အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

မိုးကိုမျှော်နေသလား ကောင်းကင်မှာ မိုးတွေအုပ်ဆိုင်းလာပြီဆိုရင် မိုးရာသီကိုကြိုဆိုရမယ့်အချိန်ရောက်ပြီလို့ သိကြပါတယ်။ ပူပြင်းတဲ့ နွေအပူဒဏ်အောက်မှာ လပေါင်းများစွာ ပင်ပင်ပန်းပန်းနေခဲ့ရပြီးမှ ခြောက်သွေ့နေတဲ့ရာသီကို မိုးရေပက်ဖျန်းပေးတော့မှာပါ။ အပူဒဏ်ကိုလျော့ပါးစေဖို့မျှော်လင့်နေတဲ့ ကလေး၊လူကြီးတွေအပြင် စိုက်ပျိုးရေးတောင်သူဦးကြီးတွေပါမကျန် မိုးရွာဖို့ကို တောင့်တကြပါတယ်။ အချိန်အတော်ကြာစောင့်စားခဲ့ရတဲ့ မိုးရေစက်တွေရဲ့အသံကိုပဲ သံစဉ်လိုလို ထင်မှတ်ပြီးပျော်ရွှင်ကြပါတယ်။ မိုးတွင်းရောက်ရင် ရာသီဥတုက မပူလွန်းမအေးလွန်း၊ နေလို့ကောင်းတဲ့အခြေအနေရှိနေတာကြောင့် လူတွေရဲ့စိတ်မှာပျော်ရွှင်မှုဘက်ကိုပြောင်းလဲစေ ပါတယ်။ အများစုက အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီကိုတောင့်တ၊ပျော်ရွှင်ကြပေမယ့် မနှစ်သက်သူတွေလည်းရှိပါတယ်။ မနှစ်သက်သူတွေအတွက်ကတော့ မိုးတွင်းဆိုတာ သူတို့ရဲ့ အိမ်အပြင်ဘက် သွားလာလှုပ်ရှားမှုတွေကို ဟန့်တားနေတဲ့ အဆက်မပြတ်ရေသွန်းမှု အဖြစ်ပဲမြင်ကြမှာပါ။ တကယ်တော့ ရာသီတိုင်းမှာ လောကဝန်းကျင်ကိုအကျိုးပြုမှုအသီးသီးရှိကြသလို ရာသီဥတုပြင်းထန်လွန်းတဲ့အခါသဘာဝဘေးအန္တရာယ်တွေလည်းရှိတတ်ပါတယ်။ ဒါပေမယ့် မုတ်သုံမိုးဟာ သင်သတိမထားမိလောက်တဲ့ပျော်စရာလေးတွေ နှစ်စဉ် ဖန်တီးပေးနေခဲ့တယ်ဆိုတာကို သိပါရဲ့လား။ မိုးရာသီဟာ သင့်ကို ကန့်သတ်ချုပ်ချယ်မှုရဲ့ဘောင်အတွင်းကနေ လွတ်မြောက်မှုကိုခံစားမိစေမယ့်အချိန်ကာလတစ်ခုဖြစ်ပြီး လှပတဲ့ရာသီဥတုလည်းဖြစ်ပါတယ်။   ငယ်ငယ်ကပျော်ခဲ့ဖူးတဲ့ မိုးရာသီ /ကလေးတွေပျော်တဲ့ မိုးရာသီ ကလေးဘဝမှာဆို အတန်းကူးပြောင်းလို့ ကျောင်းစတက်ချိန်မို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Ackee (အက်ခ်ခီး)

အသုံးပြုပုံများအက်ခ်ခီး ကို ဘာအတွက်အသုံးပြုကြသလဲ Ackee ကို West Africa, the Carribbean, southern Florida, နဲ့ Central America တွေမှာ တွေ့ရပါတယ်။ သူ့ကို အအေးမိခြင်း၊ ဖျားခြင်း၊ ဖေါရောင်ခြင်းနဲ့ တက်ခြင်းတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Ackee ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Ackee ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအက်ခ်ခီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ […]


ရောဂါလက္ခဏာများ

Chest Pain (ရင်ဘတ်အောင့်ခြင်း )

အခြေခံသိသင့်သည်များကိုသိရှိခြင်း ။ရင်ဘတ်အောင့်ခြင်းဆိုတာဘာလဲ ။ ရင်ဘတ်အောင့်ခြင်းဆိုသည်မှာ ရင်ဘတ်ကိုဖိထားသလို ၊ မီးလောင်နေသလိုခံစားရခြင်း ဖြစ်ပါသည် ။ တစ်ချို့လူများတွင် နာကျင်မှုသည် လည်ပင်းမှ အရိုးများ ၊ ကျောရိုးများ နှင့် လက်မောင်းတစ်ဖက် သို့ နှစ်ဖက်စလုံးအထိပျံနှံ့နိုင်ပါတယ် ။ ရင်ဘတ်အောင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ် ။ အန္တရာယ်အများဆုံးဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အဆုတ် သို့ နှလုံးနဲ့ဆက်စပ်နေတဲ့ရောဂါတွေပဲဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ အရမ်းခန့်မှန်းရခက်သောကြောင့် ဆရာဝန်နဲ့သေချာပြပြီး စစ်ဆေးသင့်ပါတယ် ။ ရင်ဘတ်အောင့်ခြင်းဟာ ဘယ်လိုအဖြစ်များတာလဲ။ ရင်ဘတ်အောင့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် နှလုံးနဲ့ဆက်စပ်နေတာနဲ့အသက်အန္တရာယ် စိုးရိမ်ရတာကတော့ ရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရင်ဘတ်အောင့်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများကို သိရှိခြင်း ။ရင်ဘတ်အောင့်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ။ ရဂ်ဘတ်အောင့်ခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ – သင့်ရဲ့ရင်ဘတ်ဟာ ဖိထားသလိုတင်းတင်းကျပ်ကျပ်ခံစားနေရခြင်း ၊ – စုတ်ဖြဲခံနေရသလို၊ ပူလောင်နေသလိုနာကျင်မှုဟာ သင့်ရဲ့ကျောကုန်း ၊ လည်ပင်း ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Moon Facies (လဝန်းမျက်နှာ)

အခြေခံအချက်များMoon Facies (လဝန်းမျက်နှာ) ဆိုတာ ဘာလဲ။ မျက်နှာက ဖောပြီး ဝိုင်းဝိုင်းကြီးဖြစ်လာပြီဆိုရင်တော့ Moon Facies ရှိနေပါပြီ။ Moon Facies ကို လပြည့်ဝန်းမျက်နှာလို့လည်း ခေါ်ပါတယ်။ စိုးတော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့်လည်း မလုံမလဲကြီးတော့ ဖြစ်နေတာပေါ့။ လပြည့်ဝန်းမျက်နှာဟာ အဆီတွေ မျက်နှာရဲ့ တစ်ဖက်တစ်ချက်မှာ စုပုံလာလို့ ဖြစ်လာရတာပါ။ တော်တော်များများကတော့ အဝလွန်ခြင်းကြောင့်ဖြစ်ပေမယ့် Cushing’s syndrome ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း Cushingoid ပုံစံလို့လည်း ပြောကြပါသေးတယ်။ Cushing’s syndrome ဆိုတာဟာ ခန္ဓါကိုယ်က Cortisol ဆိုတဲ့ ဟော်မုန်းကို အချိန်ကြာကြာ ထိတွေ့တဲ့ အခါမှာ ဖြစ်လာတဲ့ ရောဂါပါ။   Moon Facies(လဝန်းမျက်နှာ)က ဘယ်လောက်အဖြစ်များလဲ။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရှောင်သည့်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်ပြီး ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ […]



အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကဘာလဲ။ မုန့်ချိုအိတ်ရောင်ခြင်းသည် မုန့်ချိတ်ဖောင်းပြီး ရောင်ရမ်းသောရောဂါဖြစ်သည်။ မုန့်ချိုအိတ်ဆိုသည်မှ ရှည်လျားပြားချပ်သော ဂလင်းတစ်ခုဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်၏နောက်တွင် တည်ရှိပါသည်။ ၎င်းသည် အစာချေအင်းဇိုင်းများအား အူသိမ်ထဲသို့ထုတ်လွှတ်ပေးပြီး အစာချေရာတွင် အကူအညီပေးသလို အင်ဆူလင်ဟော်မုန်းနှင့် ဂလူဂါဂွန်ဟော်မုန်းထုတ်ကာ ခန္ဓါကိုယ်၏သကြားဓါတ် (ဂလူးကို့စ်)ကို ထိန်းချုပ်ပေးသည်။ မုန့်ချိုအိတ်ရောင်ခြင်း နှစ်မျိုးရှိပါသည်။ ရုတ်တရတ်ပြင်းထန်နှင့် နာတာရှည်ဖြစ်ခြင်း။ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသာ အချိန်ခဏသာကြာတတ်၏။ ၎င်းသည် ခပ်ပျော့ပျော့မှ ပြင်းထန်ပြီး အသက်ခြိမ်းခြောက်သည်အထိ အမျိုးမျိုးဖြစ်နိုင်သည်။ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်သည့်လူအများစုသည် မှန်ကန်သောကုသမှုခံယူပါက လုံးဝပျောက်ကင်းနိုင်သည်။ ပြင်းထန်သောအခြေအနေတွင် ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် ဂလင်းထဲ၌သွေးထွက်စေပြီး ပြင်းထန်သောတစ်ရှူးပျက်စီးမှု၊ ပိုးကူးစက်ခြင်းနှင့် အိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် တခြားသော သက်ဖြစ်အင်္ဂါများဖြစ်သည့် နှလုံး အဆုတ်နှင့် ကျောက်ကပ်များကိုပါ ထိခိုက်စေနိုင်ပါသည်။ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းသည် အချိန်ကြာမြင့်တတ်သည်။ ၎င်းသည် မကြာခဏဆိုသလို ရုတ်တရတ်ပြင်းထန်သော […]


ရောဂါလက္ခဏာများ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကဘာလဲ။ အေးတဲ့ ပတ်ဝန်းကျင်မှာနေရင် ခြေဖျားလက်ဖျားအေးခြင်းက အဖြစ်များပါတယ်။ ခြေဖျားလက်ဖျားအေးခြင်းဟာ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာမို့ စိတ်မပူသင့်ပါဘူး။ တကယ်လို့ ခြေဖျားလက်ဖျားအေးခြင်းက ဆက်တိုက်ဖြစ်နေပြီး အရောင်ပြောင်းလဲမှုတွေပါ ရှိတယ်ဆိုရင်တော့ ဒါဟာ သတိပေးလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာ လက်အေးခြင်းဟာ အာရုံကြော၊ သွေးစီးဆင်းမှု ပြဿနာ (သို့) လက်၊ ခြေထောက်မှာရှိတဲ့ တစ်ရှူးပျက်စီးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အပြင်ရာသီဥတုက အလွန်အေးပြီး သင့်မှာ ခြေဖျားလက်ဖျားအေးခြင်း ဖြစ်တယ်ဆိုရင် နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အိမ်ခြေယာမဲ့၊ အေးတဲ့အချိန် အပြင်မှာ အလုပ်လုပ်ရသူ၊ တောင်တက်သူတွေမှာ အဖြစ်များပါတယ်။ အမြင့်မှာ အလုပ်လုပ်ရသူနဲ့ အရက်သောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများCold Hands And […]


အခြေခံကျန်းမာရေး

Malnutrition (အာဟာရ မပြည့်ဝခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကဘာလဲ။ သင့်ခန္ဓါကိုယ်တွင်လုံလောက်သော အာဟာရ မရရှိသည့်အခါ အဟာရ မပြည့်ဝခြင်းဖြစ်လာရသည်။ အာဟာရ မပြည့်ဝခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ အာဟာရအတော်မပြည့်ဝသော ကလေးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဉာဏ်ရည်မပြည့်မီခြင်းတို့ခံစားရသည်။ သူတို့ကို ကုသပြီးသည့်တိုင်အောင် အာဟာရဓါတ်များသည် ချက်ချင်းပြန်မပြည့်လာဘဲ သူတို့ဘဝ၏ကျန်ရှိနေသော အချိန်များတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများနှင့် အစာချေဖျက်မှုဆိုင်ရာ ပြသနာများကို ခံစားရနိုင်ပါသည်။ အာဟာရအတော်မပြည့်ဝသော အရွယ်ရောက်ပြီးသူများသည် ကုသမှုခံယူပြီးလျှင် လူကောင်းအတိုင်းပြန်လည် ကျန်းမာသွားသည်ကိုတွေ့ရပြီး အောက်ပါတို့သည် ဆက်နွယ်နေသော လက္ခဏာများဖြစ်သည်။ ကိုယ်ခံအားကျဆင်းသောကြောင့် ရောဂါဝင်လွယ်ခြင်း အနာကျက်နှေးခြင်း ကြွက်သားများ အားနည်းခြင်းကြောင့် မကြာခဏ ချော်လဲပြီး အရိုးကျိုးခြင်း ထို့ပြင် အာဟာရချို့တဲ့ခြင်းကြောင့် အစားစားချင်စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း စသည်တို့ဖြစ်လာကာရောဂါလက္ခဏာများပိုဆိုးလာစေနိုင်ပါသည်။ Malnutrition (အာဟာရ မပြည့်ဝခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အာဟာရချို့တဲ့ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော အတွေ့ရများသော ကျန်းမာရေးပြသနာဖြစ်သည်။ ၎င်းကို ကာကွယ်ရန် ဖြစ်နိုင်ချေရှိသော အရာများကိုလျှော့ချသင့်သည်။ ပိုမိုတိကျစွာ သိရှိရန် […]


အခြေခံကျန်းမာရေး

အသက် ၂၀ ဝန်းကျင် သင့်ခန္ဓါကိုယ်ပြောင်းလဲမှုများ

အသက် ၂၀ ဝန်းကျင် သင့်ခန္ဓါကိုယ်ပြောင်းလဲမှုများ လူတွေကပြောကြမယ်။ အသက် ၂၀အရွယ်က ဘဝမှာအကောင်းဆုံးအချိန်ပဲလို့ပေါ့။ သူတို့ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ဒီအသက်အရွယ်မှာ အံ့သြစရာအကောင်းဆုံးအဖြစ်အပျက်တွေ အများကြီးကြုံရလို့ပါပဲ။ ဒါပေမယ့် လူတစ်ချို့ကတော့ အသက် ၂၀အရွယ်ဟာ ခန္တာကိုယ်အပြောင်းအလဲတွေ သိသိသာသာဖြစ်ပျက်လာတာကြောင့် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတဲ့အရွယ်လို့ ပြောကြတယ်။   ၁။ ဦးနှောက် အာရုံကြောအဖွဲ့အစည်းအကြောင်းလေ့လာတဲ့ သိပ္ပံပညာရှင်တွေကြားမှာ “အပြည့်အဝဖွံ့ဖြိုးပြီး ဦးနှောက်”ဆိုတဲ့အဆိုကို အမြဲငြင်းခုန်ကြပါတယ်။ ဘယ်အသက်အရွယ်မှာ ဦးနှောက်ဟာ အပြည့်အဝဖွံ့ဖြိုးပြီးဖြစ်တယ်ဆိုတာကို သတ်မှတ်နိုင်မလဲ။ သိပ္ပံပညာရှင်များဟာ နှစ်ပေါင်းများစွာ မြှီးကောင်ပေါက်အရွယ်နောက်ပိုင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတယ်လို့ ယုံကြည်ထားကြပါတယ်။ သို့သော်လည်း အသက်၂၀၀န်းကျင်မှာ ဦးနှောက်ရဲ့အစိတ်အပိုင်းအချို့က ဖွံ့ဖြိုးကြီးထွားဖို့ အခန်းလွတ်တွေကျန်သေးတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်းမှာ အသိသာဆုံးကတော့ ဦးနှောက်အပြင်အကာပိုင်းပဲဖြစ်ပါတယ်။ အဲ့ဒီအပိုင်းက ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ အခြေအနေတွေကို ခန့်မှန်းခြင်း၊ အန္တရာယ်ဖြစ်နိုင်ခြေကို တွက်ချက်ခြင်းနဲ့ ခဏတာမှတ်ဉာဏ်တွေကို တာဝန်ယူပေးပါတယ်။ မြှီးကောင်ပေါက်အရွယ်နောက်ပိုင်းနဲ့ အသက်၂၀အရွယ်အစောပိုင်းကာလတွေမှာ လူတစ်ချို့မှာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိတတ်ပါတယ်။   ၂။ အရိုးတွေ အသက် ၂၀အရွယ်ဆိုတာ […]


အခြေခံကျန်းမာရေး

အရွယ်တင်စေတဲ့ ပစ္စည်း ၇ မျိုး

အိုမင်းခြင်းဆိုတာ လူတိုင်းတွေ့ကြုံရမယ့်သဘာဝတရားပါ။ အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် ပြင်ပလှုပ်ရှားမှုနဲ့ရုပ်ရည်သွင်ပြင်ကို သက်ရောက်မှုရှိပါတယ်။ အချိန်ရဲ့အကျိုးသက်ရောက်မှုကြောင့်သာမက အိုမင်းခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့နေထိုင်မှုပုံစံနဲ့ သကြားအလွန်အမင်းသုံးစွဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိုမင်းခြင်းကိုနှောင့်နှေးစေနိုင်မယ့် ဓါတ်ပစ္စည်းအနည်းငယ်ရှိပါတယ်။   ၁။ ဗီတာမင်ဘီအုပ်စု ဗီတာမင်ဘီကို skin careတွေမှာ အများအပြားအသုံးပြုပါတယ်။ အိုမင်းရင့်ရော်ခြင်းကို အကာအကွယ်ပေးပြီး အစားအစာကနေ စွမ်းအင်ကိုပြောင်းလဲပေးခြင်းဖြင့် ခန္တာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အသားအရည်အတွက် ရေဓါတ်ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်ကိုလည်း ကုသပေးပါတယ်။ NIA အရ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အသားအရည်ကိုတင်းရင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဘီအုပ်စုပါဝင်တဲ့ ထုတ်ကုန်တွေကိုရွေးချယ်သင့်ပါတယ်။   ၂။ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ဒီဓါတ်ဟာအိုမင်းခြင်းကို ဆန့်ကျင်တဲ့ပစ္စည်းတွေပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါတွေကတော့ ဗီတာမင်အေ၊ စီနဲ့ အီး၊ glytathione၊ ဆယ်လီနီယမ်၊ လက်ဖက်စိမ်းအနှစ်၊ ပဲပိစပ်အနှစ်၊ စပျစ်စေ့အနှစ်၊ သလဲသီးအနှစ်၊ superoxide၊ dismutase၊ b tecarotene ဓါတ်တွေပဲဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ skin careတွေဟာ စိတ်ဖိအားကျဆင်းစေပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း