အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

နာတာရှည်နာကျင်မှုဝေနာ သောကကို ဘယ်လိုရင်ဆိုင်မလဲ

နာတာရှည်နာကျင်မှုဝေဒနာသည် လူနာကို ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်အောင် အတားအဆီးဖြစ်စေသည်။ ထိုလူနာများသည် သူတို့၏ စွမ်းဆောင်ရည်ကျဆင်းမှုများကြောင့် စိတ်ဓါတ်ကျကာ ကူကယ်ရာမဲ့သကဲ့သို့ မကြာခဏ ခံစားရလေသည်။ ထိုသို့သောလူနာများသည် သူတို့၏နာကျင်မှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းအပြင် ထိုဝေဒနာနောက်ဆက်တွဲ စိတ်သောကတွေကိုပါ ရင်ဆိုင်နိုင်မဲ့ နည်းလမ်းကို သိရှိထားဖို့လိုအပ်ပါသည်။ နာတာရှည်နာကျင်မှု နှင့် စိတ်ခံစားချက်အကြား ဆက်နွယ်မှု နာကျင်မှုအကြောင်း စဉ်းစားလိုက်ရုံနှင့်တင် နာကျင်မှုကို ခံစားရစေပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓါကိုယ်နာကျင်မှု မှထွက်လာသော အချက်ပြ လက္ခဏာသည် ဦးနှောက်သို့ရောက်ရှိလေသည်။ ဦးနှောက်ဆိုသည်မှာလည်း စိတ်ခံစားမှုကိုဖြစ်စေသော နေရာဖြစ်သည်။ ဤသည်ပင် နာကျင်မှုနှင့် စိတ်ခံစားမှု အကြား ဆက်နွယ်စေသော သီအိုရီဖြစ်သည်။ နာကျင်မှုသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပြီး ထိုစိတ်ခံစားချက်များက နာကျင်မှုကို ပိုမိုဆိုးရွားစေသည်။ စိတ်ဖိစီးမှု နာကျင်မှုဝေဒနာကို ခံစားနေရသော အခြေအနေသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။ နာကျင်မှုသည် ခန္ဓါကိုယ်သာမက […]


ဆေးစစ်ချက်များ

Lung Transbronchial Biopsy (လေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်း ဆိုတာ ဘာလဲ။ လေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်း ဆိုတာဟာ အဆုတ်တစ်ရှူး အနည်းငယ်ကို ဖယ်ထုတ်နမူနာယူခြင်းကို ဆိုလိုပြီး သင့်အဆုတ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သိရှိနိုင်ဖို့အတွက် နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းလေပြွန်ကြီးမှတဆင့် အဆုတ်အသားစယူခြင်းကို ဘယ်အခြေအနေတွေမှာ ပြုလုပ်ဖို့ လိုသလဲ။ သင့်ရောဂါကို အတိအကျ အမည်တပ် ရှာဖွေဖော်ထုတ်ဖို့အတွက် လိုအပ်လာရင် အဆုတ်အသားစယူ စစ်ဆေးခြင်းကို ပြုလုပ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ဥပမာ အဆုတ်မှာ ဖြစ်ပွားတဲ့ sarcoidosis ရောဂါ သို့မဟုတ် အဆုတ်တစ်ရှူးတွေ အမာရွတ်ဖြစ်တဲ့ pulmonary fibrosis ရောဂါတွေကို တိကျစွာ ဖော်ထုတ်သိရှိနိုင်ဖို့ အဆုတ်အသားစယူခြင်းကို ပြုလုပ်ရပါမယ်။ နမိုးနီးယား အဆုတ်ရောင်ရောဂါအပြင်းစားမှာလည်း (ရောဂါရှာဖွေရာမှာ မရေရာမှုတွေ ရှိနေတယ်ဆိုရင်) ရှားရှားပါးပါး ဆိုသလို အဆုတ်အသားစယူစစ်ဆေးတာကို ပြုလုပ်နိုင်ပါတယ်။ အဆုတ်ကင်ဆာလို့ သံသယဖြစ်ရင်။ ရင်ဘတ်ဓါတ်မှန် ဒါမှမဟုတ် CT […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Shoulder Surgery (ပုခုံးခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သင့်လက်မောင်း(ပုခုံး)နဲ့ လက်ပြင်အရိုးပြားကြီးကို တွယ်ဆက်ထားတဲ့ ကြွက်သားလေးခုနဲ့ အရွတ်ကြောတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ ကြွက်သားအုပ်စုကို rotator cuff လို့ခေါ်ပါတယ်။ (ပုခုံးကြွက်သားတွေလို့ပဲအလွယ်ခေါ်ကြစို့ရဲ့)။ ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊စုတ်ပြဲတာတွေဟာ ပုခုံးကြွက်သားတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဓိကပြဿနာတွေပဲ ဖြစ်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘယ်လိုအခြေအနေတွေမှာ ပုခုံးကြွက်သားတွေ ခွဲစိတ်ဖို့ လိုအပ်သလဲ။ ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ ကုသလို့မရနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုး ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ ကုသနေရင်း ပိုဆိုးလာတဲ့ အခြေအနေမျိုးတွေမှာ ပုခုံးခွဲစိတ်မှုကို ခံယူရပါမယ်။ ပုခုံးခွဲစိတ်မှုက ဘာအန္တရာယ်ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ။ ပုံမှန်အတိုင်း လှုပ်ရှားလို့မရတာ ဒါမှမဟုတ် ကြွက်သားအနည်းငယ် ထိခိုက်စုတ်ပြဲတာမျိုးက ပြဿနာမရှိပါဘူး။ အနေအထိုင် လှုပ်ရှားမှုပုံစံလေးတွေ ပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေရဲ့ အကူအညီနဲ့ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပါရာစီတမောလို၊ibuprofen လို အကိုက်အခဲပျောက်ဆေး၊အရောင်ကျဆေးတွေလောက်နဲ့ အဆင်ပြေပါတယ်။ လိုအပ်ရင် စတီးရွိုက်ထိုးဆေး ဒါမှမဟုတ် ထုံဆေးတွေကိုလည်း သင့်လက်မောင်းထဲ ထိုးလို့ရပါသေးတယ်။ ဒါပေမယ့် ကြွက်သားထိခိုက်စုတ်ပြဲခြင်းက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Spinal Anaesthetic (ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဆိုတာ ဘာလဲ။ ကျောရိုးပင်မအာရုံကြောနားမှာရှိတဲ့ subarachnoid space ထဲကို ထုံဆေး သို့မဟုတ် အခြားသော အကိုက်အခဲပျောက်ဆေးတွေ ထိုးတာကို ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းလို့ ခေါ်ပါတယ်။ ဒီလို ထိုးလိုက်ခြင်းအားဖြင့် အာရုံကြောတွေကို ထုံသွားစေတာကြောင့် သင့်ခန္ဓါကိုယ်ရဲ့ အချို့သော နေရာတွေကို ထုံသွားစေပါတယ်။ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို သင်နိုးနေချိန်မှာ ထိုးနိုင်သလို အိပ်ဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေနဲ့လည်း တွဲဖက်ပြီး သုံးစွဲနိုင်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးတဲ့အခါ နာကျင်ခြင်းဝေဒနာကို ထိရောက်စွာ သက်သာစေဖို့အတွက်လည်း ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ မေ့ဆေးဆရာဝန်က အပ်ထိုးထည့်ပြီး ထုံဆေးကို အပ်မှတဆင့် ထိုးသွင်းကာ အပ်ကို ပြန်ဖယ်ရှားပါလိမ့်မယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဘာလို့ ပြုလုပ်ရသလဲ။ ခါးအောက်ပိုင်းမှာ ပြုလုပ်တဲ့ ခွဲစိတ်မှုမှန်သမျှ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးဖို့ သင့်တော်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကနေ အကျိုးကျေးဇူးတွေ […]


ဆေးစစ်ချက်များ

Thoracoscopy (ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်thoracoscopy (ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်း) ဆိုတာ ဘာလဲ။ အဆုတ်အမြှေးပါးထဲမှာ ဖြစ်ပေါ်နေတဲ့ မူမမှန်ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ရင်ခေါင်းမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ အဆိုပါ အဆုတ်အမြှေးပါးထဲမှာ ရေများစုပုံနေခြင်း ဒါမှမဟုတ် လေဖုံးနေပြီး အဆုတ်ကျုံ့နေခြင်းတို့ကို ကုသပေးနိုင်မယ့် pleurodesis ဆိုတဲ့ ခွဲစိတ်ကုသမှုကိုပါ တပါတည်းပြုလုပ်နိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းရင်ခေါင်းမှန်ပြောင်းကြည့်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေက ဘာလဲ။ ယခင်က အဆုတ်ခွဲစိတ်မှု ခံယူပြီးသူ၊သွေးရောဂါရှိသူ ဒါမှမဟုတ် အဆုတ်တခြမ်းတည်းနဲ့ အသက်မရှုနိုင်သူတွေမှာ ရင်ခေါင်းမှန်ပြောင်းကြည့်ဖို့ အဆင်မပြေပါဘူး (ဘာလို့လဲဆိုတော့ မှန်ပြောင်းကြည့်နေစဉ်ကာလမှာ အဆုတ်တခြမ်းဟာ တချို့တဝက် ဒါမှမဟုတ် အားလုံးပြားကပ်နေမှာ ဖြစ်လို့ပါပဲ)။ ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် CT ရိုက်ခြင်းက ကုသမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ပါတယ်။ သင့်ရင်ဘတ်ထဲကို အပ်ထိုးသွင်းပြီးတော့လည်း အသားစယူခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Tonsillectomy (အာသီးဖြတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အာသီးဖြတ်တယ်ဆိုတာဘာလဲ။ လည်ပင်းပြန်ရည်ကျိတ်အစုအဝေးတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ အာသီးဟာ ကျွန်တော်တို့ ရှုသွင်းလိုက် ဒါမှမဟုတ် မြိုချလိုက်မိတဲ့ ပိုးမွှားတွေကြောင့် ဖြစ်လာတဲ့ ကူးစက်ရောဂါတွေကို ဖယ်ရှားရှင်းလင်းပေးရာမှာကူညီပေးပြီး အဆိုပါ အာသီးဖြတ်ထုတ်ခြင်းကို အာသီးဖြတ်တယ်လို့ ခေါ်ပါတယ်။ အာသီးပိုးဝင်တဲ့အခါ Tonsillitis ဆိုတဲ့ အာသီးရောင်ခြင်း ဖြစ်ပေါ်လာပြီး နာကျင်ခြင်း၊ဖျားနာခြင်း နဲ့ အစာ၊ရေမြိုရခက်ခြင်းတို့ကို ခံစားရစေပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘယ်လိုအခြေအနေတွေမှာ အာသီးဖြတ်မလဲ။ မကြာခဏ အာသီးရောင်ခြင်းကို ထိရောက်စွာ တားဆီးပေးနိုင်မယ့် တခုတည်းသော နည်းလမ်းက အာသီးဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ အာသီးဖြတ်ထုတ်လိုက်ခြင်းအားဖြင့် သင်ခံစားနေရတဲ့ လည်ချောင်းခဏခဏနာခြင်းပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ အာသီးဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ။ ပဋိဇီဝပိုးသတ်ဆေးကာလကြာရှည်စွဲသောက်ခြင်းဟာ ကလေးတွေမှာ အာသီးခဏခဏရောင်ခြင်းကို တားဆီးပေးနိုင်ပေမယ့် အရွယ်ရောက်ပြီး လူကြီးတွေမှာတော့ သိပ်ထိရောက်မှုရှိမှာ မဟုတ်ပါဘူး (အထူးသဖြင့် အကျိတ်ရောင်ခြင်းကြောင့်ဖြစ်တဲ့ အဖျားတက်ခြင်းတွေမှာပေါ့)။ ပြင်းထန်ခြင်းမရှိတဲ့ ရောင်ရမ်းခြင်းနဲ့ လည်ချောင်းနာခြင်းတွေကိုပဲ ခွဲစိတ်မှုက အဓိက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Total Hip Replacement (ပေါင်ရိုးအစားထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆစ်အမြစ်ရောင်ခြင်း ဆိုတာဘာလဲ။ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ အဆစ်တွေကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေတွေကို စုပေါင်းပြီး အဆစ်အမြစ်ရောင်ခြင်း (arthritis) လို့ ခေါ်ပါတယ်။ အဖြစ်အများဆုံး အဆစ်အမြစ်ရောင်ရောဂါအမျိုးအစားကတော့ အဆစ်တွေ တဖြည်းဖြည်းချင်းပျက်စီးလာတဲ့ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။ အချို့ရောဂါအမျိုးအစားတွေ ကျပြန်တော့လည်း အဆစ်တွေ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အဆစ်မျက်နှာပြင်ကို အုပ်ထားတဲ့ အရိုးနုအလွှာဟာ အဆစ်အမြစ်ရောင်ရောဂါကြောင့် တစတစပျက်စီးလာပြီး အောက်မှာရှိတဲ့ အရိုးကို ထိခိုက်ပျက်စီးစေကာ နာကျင်ခြင်း၊မလှုပ်ရှားနိုင်ခြင်းတို့ကို ခံစားလာရပါတော့တယ်။ ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်းပေါင်ရိုးအစားထိုးဖို့ ဘာလို့လိုအပ်တာလဲ။ ပေါင်ရိုးအစားထိုးဖို့ လိုအပ်တဲ့ အခြေအနေ အများအပြားရှိပါတယ်။ဥပမာ လမ်းလျှောက်ခြင်း၊ခြေလက်ဆန့်ခြင်းကွေးခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်မလုပ်နိုင်တော့ခြင်း။ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်ထိုင်နေချိန်မှာတောင် (နေ့ရောညပါ) နာနေခြင်း။ ပေါင်တချောင်းလုံး တောင့်တင်းနေတာကြောင့် ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း၊ခြေထောက်ကို မ မနိုင်ခြင်း။ လေ့ကျင့်ခန်းလုပ်ခြင်း၊အကိုက်အခဲပျောက်ဆေးသောက်ခြင်း သို့မဟုတ် တုတ်ကောက်စတာတွေ အသုံးပြုတာတောင် နာကျင်မှုမသက်သာခြင်း။ ဘေးထွက်ဆိုးကျိုးများပေါင်ရိုးအစားထိုးခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ဘေးထွက်ဆိုးကျိုးတွေက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Ulnar Nerve Release (Ulnar nerve ဖယ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ulnar nerve ညပ်ခြင်းဆိုတာဘာလဲ။ ulnar nerve ဟာ တံတောင်အတွင်းဖက်ကနေ ပတ်ပြီး လက်ဖျံကြွက်သားတွေကြားမှာရှိတဲ့ လမ်းကြောင်းကျဉ်းကျဉ်းလေးကို ဖြတ်သန်းသွားတဲ့ အာရုံကြောတခု ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းကျဉ်းလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုကျဉ်းလာပြီး ulnar nerve ပေါ်ဖိထားတဲ့ ဖိအားပိုများလာတဲ့အခါမှာ ulnar nerve ညပ်ခြင်း ဖြစ်ပေါ်လာပြီး လက်သန်းနဲ့ လက်သန်းကြွယ်တို့ ထုံကျဉ်ခြင်းကို ခံစားလာရပါတော့တယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းUlnar nerve ဖယ်ထုတ်ဖို့ ဘာလို့ လိုအပ်တာလဲ။ ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Ulnar nerve အာရုံကြောကို ထပ်မံထိခိုက်မှုတွေက ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ စောစီးစွာ ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင် သင့်လက်ထုံနေတာဟာ ပြန်လည်သက်သာလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Ulnar nerve လုံးဝပျက်စီးသွားခြင်းကို ကာကွယ်ဖို့အတွက် Ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်ကုသမှုကို […]


ဆေးစစ်ချက်များ

Ca 19-9 Tumor Marker (စီအေ ၁၉-၉ ကင်ဆာညွှန်းကိန်း ဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်CA 19-9 tumor marker ဆိုတာဘာလဲ ကင်ဆာရှိမရှိ ညွှန်ပြပေးနိုင်တဲ့ CA 19-9 tumor marker CA 19-9 tumor marker ဟာ ကင်ဆာရောဂါရှိမရှိ ညွှန်ပြပေးနိုင်သလို ဆေးဝါးကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်တွေအနေနဲ့ ဆေးအပေါ် တုံ့ပြန်မှုရှိမရှိကိုလည်း သိနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပန်ကရိယကင်ဆာနဲ့ အသည်းကင်ဆာဝေဒနာရှင်တွေရဲ့ အခြေအနေတိုးတက်မှု ရှိမရှိကိုပါ စောင့်ကြည့်ပေးနိုင်ပါသေးတယ်။ CA 19-9 ဟာ ကင်ဆာဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ကာဗိုဟိုက်ဒရိတ် ပဋိပစ္စည်းတမျိုး ဖြစ်ပါတယ်။ သင့်အနေနဲ့ ပန်ကရိယ ဒါမှမဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့မှုကို ခံစားနေရပြီး CA 19-9 ပမာဏလည်း မြင့်တက်များပြားနေတယ်ဆိုရင် ဒါဟာ ပန်ကရိယကင်ဆာကို ညွှန်ပြနေပါတယ်။ အလားတူပဲ ရေဖျဉ်းစွဲပြီး အသားဝါနေတဲ့ လူနာတွေမှာ CA 19-9 ပမာဏများနေရင် အသည်းကင်ဆာလို့ […]


ဆေးစစ်ချက်များ

Chorionic Villus Sampling (အချင်းဆဲလ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အချင်းဆဲလ်စစ်ဆေးခြင်း ဆိုတာဘာလဲ။ အချင်းတစ်ရှုးအနည်းငယ်ကို အပ်ကတဆင့် ထုတ်ယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းကို အချင်းဆဲလ်စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အချင်းဆဲလ်တွေဟာ သင့်ကလေးမှာရှိတဲ့ ဆဲလ်တွေနဲ့ အင်မတန်ဆင်တူပါတယ်။ အချင်းဆဲလ်စစ်ဆေးခြင်းကို ကိုယ်ဝန် ၁၁ပတ်နဲ့ ၁၃ပတ်ကြားမှာ ပြုလုပ်လေ့ရှိပြီး သန္ဓေသားမှာ အောက်ပါပြဿနာတွေရှိရင် သိရှိစေနိုင်ပါတယ်။ Down syndrome ကဲ့သို့သော ခရိုမိုဆုမ်းပြဿနာများ။ cystic fibrosis (အဆုတ်ရောဂါတမျိုး) ဒါမှမဟုတ် sickle cell anaemia (သွေးရောဂါတမျိုး) ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါများ။ ဒါပေမယ့် အချင်းဆဲလ်စစ်ဆေးခြင်းဟာ ရှိသမျှ ရောဂါပြဿနာတွေအားလုံးကို ဖော်ထုတ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ဥပမာ သင့်ကလေးမှာ spina bifida လို့ခေါ်တဲ့ မွေးရာပါ ကျောရိုးပင်မအာရုံကြောပြဿနာရှိနေရင် အချင်းဆဲလ်စစ်ဆေးခြင်းက ဖော်ထုတ်မပေးနိုင်ပါဘူး။ အခြေခံအကြောင်းရင်းကို သိရှိခြင်းအချင်းဆဲလ်စစ်ဆေးခြင်းကို ဘာလို့ပြုလုပ်ရသလဲ။ အောက်ပါအခြေအနေတွေမှာ အချင်းဆဲလ်စစ်ဆေးဖို့ စဉ်းစားရပါမယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပြုလုပ်ရတဲ့ စစ်ဆေးချက်တွေအရ သင့်မှာ ပြဿနာတွေ ရှိနေရင် အချင်းဆဲလ်စစ်ဆေးမှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း