အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Chest X-Ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)

အခြေခံကိုသိခြင်း။Chest X-ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း )ဆိုတာဘာလဲ? Chest X-ray ဆိုတာ နှလုံး၊ အဆုတ်၊ လေပြွန်၊ သွေးကြောတွေနဲ့ lymph nodes တွေကိုပြတဲ့ ရင်ဘတ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ ရင်ရိုးခွေ၊ နံရိုး၊ ညှပ်ရိုး နဲ့ ကျောရိုးအပေါ်ပိုင်း အပါအဝင် ကျောရိုးတွေ နဲ့ ရင်ဘတ်မှာရှိတဲ့ အရိုးတွေကိုလည်း ပြနိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ဟာ ရင်ဘတ်အတွင်းရှိ ပြသနာတွေကို ရှာဖွေဖို့ အတွက် အသုံးများတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ သင့်ခန္ဓါကိုယ် အတွင်းက အစိတ်အပိုင်းတွေကို ဖော်ပြနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကတော့ သင့် အဆုတ်ရဲ့ အခြေအနေ။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကနေ ကင်ဆာ၊ ရောဂါပိုးဝင်ခြင်း၊ (သို့) အဆုတ်ပတ်လည်နေရာတွေမှာ လေတွေစုနေခြင်း စတာတွေကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ emphysema (သို့) cystic […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Colposcopy And Cervical Biopsy (သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Colposcopy နဲ့ cervical biopsy ဆိုတာဘာလဲ? Colposcopy ဆိုတာ မိန်းမ အင်္ဂါ၊ မိန်းမကိုယ် လမ်းကြောင်း နဲ့ သားအိမ်ခေါင်းအ၀ စတဲ့နေရာတွေကို ကြည့်ဖို့အတွက် ဆရာဝန်တွေ အသုံးပြုတဲ့ အထူးချဲ့ထွင်ကြည့်သောကိရိယာ တစ်ခုဖြစ်ပါတယ်။ colposcopy ကြည့်ပြီး ပြသနာတစ်ခုခုတွေ့ရှိပါက အသားစအနည်းငယ်ကို သားအိမ်ခေါင်းအဝမှ ယူနိုင်ပါတယ်။ အဲဒီ အသားစ နမူနာကို Microscope (အနုကြည့်မှန်ပြောင်း)အောက်မှာ ကြည့်နိုင်ပါတယ်။ Colposcopy ကို Pap test စစ်ဆေးချက်အဖြေက ပုံမှန်မဟုတ်ခဲ့ရင် မိန်းမကိုယ် လမ်းကြောင်းနဲ့ သားအိမ်ခေါင်းဝကို ကြည့်ရှုဖို့ လုပ်ဆောင်လေ့ရှိပါတယ်။Pap test စစ်ဆေးချက်အဖြေကို ပုံမှန်မဟုတ်စေတာ အများစုက HPV (human papillomavirus) ဗိုင်းရပ်စ် နဲ့ ဘက်တီယီးယား၊ fungi (မှို) (သို့) protozoa […]


အခြေခံကျန်းမာရေး

Complete Blood Count (သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း ဆိုတာ ဘာလဲ သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း (CBC) ဆိုတာ သွေးထဲမှာရှိတဲ့ ဆဲလ် အရေအတွက်နဲ့ အမျိုးအစားတွေ အားလုံး (အထူးသဖြင့် – သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား) နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပေးတဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။ CBC ဟာ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီး အညိုအမည်း စွဲခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့ အတွက် ဆရာဝန်တွေကို အကူအညီ ပေးပါတယ်။ သွေးအားနည်းရောဂါ၊ ပိုးဝင်ခြင်းနှင့် တခြားသော ရောဂါတွေကိုလည်း ရောဂါအမည် သတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ လက္ခဏာများCBC စစ်ဆေးချက်မှာ ပါဝင်လေ့ ရှိတာတွေကတော့ – သွေးဖြူဥ အရေအတွက် သွေးဖြူဥဆိုတာ ကျွန်ုပ်တို့ရဲ့ […]


ဆေးစစ်ချက်များ

Cranial Ultrasound (ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း)

အခြေခံကို သိခြင်း။ဦးခေါင်း အာထရာဆောင်း ဆိုတာဘာလဲ? ဦးခေါင်း အာထရာဆောင်း ရိုက်တယ်ဆိုတာဟာ ပြန်လာတဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ ဦးနှောက်အတွင်းဘက် အရည်တွေရှိတဲ့ အခန်း တွေရဲ့ ပုံရိပ်ကိုထုတ်ယူတာဖြစ်ပါတယ်။ နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေကို တွက်ချက်ဖို့ လေ့လာဖို့ ဒီစစ်ဆေးချက်ကို ကလေးလေး တွေမှာ များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဒီ အာထရာဆောင်းကို ဦးနှောက်ခွဲစိတ်မှုလုပ်ဆောင်နေစဉ် ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို မြင်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်ပါတယ်။ လက္ခဏာများ။အာထရာဆောင်း လှိုင်းတွေက အရိုးတွေကို ဖြတ်မသွားနိုင်ပါဘူး။ ဒါ့ကြောင့် cranium လို့ခေါ်တဲ့ ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ ကြီးထွားပြီးသွားတဲ့အခါမျိုးမှာ ဦးနှောက်ကို စစ်ဆေးဖို့ အာထရာဆောင်းရိုက်လို့မရပါဘူး။ ဒါ့ကြောင့် ဦးခေါင်း အာထရာဆောင်းကို ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ […]


ဆေးစစ်ချက်များ

Creatinine Clearance (ခရီအေတနင်းစစ်ဆေးခြင်း)

အခြေခံကိုသိခြင်း။Creatinine clearance ဆိုတာဘာလဲ? Creatinine စစ်ဆေးချက်ဟာ သင့်ရဲ့ကျောက်ကပ်တွေ နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ Creatinine ဆိုတာဟာ သင့်ကြွက်သားတွေ ဇီ၀ ဓါတုလုပ်ငန်းတွေ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတု စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသားစာခြင်းအားဖြင့်လည်း အနည်းငယ်ဖြစ်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့ ကျောက်ကပ်တွေက creatinine နဲ့ အခြား စွန့်ပစ်ပစ္စည်းတွေကို သွေးထဲကနေ စစ်ထုတ်လိုက်နိုင်ပါတယ်။ စစ်ထုတ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ ဆီးထဲကနေ တစ်ဆင့် ခန္ဓါကိုယ်ပြင်ပကို ရောက်ရှိသွားပါတယ်။ အဲလို ကျောက်ကပ်ကနေ creatinine တွေကို စွန့်ထုတ်ပစ်နိုင်တဲ့ စွမ်းအင်ကို creatinine clearance rate လို့ခေါ်ပြီး glomerular filtration rate( GFR) လို့ခေါ်တဲ့ ကျောက်ကပ်ကို ဖြတ်ပြီး သွေးစီးနှုန်းကို ခန့်မှန်းနိုင်ဖို့ အတွက် အကူအညီပေးနိုင်ပါတယ်။ တကယ်လို့ […]


ဆေးစစ်ချက်များ

Cystometry (ဆီးအိတ်ဖိအားတိုင်းတာခြင်း)

အခြေခံကို သိရှိခြင်း။Cystometry ဆိုတာဘာလဲ? Cystometry ဆိုတာ ဆီးအိတ်အလုပ်ကောင်းကောင်း လုပ်နေ၊မနေ သိနိုင်ဖို့ ဆီးအိတ်အတွင်းမှာ ရှိတဲ့ ဖိအား ကို တိုင်းတာနိုင်တဲ့ စစ်ဆေးချက်ဖြစ်ပါတယ်။ ကြွက်သား(သို့) အာရုံကြောပြသနာတွေက ဆီးအိတ်ကဆီးတွေကို ဘယ်လောက်သိမ်းထားနိုင်ပြီး၊လွှတ်ချ နိုင်သလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ ပြသနာတွေ ဖြစ်စေနိုင်ခဲ့ရင် cystometry ကို လုပ်ဆောင်လေ့ရှိပါတယ်။ ဆီးသွားတယ်ဆိုတာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဆီးအိတ်ပြည့်လာတာနဲ့ ဆီးအိတ်မှာ ရှိတဲ့ အာရုံကြော အဖွဲ့အစည်းတွေက ကျောရိုးအာရုံကြော အဖွဲ့အစည်းနဲ့ ဦးနှောက်ဆီကို ဆီးသွား ဖို့လိုတယ်ဆိုတဲ့ သတင်းအချက်အလက်တွေပေးပို့ လိုက်ပါတယ်။ တုံ့ပြန်မှု အနေနဲ့ ကျောရိုးအာရုံကြောအဖွဲ့က ဆီးအိတ်ကို ညှစ်ဖို့ အချက်ပြလိုက်ပါတယ်။ အဲဒါကို voiding reflex လို့ခေါ်ပါတယ်။ သင်ဟာ ဆီးအောင့်ထားမယ်ဆိုရင် သင့် ဦးနှောက်က ဒီ reflex […]


ဆေးစစ်ချက်များ

Cystourethrogram (ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)

အခြေခံကို သိခြင်း။Cystourethrogram ဆိုတာဘာလဲ? Cystourethrogram ဆိုတာဟာ ဆီးအိတ်ပြည့်နေတဲ့ အချိန်(သို့) ဆီးသွားနေချိန်မှာ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ပုံရိပ်တွေကို ရိုက်ယူတဲ့ X-ray ဓါတ်မှန်ဖြစ်ပါတယ်။ urinary catheter လို့ခေါ်တဲ့ ပါးလွှာပြီး ကွေးနိုင် ဆန့်နိုင်တဲ့ ပြွန်တစ်ခုကို ဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိတ်ထဲရောက်အောင် ထည့်ပါတယ်။ ဓါတ်မှန်မှာ ပုံရိပ်ကောင်းကောင်းပေါ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်တစ်မျိုး( contrast material) ကို ပြွန်ထဲကနေ ထည့်ပါတယ်။ ပြီးတော့ contrast material ပါဝင်တဲ့ ဓါတ်မှန် ပုံရိပ်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင် ဆီးအိတ်ကနေ ဆီးတွေအပြင်ကို ထွက်နေတဲ့ အချိန်မှာလည်း ဓါတ်မှန်ရိုက်လို့ရပါတယ်။ အဲဒီ စစ်ဆေးချက်ကိုတော့ VCUG ( voiding cystourethrogram) လို့ခေါ်ပါတယ်။ Contrast material ကို […]


ဆေးစစ်ချက်များ

D-Xylose Absorption Test (ဒီ-ဆိုင်လို့စ် စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက်)

အခြေခံကို သိခြင်း။D- xylose စုပ်နိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် ဆိုတာဘာလဲ? D- xylose စုပ်နိုင်ခြင်းကို တိုင်းတားတဲ့ စစ်ဆေးချက်ဟာ သကြားတစ်မျိုးဖြစ်တဲ့ D-xylose ပမာဏကို သွေး (သို့) ဆီးနမူနာ ထဲမှာ တိုင်းတာပေးနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ အူနံရံတွေကနေ အစားအစာ ထဲမှာ ပါလာတဲ့ အာဟာရတွေစုပ်နိုင်တာကို တားမြစ်နိုင်တဲ့ ပြသနာ၊ ရောဂါတွေကို ရောဂါအမည်တပ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ D-xylose ကို ပုံမှန်အားဖြင့် အူနံရံတွေကနေ အလွယ်တကူ စုပ်နိုင်ပါတယ်။ ဒါပေမယ့် စုပ်ယူခြင်းမှာ ပြသနာဖြစ်လာတဲ့အခါ D-xylose ကို အူနံရံတွေက မစုပ်တော့ဘဲ သွေးထဲမှာ (သို့) ဆီးထဲမှာ D-xylose ပမာဏနည်းနေခြင်းတွေ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို သိခြင်း။D- xylose စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် ကိုဘာကြောင့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Barium Enema (ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း)

အခြေခံအချက်များ။barium ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း ဆိုတာ ဘာလဲ barium ဆေးရည်သုံး စစ်ဆေးခြင်း ဆိုတာ barium sulfate လို့ခေါ်တဲ့ အရည်ကို သင့်အူမထဲကို ထည့်သွင်းပြီး ဓါတ်မှန်ရိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းဟာ သိသိသာသာကွဲပြားပြီး မြင်တွေ့နိုင်တဲ့အရာဖြစ်တာမို့ ဓါတ်မှန်ရိုက်ကူးရာမှာ သုံးပါတယ်။ အူမရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပြီး ပုံမှန်မဟုတ်တဲ့အရာများရှိရင်လည်း မြင်နိုင်ပါတယ်။ အကြောင်းရင်းကို သိခြင်း။Barium ဆေးရည်သုံးစစ်ဆေးခြင်း ကို ဘာကြောင့် ပြုလုပ်သလဲ သင့်ရဲ့ဆရာဝန်ဟာ သင့်မှာအောက်ပါ လက္ခဏာတွေရဲ့ အကြောင်းရင်းကို ရှာချင်ရင် Barium ဆေးရည်သုံးစစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။ အစာအိမ်နာခြင်း အူမကြီးမှသွေးထွက်ခြင်း အူလမ်းကြောင်း အလေ့အထ ပြောင်းလာခြင်း အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း ကြာရှည်စွာ ဝမ်းပျက်ခြင်း Barium ဆေးရည်သုံးစစ်ဆေးခြင်းကြောင့် အောက်ပါ ရောဂါအခြေအနေများ ရှိမရှိ သိနိုင်ပါတယ်။ ပုံမှန်မဟုတ်သော အကျိတ်ကြီးထွားမှုများ အူလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေအန္တရာယ်များ Barium ဆေးရည်သုံးစစ်ဆေးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ Barium ဆေးရည်သုံးခြင်းမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Augmentation (ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်းအကြောင်း ဘာတွေသိသင့်လဲ ရင်သားကြီးမားရန် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ရင်သားတွေကို ပိုမိုကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်တဲ့ အလှအပရေးရာ ခွဲစိတ်မှု ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေအတွက်ပဲ သင့်တော်ပါတယ်။ ရွေးချယ်စရာတွေနဲ့ပတ်သက်လို့ သေချာစဉ်းစားပြီး လက်တွေ့ကျကျပဲ မျှော်လင့်ထားသင့်ပါတယ်။ – ရင်သားကြီးထွားရန် ပြုပြင်ခွဲစိတ်ခြင်း ဆိုတာဘာလဲ ဆီလီကွန် ဒါမှမဟုတ် ဆလိုင်းအရည်ကိုထည့်ပြီး ရင်သားကို ကြီးထွားလာအောင် ကြည့်အောင်းလာအောင် ပြုပြင်တဲ့ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုရဲ့ အကျီုးကျေးဇူးတွေက ဘာတွေလဲ ရင်းသားဟာ ကြီးထွားပြီး ကြည့်ကောင်းလာပါလိမ့်မယ်။ ဘယ်အချိန်မှာ ခွဲစိတ်မှု ခံယူသင့်သလဲ အဓိကရည်ရွယ်ချက် ၂ခုရှိပါတယ်။ ပြန်လည်ပြုပြင်ခြင်း။ ရင်သားကင်ဆာကြောင့် ရင်သားခွဲထုတ်လိုက်ရတဲ့အခါမျိုးမှာ ရင်သားကို ပြန်လည်ပြုပြင်ဖို့ ခွဲစိတ်ပါတယ်။ အလှအပပြုပြင်ခြင်း။ ရင်သားကို ကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်ခြင်း ဖြစ်ပါတယ်။ အကြောင်းရင်းကိုသိရှိခြင်းဘယ်လိုထည့်သွင်းပစ္စည်းမျိုး ရွေးချယ်သင့်သလဲ အားလုံးရဲ့ အပြင်လွှာဟာ ဆီလီကွန်နဲ့ပဲ ပြုလုပ်ထားပါတယ်။ အထဲမှာတော့ ဆီလီကွန်ဖြစ်ဖြစ် အရည်ဖြစ်ဖြစ် ဖြည့်ထားပါတယ်။ ဆီလီကွန်ဟာ အရည်ပုံစံ ဒါမှမဟုတ် ဂျဲလ်ပုံစံ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း