အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ

မေ့ဆေး (Anesthesia)ဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံခံစားမှုတွေဆုံးရှုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နာကျင်မှုတွေနဲ့ အတွင်းပိုင်းထိခွဲစိတ်ရဖို့တွေလုပ်ရမယ်ဆိုရင်တော့ မေ့ဆေးကို လိုအပ်လာပါပြီ။ ခြုံကြည့်မယ်ဆိုရင်တော့ မေ့ဆေးဟာ အန္တရာယ်ကင်းပေမယ့် နောက်ဆက်တွဲပြဿနာအချို့တော့ ဖြစ်ပွားနိုင်ပါသေးတယ်။ Anesthesia ဘယ်နှစ်မျိုးရှိသလဲ မေ့ဆေး (Anesthesia) မှာ အဓိကအားဖြင့် ၃မျိုးရှိပါတယ်။ General Anesthesia : သွေးကြောထဲထည့်ရတဲ့ဆေးတွေနဲ့ ဓါတ်ငွေ့တွေကို သုံးပြီး လူနာကို သက်တောင့်သက်သာနဲ့ တည်ငြိမ်တဲ့ အနေအထားကိုရအောင်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ သင့်ကြွက်သားတွေ မလှုပ်ရှားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ Regional anesthesia : ဒီဆေးကိုတော့ အဓိကအကျဆုံးလို့ပြောလို့ရတဲ့ ကျောရိုးတစ်ဝိုက် သို့မဟုတ် ကျောရိုးထဲကို တိုက်ရိုက်ဆေးတွေထည့်သွင်းလိုက်တာဖြစ်ပြီး ကျောရိုးအာရုံကြောတွေကို ပိတ်ပင်ထားဆီးထားလိုက်တာပါ။ (ဥပမာ- epidural or spinal anaesthesia) ဒီနည်းလမ်းဟာ အာရုံခံစားမှုတွေကို ပိတ်ပစ်နိုင်စွမ်းတော့ သိပ်ပြီးမြင့်မားလှတာမဟုတ်ပါဘူး။ Regional […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး အမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကလေး အသည်းအစားထိုးမှုနှင့်ပတ်သက်ပြီး မိဘတွေဘာသိသင့်သလဲ

တကယ်လို့ သင့်ဆရာဝန်က သင့်ကလေးရဲ့အသည်းက ပြဿနာရှိနေပြီး ခွဲစိတ်ဖို့လိုမယ်လို့ပြောလာခဲ့မယ်ဆိုရင် သင့်အနေနဲ့ စိုးရိမ်ပူပန်ကြောက်ရွံ့မှုတွေဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ကြောက်စရာကောင်းတာမှန်ပေမယ့် အသည်းခွဲစိတ်အစားထိုးမှုပြုလုပ်ပြီးတဲ့ ကလေးအများစုဟာ ပိုမိုကျန်းမာ အသက်ရှည်စွာနေထိုင်နိုင်တယ် ဆိုတာကိုလည်းသိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် အသည်းအစားထိုးမှုလိုအပ်လဲ၊ ခွဲစိတ်စဉ်မှာ ဘာတွေသိသင့်လဲဆိုတာကို ဤဆောင်းပါးတွင် နားလည်အောင်ရှင်းပြထားပါတယ်။ ဘာကြောင့်အသည်းအစားထိုးမှုလိုအပ်တာလဲ။ ကလေးရဲ့အသည်းဟာ သင့်တင့်လျောက်ပတ်စွာ အလုပ်မလုပ်တော့ဘူးဆိုရင် အသည်းအစားထိုးမှုလိုအပ်ပါတယ်။ သင့်ရဲ့ကိုယ်ခန္ဓါမှာ အသည်းကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အစာချေဖျက်မှုအတွက်လိုအပ်တဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ပြီးတော့ ခန္ဓါကိုယ်ထဲမှာ အချိုဓါတ်သိမ်းဆည်းထားမှုမျိုးကိုလည်းပြုလုပ်ပေးပါတယ်။ ကလေးရဲ့ အသည်းက အလုပ်မလုပ်တော့ဘူးဆိုရင် ကလေးက ဆိုးရွားစွာဖျားနာနိုင်ပါတယ်။ အသည်းကိုထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့ • အသည်းရောင်ခြင်း • အသည်းတွင်သံဓါတ်များစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ သံဓါတ်များသောရောဂါ (Hemochromatosis) • အသည်းတွင်ကော့ပါးများစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ (Wilson's disease) • Algile […]


ရောဂါလက္ခဏာများ

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန်ဖြစ်ပျက်မှုတစ်ခုပါ။ ဒါပေမယ့် ချွေးထွက်များပြီဆိုရင်တော့ တစ်မျိုးဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေတစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်များခြင်း အကြောင်း သိကောင်းစရာ ချွေးထွက်များတယ်ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့် အပူလွန်ခြင်းမှ ကာကွယ်ပေးတာဖြစ်တယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက်ပိုပြီး ချွေးထွက်နေရင် ပြဿနာဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက်နဲ့ ခေါင်းတွေလို တစ်နေရာမက ချွေးထွက်များလေ့ရှိတယ်။ တခြားတစ်ကိုယ်လုံးခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲ ချွေးများနဲ့ ရွှဲရွှဲစိုနေနိုင်ပါတယ်။ ဒီလိုလူတွေမှာ နေ့စဉ်သာမန်လှုပ်ရှားမှုတွေကတောင် ချွေးထွက်များခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်တွေမှာ ချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ ခက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကို စိုစေပြီး ရှက်စရာချွေးကွက်တွေလည်း ပေါ်လာစေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy)

Sclerotherapy ဆိုတာကြားဖူးပါသလား။ ထိုကုသမှုဟာ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်း (သွေးကြောထုံး)တို့ကို ကုသရာမှာအကောင်းဆုံးနည်းဖြစ်တယ်။ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်းတွေဟာ နာကျင်မှုတွေ၊ နေထိုင်ရမသက်သာခြင်းတွေနဲ့ သွေးလှည့်အဖွဲ့အစည်းပြဿနာတွေပါ ဖြစ်စေနိုင်တယ်။ Sclerotherapy နဲ့ပတ်သတ်တဲ့ အခြေအခံအချက်လေးတွေကို လေ့လာကြည့်ရအောင်။ သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကိုဘာအတွက်သုံးလဲ ဒီကုထုံးကို သွေးပြန်ကြောများဖောင်းခြင်း ကျယ်ခြင်းတွေကို ကုသဖို့အတွက်သုံးပါတယ်။ လက္ခဏာတွေကိုသက်သာစေနိုင်တယ်။ • ကျယ်နေ ၊ ဖောင်းနေတဲ့ သွေးပြန်ကြောတွေကိုပျောက်သွားစေတယ်၊ • ထိုသွေးပြန်ကြောတွေကြောင့် ပေါ်နေသောအရေပြားပေါ်မှ အခြေအနေကိုသက်သာစေကာ တဖြေးဖြေးပုံမှန်ပြန်ဖြစ်သွားစေနိုင်တယ်၊ • နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ပါတယ်။ သင် သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကုထုံးကို ခံယူနိုင်သလား ဒီကုထုံးက အန္တရာယ်နည်းတဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် မခံယူနိုင်မယ့် အခြေအနေတချို့လည်းရှိပါတယ်။ ယူသင့် မယူသင့်ကို ဆရာဝန်နဲ့အရင်ဆွေးနွေးကြည့်ပါ။ တကယ်လို့ ကိုယ်ဝန်ရှိနေရင် မခံယူနိုင်သလို၊ အရင်က သွေးခဲမှုပြဿနာရှိဖူးပါကလည်း ခံယူသင့်မယူသင့်က သင့်ကျန်းမာရေးအခြေအနေပေါ် […]


ရောဂါလက္ခဏာများ

ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ

ကိုက်ခဲနာကျင်မှု ဆိုတာ လူအတော်များများ ခံစားရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါ။ ကိုက်ခဲနာကျင်တဲ့ ပြဿနာ အပြင် ဘယ်ကုသမှုက အကျိုးရှိထိရောက်မလဲ ဆိုတာ မသိနိုင်တာလည်း ပြဿနာ တစ်ခုပါပဲ။ နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေရသူ တစ်ယောက်အနေနဲ့ (ဘယ်လိုကုသမှုတွေက သူတို့နဲ့ ပိုမိုသင့်တော်သလဲ၊ ဆေးပဲသောက်ရမလား၊ တခြားနည်းတွေ စမ်းကြည့်ရမလား ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးခန်းပြသင့်ပြီလဲ အစရှိတဲ့) မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ပတ်ချာလည်နေလေ့ရှိပါတယ်။ အခု ဆောင်းပါးလေးကို ဖတ်ကြည့်မယ်ဆိုရင် နာကျင်ကိုက်ခဲတာကို ကုသနည်းတွေ နဲ့ပတ်သက်လို့ ပိုမိုနားလည်သိရှိလာပြီး အကောင်းဆုံးသော ကုသမှုပုံစံကို ရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မှာ အမှန်ပါ။ ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကတော့ ၁။ ကာလရှည် နာကျင်ကိုက်ခဲမှုနဲ့ ရုတ်တရက် နာကျင်ကိုက်ခဲတာဟာ မတူညီပါဘူး။ ဒါကတော့ လူတိုင်းသိတာပဲလေလို့ သင့်အနေနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁

သွေးပြန်ကြောထုံးခြင်း(Varicose vein) ဟာ သွေးပြန်ကြောတွေကြီးလာပြီး အရေပြားပုံပန်းသွင်ပြင်ပြောင်းလဲစေကာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတွေနဲ့ နောက်ထပ်များပြားသော သွေးလှည့်ပတ်မှုပြဿနာတွေဖြစ်စေနိုင်တဲ့ တွေ့ရတတ်သော အခြေအနေတွေဖြစ်ပါတယ်။ တခြားလူတွေလိုပဲ သင့်မှာလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လောက်ထိပြင်းထန်လဲ၊ ဘယ်လိုကုသရမလဲ၊ ကာကွယ်ရမလဲ ဆိုတာတွေကို သိထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။   သွေးကြောထုံးတယ်(Varicose vein)ဆိုတာဘာလဲ သွေးကြောထုံးတွေကို အရေပြားပေါ်မြင့်တတ်နေတဲ့ ကြီးမားပြီး ခရမ်းပုတ်ရောင်၊ အနီရောင်၊ အပြာရောင်၊ အသားရောင်အတိုင်းဖုဖောင်းပြီး အမျိုးမျိုးမြင်ရနိုင်ပါတယ်။ သွေးကြောထုံးတွေဟာ ပေါင်အတွင်းပိုင်း၊ ခြေထောက်အတွင်းပိုင်းတွေမှာ အများအားဖြင့်တွေ့ရတတ်ပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း မိန်းမကိုယ်နဲ့ တင်ပါးနေရာမှာ တွေ့ရတတ်ပါတယ်။ Spider veins လို့ခေါ်တဲ့ သွေးပြန်ကြောထုံးတစ်မျိုးဟာ ပိုမိုသေးငယ်ပြီး အရေပြားနဲ့ပိုနီးတဲ့ သွေးကြောလေးတွေပါ။ မြင်ရပေမယ့် အရေပြားအပေါ်ဖုဖောင်းနေခြင်းမရှိပါဘူး။ အနီရောင် ဒါမှမဟုတ် အပြာရောင်ရှိပြီး ပင့်ကူအိမ်ပုံစံမျိုးဖြစ်ပါတယ်။ ဒါကြောင့် Spider veins လို့ခေါ်ကြတယ်၊ ခြေထောက်တွေနဲ့ မျက်နှာမှာဖြစ်ပေါ်တတ်ပါတယ်။ ပုံမှန်အားဖြင့်နာကျင်မှုမရှိတတ်ပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) ဟာ ခြေထောက်ဆီမှ သွေးများ နှလုံးဆီမပြန်နိုင်တဲ့အခါ ရတတ်တဲ့ အနာတစ်မျိုးဖြစ်တယ်။ ခြေထောက်ဘေးဘက်၊ ခြေကျင်းဝတ်၊ ခြေသလုံးကြွက်သားအောက်ဖက်နားမှာ ဖြစ်လေ့ရှိပါတယ်။ ဖြေးဖြေးချင်း အနာကျက်ပြီး မကာကွယ်ပါက ပြန်ဖြစ်နိုင်ချေလည်းရှိပါတယ်။ လူကြီးတွေမှာဖြစ်တဲ့အနာတွေက လူငယ်တွေထက် ပိုဆိုးလေ့ရှိတယ်။ အပေါ်ယံရေပြားပျက်စီးသွားတဲ့အခါ အနာတွေဖြစ်လာပါတယ်။ ထိုအခြေအနေအဖြစ်များဆုံးက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)တွေဖြစ်တယ်။ အများစုကနာကျင်မှုကင်းပေမယ့် တချို့ကတော့အလွန်နာကျင်ပါတယ်။ အထူးသဖြင့် မကုသတဲ့အခါပေါ့…။ မကုသတဲ့အနာတွေဟာ ပိုကြီးမားပြီး အရေပြားရောင်ရမ်းခြင်းကဲ့သို့ တခြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) နဲ့ကွာခြားတဲ့ အခြား အရေပြားပြည်တည်နာနှစ်မျိုးရှိတယ်။ Arteral skin ulcer (သွေးလွှတ်ကြောကြောင့်ဖြစ်သော ပြည်တည်နာ) - အဖြစ်နည်းပြီး၊ တခါတလေ နဲ့ပေါင်းဖြစ်တတ်ပါတယ်။ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့အခါ […]


အခြေခံကျန်းမာရေး

Hot Flashes (အပူပြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hot Flashes (အပူပြန်ခြင်း) ကဘာလဲ။ အပူပြန်ခြင်းသည် ရုတ်တရက် မျက်နှာ၊ လည်ပင်း၊ နှင့် ရင်ဘတ်နေရာတို့တွင် ပူနွေးလာသည်ကို ခံစားရခြင်းဖြစ်သည်။ သင့်အရေပြားသည်လည်း နီနေနိုင်သည်။ အပူပြန်ခြင်းသည် သင့်ကို ချွေးပြန်စေပြီး ချမ်းစိမ့်စိမ့်လည်း ဖြစ်စေနိုင်သည်။ အခြားသော ဟော်မုန်းပြောင်းလဲမှုအခြေအနေများသည်လည်း ထိုလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ထိုကဲ့သို့ အပူပြန်ခြင်းသည် အမျိုးသမီးများ သွေးဆုံးသည့်အခါတွင် ပို၍အဖြစ်များသည်။ အပူပြန်ခြင်းသည် သွေးဆုံးသည့်အချိန်တွင် အဖြစ်အများဆုံး လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အပူပြန်ခြင်းသည် တစ်နာရီခန့်မှ တစ်ရက်၊ နှစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။   Hot Flashes (အပူပြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အပူပြန်ခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHot Flashes (အပူပြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အပူပြန်ခြင်း […]


အခြေခံကျန်းမာရေး

Hypertension (သွေးတိုးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypertension (သွေးတိုးရောဂါ) ကဘာလဲ။ သွေးတိုးရောဂါသည် သွေးကြောနံရံများတွင် ပုံမှန်ထက် သွေးဖိအားကို ခံရသည့်အခါဖြစ်သော သွေးပေါင်ချိန်တက်ခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ လက္ခဏာများမရှိသော်လည်း ကြာလာလျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအဝင် ကျန်းမာရေးပြသနာများ ဖြစ်လာနိုင်သည်။ သွေးပေါင်ချိန်တိုင်းတာလျှင် ဂဏန်းနှစ်မျိုးနှင့် ပြသည်။ အပေါ်ဂဏန်းသည် အပေါ်သွေးဖြစ်ပြီး၊ အောက်ဂဏန်းသည် အောက်သွေးဖြစ်သည်။ ဥပမာ ၁၂၀/၈၀ ဖြစ်သည်။ တစ်မျိုး သို့မဟုတ် ထိုဂဏန်း နှစ်မျိုးလုံး တိုးနေနိုင်သည်။ • ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ရှိခြင်းဖြစ်သည်။ • သွေးပေါင်ချိန်တိုးနေလျှင် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အထက်ရှိနေမည်ဖြစ်သည်။ • သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg သို့မဟုတ် ၎င်းထက်များနေပါက သို့သော် ၁၄၀/၉၀ အောက်ရှိနေပါက ထိုအခြေအနေသည် သွေးမတိုးခင် အခြေအနေဖြစ်သည်။ သင့်တွင် နှလုံးရောဂါ၊ သို့မဟုတ် ကျောက်ကပ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း