အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Chest Drain Insertion (ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း)

ရင်ခေါင်းပိုက်ထည့်ခြင်း ရင်ခေါင်းအတွင်းသို့ ပိုက်ထည့်ခြင်းဟာ အဆုတ်နဲ့ ရင်ခေါင်းနံရံကြားက လေနဲ့ အရည်တွေကို ဖယ်ထုတ်ဖို့ ဘေးကင်းပြိး ထိရောက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။ အခန်း (၁) အဓိပ္ပါယ် - ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း အဆုတ်နဲ့ ရင်ခေါင်းနံရံကြားနေရာကို ပိုက်သေးသေး တချောင်းထည့်ပြီး အဲဒီနေရာက လေ (သို့) အရည်တွေကို စီးထွက်စေခြင်း ဖြစ်ပါတယ်။ ရင်ခေါင်းအတွင်း လေဝင်ခြင်းဟာ အဆုတ်ပေါက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ နာကျင်ပြီး အသက်ရှူရခက်ပါတယ်။ အရည်ဝင်ခြင်းဟာလည်း အသက်ရှူရခက်ခဲစေပါတယ်။ - ဘယ်အချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်သင့်သလဲ ခွဲစိတ်မှုကြောင့် ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်စေ ရင်ခေါင်းအပေါ် ဖိအားတခုခုသက်ရောက်တဲ့အခါ သွေး ဒါမှမဟုတ် လေတွေ စုလာတတ်ပြီး အဆုတ်ကို အလုပ်မလုပ်နိုင်ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်ပြီး ကုသဖို့ လိုအပ်ပါတယ်။   အခန်း(၂)၊ သတိပေးချက်များ - ရင်ခေါင်းအတွင်း ပိုက်မထည့်မီ ဘာတွေသိထားသင့်လဲ ဓါတ်မှန် ဒါမှမဟုတ် စကင်တမျိုးမျိုးရိုက်ပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Trapeziectomy (လေးထောင့်ရိုးထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trapezium ဆိုတာဘာလဲ Trapezium လေးထောင့်ရိုး ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့ လေးထောင့်ဆတ်ဆတ်အရိုးလေးတစ်ခုဖြစ်ပြီး လက်မရိုးအခြေနဲ့ဆက်ထားသော အရိုးလေးဖြစ်ပါတယ်။ အဆစ်ရောင်ခြင်းရောဂါတွေထဲမှာ အဆစ်တွေထိခိုက်ပျက်စီးသွားတတ်တဲ့ အဆစ်ရောင်ခြင်းအခြေအနေတစ်ခုရှိတယ်။ ထိုအခြေအနေမှာဆိုရင် အဆစ်တွေရဲ့မျက်နှာပြင်ကိုကာထားတဲ့ အရိုးနုတွေ တဖြေးဖြေးစားသွားပြီး အောက်ခံအရိုးပျက်စီးကာ အဆစ်နာခြင်း၊ တောင့်တင်းခြင်း၊ အားနည်းခြင်းများ ဖြစ်လာတတ်ပါတယ်။ အကြောင်းရင်းများTrapeziectomy ကိုဘာလို့လုပ်ကြသလဲ နာကျင်မှုကိုသက်သာစေဖို့နဲ့ လက်မပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ လုပ်ကြပါတယ်။ ဘာတွေဖြစ်နိုင်လဲ လက်မလှုပ်ရှားမှုကိုထိန်းချုပ်ဖို့ သတ္ထုချောင်းတစ်ခုခုနဲ့ ချည်ထားရနိုင်ပါတယ်။ နာကျင်မှုကိုသက်သာဖို့ စတီးရွိုက်ထိုးဆေးတစ်မျိုး ထိုးပါတယ်။ အဆစ်တစ်ခုလုံးကို သတ္ထု၊ ပလတ်စတစ်တို့နဲ့ လုပ်ထားတဲ့ အဆစ်တုနဲ့အစားထိုးလို့ဖြစ်နိုင်ပါတယ်။ ငယ်ရွက်သွက်လက်ဆဲလူများမှာဆိုရင် လို့ခေါ်တဲ့ အရိုးများကိုချိတ်ဆက်ထိန်းချုပ်ထားတဲ့နည်းက ပိုကောင်းပါလိမ့်မယ်။ ခွဲစိတ်မှုမပြုလုပ်ခင်ဖြစ်နိုင်ချေများ၊ အန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားတာကောင်းပါလိမ့်မယ်။ သိလိုသည်များရှိပါက ဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။ ပြင်ဆင်ခြင်းလတ်တလောမှီဝဲနေရတဲ့ဆေးတွေ၊ ရောဂါအခြေအနေတွေကို ဆရာဝန်ကိုပြောပြပါ။ ဓါတ်မတည့်ခြင်းများရှိလျှင်လည်းပြောပြပါ။ ခွဲစိတ်မှုမတိုင်ခင် ရပ်တန့်ရမည့် ဆေးများရှိပါကလည်း သေချာလိုက်နာပါ။ ခွဲစိတ်မှုမတိုင်ခင်မှာ လိုက်နာလုပ်ဆောင်သင့်တဲ့ စည်းကမ်းချက်တွေကို သေချာသိထားတာအကောင်းဆုံးပါ၊ ခွဲစိတ်မှုမတိုင်မီ ဘာတွေစားလို့ရလဲ အပါအဝင်ပေါ့။ များသောအားဖြင့်တော့ ခွဲစိတ်မှုမတိုင်ခင် ၆ […]



ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Femoral Hernia Repair (ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း ကို ဘယ်လိုကုသပြုပြင်မလဲ)

အဓိပ္ပါယ်များပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ကုသပြုပြင်တယ်ဆိုတာ ဘာလဲ။ ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ဖယ်ရှားခြင်း ဒါမှမဟုတ် ပြုပြင်ခြင်းကို ဆိုလိုပါတယ်။femoral canal လို့ခေါ်တဲ့ လမ်းကြောင်းလေးအနားမှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားနံရံ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အူကျခြင်း (femoral hernia)ဟာ အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ femoral hernia ဟာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သင့်ဝမ်းဗိုက်ကြွက်သားနံရံရဲ့ ကြွက်သားအလွှာတွေထဲမှာ အားနည်းတဲ့နေရာလေးတွေ ဖြစ်ပေါ်လာနိုင်ပြီး ဗိုက်ထဲကအူတွေဟာ အဆိုပါ နေရာလေးတွေကတဆင့် အပြင်ကို တိုးထွက်လာပါတယ်။ ဒီလိုထိုးထွက်လာတဲ့အတွက် အပြင်ဖက်မှာ ဖောင်းဖောင်းလေးဖြစ်လာပြီး ဒါကို အူကျတယ်လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်နဲ့ခြေထောက်ကြား အပြန်အလှန်ဆက်သွယ်နေတဲ့ femoral artery နဲ့vein သွေးကြောတွေဖြတ်သန်းသွားရာ ဝမ်းဗိုက်နံရံရှိ အပေါက်လေးကနေတဆင့် femoral hernia […]


ဆေးစစ်ချက်များ

Flexible Cystoscopy For Women (အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း)

အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ flexible cystoscopy ဆိုတာဘာလဲ။ သင့်ဆီးအိမ်ထဲမှာ ဘာပြဿနာရှိလဲသိနိုင်ဖို့ ဆီးအိမ်ထဲ မှန်ပြောင်းအပျော့လေးထည့်ပြီး စစ်ဆေးကြည့်ရှုတာကို flexible cystoscopy လို့ ခေါ်ပါတယ်။ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းဟာ ဆီးအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သိရှိအဖြေရှာနိုင်ဖို့အတွက် အထူးသင့်တော်ပြီး အန္တရာယ်လည်း မရှိတဲ့ စစ်ဆေးမှုတမျိုး ဖြစ်ပါတယ်။ ဆီးကျဉ်တာ၊ဆီးထဲသွေးပါတာမျိုး ခံစားနေရရင် ဒါမှမဟုတ် ဆီးပိုးဝင်ရောဂါ မကြာခဏဖြစ်တတ်သူတွေ၊ဆီးမအောင့်နိုင်သူ၊မထိန်းနိုင်သူတွေနဲ့ ဆီးခဏခဏသွားချင်သူတွေမှာ flexible cystoscopy လုပ်ဖို့(မှန်ပြောင်းကြည့်ဖို့) လိုအပ်မှာ ဖြစ်ပါတယ်။ မှန်ပြောင်းအပျော့နဲ့ ကြည့်ရှုစစ်ဆေးခြင်း မလုပ်ချင်ဖူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ · တယ်လီဗေးရှင်းဓါတ်မှန်လို့ အရပ်ခေါ်နဲ့ ခေါ်ဝေါ်ကြတဲ့ ultrasound တမျိုး (bladder scan) ရိုက်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီး အချို့သောအချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ · အချို့သော ပြဿနာတွေ၊ရောဂါတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Flexible Sigmoidoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း)

Flexible sigmoidoscopy ဆိုတာဘာလဲ။ မှန်ပြောင်းအပျော့လေးအသုံးပြုပြီး အူမကြီးရဲ့ ဘယ်ဖက်အောက်ခြေပိုင်းကို ကြည့်ရှုစစ်ဆေးတာကို အူမကြီးမှန်ပြောင်းကြည့်ခြင်း (Flexible sigmoidoscopy) လို့ခေါ်ပါတယ်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းဟာ အူမကြီးရဲ့ အောက်ဖက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ နည်းလမ်းကောင်း တခုဖြစ်ပါတယ်။ တခါတရံ အူမကြီးမှာ အလုံးအကျိတ်အသေးလေးတွေ ဖြစ်ပေါ်နေတတ်ပြီး အဆိုပါ အလုံးတွေကို မှန်ပြောင်းကြည့်ရင်းနဲ့ တခါတည်း ဖယ်ရှားပစ်လို့ရပါတယ်။ Flexible sigmoidoscopy မလုပ်ချင်ဖူးဆိုရင် နောက်ထပ်မှန်ပြောင်းကြည့်နည်းတမျိုးဖြစ်တဲ့ colonoscopy လုပ်လို့ရသလို barium လို့ခေါ်တဲ့ ဆေးတမျိုးကို စအိုထဲကတဆင့် အူလမ်းကြောင်းထဲ ထိုးသွင်းပြီး ဓါတ်မှန်ရိုက်တာ ဒါမှမဟုတ် CT ရိုက်တာတို့ကို ပြုလုပ်နိုင်ပါသေးတယ်။ အူမကြီးမှန်ပြောင်းကြည့်တာ ဘာလို့လုပ်ရတာလဲ။ အောက်ပါအခြေအနေတွေမှာ အူမကြီးမှန်ပြောင်းကြည့်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ · အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေရင်။ ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊သွေးဝမ်းသွားခြင်း၊ဝမ်းသွားတဲ့ အလေ့အထပြောင်းခြင်း၊ကာလကြာရှည် ဝမ်းလျှောခြင်းအပါအဝင် အခြားသော အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရဲ့ အကြောင်းရင်းဇစ်မြစ်ကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

General Anaesthetic (မေ့ဆေးပေးခြင်း)

မေ့ဆေးဆိုတာ ဘာလဲ။ သင့်ကို လုံးဝသတိလစ်မေ့မြောသွားအောင် ဒါမှမဟုတ် ထုံနေအောင်လုပ်ပေးနိုင်တဲ့ ဆေး ဒါမှမဟုတ် အရာဝတ္ထုတွေကို မေ့ဆေးထုံဆေးလို့ခေါ်ပြီး အမျိုးအစားနဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ မေ့ဆေးပေးလိုက်ပြီဆိုရင်တော့ လူနာဟာ ခံစားသိရှိမှု လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီး သတိလစ်မေ့မြောသွားမှာပါ။ ဒါမှသာ ခွဲစိတ်နေတာတွေကို မသိမှာ ဖြစ်ပါတယ်။ မေ့ဆေး၊ထုံဆေး အမျိုးအစားအားလုံးဟာ အာရုံကြောတွေရဲ့ သတင်းအချက်အလက် လွှင့်ထုတ်မှုတွေကို တားဆီးနှောင့်ယှက်ပြီး အာနိသင်ပြတယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဆိုလိုတာက မေ့ဆေး၊ထုံဆေးပေးထားချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်နေတဲ့ လှုံ့ဆော်နှိုးဆွမှုတွေကို ဦးနှောက်က မသိရှိ၊မတုံ့ပြန်နိုင်ဖူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ မေ့ဆေးကို မေ့ဆေးဆရာဝန်ကသာ ကိုင်တွယ်သုံးစွဲသင့်ပြီး ထိုးဆေး ဒါမှမဟုတ် အငွေ့အဖြစ် ပေးနိုင်ပါတယ်။   ဘာလို့မေ့ဆေးပေးရတာလဲ။ အချို့သော ခွဲစိတ်မှုတွေကို ပြုလုပ်တဲ့အခါ မေ့ဆေးပေးရပါတယ်။ ဒါမှသာ ပိုပြီးလုံခြုံစိတ်ချရသလို လူနာအနေနဲ့လည်း ဆရာဝန် ဘာလုပ်နေလဲဆိုတာ မသိနိုင်တော့တဲ့အတွက် ပိုပြီးသက်တောင့်သက်သာရှိမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Grommet Insertion In Adult (နားထဲပြွန်ထည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အရွယ်ရောက်ပြီးသူတွေမှာ နားထဲပြွန်ထည့်ခြင်းဆိုတာဘာလဲ။ ခဏခဏ နားပြည်ယိုပြီး နားထဲမှာ ပြည်တွေပိတ်ဆို့နေတာကြောင့် အကြားအာရုံကို ထိခိုက်မှုတွေရှိလာတဲ့အခါ ကုသပေးဖို့အတွက် Grommet လို့ခေါ်တဲ့ ပစ္စည်းလေးကို နားထဲထည့်သွင်းရပါတယ်။ ပြည်တွေပိတ်ဆို့နေတာကို ဘာခွဲစိတ်မှုမှ မပြုလုပ်ဘဲ သက်သာပျောက်ကင်းသွားအောင် ကုသနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ အခြေအနေဟာ သုံးလထက်ပိုကြာနေတာ ဒါမှမဟုတ် အကြားအာရုံထိခိုက်မှု ပိုဆိုးလာတဲ့အခါမှာတော့ ခွဲစိတ်မှုပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှု ပြုလုပ်လိုက်ခြင်းအားဖြင့် Grommet ဆိုတဲ့ ပလတ်စတစ်/သတ္တုပြွန်လေးဟာ သင့်နားအတွင်းပိုင်းထဲကို လေတွေဝင်စေမှာဖြစ်တဲ့အတွက် အရည်တွေစုပုံလာတာကို ကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းများနားထဲပြွန်ထည့်ခြင်း ဘာလို့လုပ်ရသလဲ။ သိထားသင့်တဲ့အချက်က grommet ဆိုတဲ့ ပြွန်လေးဟာ နားထဲက အရည်တွေ(ပြည်တွေ)ကို အပြင်ထွက်သွားအောင် လုပ်ပေးမှာမဟုတ်ဘဲ နားထဲကို လေဝင်နိုင်အောင်ပဲ လုပ်ပေးမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ ပစ္စည်းလေးဟာ နားထဲမှာ ကိုးလလောက်အထိ နေသားတကျ ရှိနေဖို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Haemorrhoidectomy (လိပ်ခေါင်းဖြတ်ခြင်း)

လိပ်ခေါင်းဖြတ်ခြင်း ဆိုတာ ဘာလဲ။ လိပ်ခေါင်းဖြတ်ခြင်းဟာ လိပ်ခေါင်းရောဂါကို ကုသတဲ့ နည်းလမ်းတမျိုးဖြစ်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။ လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။   လိပ်ခေါင်းဖြတ်ဖို့ ဘာလို့လိုအပ်တာလဲ။ ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပေးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့လည်း လိပ်ခေါင်းရောဂါကို ကုသနိုင်ပြီး ဒီနည်းလမ်းတွေနဲ့ မလုံလောက်တော့ဖူးဆိုရင်တော့ ဆေးခန်းပြဖို့ လိုပါပြီ။ သားရေကွင်းချည်ခြင်း၊ဆေးထိုးခြင်း စတဲ့ နည်းလမ်းတွေနဲ့လည်း လိပ်ခေါင်းကို […]


ဆေးစစ်ချက်များ

Cervical Spine X-Ray (လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ)

အခြေခံကို သိခြင်း။လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ ဘာလဲ လည်ပင်းဓါတ်မှန် (လည်ပင်းကျောရိုး ဓါတ်မှန် ဟုလည်းခေါ်သည်) ဆိုတာဟာ အာရုံကြော အဖွဲ့အစည်းကို ကာကွယ်ပေးထားတဲ့ ၇ ဆစ်ရှိတဲ့ လည်ပင်းမှ ကျောရိုးဆစ် တွေကို ဓါတ်ရောင်ခြည်နဲ့ ဖြတ်ပြီး ရရှိတဲ့ဓါတ်မှန် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ လည်ပင်းကျောရိုး ဓါတ်မှန်မှာ အသံကြိုး၊ အာသီး၊ လေပြွန်၊ epiglottis (တစ်ခုခု မျိုချတဲ့အချိန်မှာ လေပြွန်ကို ကာထားပေးတဲ့ တစ်သျှူး) စတဲ့ အနီးအနားရှိ အစိတ်အပိုင်း တွေကိုလည်း ပြနိုင်ပါတယ်။ X- ray (ဓါတ်မှန်) ဆိုတာ ခန္ဓါကိုယ်ထဲကို ဖြတ်ပြီး သင့် ခန္ဓါကိုယ်ရဲ့ ပုံရိပ်ကို ပြပေးနိုင်တဲ့ ဓါတ်ရောင်ခြည်တစ်မျိုးပါ။ သိပ်သည်းတဲ့ တည်ဆောက်ပုံရှိတဲ့ အစိတ်အပိုင်းတွေ (ဥပမာ – အရိုး) ဆိုရင်တော့ ဓါတ်မှန်မှာ အဖြူရောင်အနေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း