အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်မထင်မှတ်ထားတဲ့ ဘီယာရဲ့ကောင်းကျိုးများ

ဘီယာသောက်ခြင်းဟာ သင့်ရဲ့ လူမှုဆက်ဆံရေးအတွက် အကျိုးပြုပေးတာတင် မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ တကယ်လို့ ဘီယာကို သင့်တော်မျှတတဲ့ ပမာဏ သောက်သုံးပေးမယ်ဆိုရင် သင့်အနေနဲ့ ခုလို ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ် အလေးချိန် ကျစေခြင်း ဘီယာချက်ခြင်း ဖြစ်စဉ်ကနေ အမျှင်ဓါတ်တွေဟာ ဘီယာထဲမှာ ပါဝင်နေပါတယ်။ ဘီယာကို ရိုးရိုးနှံစားသီးနှံ လေးမျိုး အခြေခံပြီး ထုတ်လုပ်ပါတယ်။ အဲ့ဒါတွေက မုယောစပါး၊ ရေ၊ ဗျစ်ပန်းခြောက်နဲ့ တစေးတို့ ဖြစ်ပါတယ်။ ယင်းသီးနှံတွေကို အချဉ်ဖောက်ပြီး ဘီယာ ဖြစ်လာတဲ့အတွက် အခြားသော ယမကာတွေနဲ့ ယှဉ်ရင် ဘီယာမှာ အမျှင်ဓါတ် အများကြီး ပါဝင်ပါတယ်။ အမျှင်ဓါတ်တွေက အဆီတွေမှာ သွားပေါင်းပြီး ဝမ်းနုတ်ဆေးလိုမျိုး အစွမ်းသတ္တိနဲ့ ခန္ဓါကိုယ်အလေးချိန် ကျစေမှာ ဖြစ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

ပေါ့ပါးဖျတ်လက်စွာနေခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတွင်းအချိုဓါတ်များခြင်း၊ သွေးဖိအားများခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေက ကင်းဝေး စေနိုင်တဲ့အပြင် သင်လိုချင်တဲ့ ခန္ဓါကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ကိုယ်ရဲ့ တက်ကြွဖျတ်လက်မှုကို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လိုမြှင့်တင်နိုင်မလဲ။ အခုဖော်ပြသွားမယ့် အချက်တွေကတော့ ဈေးကြီးပေးရတဲ့ အားကစားစင်တာတွေ သွားဖို့မလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။   (၁) အလုပ်မှာဆိုရင် - အထိုင်များတဲ့အလုပ်လုပ့်ရသူတွေအတွက် အဆီတွေကို လောင်ကျွမ်းစေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဓါတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။ တစ်နာရီနှစ်နာရီလောက် အလုပ်လုပ်ပြီးတာနဲ့ အလုပ်ထိုင်ခုံကထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် အကြောပြေစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ခန္ဓါကို လှုပ်ရှားနိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ။ နေ့လည်စာထွက်စားပါ။ နီးနီးနားနားသွားဖို့ရှိရင် လမ်းလျှောက်ဖို့ စဉ်းစားပါ။   (၂) အိမ်မှာဆိုရင် - ခွေးကျောင်းခြင်း၊ ကလေးတွေနဲ့ ဆော့ကစားခြင်း စတဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ပါ။ အားကစားတစ်ခုခုလုပ်ပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မောပန်းနွမ်းနယ်မှုကို ဘယ်လို တွန်းလှန်မလဲ

ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုဆိုတာ ဘယ်သူနဲ့မဆို သက်ဆိုင်ပြီး လူကြီးတွေနဲ့ ကျောင်းသားအရွယ်တွေမှာလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်း ကျလာတတ်ပါတယ်။ ဒါကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သင့်အနေနဲ့ စဉ်းစားရကြပ်နေနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ တိကျတဲ့အဖြေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းအရင်းများ • အရက်နှင့် မူးရစ်ဆေးဝါးသုံးစွဲခြင်း • လေယာဉ်စီးလာပြီး နေရာဒေသအပြောင်းအလဲကြောင့် နေ့နဲ့ညမှားခြင်း • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း • အိမ်ချိန်လုံလောက်စွာမရှိခြင်း • ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်မရှိခြင်း လက္ခဏာများ • စိုးရမ်ပူပန်နေရခြင်း • ဆီးချို • အဝလွန်ခြင်း • စိတ်ဖိစည်းခြင်း • နှလုံးရောဂါ • စိတ်ကျရောဂါ • ဟိုက်ပါသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းများခြင်း) • ဟိုက်ပိုသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းနည်းခြင်း) ကုသမှု ၁။ လှုပ်လှုပ်ရှားရှားနေပါ - သင့်အနေနဲ့ ပင်ပန်းနေတယ် အိပ်ချင်နေတယ်လို့ ခံစားနေရရင်တောင် လေ့ကျင်ခန်းလုပ်ပါ။ ဒီနည်းက သင့်ရဲ့ ကိုယ်ခန္ဓါစွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကြံခိုင်သန်စွမ်းစေပြီး နှလုံး၊ အဆုတ်၊ ကြွက်သားတို့ရဲ့ စွမ်းရည်တိုးစေပါတယ်လို့ ပါမောက္ခ ကယ်ရီဂျေစတီးဝဂ် (ဆေးဝါးနှင့်ကိုယ်ကာယ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အတူတူရှိနေတဲ့ပါတီတွေ ဧည့်ခံပွဲတွေမှာ ဆေးလိပ် ဒါမှမဟုတ် အရက်ကို သောက်ဖို့ သူတို့က သင့်ကို တိုက်တွန်းတောင်းဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ငြင်းဆန်နေရင်တောင် သင်မသောက်မချင်း ထပ်မံပြီး တွန်းအားပေးတိုက်တွန်းတာမျိုးတွေလည်း မကြာခဏကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ လူမှုဆက်ဆံရေးလည်း မပျက်ပြားစေဘဲ ဘယ်လို ကျော်လွှားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။   ရိုးရိုးသားသားနဲ့ ထိရောက်အောင်ဖြေပါ။ သင်ပါတီပွဲကိုရောက်လို့ မသောက်တာမြင်ရင် ဘာလို့မသောက်တာလဲဆိုတာ သူငယ်ချင်းတွေကမေးနိုင်ပါတယ်။ ဒါကို ဖြေရင် ရိုးရိုးလေပဲဖြေလိုက်ပါ။ “ငါဒီနေ့တော့မသောက်တော့ဘူး” “ငါမသောက်ဖို့ ကြိုးစားနေတာ” ဒီလိုဖြေပြီးတာနဲ့ သူတို့ကို တခြားမေးခွန်းပြန်မေးတာသော်လည်းကောင်း သင်ပြောချင်တာသော်လည်းကောင်း ဆက်ပြောပြီး စကားလမ်းကြောင်းလွဲနိုင်ပါတယ်။ သူတို့က ဆက်ပြောနေလည်း ခိုင်ခိုင်မာမာ ငြင်းပါ။ ကြာလာတာနဲ့အမျှ ပြောရသူတွေ မောသွားပါလိမ့်မယ်။ ဆေးလိပ်သောက်ဖို့ တိုက်တွန်းနေရင်လည်း ဒီအတိုင်းပဲ ငြင်းဆန်နိုင်ပါတယ်။ ဆေးလိပ်နဲ့အရက်ကြိုက်သူတွေကို ဘယ်တော့မှ အချေအတင်မပြောပါနဲ့။ ဆေးလိပ်ဒါမှမဟုတ် အရက်သောက်တာက မှားနေတယ်လို့ သူတို့ကိုပြောရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

Motion sickness ကို တစ်ခါတလေ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းလို့ လည်းခေါ်ကြပြီး ဆက်တိုက် ရွေ့လျားမှုတွေကြောင့် ဖြစ်တဲ့၊ အဖြစ်များတဲ့ နားအတွင်း အနှောက်အယှက်တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရွေ့လျားမှုတွေအပေါ် လူတွေရဲ့ ခံနိုင်ရည်တော့ ကွာပါတယ်။ များသောအားဖြင့် အသက် ၂ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး ဖြစ်လေ့ရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပင်လယ်ခရီး အပြင် motion sickness ဟာ ကားရွေ့လျားမှု၊ လေယာဉ်ပျံ လှုပ်ခါမှု တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။   ကောင်းမွန်စွာ အနားယူထားပါ အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖွဘွတ်ကြီး၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျည်းတန်ခြင်း

Facebook ဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအားလုံးပေါ်မှာ စိတ်ပညာသဘောတရားအရ အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ဒါဟာ လှုမှုကွန်ယက်နဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားကြားမှာ ဆက်သွယ်မှုတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်တာမဟုတ်ပါဘူး။ ဒီနည်းညာသစ်ဟာ ကျွန်တော်တို့ရဲ့ မော်ဒန်လောကထဲကို အံ့သြမှင်သက်ဖွယ်ကောင်းကျိုးတွေအများကြီး ယူဆောင်လာပေးပါတယ်။ တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေအပြင် ဒီသက်ရောက်မှုမှာ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ Facebook ကျွမ်းကျင်ကြသူများ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ facebook ပေါ်မှာပဲ အချိန်ဖြုန်းနေလေလေ အွန်လိုင်းနဲ့ ပြင်ပကမ္ဘာပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေ ကြီးမားလာလေလေပါပဲ။ တစ်နည်းအားဖြင့်တော့ တစ်ဘက်သားက ဘယ်လိုခံစားရမလဲဆိုတာကို ခံစားနားလည်တတ်လာလေလေပါပဲ။ အွန်လိုင်းလူမှုကွန်ယက်ဟာလူငယ်တွေအတွက်တော့ အပြင်မှာသွားတွေ့စရာမလိုဘဲ စမတ်ဖုန်းတစ်လုံးကနေပဲ အပေါင်းအသင်းဆန့်အောင်ကူညီပေးနေသလိုပါပဲ။ ကန့်လန့်တိုက်နေတဲ့ ဂျစ်ကန်ကန်ကလေးငယ်တွေတောင်မှ လူမှုကွန်ယက်ပေါ်က ဆက်ဆံရေးတွေကနေပြီး နှစ်သိမ့်မှုနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကလေးတွေဟာလည်း အခက်ခဲဆုံး စိန်ခေါ်မှုတွေကို လူမှုကွန်ယက်သုံးပြီး ကျော်လွှားနိုင်ပြီပေါ့။ ပြောရမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အိမ်ကို အလွန်သန့်ရှင်းအောင် ကြိုးစားနေပါသလား

ကလေးများသည် သူတို့ပတ်ဝန်းကျင်ရှိပစ္စည်းများအားလုံးကို ကိုင်ပြီး ပါးစပ်ထဲထည့်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ မိဘအများစုသည် ကလေးကထိုသို့ပြုလုပ်တတ်သောကြောင့် ကလေးကျန်းမာစေရန် အိမ်ကိုသန့်ရှင်းအောင် ထားရန်ကြိုးစားတတ်ကြသည်။ သို့သော် အိမ်ကို အလွန်သန့်ရှင်းစေရန် မည်သို့တတ်နိုင်မည်နည်း။ ကလေးကို ကျန်းမာစေရန် ပတ်ဝန်းကျင်ကို မည်မျှသန့်ရှင်းအောင်ထားရန်လိုပါသနည်း။ သန့်ရှင်းမှုနှင့် ကျန်းမာခြင်း သန့်ရှင်းခြင်းသည် ရောဂါပိုးများပျံနှံ့ခြင်းကို တားဆီးပေးရန်အတွက် အရေးကြီးသည်။ သို့သော် လွန်ခဲ့သောနှစ်၂၀ ခန့်က ဓာတ်မတည့်မှုများစတင်ဖြစ်ပေါ်လာပြီး ဘာကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ မသိခဲ့ပေ။ တုပ်ကွေးအဖြစ်များချိန်တွင် လက်ဆေးခြင်းကို ကျန်းမာရေးဌာနမှ တိုက်တွန်းသည့်အတွက် လက်ဆေးဆပ်ပြာရည်များ အရောင်းတက်ခဲ့ကြသည်။ ဆိုလိုရင်းကတော့ ခေတ်ပေါ်သန့်ရှင်းရေးနည်းများသည် ကျွန်ုပ်တို့ကို ရောဂါပိုးများကို ထိတွေ့ခြင်းကို နည်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါသည်။ သို့သော် ကူးစက်ရောဂါများသည် အဓိကစိတ်ပူရမည့်အရာများဖြစ်ပြီး ထိုရောဂါများနှင့်ပတ်သက်ပြီး မိခင်များသည်ကလေးများအတွက် အစိုးရိမ်လွန်ကြသည်။ စင်စစ် ကျွန်ုပ်တို့သည် ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါများကိုသဘာဝအတိုင်း တွန်းလှန်နိုင်သော စွမ်းရည်တိုးတက်စေရန် အိမ်တွင်းရှိ […]


အခြေခံကျန်းမာရေး

ကျွန်ုပ်၏ အမြွှာကလေးများသည် ချွပ်စွပ်တူသောအမြွှာအမွှာများဖြစ်ကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း

ကလေးတစ်ယောက်တည်းမွေးသည်နှင့် မတူပဲ အမြွှာအမွှာကလေးများ မွေးခြင်းသည် သင့်ကို ပို၍ ပျော်ရွှင်စေနိုင်ပြီး ပို၍လည်း ခက်ခဲပင်ပန်းစေပါသည်။ အမြွှာအမွှာကလေးရှိသော မိဘများ မေးတတ်သည်မှာ သူတို့၏ ကလေးများသည် မျိုးဥတစ်ခုထဲမှ မွေးလာသော ကလေးများ ဟုတ်မဟုတ် ဖြစ်သည်။ သုတေသနများအရ အမြွှာများသည် ထပ်တူကျသော ကလေးများဟုတ်မဟုတ် ကို သိနိုင်ရန် နည်းလမ်းများစွာ ရှိပါသည်။ ထပ်တူညီသော အမြွှာနှင့် ကွဲပြားသော အမြွှာအမွှာဟူသည် အဘယ်နည်း။ သင့်တွင် အမြွှာအမွှာကလေးများ ရတော့မည်ဆိုလျှင် သင်သိထားသည့်သည့် အချက်အချို့ရှိပါသည်။ အမြွှာများတွင် နှစ်မျိုးရှိသည်။ ထပ်တူညီသော အမြွှာနှင့် ကွဲပြားသောအမြွှာ ဖြစ်သည်။ အခြေခံအားဖြင့် ကလေးနှစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များ တူနေလျှင် ထပ်တူညီသောအမြွှာများဖြစ်ပြီး ကိုယ်ဝန်ရှိစဉ် အချင်းနှစ်ခုနှင့် မွေးလာလျှင် ကွဲပြားသောအမြွှာများဖြစ်ကြသည်။ ထပ်တူညီသော အမြွှာများသည် မျိုးဥတစ်ခုနှင့် သုက်ပိုးတစ်ခုထဲမှ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ထုံဆေး၊ မေ့ဆေး (Anesthesia) ရဲ့ ရည်ရွယ်ချက်များ

နှစ်တိုင်း ဆေးပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုပို လုပ်လာရပါတယ်။ လူတွေကို ကုသဖို့ချည်းပဲတော့ မဟုတ်တော့ပါဘူး။ ကုသနေစဉ် နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတို့ကို လျော့ကျစေဖို့ပါ ပါဝင်လာပါတယ်။ ကုသမှုအားလုံးနည်းပါးအတွက် နာကျင်မှုသက်သာစေဖို့ ဘေးကင်းပြီး ထိရောက်တဲ့ Anesthesia ကို ဖန်တီးလိုက်ပါတယ်။ Anesthesia ဆိုတာဘာလဲ။ Anesthesia ဆိုတာ ဆေးကုသနေစဉ် နာကျင်မှုသက်သာစေတာနဲ့ သက်တောင့်သက်သာမဖြစ်မှုကို လျော့ကျစေတာ၊ အဲ့၂ခုအတွက် ဆေးကို ပေါင်းစပ်အသုံးပြုခြင်းပါပဲ။ Anesthesia အသုံးပြုတဲ့အခါမှာ သင်သတိရှိနိုင်သလို သတိမရှိတာလဲ ဖြစ်တတ်ပါတယ်။ သင့်ကျန်းမာရေး အခြေအနေနဲ့ သင့်ပြုလုပ်ရမယ့် အမျိုးအစားပေါ်မူတည်ပြီး အောက်ဖော်ပြပါ Anesthesia အဓိက၃မျိုးထဲက တစ်ခုကို အသုံးပြုရမှာပါ။ General Anesthesia ဒီအမျိုးအစားက သင့်ကို ကုသနေစဉ် သတိမေ့နေစေမှာပါ။ သင့်ဘေးနားမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သလို ဘာနာကျင်မှုကိုမှလဲ ခံစားရမှာ မဟုတ်ပါဘူး။ Regional Anesthesia ဒီအမျိုးအစားက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

Epidural လို့သိကြတဲ့ ခါးအောက်ပိုင်းထုံဖို့ ကျောအောက်ကို ထိုးရတဲ့ ထုံဆေး (Epidural Anesthesis) ဟာ အဓိက တစိတ်တပိုင်းထုံဆေး ၂မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ လူနာတွေ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကိုယ်ခန္ခါအစိတ်အပိုင်းတွေ အဆင်မပြေတာ နာကျင်တာမရှိအောင် ဆေးပစ္စည်းတွေနဲ့ ထုံအောင် ပြုလုပ်ပေးပါတယ်။ Epidural Anesthesia ဆိုတာဘာလဲ။ Epidural Anesthesia လုပ်ဆောင်ရာမှာ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ ဆေးကို အပ်နဲ့ epidural space လို့ခေါ်တဲ့ ကျောနေရာကို ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ နေရာတော်တော်များများကို ထုံစေပြီးတော့ ခံစားမှုတွေ၊ နာကျင်မှုတွေကို တားဆီးပေးပါတယ်။ Epidural Anesthesia ကြောင့်ထုံစေနိုင်တဲ့ နေရာတွေက ရင်ဘတ် လူ ခန္ဓါဗေဒ တင်ပဆုံ နေရာ ခြေထောက် ဘေးထွက်ဆိုးကျိုးများ Epidural Anesthesia ဟာ တခါတလေမှာ ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်ပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း