အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Vasectomy Reversal (အမျိုူးသား သားကြောပြန်ဆက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Vasectomy reversal ( အမျိုူးသား သားကြောပြန်ဆက်ခြင်း ) ဆိုတာဘာလဲ။ Vasectomy ဟာ အမျိုးသား သားကြောဖြတ်ခြင်း တစ်မျိုး ဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းကို ပြောင်းပြန်ပြန်လုပ်ခြင်းဟာ သားကြောဖြတ်စဉ် ဖြတ်တောက်လိုက်တဲ့ ပြွန်တွေကို ပြန်ဆက်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ တကယ်လို့ ပြွန်တွေကို ပြန်ဆက်နိုင်ရင်တောင် ခွဲစိတ်မှု မအောင်မြင်တာမျိုး ဖြစ်နိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းVasectomy reversal တွေကို ဘာကြောင့် လုပ်ကြတာလဲ။ Vasectomy reversal ကို အရင်က သားကြောဖြတ်ထားဖူးပြီး ယခုအချိန် ကလေးပြန်လိုချင်ချိန်မှာ အသုံးပြုကြပါတယ်။ Vasectomy reversal ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။ Vasectomy reversal ရဲ့ အောင်မြင်မှုဟာ သားကြောဖြတ်တာနဲ့ ပြန်ဆက်တဲ့အချိန်ကြား အချိန်ဘယ်လောက် ကျော်ဖြတ်ပြီးပြီလဲပေါ်မှာ မူတည်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပြီး အချို့လူတွေဟာ သူတို့သုက်ပိုးကို ပြန်တိုက်ခိုက်တဲ့ […]


ဆေးစစ်ချက်များ

Breast Biopsy (ရင်သားအသားစစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားအသားစစစ်ဆေးခြင်း ရင်သားတစ်သျူးကနေ တစ်သျူးစနမူနာလေးယူကာ ဓါတ်ခွဲခန်းမှာစစ်ဆေးခြင်းဖြစ်ပါတယ်။ ရင်သားတဝိုက် ကင်ဆာအဖြစ်သံသယရှိနေသောနေရာမှာ ကင်ဆာဟုတ်မဟုတ် သိရှိရန်သုံးနိုင်တယ်။ ရင်သားအသားစနမူနာယူခြင်းနည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ရင်သားမှာအကျိတ်ပေါ်ခြင်း၊ သို့ အယ်လ်ထရာဆောင်း ဒါမှမဟုတ် ရင်သားပုံရိပ်ရိုက်ကူးခြင်းတို့မှာ ပေါ်လာတဲ့ ပုံမှန်မဟုတ်ခြင်း တစ်ခုခုကိုအဖြေထုတ်ဖို့အတွက်သုံးနိုင်တယ်။ ထိုကဲ့သို့ ဓါတ်ခွဲစစ်ဆေးလိုက်ခြင်းဟာ ဆရာဝန်ကို ရောဂါအခြေအနေသိရှိစေပြီး သင့်အတွက်မည်သည့်ကုသမှုလိုအပ်သလဲ ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘာကြောင့်ရင်သားအသားစစစ်ရသလဲ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ် – ဆရာဝန် သို့ သင်ကိုယ်တိုင် စမ်းမိသော ရင်သားအကျိတ်ကို ဆရာဝန်ကကင်ဆာဟု သံသယရှိပါက ရင်သားပုံရိပ်ရိုက်ကူးစစ်ဆေးခြင်းမှာ သံသယဖြစ်ဖွယ် နေရာတစ်ခုတွေ့ရှိရပါက အယ်လ်ထရာဆောင်းရိုက်ကူးမှုတွင် သံသယဖြစ်ဖွယ်တွေ့ရပါက ရင်ဘတ်ပိုင်းသံလိုက်ဓါတ်မှန်တွင် သံသယဖြစ်စရာ အဖြေဖြစ်နေပါက နို့သီးခေါင်းအက်ကွဲခြင်း၊ အရေခွံလန်ခြင်း၊ အရေပြားတွန့်ခြင်း၊ သွေးထွက်ခြင်းကဲ့သို့ မူမမှန်သောနို့သီးခေါင်းပြောင်းလဲခြင်းများကြုံလာရပါက သိထားသင့်သောအချက်များ ရင်သားအသားစမစစ်ခင် သိထားသင့်တဲ့ အကြမ်းဖျင်းအချက်အလက်တွေကတော့- ရင်သားအသားစစစ်ဆေးခြင်းရဲ့အန္တရာယ်များ – ရင်သားတွင်ပွန်းရာပဲ့ရာများကျန်ခဲ့ခြင်း၊ ရောင်ရမ်းစေခြင်း အသားစယူလိုက်သည့်နေရာတွင်သွေးထွက်ခြင်း သို့ ရောဂါပိုးဝင်ခြင်း ဖယ်ထုတ်လိုက်သောတစ်သျူးပမာဏ၊ ပြန်လည်အနာကျက်ပုံပေါ်မူတည်ပြီး ရင်သားပုံစံပြောင်းလဲခြင်း။ အသားစအဖြေပေါ်မူတည်ပြီး နောက်ထပ်ကုသမှုများ၊ ခွဲစိတ်မှုများ ဖျားလာရင် သို့ အသားစယူတဲ့နေရာမှာ နီရဲရောင်ရမ်း ပူနွေးနေမယ်ဆိုရင် သို့ ပုံမှန်မဟုတ် […]


ဆေးစစ်ချက်များ

Clonidine Suppression Test (ကလိုနီဒင်းစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Clonidine Suppression Test သွေးတိုးရှိသူ၊ သွေးတွင်း catecholamine ဟော်မုန်းများသူ သို့ ဆီးတွင်း catecholamine အကြွင်းအကျန်များသူ တွေမှာ pheochromocytoma (ကျောက်ကပ်အပေါ်တွင်ကပ်နေသော adrenal ဂလင်းတွင် အကျိတ်ရှိခြင်း) ရောဂါဖြစ်နိုင်ချေကိုသိရဖို့ သုံးတဲ့ စစ်ဆေးမှုတစ်ခုပါ။ Clonidine ဟာ သွေးတိုးသမားတွေအတွက်သုံးတဲ့ ဆေးတစ်မျိုးဖြစ်တယ်။ ဦးနှောက်ကိုသက်ရောက်ပြီး ခန္ဓါကိုယ်ရဲ့ adrenal ဂလင်းကိုလှုံ့ဆော်ခြင်းကို အားနည်းစေတယ်။ ဒါကြောင့် adrenal ဂလင်းကနေထုတ်တဲ့ catecholamines နဲ့ metanephrines ဟော်မုန်းထွက်ခြင်းကို နည်းစေပါတယ်။ ဘယ်အချိန်စစ်ဆေးလေ့ရှိလဲ အကြောင်းအရင်းအမျိုးမျိုးဖြစ်နိုင်တယ်။ သွေးတွင်း catecholamine ဟော်မုန်းတက်နေခြင်းဟာ adrenal ဂလင်းအကျိတ်ကြောင့်လား၊ တခြားပြင်ပမှ ဟော်မုန်းရခြင်းကြောင့်လား ခွဲခြားရန်။ တကယ်လို့ မြင့်တက်နေတဲ့ဟော်မုန်းဟာ ဤစစ်ဆေးမှုအတွက်သက်မှတ်ထားတဲ့ ဟော်မုန်းပမာဏအမြင့်ဆုံးရဲ့ လေးဆထက် နည်းနေသေးပါက adrenaဂလင်းအကျိတ်ဖြစ်တဲ့ Pheochromocytoma သို့ parahanglioma ရောဂါဖြစ်နိုင်ချေများပါတယ်။ pheochromocytoma သွေးတွင်း သို့ ဆီးတွင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကဘာလဲ။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်းဆိုတာ ခန္ဓါကိုယ်မှ ပါရာသိုင်းရွိုက်ဟော်မုန်းကို တုန့်ပြန်နိုင်စွမ်း ကျဆင်းသော မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်မျိုးဖြစ်သည်။   လက္ခဏာများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများမှာ ကယ်လ်ဆီယမ်ချို့ယွင်းခြင်းနှင့်ဆိုင်သော မျက်စိအတွင်းတိမ်ဖြစ်ခြင်း သွားရောဂါများ ထုံကြဉ်ခြင်း တက်ခြင်း အကြောကပ်ခြင်း (ကြွက်သားလှုပ်ခြင်း၊ ခြေလက်ကပ်ခြင်းတို့ ပါဝင်သည်။) တို့ဖြစ်သည်။ ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း၊ အရိုးဖွဲ့စည်းပုံမမှန်ခြင်း၏ လက္ခဏာများမှာ အရေပြားအောက်တွင် ကယ်လ်ဆီယမ်များ တင်ကျန်နေခြင်း ရောဂါဖြစ်သော လက်ချောင်း၏အဆစ်နေရာတွင် ချိုင့်ဝင်သွားခြင်း မျက်နှာဝိုင်း၍ လည်ပင်းတိုခြင်း လက်ချောင်းများ အထူးသဖြင့် လက်သူကြွယ် အရိုးတိုခြင်း အရပ်ပုခြင်းတို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများPseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပါရာသိုင်းရွိုက်ဂလင်းသည် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးသည်။ ပါရာသိုင်းရွိုက်ဟော်မုန်းသည် သွေးထဲနှင့် […]


ရောဂါလက္ခဏာများ

အပူကြောင့်ကြွက်တက်ခြင်း (Heat cramps)

အပူကြောင့်ကြွက်တက်ခြင်း သည် ခဏတာ ကြွက်သားနာကျင်မှုဖြစ်ပြီး ကြွက်သားများ သူ့အလိုလို တောင့်တင်းလာခြင်း၊ တဆတ်ဆတ်လှုပ်ခြင်းတို့ ဖြစ်နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေစဉ် ပူပြင်းသောပတ်ဝန်းကျင်တွင် အလုပ်လုပ်နေစဉ်နှင့် နာရီအနည်းငယ်အကြာတွင် ဖြစ်နိုင်သည်။ အပြင်းအထန် အလုပ်လုပ်ရသော ကြွက်သားများဖြစ်သည့် ခြေသလုံး၊ ပေါင်နှင့် ပုခုံးတို့တွင် ဖြစ်လေ့ရှိသည်။ အပူကြောင့်ကြွက်တက်ခြင်း ရဲ့လက္ခဏာတွေက ဘာတွေလဲ တိုတောင်းသော၊ ပြတ်တောင်းပြတ်တောင်းဖြစ်သော၊ သူ့အလိုလိုဖြစ်၍ အလိုလိုပျောက်သွားတတ်သော ကြွက်သားနာကျင်မှု ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့် ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အပူကြောင့် ကြွက်တက်သည့် နာကျင်မှုသည် အနားယူခြင်း၊ ရေနှင့် ဓာတ်ဆားများသောက်သုံးခြင်းတို့ အပြီးတွင် မသက်သာလျှင် ဆေးကုသမှု ခံယူရန်လိုသည်။ အောက်ပါအခြေအနေများတွင် ဆရာဝန်ပြပါ။ ပျို့အန်နေခြင်းကြောင့် ရေလုံလောက်စွာ မသောက်နိုင်လျှင် အကြောဆေးသွင်း၍ ရေဓာတ်ဖြည့်ရန် လိုနိုင်သည်။ အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်း […]


အခြေခံကျန်းမာရေး

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ကဘာလဲ။ အားဆေးတွေလိုမျိုး သံဓါတ်ပါတဲ့ဆေးတောင့်တွေ အများကြီးဝမ်းထဲရောက်သွားတဲ့အခါမှာ သံဓါတ်အဆိပ်သင့်တတ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်တာများပါတယ်။၆နှစ်အောက်ကလေးတွေ ကလေးသောက်တဲ့အားဆေး ဒါမှမဟုတ် လူကြီးသောက်တဲ့အားဆေးတွေကို မျိုချလိုက်မိတဲ့အခါမှာ သံဓါတ်အဆိပ်သင့်ခြင်းဖြစ်ပွားလာပါတယ်။ အဲဒီကလေးတွေက သူတို့ဘယ်လောက်ထိ မျိုချမိလိုက်ကြတယ်ဆိုတာ သင့်ကို ပြောပြနိုင်မှာမဟုတ်ပါဘူး။ သံဓါတ်ဆားတွေကို ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဥပမာပြောရရင် ဖဲရပ်ဆာလဖိတ်ဟာ အစက်ချဆေး၊ ဆေးရည်၊ အချိုရည်၊ ဆေးတောင့်၊ ဆေးပြားတို့ပုံစံဖြင့် ဈေးကွက်ထဲမှာရှိပါတယ်။ သံဓါတ်အားဆေးတွေဟာ ဆရာဝန်ညွှန်ကြားမပါဘဲ ဝယ်ယူရရှိနိုင်တဲ့အပြင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါတယ်။ ထုတ်ပိုးမှုကလည်း ကလေးအတွက် လုံခြုံတာရှိသလို မလုံခြုံတာလည်းရှိပါတယ်။ ဘယ်ပမာဏက အဆိပ်သင့်စေမယ်ဆိုတာကတော့ ကလေးရဲ့အရွယ်အစားနဲ့ ဆိုင်ပါတယ်။ အသက်၃နှစ်ကလေးကို အဆိပ်ဖြစ်စေတဲ့ ပမာဏက အသက်၈နှစ်ကလေးအတွက်တော့ ဘာမှသိပ်ထူးခြားစေမှာမဟုတ်ပါဘူး။ အဆိပ်ဖြစ်စေနိုင်မည့် တွက်ချက်ထားသော ပမာဏကတော့ ကိုယ်အလေးအချိန်၁ကီလိုဂရမ်မှာ ၁၀မီလီဂရမ်(10mg/kg) ဖြစ်ပါတယ်။ သံဓါတ်ကို သောက်ဆေးပုံစံအမျိုးအမျိုးနှင့် ဝယ်ယူရရှိနိုင်ပါတယ်။ သကြားလုံးလိုမျိုး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pompe disease (Pompe ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pompe disease (Pompe ရောဂါ) ကဘာလဲ။ ကလေးမှာ Pompe ရောဂါ ရှိနေပြီဆိုရင် ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူသလို၊ ကုမှုမျိုးစုံးလည်းရှိတယ်ဆိုတာကို သိထားရပါမယ်။ ခန္ဓါကိုယ်က ဂလိုက်ကိုဂျင်ဆိုတဲ့ သကြားဒြပ်ပေါင်းကို စွမ်းအင်ရရှိဖို့အတွက် ခြေဖျက်ပေးတဲ့ပရိုတင်းတစ်မျိုးကို မထုတ်ပေးနိုင်တော့တဲ့အခါမှာ Pompeရောဂါ ဖြစ်လာပါတယ်။ သကြားဓါတ်တွေစုပုံလာပြီး ကြွက်သားတွေနဲ့ ကလီစာတွေကို ဒုက္ခပေးပါတော့တယ်။ Pompeရောဂါဟာ ကြွက်သားတွေအားနည်းသွားစေပြီး အသက်ရှုမဝဖြစ်စေပါတယ်။ အသည်း၊ နှလုံးနဲ့ ကြွက်သားတို့ဟာ ထိုရောဂါရဲ့ သက်ရောက်မှုကို အများဆုံးခံစားရပါတယ်။ Pompeရောဂါကို GAA ချို့တဲ့ခြင်း ဒါမှမဟုတ် အမျိုးအစား၂ ဂလိုက်ကိုဂျင်သိမ်းဆည်းမှုပြဿနာ(GSD) လို့လဲခေါ်ပါတယ်။ လူတိုင်းမှာ ဖြစ်ပွားနိုင်သော်လည်း အာဖရိကန်-အမေရိကန်လူမျိုးတွေနဲ့ အာရှလူမျိုးအချို့တွေမှာ ပိုတွေ့ရတတ်ပါတယ်။ Pompe disease (Pompe ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးတော်တော်လေးအဖြစ်များပြီး မိန်းမတွေမှာ ရာခိုင်နှုန်းပိုများပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် […]


ရောဂါလက္ခဏာများ

Swollen glands (အကျိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Swollen glands (အကျိတ်ရောင်ခြင်း) ကဘာလဲ။ အကျိတ်ရောင်တယ်ဆိုတာဟာ ခန္ဓါကိုယ်က ရောဂါတွေကို တိုက်ထုတ်နေရတယ်ဆိုတာကို ပြသတာပါ။ ၂ပတ်၃လောက်ကြာရင် သူ့ဘာသာသူသက်သာလာပါလိမ့်မယ်။ အကျိတ်တွေဟာ ပဲလုံးအရွယ်ရှိပြီး သွေးဖြူဥတွေ ပါဝင်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားအရာတွေကို တိုက်ထုတ်ပေးတဲ့နေရာမှာ ကူညီထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားစနစ်ကြီးရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်တစ်လျောက်မှာ တည်ရှိပါတယ်။ ပိုးဝင်ခြင်း ဒါမှမဟုတ် ရောဂါတွေကြောင့်ဆိုရင် စင်တီမီတာအနည်းငယ်လောက်ထက် ပိုရောင်နိုင်ပါတယ်။ အကျိတ်ရောင်တာကို ဆေးပညာအရ Lymphadenopathy လို့ခေါ်ပြီး မေးအောက်၊ လည်ပင်းတစ်ဝိုက်၊ ချိုင်းနဲ့ ပေါင်ခြံတို့မှာ တွေ့ရများပါတယ်။ ပိုပြီးလည်းကြီးတတ်ပါတယ်။ Swollen glands (အကျိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပြီး မိန်းမတွေထက် ယောက်ျားတွေမှာ အတွေ့ရများပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများSwollen glands (အကျိတ်ရောင်ခြင်း) […]


ရောဂါလက္ခဏာများ

Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကဘာလဲ။ ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောက်းနာခြင်းဆိုသည်မှာ အာသီးနှင့်အသံအိုးကိုဆက်ပေးထားတဲ့လည်ချောင်းအစိတ်အပိုင်းရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းနာခြင်းဟာအလွန်အဖြစ်များလေ့ရှိပြီးအမျိုးသမီးများဟာအမျိုးသားများထက်ပိုဖြစ်တာကိုတွေ့ရပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ပိုဆိုးစေမယ့်အရာများကိုရှောင်ရှားခြင်းဖြင့်လည်ချောင်းနာပြီးရောင်ရမ်းခြင်းများကိုသက်သာစေနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့လက္ခဏာတွေကတော့ မြိုချတဲ့အခါ မသက်မသာဖြစ်ခြင်း။ ဖျားခြင်း ၊ အဆစ်နှင့်ကြွက်သားများကိုက်ခဲခြင်း ၊လည်ချောင်းနာခြင်းနှင့် လည်ပင်းရှိ ပြန်ရည်ဖုများရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါတယ်။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်တွင်အထက်ဖော်ပြပါရောဂါလက္ခဏာများဖြစ်ပေါ်နေပါက ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ။ အကြောင်းရင်းများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ လည်ချောင်းရောင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အဆုတ်သို့ အူ လမ်းကြောင်းကဲ့သို့အခြားအင်္ဂါများကိုလည်းကူးစက်နိုင်ပါတယ်။ လည်ချောင်းနာခြင်းရဲ့အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ ရောဂါဖြစ်စေဖို့အခွင့်အလမ်းများစေတဲ့အရာတွေကတော့.. ကလေးသူငယ်များ ၊ ဆေးလိပ်သောက်သူ သို့ ဆေးလိပ်ငွေ့ရှူနေရသူများ ၊ ဂေဟာများ ၊ ကျောင်းများ ၊ စစ်တိုက်ထွက်နေရသူများ ၊ […]


အခြေခံကျန်းမာရေး

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကဘာလဲ။ သွေးတွင်း သွေးရည်ကြည်အတွင်း ကယ်ဆီယမ်ပမာဏရှိသင့်သည်ထက် နည်းနေခြင်းဖြစ်ပါတယ်။   hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများhypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့လူတွေမှာ လက္ခဏာမပြတတ်ပါဘူး။ အာရုံကြောစနစ်ကိုသက်ရောက်နိုင်တာကြောင့် ကလေးတွေမှာ ကြွက်သားတွန့်ခြင်းတုန်ခြငးတွေ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ရောဂါလက္ခဏာတွေကတော့- ကြွက်သားတောင့်ခြင်း ကြွက်သားများတွန့်ကွေးခြင်း ခြေဖျားလက်ဖျားတွေမှာ အပ်စူးသလိုခံစားရခြင်း စိုးရီမ်ပူပင်ခြင်း၊ စိတ်ကျခြင်း၊ ဆတ်ဆတ်ထိမခံခြင်းစတဲ့ စိတ်ခံစားချက်အပြောင်းအလဲများ မှတ်ဉာဏ်ဆိုင်ရာပြဿနာများ သွေးပေါင်ကျခြင်း စကားပြောရခက်ခြင်း မျိုချရခက်ခြင်း မောပန်းခြင်း ပါကင်ဆန်ရောဂါ မျက်လုံးအမြင်အာရုံအချက်အလက်သိုမှိးရာနေရာ ရောင်ရမ်းခြင်း ပြင်းထန် သွေးတွင်းကယ်ဆီယမ်နည်းခြင်း လက္ခဏာတွေကတော့ တက်ခြင်း နှလုံးခုန်မြန်ခြင်း နှေးခြင်း နှလုံးသွေးအိုင်လုပ်ဆောင်ချက်ကျဆင်းခြင်း အသံအိုး သွေးတွင်းကယ်ဆီယမ်နည်းခြင်းရဲ့ နာတာရှည်လက္ခဏာတွေကတော့- အရေပြားခြောက်သွေ့ခြင်း လက်သည်းများကြွပ်ဆတ်ခြင်း ကျောက်ကပ်ကျောက်တည်ခြင်း ခန္ဓါကိုယ်တွင်းကယ်ဆီယမ်များပုံခြင်း ရူးသွပ်ခြင်း ရေတိမ်စွဲခြင်း နှင်းခူရောဂါ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။     အကြောင်းရင်းများhypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဖြစ်အများဆုံးအကြောင်းရင်းကတော့ သွေးတွင်းပျမ်းမျှပမာဏအောက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း