အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Reconstruction (ရင်သားပြန်လည်ပြုပြင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားပြန်လည်ပြုပြင်ခြင်း ဆိုတာ ဘာလဲ ရင်သားပြန်လည်ပြုပြင်ခြင်းဆိုတာ ရင်သားကို ခွဲစိတ်ဖြတ်တောက်မှုလုပ်ပြီးချိန်မှာ အရင်အတိုင်း ပုံစံပြန်ရအောင် ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားထည့်သွင်းခြင်းဖြစ်ဖြစ်၊ တစ်သျှူးများကို ချဲ့ကားပေးခြင်းဖြစ်ဖြစ် လုပ်ဆောင်ပြီး ရင်သားကို အရင်အတိုင်း ပြန်လည်ပုံဖော်ပေးပါလိမ့်မယ်။   ရင်သားပြန်လည်ပြုပြင်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ရင်သားပြန်လည်ပြုပြင်ခြင်း ဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ တခြားလူတွေရဲ့ဆန္ဒအတိုင်း၊ တခြား လူကြိုက်များတဲ့ပုံစံအတိုင်း လိုက်လုပ်စရာ မလိုပါဘူး။ အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ရောဂါရှာဖွေမှု၊ ကုသမှုကို ကောင်းစွာ လက်ခံနိုင်လျှင် အနာကျက်ခြင်းကို နှောင့်နှေးစေမည့် အခြားရောဂါများ မရှိလျှင် သင်၏ရင်သား ကိုယ်ခန္ဓါပုံပန်းကို ပြန်လည်တည်ဆောက်ရာတွင် အပြုသဘောမြင်တတ်ပြီး လက်တွေ့ကျသော ရည်မှန်းချက်များရှိလျှင် ဖြစ်နိုင်ချေအန္တရာယ်များရင်သားပြန်လည်ပြုပြင်ခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ ရင်သားအစားထိုး ထည့်သွင်းခြင်းရဲ့ အဓိက ပြသနာကတော့ သဘာဝရင်သားတွေနဲ့ မတူတာပါပဲ။ အထူးသဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကဘာလဲ။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။ ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။ Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAbdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစောပိုင်းတွင် ရောဂါလက္ခဏာများကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကဘာလဲ။ နှာနုရိုးသည် နှာခေါင်းအတွင်းအား အခန်းနှစ်ခုအဖြစ် အညီအမျှပိုင်းခြားပေးသော နံရံတစ်ခုဖြစ်သည်။ ဖြစ်သင့်သည့် နှာနုရိုးသည် အလယ်တည့်တည့်တွင် ရှိရမည်ဖြစ်ပြီး နှာခေါင်းလေဝင်ပေါက်ကို ဘယ်နှင့်ညာ ညီတူမျှတူ ပိုင်းခြားနေရမည်ဖြစ်သည်။ သို့သော် ၈၀ % သော နှာနုရိုးများသည် အလယ်တွင်မဟုတ်ပါ။ ထိုအခြေအနေအား နှာနုရိုးနေရာလွဲခြင်းဟု ခေါ်၏။ နှာခေါင်းအတွင်းပိုင်းပုံစံကြောင့် လေအိတ်များတွင် နာတာရှည်ပိုးကူးစက်မှုကို အလွယ်တကူဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများသည် များသောအားဖြင့် တစ်ဖက်တည်းတွင်သာ အဖြစ်များသည်။ တစ်ခါတစ်ရံတွင် တစ်ကယ်ဖြစ်နေသည့်ဖက်ကမဟုတ်ပဲ တခြားတစ်ဖက်မှာသွားဖြစ်နေတာမျိုးလဲ ရှိသည်။ ဖြစ်ရပ်တစ်ချို့တွင် ကောက်နေသော နှာနုရိုးသည် လေအိတ်များမှ အရည်များစီးဆင်းမှုကို နှောက်ယှက်နိုင်ပြီး လေအိတ်ပိုးဝင်ခြင်း ခဏခဏဖြစ်တတ်ပါသည်။ Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နှာနုရိုးနေရာလွဲခြင်းသည် ကမ္ဘာအနှံ့အဖြစ်များသော အကျိတ် (အမီလိုဘလက်စတိုးမားအကျိတ်)ပြီးနောက် ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်။ သို့သော် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Insect Bites (ပိုးမွှားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Insect Bites (ပိုးမွှားကိုက်ခြင်း) ကဘာလဲ။ ပိုးမွှားအများစုကိုက်လျှင် အခံရခက်သည်ကလွဲလျင် အန္တရာယ်သိပ်မရှိပါ။ ပျားတုပ်၊ နကျယ်ကောင်၊ နကျယ်ကောင် အကြီးစား နှင့် ပုရွက်ဆိတ်အကောင်ကြီးများကိုက်လျှင် နာသည်။ ခြင်၊ နှင့် လှေး၊သန်းများ ကိုက်လျှင် ယားတတ်သည်။ ပိုးမွှားများသည် ရောဂါပိုးများကိုလည်းပျံနှံ့စေပါသည်။ ပိုးမွှားကိုက်ခြင်း နှင့် တုပ်ခြင်းသည် အရေပြားတွင် တုံ့ပြန်မှုချက်ချင်းပေါ်တတ်သည်။ ပုရွက်ဆိတ်အကောင်ကြီးများကိုက်ခြင်းနှင့် ပျားတုပ်ခြင်း၊ နကျယ်ကောင်တုပ်ခြင်းတို့သည် နာကျင်မှုကို အဖြစ်စေဆုံးဖြစ်သည်။ ခြင်၊ လှေး၊ သန်း တို့ကိုက်ခြင်းသည် နာကျင်ခြင်းထက် ယားယံခြင်းကို ပိုဖြစ်စေသည်။ Insect Bites (ပိုးမွှားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးမွှားကိုက်ခြင်း သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ(ပိုးမွှားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာသည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း ) ကဘာလဲ။ လူအများစုသည် ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းကို ခန္ဓါကိုယ် အပြင်ဘက်တွင် မမြင်ရသော သွေးထွက်ခြင်းအဖြစ်နားလည်ထားသော်လည်း ကျန်းမာရေးစောင့်ရှောက်သူများအတွက်မူ သွေးထွက်သည့် နေရာအတိအကျကို ဖော်ပြနိုင်သော စကားလုံးများကို ပိုသုံးလေ့ရှိကြသည်။ ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းသည် ကိုယ်တွင်းရှိ တစ်သျူးများ၊ အဂါၤများ သို့မဟုတ် ခေါင်း၊ အာရုံကြောမ နေရာ၊ နှင့် ဝမ်းဗိုက်ကဲ့သို့သော ကိုယ်တွင်း ဝမ်းခေါင်းထဲတွင် သွေးယိုစီးခြင်းဖြစ်သည်။ ကိုယ်တွင်းသွေးယိုခြင်းသည် ခွဲခြားရန်ခက်ခဲပြီး စထွက်သည်မှအချိန်ကြာလာသည်အထိ မသိသာတတ်ပေ။ လက္ခဏာများသည် သွေးအများကြီး ဆုံးရှုံးသည့်အခါ သို့မဟုတ် သွေးခဲများက အဂါၤတစ်ခုခုကို ဖိသဖြင့် ကောင်းစွာ အလုပ်မလုပ်နိုင်သည့်အခါတွင် သိသာလာလေ့ရှိသည်။ Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း ) က ဘယ်လောက်အဖြစ်များသလဲ လတ်တလော လေ့လာမှုများအရ ကိုယ်တွင်းသွေးယိုသော လူများ ပိုများလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် […]


အခြေခံကျန်းမာရေး

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။ ကိုလက်စထေရောသည် သွေးထဲရှိ အဆီထဲတွင် တွေ့ရသော ဖယောင်းကဲ့သို့သော အရာတစ်မျိုးဖြစ်သည်။ ကိုလက်စထရောသည် ဆဲလ်များ၏အမြှေးပါး၊ ဗီတာမင် ဒီ၊ အစာခြေအရည် နှင့် အခြားသော ဟော်မုန်းများပြုလုပ်ရန် အရေးကြီးသည်။ သို့သော် အချို့သော ကိုလက်စထရောများသည် နှလုံးရောဂါဖြစ်နိုင်ချေကိုများစေသည်။ ကိုလက်စထရောသည် သွေးထဲတွင်မပျော်နိုင်ပေ။ ၎င်းတို့ကို သွေးထဲတွင် Lipoprotein ဟုခေါ်သော ပရိုတင်းတစ်မျိုးမှ သယ်ဆောင်သည်။ Lipoprotein မှသယ်ဆောင်သော ကိုလက်စထရော အမျိုးအစာပေါ်မူတည်ပြီး ကိုလက်စထရော အမျိုးမျိုးခွဲခြားနိုင်သည်။ – Low density lipoprotein (LDL) သည် ခန္ဓါကိုယ်အတွက် မကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ သွေးကြောများ၏ နံရံတွင် ဖြစ်ပေါ်ပြီး သွေးကြောကို မာပြီး ကျဉ်းမြောင်းလာစေသည်။ – High density lipoprotein […]


ရောဂါလက္ခဏာများ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကဘာလဲ။ ခြေကျင်းဝတ်တွေ ခြေထောက်တွေရောင်နေခြင်းဟာ ထိုနေရာတွေမှာ အရည်တွေစုနေခြင်းကြောင့်ဖြစ်ပြီး ဒဏ်ရာကြောင့်မဟုတ်ပါက မနာကျင်ပါဘူး။ Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖောခြင်းဖြစ်စေတတ်သော အချက်တွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းရှောင်ကြဉ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများ Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖြစ်လေ့ရှိသောလက္ခဏာတွေကတော့- နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါများရှိပါက ဖောခြင်းရောင်ခြင်းခံစားရတတ်ပါတယ်။ ဖောနေသောနေရာမှာ နီရဲနေပြီး ထိကြည့်ပါက ပူနွေးနေနိုင်ပါတယ်။ ကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရုတ်တရတ်ဆိုးဆိုးရွားရွား ဖောရောင်လာတတ်ပါတယ်။ အိမ်တွင်းကုနည်းများသုံးသော်လည်း အသုံးမဝင်ဘဲပိုဆိုးလာတာမျိုးကြုံရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ ရင်ဘတ်မှာ နာကျင်နေ၊ တင်းကြပ်နေခြင်း မူးခြင်း ေဝဝါးခြင်း အသက်ရှူရခက်ခြင်း ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ ဘယ်အချိန်မှာ […]


အခြေခံကျန်းမာရေး

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကဘာလဲ။ မကြိုးစားဘဲ၊ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားပါက ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါဟာတော်တော်ကို စိတ်ညစ်စရာကောင်းနေမှာပါ။ အထူးသဖြင့် သိသိသာသာပိန်ကျသွားပြီး အကြောင်းအရင်းမသိတဲ့အခါတွေမှာပေါ့။ မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်းဟာ ရောဂါကြီးကြီးမားမားရှိလို့ ဒါမှမဟုတ် အစာအိမ်ဗိုင်းရပ်စ်ဝင်ခြင်းလိုမျိုး သာမန်ပြဿနာအသေးလေးကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းမသိဘဲ အလေးချိန်ကျသွားခြင်းက ကျန်းမာရေးအရစိတ်ပူစရာတစ်ခုဟုတ်ရဲ့လား မသေချာပါဘူး။ ဒါပေမယ့် ဆရာဝန်အများစုကတော့ ၆လအတွင်း ပုံမှန်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီးလျော့ကျသွားပါက အထူးသဖြင့်အသက်ကြီးသူတွေမှာဆိုရင်တော့ ကျန်းမာရေးအရ တွေးဖို့လိုလာပါပြီ။ သင့်ကိုယ်အလေးချိန်ဟာ သင့်ရဲ့ ကယ်လိုရီစားသုံးမှု၊ လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အာဟာရ၊ ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်မှုနဲ့ လူမှုရေး စီးပွားရေးတွေမှာမူတည်နေတတ်ပါတယ်။ Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ မရည်ရွယ်ထားပဲကိုယ်အလေးချိန်လျော့တာဟာ တော်တော်အဖြစ်များပါတယ်၊ ယောက်ျားမိန်းမမရွေးဖြစ်နိုင်ပြီး အသက်အရွယ်မရွေးလည်းဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ရှားခြင်းဖြင့်တော့ သက်သာစေနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများUnintentional Weight […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာ ချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့ အစားအစာ တချို့ကြောင့် ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာ ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေလို အစားအစာတွေ စားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိက သဲလွန်စတွေ ဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိ လူမျိုးနဲ့ […]


ကျန်းမာရေး သတင်းများ

ကင်ဆာအကျိတ်ဆဲလ်တွေကို ၁၀ စက္ကန့်အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကိရိယာ

ကင်ဆာဖြစ်လာမယ့်အကျိတ်တစ်ရှူးကို ချက်ချင်းစစ်ဆေးသိရှိနိုင်ပြီး လုံးဝဖယ်ရှားပေးနိုင်စေမယ့် ကင်ဆာစစ်ဆေးမှု ကိရိယာအသစ်တစ်မျိုးကို တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကိရိယာနဲ့သာဆိုရင် လူနာကို ခွဲခန်းကုတင်မှာထားပြီး ဓါတ်ခွဲခန်းကို နမူနာတွေပို့ပြီးစစ်ဆေးရတာတွေ စောင့်ဆိုင်းရတာတွေမရှိတော့ဘဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ ဘောပင်ပုံစံ The MasSpec Pen ဟာ စစ်ဆေးမယ့်တစ်ရှူးက ကင်ဆာဖြစ်မဖြစ်ကို အချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပြီး ၁၀ စက္ကန့်အတွင်း အဖြေရရှိနိုင်တဲ့ ကိရိယာငယ်ဖြစ်ပါတယ်။ ဒီကိရိယာကြောင့် အကျိတ်ဘေးတဝိုက်က ကင်ဆာဆဲလ်တွေအားလုံးကို ခွဲစိတ်ဖယ်ရှားနိုင်ဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့University of Texas မှ လက်ထောက်ပါမောက္ခ သုတေသီLivia Eberlin ကပြောပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ဦးနှောက်ကင်ဆာတို့ဟာ ပုံမှန်တစ်ရှူးတဝိုက်ကို ပျံ့နှံ့ရောက်ရှိတတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ ခွဲစိတ်ဆရာဝန်တွေအတွက်တော့ ကင်ဆာဆဲလ်တွေက ပုံမှန်တစ်ရှူးနဲ့ ဆင်တူနေတာကြောင့် မျက်စိအမြင်တစ်ခုတည်းနဲ့ အရမ်းကို ခွဲခြားဖယ်ရှားရခက် တယ်လို့သူကပြောပါတယ်။ လက်ရှိမှာ ကိရိယာသစ်ရဲ့ရလဒ်တိကျမှန်ကန်မှုကတော့ ၉၆ ရာခိုင်နှုန်းကျော်တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေအရဖော်ပြခဲ့ပါတယ်။ အခုအသုံးပြုနေတဲ့နည်းလမ်းမှာဆို ကင်ဆာခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုအတွင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း