။ ဘဝကိုငြီးငွေ့မှုကင်းပြီး အမြဲတမ်း သစ်လွင်တဲ့ အနေအထားမျိုးနဲ့ ဖြတ်သန်းလိုတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်း ၇ သွယ်ကို တစ်ချက်ဖတ်ကြည့်ပါ။   ၁။ ခဏလောက် အချိန်ပေးစဉ်းစားလိုက်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခဏလောက်ဖြည်းဖြည်းချင်းစဉ်းစားပြီး မိမိနှလုံးသားရဲ့ ဆန္ဒကိုနားထောင်ကြည့်လိုက်ပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် လောလောနဲ့လုပ်နေမယ့်အစား ဖြည်းဖြည်းချင်းနဲ့ ဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်ကိုတွေးပေးပါ။ အခုလက်ရှိမှာ တကယ်ဘာလုပ်ချင်တာလဲ ဆိုတာကိုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ဆုံးဖြတ်ချက်ကိုအောင်မြင်ပြီးမြောက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အကောင်းဆုံးနည်း လမ်းကိုလည်းစဉ်းစားပါ။ ခဏလောက် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Amputation (ခြေလက် ခွဲစိတ်ဖြတ်တောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amputation (ခြေလက် ခွဲစိတ်ဖြတ်တောက်ခြင်း) ကဘာလဲ။ ခွဲစိတ်ဖြတ်တောက်ခြင်း ဆိုသည်မှာ ခြေလက်တစ်ခုလုံး (သို့) ခြေလက်အစိတ်အပိုင်းများ ၊ လက်ချောင်း၊ခြေချောင်းများ ခွဲစိတ်ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ ဒီလိုကုသမှုမျိုးကို ထိခိုက်ဒဏ်ရာ နဲ့ရောဂါဝေဒနာ၊ ရောဂါပိုးကူးစက်မှုတွေကို ကုသဖို့နဲ့ အရိုး၊ကြွက်သားတွေကနေ အကျိတ်တွေကို ဖယ်ရှားဖို့အတွက် နောက်ဆုံးနည်းလမ်း တစ်ခုအနေနဲ့သာ အသုံးပြုကြပါတယ်။ Amputation (ခြေလက် ခွဲစိတ်ဖြတ်တောက်ခြင်း) က အဖြစ်များသလား။ ဒီလိုဖြတ်တောက်ပစ်ရခြင်းတွေဟာ အလွန် အဖြစ်များပါတယ်။ အမျိုးသမီးတွေထက်အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ဒီလိုမျိုးပြုလုပ်ရခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အသက်၇၀နဲ့ အထက်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းတွေကို လျော့ချပြီးတော့ ရောဂါကို စီမံနိုင်ပါတယ်။ ပိုမိုသိရှိလိုသည်များအတွက် သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အန္တရာယ်နဲ့ နောက်တွဲဆိုးကျိုးများAmputation (ခြေလက် ခွဲစိတ်ဖြတ်တောက်ခြင်း) ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ ခြေလက်များ ခွဲစိတ်ဖြတ်တောက်ခြင်းဟာအောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်စေနိုင်ပါတယ်။ • နှလုံးရောဂါ။ ခန္ဓါကိုယ် […]


ရောဂါလက္ခဏာများ

Cough (ချောင်းဆိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cough (ချောင်းဆိုးခြင်း) ကဘာလဲ။ လေပြွန်တစ်လျှောက်မှ ဆဲလ်များလှုံ့ဆော်ခံရ သောအခါ ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုလှုံ့ဆော်မှုကြောင့် အဆုတ်ဟာ လေတွေကို ဖိအားပြင်းပြင်းနှင့် အပြင်သို့ထုတ်ပါတယ်။ ချောင်းဆိုးသည့်ကြာချိန်ပေါ် မူတည်ပြီး ရုတ်တရက်ချက်ချင်း ဖြစ်သောချောင်းဆိုး၊ နာတာရှည်ချောင်းဆိုးနှင့် ရုတ်တရက်လည်းမဟုတ် နာတာရှည်လည်းမဖြစ်သေးသော ချောင်းဆိုး အစသဖြင့်ရှိပါတယ်။ Cough (ချောင်းဆိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ချောင်းဆိုးတယ်ဆိုတာ သင့်အဆုတ်ကို ကာကွယ်ပေးတဲ့ပုံမှန် သဘာဝအလိုအလျောက် တုံ့ပြန်မှုဖြစ်ပါတယ်။ ၎င်းတုံ့ပြန်မှုကသင့်ရဲ့ လေပြွန်မှ မီးခိုးနှင့် ဖုန်ကဲ့သို့သေးငယ်သော အမှုန်စတဲ့ လှုံ့ဆော်ပစ္စည်းများကို သန့်ရှင်းပေးပြီး ပိုးမွှားများမဝင်အောင် ကာကွယ်ပေးပါတယ်။ အချိန်ကြာကြာ ချောင်းဆိုးခြင်းဟာ မနှစ်မြို့စရာ ဘေးထွက်ဆိုးကျိုးတွေကို ဖန်တီးတဲ့အပြင် မစစ်ဆေးပဲနေပါက အရမ်းကို အန္တရာယ်ရှိလာနိုင် ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCough (ချောင်းဆိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချောင်းဆိုးခြင်းဟာ […]


ရောဂါလက္ခဏာများ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကဘာလဲ။ ချောင်းဆိုးသွေးပါခြင်းဟာ အခြားသောရောဂါ တစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ အဆုတ်ပိုးဝင်ခြင်း၊ ကင်ဆာ နှင့် အဆုတ်တွင်း (သို့) သွေးကြောများထဲမှ ပြသနာဖြစ်ခြင်းတို့ ကဲ့သို့ ပြင်းထန်သောရောဂါ အခြေအနေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထွက်လာတဲ့သွေးဟာ သင့်လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်ထဲမှ ဖြစ်နိုင်ပါတယ်။ Coughing Blood (ချောင်းဆိုးသွေးပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ပျမ်းမျှအားဖြင့် အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCoughing Blood (ချောင်းဆိုးသွေးပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချောင်းဆိုးသွေးပါခြင်းဟာ ရောဂါတစ်ရပ်ရဲ့ လက္ခဏာသာ ဖြစ်တယ်။ ချောင်းဆိုးသွေးပါပြီးတဲ့အခါ နောက်ကလိုက်လာလေ့ရှိတဲ့ လက္ခဏာအချို့ကတော့ • ရင်ဘတ်အောင့်ခြင်း၊ • မူးဝေခြင်း၊ • ဖျားခြင်း၊ […]


ရောဂါလက္ခဏာများ

Dizzy (မူးဝေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dizzy (မူးဝေခြင်း) ကဘာလဲ။ မူးဝေခြင်းဆိုတာ ရောဂါ တစ်ခုမဟုတ်ပါဘူး။ သို့သော် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ရဲ့လက္ခဏာတစ်ရပ်တော့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မူးဝေခြင်း၊ ဦးခေါင်းလေးလံခြင်း၊ ခေါင်းမူးခြင်း စသဖြင့်ခံစားရလေ့ရှိပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး မူးဝေခြင်းကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ သို့သော် ၎င်းဟာ ခဏခဏလည်းဖြစ်နိုင်ပါတယ်။ များသောအားဖြင့် မူးဝေခြင်းဟာ ဆိုးရွားတဲ့ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သူ့အလိုအလျောက် ပျောက်သွားလေ့ရှိပါတယ်။ သို့မဟုတ်လျှင်လည်း ဖြစ်နေရတဲ့ အကြောင်းအရင်းကို ကုသခြင်းအားဖြင့် ပျောက်ကင်းသွားနိုင်ပါတယ်။ သို့သော် ဒီလိုမူးဝေခြင်းက သင့်ရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်လာပြီဆိုလျှင် ဆေးသောက်ပြီးတော့ ထိန်းချုပ်နိုင်ပါတယ်။ Dizzy (မူးဝေခြင်း) က ဘယ်လောက်အဖြစ်များသလဲ မူးဝေခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDizzy (မူးဝေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မူးဝေခြင်းဟာ ခံစားရတဲ့လက္ခဏာတစ်ခုမျှသာ ဖြစ်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Submandibular Gland Removal (မေးရိုးအောက် တံတွေးဂလင်း ဖယ်ရှားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မေးရိုးအောက် တံတွေးဂလင်းတွေဆိုတာ ဘာတွေလဲ။ သူတို့ဟာ တံတွေးထုတ်ပေးနိုင်တဲ့ ဂလင်းတွေပဲ ဖြစ်ကြပါတယ်။ သင့်ရဲ့ မေးရိုးအောက်ဘယ်ညာတစ်ဖက်တချက်စီမှာ ဂလင်းတစ်ခုစီနဲ့စုစုပေါင်းဂလင်းနှစ်ခုရှိပါတယ်။ ပိုးခဏခဏဝင်ခြင်း ၊ တံတွေးလမ်းကြောင်းပိတ်ခြင်း၊ အကြောင်းရင်းခံမသိရဘဲ ဂလင်းကြီးလာခြင်း ဒါမှမဟုတ် တံတွေးအလွန်အကျွံထုတ်ခြင်းတို့ကြောင့် မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုလာတတ်ပါတယ်။ ဘာလို့ မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုတာလဲ။ မေးရိုးအောက်ဂလင်းမှာ ပြဿနာတစ်ခုခုရှိရင် ရောင်ရမ်းနာကျင်တာနဲ့ သင့်ပါးစပ်ထဲမှာ မူမမှန်ဆိုးရွားတဲ့ အရသာကြီးရနေတာမျိုး ဖြစ်လာတတ်ပါတယ်။ မေးရိုးအောက် တံတွေးဂလင်းကို ဖယ်ရှားလိုက်မယ်ဆိုရင် အဆိုပါလက္ခဏာတွေ သက်သာပျောက်ကင်းသွားမှာဖြစ်သလို ဂလင်းဘာလို့ကြီးရတာလဲဆိုတဲ့အကြောင်းရင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်မှုခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေသိထားသင့်သလဲ။ တစ်ခါတလေ ခွဲစိတ်မှုလုပ်စရာမလိုဘဲ ပိတ်ဆို့မှုတွေကို ဖယ်ရှားကုသပေးနိုင်တာမျိုးလည်းရှိပါတယ်။ တံတွေးတွေအများကြီးထွက်နေမယ်ဆိုရင် ဆေးဝါးတွေကို သုံးစွဲပေးခြင်းအားဖြင့်လည်း သက်သာစေနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။ ခွဲစိတ်မှုမခံယူခင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Tension-Free Vaginal Tape Insertion (ဆီးမထိန်းနိုင်သောရောဂါအတွက် မိန်းမကိုယ်တွင်း တိပ်ပြားထည့်ခွဲစိတ်ကုသမှု)

ဆီးမထိန်းနိုင်ခြင်း(stress incontinence) ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ထိုစကားလုံးသည် ဆီးအိမ်မှ ဆီးထွက်ကျသောအခြေအနေကို ညွှန်းဆိုတဲ့ aဆးပညာစကားလုံးဖြစ်ပါတယ်။ သင့်ဆီးအိမ်ဖိအားများလာစေတဲ့ အခြေအနေမျိုးတွေ (ဥပမာ- aလ့ကျင့်ခန်းလုပ်ခြင်း၊ ရယ်ခြင်း၊ aချာင်းဆိုးခြင်း၊ နှာချေခြင်းစသဖြင့်)ကို ပြုလုပ်မယ်ဆိုရင် ဆီးထွက်ကျလေ့ရှိတာကို ဆိုလိုတာပါ။ ဒီလို ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ အားနည်းတာကြောင့် အများဆုံးဖြစ်လေ့ရှိပြီး ကလေးမွေးတဲ့အချိန်မှာ အဆိုပါကြွက်သားတွေဆွဲဆန့်လွန်ခြင်း ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် အားနည်းသွားရတာjဖစ်ပါတယ်။ ဆီးအိမ်အဝမှာရှိတဲ့ကျုံ့ဆန့် ကြွက်သားတွေ အားနည်းရင်လည်း ဒီလိုဆီးမထိန်းနိုင်တာဖြစ်လာနိုင်သလို ရှိပြီးသားရောဂါကိုလည်း ပိုလို့ဆိုးစေပါတယ်။ အဝလွန်တာ၊ ဆေးလိပ်သောက်တာတွေကလည်း တရားခံစာရင်းထဲမှာ ပါဝင်ပြီး အသက်ကြီးလာလေပိုဆိုးလေ ဖြစ်လာမှာပါ။ ခွဲစိတ်မှုကနေ ဘာတွေကောင်းကျိုးရနိုင်မလဲ။ သင် ဆီးမထိန်းနိုင်တာမျိုးတွေ ထပ်မဖြစ်တော့ဘူးပေါ့။ မိန်းမကိုယ်တွင်းတိတ်ပြားထည့် ခွဲစိတ်ကုသမှု (tension- free vaginal tape insertion) က ဘာအန္တရာယ်တွေရှိလာနိုင်သလဲ။ ဆီးမထိန်းနိုင်တာကို ကုသဖို့အတွက်transobturator tape လို့ခေါ်တဲ့တိတ်ပြားလေးထည့်တာဟာလည်း အခုပြုလုပ်မယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း