အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Pilonidal cyst (မြီးညှောင့်ရိုးပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ ဘာလဲ မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ တင်ပါးဆုံးနှစ်ခုကြားထိပ်မှာ ပြည်တည်နာပေါ်လာတတ်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။ အမျိုးသားတွေမှာအဖြစ်များပြီး လူငယ်တွေမှာပိုဖြစ်လေ့ရှိပါတယ်။ အငှားယာဉ်မောင်းများကဲ့သို့ အထိုင်များသောပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်ချေများတတ်ပါတယ်။ ရောဂါလက္ခဏာများရောဂါလက္ခဏာများ သိသာထင်ရှားလွန်းတဲ့ လက္ခဏာတွေမရှိတာကြောင့် လစ်လျှူရှုထားတတ်မိကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ထိုနေရာတစ်ဝိုက်မှာ ရောင်ရမ်းပြီးရောဂါပိုးဝင်တာမျိုးဖြစ်တတ်ကြတယ်။ အနာအရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး လမ်းလျှောက်တဲ့အခါ ထိုင်တဲ့အခါတွေမှာ နာတတ်ပါတယ်။ မြီးညှောင့်ရိုးပြည်တည်နာ ဆိုရင်တော့ အမွှေးအမျှင်တွေ၊ ဆဲလ်အကြွင်းအကျန် အညစ်အကြေးတွေ ရှိနေတတ်တယ်။ ရောဂါပိုးဝင်သွားပါက အနာတဝိုက်နီရဲရောင်ရမ်းနေနိုင်ပြီး ပြည်၊ သွေးများထွက်ခြင်း၊ အနံ့ဆိုးခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ပိုးဝင်သွားပါကဖျားခြင်း၊ ပျို့ခြင်း၊ နေရထိုင်ရမကောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထိုရောဂါအခြေအနေနဲ့ ကြုံရသောလူတွေရဲ့တစ်ဝက်ခန့်မှာ နာတာရှည် ရောဂါရှိသွားနိုင်ပါတယ်။ ဒါပေမယ့် ထို ရောဂါခဏခဏဖြစ်နေခြင်းဟာ ရုတ်တရတ်ဖြစ်သော အခြေအနေထက်သက်သာပြီး အနာလည်းလျော့သွားပါတယ်၊ ပြည်များပေါက်သွားတာကြောင့် ဒဏ်ပိုနည်းသွားခြင်းဖြစ်တယ်၊ ထိုနာတာရှည်ဖြစ်နေခြင်းဟာ မခွဲစိတ်မချင်းတော့ တာရှည်နေဦးမှာဖြစ်တယ်။ မြီးညှောင့်ရိုးပြည်တည်နာ ရှားပါးသောဖြစ်စဉ်တချို့ဟာဆိုရင် ဖြစ်နေကျ မြီးညောင့်ရိုးနားတဝိုက်မဟုတ်ဘဲ တခြားနေရာမှာသွားပေါ်တတ်ပါတယ်။ ဥပမာဆိုရသော် ဆံသဆရာတွေ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တံတွေးဂလင်းပြဿနာများ

တံတွေးဂလင်းက ခံတွင်းစိုစွတ်နေဖို့၊ သွားပိုးမြန်မြန်စားမသွားဖေဖို့နဲ့ အစာချေဖို့ကူညီပေးတဲ့ တံတွေးတွေကို ထုတ်ပေးတာပါ။ တံတွေးဂလင်းတွေဟာ ပုံမှန်အားဖြင့်သေးသေးလေးတွေဖြစ်ပြီး ခံတွင်းအတွင်းပိုင်း၊ နှုတ်ခမ်းနှင့် ပါးတို့တစ်ဝိုက်မှာ ရှိပါတယ်။ ကင်ဆာအကျိတ်တွေနဲ့ Sjogren’s syndrome လိုမျိုး ရောဂါပေါင်းများစွာဟာ တံတွေးဂလင်းပေါ်မှာ သက်ရောက်မှုတွေရှိနေပါတယ်။ အချို့ရောဂါတွေကတော့ အချိန်နဲ့ ကုစားသွားနိုင်သလို၊ ပဋဇီဝဆေးတွေနဲ့လည်း ကုစားနိုင်ပါတယ်။ ဒါပေမယ့်အချို့ကတော့ ခွဲစိတ်ခြင်းလိုမျိုး အထူးကုသနည်းတွေလိုအပ်ပါတယ်။ တံတွင်းဂလင်းပြဿနာတွေဟာ ဘယ်လောက်ထိအဖြစ်များသလဲ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ ရောဂါလက္ခဏာများ တံတွင်းဂလင်းပြဿနာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ တံတွေးဂလင်းကျောက်တည်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ · လျာအောက်တွင် နာကျင်သော အကျိတ်ရှိခြင်း · အစာစားနေစဉ် ပိုပိုနာလာခြင်း တံတွင်းဂလင်းရောင်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ · ပါးဒါမှမဟုတ် မေးရိုးအောက်တွင် အကျိတ်အဖောင်းရှိခြင်း · ခံတွင်းအတွင်း၌ပြည်များရှိခြင်း · ပြည်များအနံ့ထွက်နေခြင်း · အဖျားရှိခြင်း တံတွင်းဂလင်းမှာ အရည်အိတ်တည်ခြင်းက အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ်။ · ပေါက်ထွက်ပြီးနောက် အဝါရောင်ပြည်များထွက်လာခြင်း · အစာစားရခက်ခဲခြင်း · စကားပြောရခက်ခဲခြင်း · အစာမျိုရခက်ခဲခြင်း တံတွင်းဂလင်းဗိုင်းရပ်စ်ပိုးဝင်ခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်မျက်နှာကပြောပြနေတဲ့သင့်ကျန်းမာရေး

မျက်နှာက လူတိုင်းအတွက်အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျက်နှာသွင်ပြင်ကလည်း လူတစ်ယောက်စီတိုင်းအတွက်တော်တော်လေးအရေးပါလှပါတယ်။ မျက်နှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါရုံသာမက လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကိုလေ့လာရာမှာလည်း အရေးပါလှပါတယ်။ မျက်နှာပေါ်ကပြောင်းလဲလာတဲ့အနေအထားတွေက ခန္ဓါကိုယ်မှာဘာတွေချို့ယွင်းနေလဲဆိုတာကို တစေ့တစောင်းဖော်ပြပေးပါတယ်။ မျက်နှာအသားအရေအနေအထားကိုကြည့်ပြီး ခန္ဓါကိုယ်မှာဘာတွေချို့ယွင်းနေလဲဆိုတာကို သိရှိနိုင်စေဖို့ လက်လှမ်းမီသလောက်ဖော်ပြပေးလိုက်ပါတယ်။   ဝက်ခြံ လူပျိုဖော်ဝင်တဲ့အချိန်၊အပျိုဖော်ယင်တဲ့အချိန်မှာ ဝက်ခြံထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မကြာခဏဆိုသလို ဝက်ခြံထွက်နေတာဆိုရင်တော့ သတိထားဖို့လိုလာပါပြီ။ အထူးသဖြင့်မေးစေ့၊မေးရိုးတစ်လျှောက်၊ဆံစပ်တစ်ကြောမှာ ဝက်ခြံဗတွဖြစ်ပေါ်ရင်တော့ ဟော်မုန်း မညီမမျှတာမျိုးခံစားနေရတာဖြစ်နိုင်သလို အစာချေစနစ်မှာ ပြဿနာရှိတာ အချို့အစားအသောက်တွေနဲ့ ဓါတ်မတည့်တာ နဲ့ အသည်းရောဂါတစ်မျိုးမျိုးခံစားနေရတာဖြစ်နိုင်ပါတယ်။   နှုတ်ခမ်းထောင့်တွေကွဲတာ (ကျီးကန်းပါးစပ်ဖြစ်တာ) ဒါကတော့ ဗီတာမင် ဘီ ချို့တဲ့နေတဲ့လက္ခဏာတစ်ရပ်ပါ။ ဒါကအစားအသောက်သင့်တင့်မျှတအောင်စားသုံးပေးခြင်းဖြင့် သက်သာအောင်လုပ်လို့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဆန်၊ဂျုံတို့ကိုထည့်သွင်းစားသုံးတာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးတာ၊ အသားတွေကို ထည့်သွင်းစားသုံးတာမျိုးလုပ်ဆောင်လို့ရသလို အဆိုပါအစားအစာတွေနဲ့အတူ ဗီတာမင် B12ဖြည့်စွက်စာတွေကိုပါ ထည့်သွင်းစားသုံးပေးဖို့လိုပါလိမ့်မယ်။   အသားအရေခြောက်သွေ့ခြင်း လည်ပင်းကြီးဝေဒနာ နဲ့ ဆီးချိုဝေဒနာတွေကြောင့် အသားအရေခြောက်သွေ့တာကို ခံစားရနိုင်ပါတယ်။ အဆိုပါရောဂါတွေက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ

ကင်ဆာကုထုံးအားလုံးက ကိုယ်ခံအားစနစ်အပေါ်ကို သက်ရောက်မှုရှိပါတယ်။ အစာအာဟာရက ကိုယ်ခံအား စနစ်ကိုကြံ့ခိုင်အောင်ထိန်းသိမ်းရာမှာအရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ကြီးထွားဖို့နဲ့ လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရဓါတ်တွေကိုလိုအပ်ပါတယ်။ ဗီတာမင်၊သတ္တုဓါတ်၊ အဆီဓါတ်၊ကယ်လိုရီနဲ့ပရိုတင်းစားသုံးမှုတွေ လျော့နည်းလာပါက ဆဲလ်တွေက လုံလောက်တဲ့ အာဟာရ ဓါတ်ကို မရရှိတာကြောင့် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုအနေအထားကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အာဟာရဓါတ်ချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ရောဂါပိုးမွှားတွေ ရှာဖွေဖျက်ဆီးရာမှာ ထိရောက်မှုအားနည်း စေပါတယ်။ အာဟာရဓါတ်ချို့တဲ့နေမယ်ဆိုရင် ကူးစက်ရောဂါတွေ ပုံမှန်ထက်ပို၍ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အထောက်အပံ့ဖြစ်အောင် ကယ်လ်လိုရီ၊ ပရိုတင်းနဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်စွာပါဝင်အောင်ဂရုပြုစားသုံးပေးပါ။   ခွဲစိတ်ကုသမှု အကြီးစားခွဲစိတ်ကုသမှုတိုင်းဟာ ခုခံအားကျဆင်း စေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကိုသဲသဲကွဲကွဲမသိရသေးပါ။ ခွဲစိတ်ကုသမှုခံယူပြီး နာရီပိုင်းအတွင်းမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုဟာကျဆင်းသွားနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက် ပြုခဲ့ပါတယ်။ ခွဲစိတ်မှုမှာအသုံးပြုတဲ့ မေ့ဆေး/ထုံဆေးက ကိုယ်ခံအားစနစ်ကိုကျဆင်းစေမှုမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်အပြည့်အဝပြန်လည်ကောင်းမွန် လာစေဖို့အတွက် ၁၀ ရက်ကနေ လအတော်ကြာတဲ့အထိအချိန်ယူရပါတယ်။ ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

kinesiology တိပ်က ပြန်ရည်ကြောစီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ

kinesiology တိပ်ဆိုတာ သင်ကြားဖူးပါသလား။ ဒီတိပ်ဟာ ထိခိုက်ဒါဏ်ရာရမှုတွေ၊နာကျင်မှုတွေကို ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တယ်ဆိုတာရော သင်သိပါသလား။ ဒါတင်မကသေးပါဘူး၊kinesiology တိပ်ဟာ ပြန်ရည်ကြောကောင်းစွာ စီးဆင်းအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ထပ်မံသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   kinesiology တိပ်ဆိုတာဘာလဲ။ ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ပံ့ပိုးပေးနိုင်ဖို့ အထူးပြုလုပ်ထားတဲ့တိပ်တွေကို kinesiology တိပ်လို့ခေါ်ပါတယ်။kinesiology တိပ်ဟာ ပေါ့ပါးပြီး ပါးလျတဲ့ တိပ်လေးတွေ ဖြစ်ပါတယ်။ သုံးဖို့လိုတဲ့အချိန်မှ လိုသလောက်ညှပ်နိုင်တဲ့ kinesiology တိပ်ခွေပုံစံလည်း ရှိသလို ညှပ်ပြီးသား အပိုင်းလေးတွေ ပုံစံနဲ့ လာတာမျိုးလည်း ရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ အဆိုပါ တိပ်ကလေးတွေဟာ သင့်အရေပြားမှာ ကပ်နေမှာဖြစ်ပြီး သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ခြင်း၊ကိုယ်ခန္ဓါပြန်လည်သန်စွမ်းမှုကို အားပေးခြင်း၊ဒါဏ်ရာတွေကို လျင်မြန်စွာ ပြန်လည်သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။kinesiology တိပ်ကို ဆရာဝန်က ကပ်ပေးနိုင်သလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

အပ်စိုက်ကုထုံး ဆိုတာ ရာစုနှစ်တွေတိုင်အောင် သိရှိလာခဲ့ကြတဲ့ တရုတ်တိုင်းရင်းဆေးနည်းပညာတစ်မျိုး ဖြစ်ပါတယ်။ ဒီကုထုံးက acupuncture points (အပ်စိုက်တဲ့နေရာများ) လို့ခေါ်တဲ့ ခန္ခါကိုယ်ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ ခန္ဓါကိုယ်လုပ်ဆောင်မှုကို တိုးတက်စေတယ်၊ သဘာဝအတိုင်း မိမိကိုယ်မိမိ ပြန်လည်ကုသတဲ့ ဖြစ်စဉ် တိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ နိုင်ငံအတော်များများက အသုံးပြုပြီးတဲ့နောက်မှာ အပ်စိုက်ကုထုံးဟာ ခေတ်မီဆေးလောကမှာ နေရာရလာပါတယ်။ ဒီကုထုံးက ခန္ဓါကိုယ်ရဲ့ စနစ်အမျိုးမျိုးကို လှုံ့ဆော်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာအောင်၊ အိပ်ပျော်အောင်၊ အစာကြေအောင်၊ နေထိုင်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ နာတာရှည် နာကျင်မှုကို သက်သာစေခြင်း Acupuncturists တွေက ဆေးအပ်တွေကို ခန္ဓါကိုယ်အရေပြားရဲ့ သတ်မှတ်ထားတဲ့ အမှတ်တွေမှာ ထိုးစိုက်လိုက်ပါတယ်။ ကုသမှုခံယူဖူးသူရဲ့အဆိုအရ ကုသမှုအပြီး နာကျင်မှု မခံစားရဘူးလို့ ဆိုပါတယ်။ အပ်စိုက်တယ်ဆိုတာ ချီ (qi) […]


အခြေခံကျန်းမာရေး

သင့်ရဲ့ sciatica ကို ကုသခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အမှန်တရား (၂)ခု

Sciatica ဆိုတာကတော့ သင့်ခန္ဓါကိုယ်ရဲ့ အကြီးဆုံး အာရုံကြောတစ်ခုဖြစ်တဲ့ sciatic အာရုံကြောနဲ့ ဆက်စပ်နေတဲ့ နာကျင်မှုတစ်ခုပါ။ ဒိနာကျင်မှုမျိုးကို တစ်သက်မှာ တစ်ခါတော့ သင်ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်များတဲ့ ရောဂါနဲ့ပတ်သက်လို့ အကောင်းဆုံးကုသမှုခံယူနိုင်ဖို့အတွက် သင်သိထားသင့်တဲ့ အမှန်တရား နှစ်ခုကို ရှာဖွေလိုက်ရအောင်။   နံပါတ် (၁)အမှန်တရား။ ။ sciatica ဖြစ်ရတဲ့ အကြောင်းရင်းတွေဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။ Sciatica ဆိုတာက ကျောအောက်ပိုင်းမှာရှိတဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်ရတာပါ။ ဥပမာ ကျောရိုးမကြီးရဲ့ ပြန်လည်ဖွဲ့စည်းနိုင်စွမ်းကျဆင်းသွားလို့ ဒါမှမဟုတ် ကျောရိုး ဒဏ်ရာရမှုကြောင့်ဖြစ်ရတာပါ။ ဒါဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။ ဥပမာ- Hernia ကိုခံစားနေရတဲ့ အရိုးချပ်ပြားတွေဟာ sciatica ကို ခံစားရစေနိုင်ပါတယ်။ ကျောရိုးချပ်ပြားတွေဆိုတာကလည်း ကျောရိုးမကြီးရဲ့ အရိုးနှစ်ခုကြားမှာ တည်ရှိတာပါ။ ပိုမိုပျော့ပျောင်းတဲ့ အတွင်းသားက မာကြောတဲ့ အပြင်လွှာရဲ့ အက်ရာကြားက ထိုးဖောက်ထွက်လာပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခြေသည်း၊ ခြေချောင်းတွေ ကုသရာမှာ လိုက်နာရမည့် အချက်များ

အမျိုးသမီးတစ်ယောက်အနေနဲ့ ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုက သင့်ကိုယ်ကိုသင်ကျေနပ်စေပြီး ဘဝကိုပျော်ရွှင်နိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။ သေသေချာချာဂရုမစိုက်ဘူးဆိုရင်တော့ဆလွန်းအလှပြင်ခန်းတွေရဲ့ မသန့်ရှင်းမှုကြောင့် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။ ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအပြီး ဆရာဝန်နဲ့သွားပြဖို့အလိုမရှိဘူးဆိုရင် အောက်ပါစိတ်ချရတဲ့ဘေးကင်းတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။   သင့်ခြေသလုံးမွေးတွေကို ရိတ်သင်ခြင်းမပြုပါနဲ့။ အလှပြင်ခန်းကိုသွားပြီး ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူဖို့ရည်ရွယ်ထားတယ်ဆိုရင် ကုသမှုမခံယူခင်၂၄နှစ်နာရီအတွင်း သင့်ခြေသလုံးနဲ့ခြေထောက်တွေကို အမွေးရိတ်သင်ခြင်း၊ အမွေးချွတ်ခရင်မ်၊ ဖယောင်းအသုံးပြုခြင်းတွေ မလုပ်သင့်ပါဘူး။ ခြေသလုံးခြေထောက်အမွေးတွေဖယ်ခြင်းဖြင့် သင်မသိနိုင်တဲ့သိမ်မွေ့တဲ့ပွန်းပဲ့ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။ ထို့နောက် ခြေထောက်အနာအဆာ ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူတဲ့အခါမှာ ဘတ်တီးရီးယား၊ မှိုပိုးတွေက ထိုအပေါက်ငယ်လေးတွေကတစ်ဆင့် သင့်ကိုယ်အတွင်းဝင်ရောက်လာနိုင်ပါတယ်။ ကူးစက်ရောဂါတွေဝင်လာနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။   ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအတွက် ကိုယ်ပိုင်ကိရိယာများယူဆောင်သွားပါ။ ကုသမှုမှာအသုံးပြုတဲ့ကိရိယာတန်ဆာပလာတွေကို ပိုးမသတ်ထားဘူး၊ သေချာသန့်စင်ခြင်းမပြုထားဘူးဆိုရင် လူတစ်ယောက်မှတစ်ယောက်ဆီ ဘတ်တီးရီးယားမှိုပိုးတွေ အလွယ်တကူကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ ကာကွယ်ဖို့အတွက် ကိုယ်ပိုင်ကိရိယာတန်ဆာပလာတွေကို ပြင်ဆင်ယူဆောင်သွားသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် ရောဂါရခြင်းမှရှောင်ကြဉ်နိုင်ပါတယ်။ လက်သည်းတိုက်တံစဉ်းတွေကဲ့သို့သော အချို့သောကိရိယာတန်ဆာပလာတွေကို ကောင်းကောင်း ပိုးသတ်ထားခြင်း၊ တစ်ဦးကိုအသုံးပြုပြီးအစားထိုးလဲလှယ်ခြင်းတွေ မရှိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ပစ္စည်းတွေကို အသုံးပြုခြင်းက သင့်အတွက်ပိုကောင်းပါတယ်။ သင့်ခြေသည်းနဲ့အသားမာတွေကို   ဘယ်လိုလှီးညှပ်ရမလဲဆိုတာကို သေချာတိတိကျကျပြောပြပါ။ ခြေထောက်အနာအဆာ ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ခြေသည်းနဲ့ပတ်သက်ပြီး ပြုစုကုသပေးသူတွေစိတ်ကြိုက် ပြုလုပ်ခွင့်ပေးထားတတ်ပါတယ်။ လုံးဝဆိုးရွားပါတယ်။ အဲ့ဒီအစား သင့်ခြေသည်းနဲ့ ခြေသည်းပန်းကုံးတွေကို […]


ရောဂါလက္ခဏာများ

ရီစ် စင်ဒရုန်းဆိုတာဘာလဲ

Reye's syndrome သည် ရှာပါးသော်လည်း ပြင်းထန်သည့်ရောဂါဖြစ်ပြီး တုပ်ကွေး သို့မဟုတ် ရေကျောက်ဗိုင်းရပ်စ်များဖြစ်နေသည့် ကလေးများတွင် ဖြစ်ပွားတတ်ပါသည်။ ၎င်းသည် အသည်း၊ ဦးနှောက်တို့ ရောင်ရမ်းဖောင်းကြွစေပြီး ကလေးအသက်ကယ်ရန် အရေးပေါ်ကုသမှုများကို လိုအပ်မည်ဖြစ်သည်။   Reye's syndrome ၏လက္ခဏာများ Reye's syndrome၏ လက္ခဏာများသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် သို့မဟုတ် အအေးမိခြင်းကဲ့သို့ လေပြွန်အထက်ပိုင်း ပိုးဝင်ခြင်းဖြစ်ပြီးနောက် ၃-၅ ရက်အတွင်း ပေါ်လာတတ်ပါသည်။ အသက် ၂ နှစ်အောက်ကလေးများ - Reye's syndrome ၏ ပထမဆုံးလက္ခဏာသည် ဝမ်းလျှောခြင်း အသက်ရှုကြပ်ခြင်းတို့ဖြစ်သည်။ ထိုထက်ကြီးသောကလေးများနှင့် ဆယ်ကျော်သက်များတွင်တော့ အစောပိုင်း လက္ခဏာများမှာ တောက်လျှောက်အန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ပဲ အိပ်ချင်နေခြင်းတို့ဖြစ်သည်။ ထို့နောက်တွင် အသည်းနှင့်ဦးနှောက်အားထိခိုက်မှု ပိုဆိုးလာပြီး တခြားသောပြင်းထန်သည့်လက္ခဏာများ ပေါ်လာနိုင်ပါသည်။ ကလးသည် ကယောင်ကတမ်းဖြစ်နေခြင်း၊ မိသားစုကို မမှတ်မိတော့ခြင်း စာကြောင်းတိုများဖြင့်သာ ပြန်ဖြေခြင်းများ […]


ရောဂါလက္ခဏာများ

ပျို့အန်ခြင်းအတွက်သဘာဝနည်းလမ်းများ

မအီမသာဖြစ်ခြင်းက ကင်ဆာနဲ့ တိုက်ပွဲ ဝင်နေရသူတွေ၊ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ ကုသနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကင်ဆာ ကိုယ်တိုင်ကြောင့်လည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးတွေကို အသုံးပြုပြီး မအီမသာဖြစ်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်သလို သဘာဝ နည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဂျင်း ဂျင်းက မအီမသာဖြစ်ခြင်းကို သက်သာအောင် လုပ်ရာမှာ ပထမအဆင့်ဝင် ဆိုတာ အံ့သြစရာ မရှိပါဘူး။ ဂျင်းက ဗိုက်ထဲမှာ အစာခြေရည် မျိုးစုံ၊ အင်ဇိုင်းမျိုးစုံကို စစ်ထုတ်အောင် လှုံ့ဆော်ပေးပြီး အစာအိမ်အက်ဆစ်ကို ဓါတ်ပြုစေပါတယ်။ ဂျင်းမှာပါတဲ့ phenols တွေက အစာအိမ် တစ်သျှူးတွေ ထကြွမှုကို သက်သာစေတဲ့ ငြိမ်ဆေးလို့ပြောလို့ရပါတယ်။ ဒီ phenols တွေက အစာခြေမှုကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ထဲက အဆိပ်တွေကိုလည်း မြန်မြန်စွန့်တတ်စေတဲ့အတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း