အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကဘာလဲ။ ပြည်တည်နာခွဲစိတ်မှု ဟာ ပြည်တည်နေသော အနာကို ဖယ်ရှားတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ပြည်တည်နာဆိုတာဟာ တစ်ရှူးနံရံ ပတ်ပတ်လည်မှာရှိပြီး အလယ်မှာ ပြည်တွေ စုပြုံနေတဲ့ အနာတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါက ရောဂါပိုးဝင်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ပြည်တည်နာ ဖြစ်တတ်ပါတယ်။ သူဟာ နာကျင်တဲ့ အကျိတ်လိုမျိုးဖြစ်ပြီး နေလို့မကောင်းခြင်းကို ဖြစ်စေတတ်ပါတယ်။ ပြည်တည်နာဟာ ကိုယ်ခန္ဓါ အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ပြည်တည်နာဟာ ၁ စင်တီမီတာ ထက်ကြီးရင် (သို့) ပိုပိုကြီးလာရင် (သို့) ပိုနာကျင်လာရင် ပြည်တည်နာ ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်မှုလုပ်ပြီးရင် ပြည်တည်နာ ရှိမှာ မဟုတ်တော့ပါဘူး။ ခွဲစိတ်မှုဟာ ပြည်တည်နာက ဖြစ်စေတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက္ခဏာများAbscess […]


ဆေးစစ်ချက်များ

Arthroscopy Of Your Elbow (တံတောင်ဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲရောဂါရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီးလျင်မြန်စွာပျောက်ကင်းစေပါတယ်။ အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးမှန်ဘီလူးနဲ့ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။   တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာတိကျစွာသိပြီးလိုအပ်ရင် တခါတည်းကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်အနေနဲ့ မခွဲစိတ်ရတဲ့နည်းလမ်းနဲ့ နာကျင်တာမပျောက်ခဲ့ရင်ဒီနည်းကိုညွှန်ပါလိမ့်မယ်။ မခွဲစိတ်ရတဲ့နည်းဆိုတာအနားယူခြင်း၊ ကာယကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ရောင်ရမ်းမှု ကျဆင်းအောင် ဆေးထိုးခြင်းစတာတွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာထိခိုက်မှု ဒါမှမဟုတ် ရောဂါအတွက် ကိုယ်ခန္ဓါကနေတုံ့ပြန်တဲ့ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်မှာဒဏ်ရာသို့ ရောဂါရနေပြီဆိုရင်ရောင်ရမ်းပြီးနာကျင်တောင့်တင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒဏ်ရာရခြင်း၊ အလွန်အကျွံသုံးခြင်း၊ အသက်အရွယ်အရပျက်စီးခြင်းစတာတွေဟာတံတောင်ဆစ်မှာအဓိကဒုက္ခပေးတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။တံတောင်ဆစ်အတွင်းမှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းဟာအဆစ်ပတ်လည်ကအရိုးနုနဲ့တစ်သျှူးတွေကိုထိခိုက်စေတဲ့ ပြသနာကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကိုသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလျော့ရဲ့နေတဲ့ အရိုးနဲ့ အရိုးနုအပိုင်းအစတွေနဲ့ လှုပ်ရှားမှုကိုဟန့်တားတဲ့ အမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ တံတောင်ဆစ် […]


ဆေးစစ်ချက်များ

Arthroscopy Of Your Knee (ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ အရိုးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာ အဆစ်အတွင်းပိုင်းကို စစ်ဆေးဖို့ အရေပြားမှာ အပေါက်ငယ်ဖောက်ပြီး ကင်မရာနဲ့ ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာ ဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမား ခွဲစိတ်စရာ မလိုဘဲ ရောဂါရှာဖွေကုသနိုင်ပါတယ်။ အရိုးနုပျက်စိးခြင်း၊ အရွတ်ထိခိုက်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေကို ရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေပြီး လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။   ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာ တိကျစွာ သိပြီး လိုအပ်ရင် တခါတည်း ကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ဒူးဆစ်ပိုင်း ပြသနာတွေမှာ မှန်ပြောင်းထည့်သွင်း ကုသဖို့ ညွှန်ပါလိမ့်မယ်။ ဒူးခေါင်းဆစ် အရိုးကို အခုအခံသဖွယ် ပြုလုပ်ပေးတဲ့ […]


ဆေးစစ်ချက်များ

Arthroscopy Of Your Shoulder (ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။   ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။ အရိုးနု (သို့) အရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း ပခုံးဆစ်မငြိမ်ခြင်း၊ လျော့ရဲခြင်း၊ လျှောကျခြင်း၊ အဆစ်ပြုတ်လွယ်ခြင်း လက်မောင်း Bicep ကြွက်သားအရွတ် […]


ဆေးစစ်ချက်များ

Arthroscopy Of Your Wrist (လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးကင်မရာနဲ့ မီးသီးတပ်ထားတဲ့ ဝါယာကြိုးငယ်ကို ထည့်သွင်းပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ စစ်ဆေးနေစဉ်မှာသင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ အောက်ပါပြသနာတွေအတွက် ပြုလုပ်ပါတယ်။ လက်ကောက်ဝတ်နာကျင်ခြင်း။ လက်ကောက်ဝတ်အတွင်းကို မှန်ပြောင်းနဲ့ စစ်ဆေးပြီးအကြောင်းအရင်းရှာဖွေနိုင်ပါတယ်။ အရည်အိတ်ဖယ်ထုတ်ခြင်း။ လက်ကောက်ဝတ် အတွင်းမှာအရည်အိတ်ငယ်လေးရှိပါတယ်။ သူဟာ အန္တရာယ်မပေးပေမယ့် တခါတရံနာကျင်ပြီး လှုပ်ရှားလို့ မကောင်းတာမျိုး ဖြစ်တတ်ပါတယ်. အရွတ်စုတ်ပြဲခြင်း။ အရွတ်ဟာအရိုးတွေ တခုနဲ့တခုကြားတွယ်ထားပေးတဲ့အရာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ရဲ့ တချို့အရွတ်တွေဟာလက်ချောင်းရိုးကလေးများကိုတည်ငြိမ်စေပြီး လက်ကောက်ဝတ်ကို လွယ်ကူစွာ လှုပ်ရှားစေနိုင်ပါတယ်။ အရွတ်စုတ်ပြဲရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ အာရုံကြောဖိညပ်မှုကြောင့် လက်ချောင်းများထုံကျင်အားနည်းခြင်း။ လက်ကောက်ဝတ် တလျှောက်သွားတဲ့ အာရုံကြောတွေ ရောင်ရမ်းပြိး ဖြစ်တတ်ပါတယ်။ အဆစ်အတွင်းမှန်ဘီလူးနဲ့ စစ်ဆေးကာ အာရုံကြောဝန်းကျင်ကို နေရာပြုပြင်ပေးပြီးဖိအားနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Bilateral Vasectomy (အမျိုးသား သားကြောဖြတ်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ အမျိုးသားများသားကြောဖြတ်ခြင်းဆိုတာအမြဲတမ်းကလေးမရနိုင်တော့အောင် ခွဲစိတ်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်ခြင်းဟာ ဝှေးစေ့မှာရှိတဲ့ သုက်ပိုးများကိုယောက်ျားတန်ဆာဆီပို့ဆောင်ပေးတဲ့ သုက်ပို့ပြွန်၂ခုကို ဖြတ်တောက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ပိုးများဟာသုက်ရည်ထဲမရောက်နိုင်တော့ပါဘူး။ သုက်ရည်ထဲသုက်ပိုးမပါတဲ့အခါ မမျိုးဥနဲ့ မပေါင်းနိုင်တော့တာမို့ ဒီနည်းကိုကလေးမရဖို့ သုံးနိုင်ပါတယ်။ ဆောင်ရန်ရှောင်ရန်များအမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းကိုဘယ်အချိန်မှာခံယူသင့်သလဲ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာတခြားသားဆက်ခြားနည်းတွေ မသုံးချင်တော့ရင် ဒီနည်းကိုအသုံးပြုနိုင်ပါတယ်။   အမျိုးသားများသားကြောဖြတ် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ ဒီခွဲစိတ်မှုကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ခံစားမှုမှာကျဆင်းမသွားပါဘူး။ သုက်ရည်ထွက်မှုလည်းကျမသွားပါဘူး။ ဒီခွဲစိတ်မှုဟာဘေးကင်းတာများပေမယ့် ဖြစ်နိုင်ခြေပြသနာတွေကိုအရင်သိထားဖို့ လိုပါတယ်။ ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ လုပ်သင့်သည်များသားကြောဖြတ် ခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်သင့်သလဲ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မခွဲခင်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီဆီးခုံမွေးတွေကိုရိတ်သင့်ပါတယ်။ ပြီးရင် သန့်ရှင်းအောင် ဆေးကြောထားရပါမယ်။ သင်ဆန္ဒရှိရင် အစားနည်းနည်းစားနိုင်ပါတယ်။ ရေခဲအိတ်လုပ်ပြီးယူဆောင်သွားဖို့လည်းလိုပါတယ်။ ဆေးရုံကိုသွားရင် အဖော်တယောက်ယောက် ခေါ်သွားသင့်ပါတယ်။ သားကြောဖြတ်ခွဲစိတ်မှုရဲ့ ပုံမှန်အဆင့်တွေကဘာတွေလဲ ခွဲစိတ်မှုမှာမေ့ဆေးပေးခြင်း ပါဝင်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ထိ ကြာနိုင်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Blepharoplasty (မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်း)

မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာအပေါ်မျက်ခွံဖြစ်စေ၊ အောက်မျက်ခွံဖြစ်စေ၊ ၂ခုစလုံးဖြစ်စေ ကြည့်ကောင်းအောင် ပြုပြုင်ခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်ခွံများဟာပိုရှည်လာပြီးမျက်ခွံကြွက်သားများအားနည်းလာပါတယ်။ အကျိုးဆက်အနေနဲ့ အဆီဓါတ်ဖြစ်စေတဲ့ တစ်သျှူးတွေ စုလာပြီးမျက်ခွံတွေ မို့လာစေပါတယ်။ အသက်ကြီးလာခြင်းကြောင့် ရင့်ရော်လာရုံသာမကမျက်ခွံတွေဖောင်းမို့လာတဲ့အခါ မြင်ကွင်းကိုပါ ကျဉ်းလာစေပါတယ်။ အထူးသဖြင့် အပေါ်ပိုင်း မြင်ကွင်းဟာကျဉ်းလာပါတယ်။ မျက်ရစ်ဖော်ခွဲစိတ်ခြင်းကြောင့် မြင်ကွင်းကျဉ်းလာတဲ့ ပြဿနာကိုဖြေရှင်းပေးတဲ့အပြင် သင့်မျက်လုံးကိုပိုမိုနုပျိုသွားစေပြီးဆွဲဆောင်မှုရှိလာစေပါတယ်။   မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဘယ်အချိန်မှာခံယူသင့်သလဲ သင့်မျက်ခွံတွေဟာမျက်လုံးကောင်းကောင်းမပွင့်နိုင်အောင် ပိတ်လာရင်၊ အပေါ်မျက်ခွံတွဲကျလာရင် မျက်ရစ်ဖော်ခွဲစိတ်ခြင်း ပြုလုပ်သင့်ပါတယ်။ မျက်ခွံတွေဆီကနေပိုနေတဲ့ တစ်သျှူးတွေကိုဖယ်ထုတ်လိုက်ရင် သင့်မြင်ကွင်းပိုကောင်းသွားပြီးမျက်လုံးဟာ နုပျိုပြီးဆွဲဆောင်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကိုအောက်ပါအခြေအနေတွေမှာ ပြုလုပ်သင့်ပါတယ်။ အပေါ်မျက်ခွံများငိုက်ကျပြီးဖောင်းနေခြင်း အပေါ်မျက်ခွံမှ အရေပြားဟာသင့်ဘေးဘီမြင်ကွင်းကိုပိတ်ဆို့နေခြင်း အောက်မျက်ခွံများတွဲကျလာပြီးသူငယ်အိမ် အောက်ပိုင်းကို မြင်နေရခြင်း အပေါ်မျက်ခွံတွင် အရေပြားများပိုနေခြင်း မျက်လုံးအောက်ဝန်းကျင်တွင် ဖောင်းမို့နေခြင်း မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ ဤ ခွဲစိတ်မှုသည်ပလတ်စတစ်ဆာဂျရီတမျိုးပါပဲ။ ဆိုးရွားပြီး ကြာရှည်တဲ့ ပြဿနာတွေ သိပ်မရှိပေမယ့် တခါတလေနောက်ဆက်တွဲပြသနာတချို့ ရှိပါတယ်။ […]


ဆေးစစ်ချက်များ

Bronchoscopy (လေပြွန် မှန်ပြောင်းစစ်ဆေးခြင်း)

လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဆိုတာဘာလဲ။ အသက်ရှူလမ်းကြောင်းအတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာဟာအသက်ရှူလမ်းကြောင်းအတွင်းပိုင်းကိုစစ်ဆေးဖို့ ကင်မရာနဲ့ အလင်းရောင်ပါတဲ့ ပြွန်ငယ်ကိုအသက်ရှူလမ်းကြောင်းကနေထည့်သွင်းပြီးစစ်ဆေးရတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ လည်ချောင်း၊ အသံအိုး၊ လေပြွန်ဝ၊ လေပြွန် စတာတွေကိုစစ်ဆေးပါတယ်။ ဆရာဝန်ဟာ သင့်မှာအဆုတ်နဲ့ လေပြွန်ဆိုင်ရာရောဂါတခုခုရှိမယ်ထင်ရင်၊ ရင်ခေါင်းထဲမှာ ပြန်ရေကြောနဲ့ ပတ်သက်တဲ့ ပြသနာတခုခုရှိမယ်ထင်ရင် ဒီနည်းနဲ့စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ တခါတရံမှာရောဂါတချို့ကို (ဥပမာ ပြင်ပပစ္စည်းတခုခု ရှိုက်သွင်းမိတာ) ကုသဖို့ ဒီနည်းကိုအသုံးပြုပါတယ်။   လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ပြဿနာတွေမှာမှန်ပြောင်းထည့်သွင်းကုသဖို့ ညွှန်ပါလိမ့်မယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများတွင် (သွေးထွက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ တာရှည်ချောင်းဆိုးခြင်း) အကြောင်းရင်းရှာရန် ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်စသည့် အခြားစစ်ဆေးနည်းများဖြင့် အဆုတ်နှင့် ရင်ခေါင်းရှိ ပြန်ရေကြောအကျိတ်များတွင် ပြသနာရှိနေကြောင်းသိရချိန်တွင် အသားစနမူနာယူရန် အဆုတ်ရောဂါများကိုရှာဖွေစစ်ဆေးရန် အသားစ (သို့) သလိပ်နမူနာယူစစ်ဆေးရန် အဆုတ်ကင်ဆာပမာဏကိုခန့်မှန်းရန် အသက်ရှူလမ်းကြောင်းအတွင်းမှ ပြင်ပပစ္စည်းကိုဖယ်ရှားရန် အသက်ရှူလမ်းကြောင်းတွင် ဖြစ်လာသောအကျိတ်ကိုစစ်ဆေးဖယ်ရှားရန် အသက်ရှူလမ်းကြောင်းကျဉ်းခြင်းကိုကုသအဖြေရှာရန် ဓါတ်ရောင်ခြည်ကုသနည်းဖြင့်အသက်ရှူလမ်းကြောင်းရှိကင်ဆာရောဂါကိုကုသရန် စတာတွေဖြစ်ပါတယ်။ လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းပြုလုပ်တဲ့အခါ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Bunion Surgery (ဘူနီယွန် ခြေမရိုးခွဲစိတ်မှု )

Bunion Surgery(ဘူနီယွန် ခြေမရိုးခွဲစိတ်မှု) ဆိုတာဘာလဲ Bunion Surgery ဆိုတာ Bunion ကြောင့် ဖိအားတွေ၊ နာကျင်မှုတွေဖြစ်တဲ့အခါ ဖယ်ပစ်ဖို့လုပ်တဲ့ ခွဲစိတ်မှုတစ်ခုပါ။ Bunion ဆိုတာ ခြေထောက်အပေါ်ဘက်၊ ခြေမအောက်ခြေမှာ ခြေမရိုးပုံယိုယွင်းသွားပြီး ရောင်ရမ်းနာကျင်နေခြင်းကိုခေါ်ပါတယ်။ ထိုခွဲစိတ်မှုက ခြေမကိုပြန်ဆန့်ပေးပြီး ခြေချောင်းတွေကိုသာမန် ရှူးဖိနပ်တွေနဲ့တော်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။ Bunions များဖြစ်ရခြင်းအဓိကအကြောင်းကတော့ ရှူးဖိနပ်တွေက ခြေမအတွက်လုံလောက်အောင် မကျယ်တာကြောင့်ဖြစ်တယ်။ ဒါကြောင့်ခြေမကပုံမှန်နေရာမှာမနေနိုင်တော့ဘဲ ရောင်ရမ်းလာခြင်းဖြစ်တယ်။ တခါတရံမှာ ထိုရောဂါက ခြေမအခြေမှာ အရိုးအဆစ်ရောင်ခြင်းနဲ့ပါတွဲဖြစ်တတ်ပါတယ်။ ဘာကြောင့်ထိုခွဲစိတ်မှုလုပ်ရတာလဲ ထို Bunion ခြေမရိုးပုံယွင်းခြင်းအများစုဟာ ခွဲစိတ်စရာမလိုပဲ ကုသလို့ရပါတယ်။ ဒါပေမယ့် မခွဲစိတ်ဘဲမသက်သာဘူးဆိုရင်တော့ နာကျင်မှုပျောက်ဖို့နဲ့ ခြေထောက်ပုံယွင်းနေမှုကိုပြင်ဖို့ ခွဲစိတ်ရပါလိမ့်မယ်။ ခွဲစိတ်မှုကိုများသောအားဖြင့်- မခွဲစိတ်ဘဲနာကျင်မှုမသက်သာတော့တဲ့အခါ လမ်းလျှောက်ခြင်း ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ ခက်ခဲနေပြီဆိုရင် လုပ်လေ့ရှိပါတယ်။ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ထိုခြေထောက်ခွဲစိတ်မှုလုပ်ဖို့လေ့လာရင် ရိုးရှင်းတဲ့ခွဲစိတ်မှုနဲ့ ခြေထောက်ကိုလုံးဝအကောင်းပကတိဖြစ်အောင် ခွဲပေးနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကိုသတိထားပါ။ ဒါတွေကမှားပါတယ်။ ခွဲစိတ်မှုရဲ့အဓိကရည်ရွယ်ချက်က နာကျင်မှုသက်သာပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Diagnostic Laparoscopy (ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းဆိုတာဘာလဲ။ ဝမ်းဗိုက်အတွင်းမှန်ပြောင်းဖြင့်ရောဂါရှာဖွေကုသခြင်းဆိုတာဟာဝမ်းဗိုက်နဲ့တင်ပါးဆုံရိုးအတွင်းပိုင်းကကိုယ်တွင်းအင်္ဂါတွေကိုမှန်ပြောင်းနဲ့စစ် ဆေးပြီးရောဂါကုသတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်ချိန်မှာပြဿနာတစုံတရာတွေ့ရင် တချိန်တည်းမှာပဲအသေးစားခွဲစိတ်မှုတွေ ပြုလုပ်ပါတယ်။ ဒီနည်းဟာ ဝမ်းဗိုက်နဲ့ တင်ပါးဆုံရိုးအတွင်းပိုင်းကနာကျင်ခြင်းနဲ့ အမျိုးသမီးများဓမ္မတာလာစဉ် ပြဿနာများ၊ မြုံခြင်းကိစ္စတွေမှာအကြောင်းရင်းများရှာဖွေရန် အသုံးဝင်ပါတယ်။ ဒါ့အပြင်သားအိမ်တစ်ရှူးသားအိမ်ပြင်ပရောက်ခြင်း (Endometriosis)ရောဂါ၊ ရောဂါပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါများတစ်ခုခုနှင့် တစ်ခုတွဲကပ်သွားခြင်း၊ မျိုးဥပြွန်ထိခိုက်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ မျိုးဥအိမ်အရည်အိတ်တည်ခြင်းစတဲ့ပြသနာတွေကိုရှာဖွေအတည်ပြုရာမှာလည်း အသုံးဝင်ပါတယ်။     လက္ခဏာများဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းဘာကြောင့် ပြုလုပ်သလဲ။ တခြားစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေရာမှာမထိရောက်တဲ့အခါ ဆရာဝန်ဟာ ဒီနည်းကိုအသုံးပြုပါတယ်။ ဒီနည်းနဲ့ အသားစရယူပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ကိုယ်တွင်းအင်္ဂါတွေကိုစစ်ဆေးဖို့မှန်ပြောင်းကြည့်တဲ့နည်းကိုညွှန်ပါလိမ့်မယ်။ အူအတက် သည်းခြေအိတ် အသည်း မုန့်ချိုအိတ် အူသိမ်နှင့်အူမ ဘေလုံး အစာအိမ် တင်ပဆုံရိုးအတွင်းပိုင်း မျိုးပွားအင်္ဂါများ အထက်ပါနေရာတွေကိုမှန်ပြောင်းကြည့် စစ်ဆေးပြီးချိန်မှာ ဆရာဝန်ဟာ အောက်ပါပြဿနာတွေရဲ့ အကြောင်းရင်းကိုရှာဖွေနိုင်ပါတယ်။ ဝမ်းဗိုက်အောင့်ခြင်း ဝမ်းဗိုက်အတွင်းမှ အကျိတ် ဝမ်းဗိုက်အတွင်း အရည်များစုခြင်း အသည်းရောဂါ အချို့ကုထုံးများ၏ ထိရောက်မှု ကင်ဆာရောဂါပြန့်ပွားမှုပမာဏ အကြောင်းရင်းများဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ။ ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကို ပဋိဇီဝဆေးနဲ့ ကာကွယ်နိုင်ပါတယ်။ အူရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ ယခင်က ဝမ်းဗိုက်ခွဲစိတ်ဖူးခြင်းများရှိရင် မှန်ပြောင်းကြည့်ခြင်းမပြုလုပ်နိုင်ပါဘူး။ အတွေ့ရအများဆုံးနောက်ဆက်တွဲ ပြသနာကတော့ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း