အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Hysteroscopy (သားအိမ်အတွင်းမှန်ပြောင်းကြည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သားအိမ်အတွင်းမှန်ပြောင်းကြည့်ခြင်း သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းဟာ အမျိုးသမီးများအတွက် သားအိမ်အတွင်းမှာ ဘာပြသနာရှိတယ်ဆိုတာကို ရှာဖွေဖို့အတွက် ဘေးကင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။   သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းဆိုတာ ဘာလဲ မှန်ဘီလူးအသေးလေးတခုသုံးပြီး သားအိမ်အတွင်းကို ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အသားစ နမူနာယူပြီး စစ်ဆေးဖို့လည်း တပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ သားအိမ်မှန်ပြောင်းကြည့်ခြင်းဟာ သားအိမ်ကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းနေတာကို စစ်ဆေးဖို့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မတာအရမ်းများနေတဲ့အခါ၊ သွေးဆုံးပြီးမှ သွေးဆင်းတာမျိုး ဖြစ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ အသားမျှင်လုံး၊ အသားလုံးဖြစ်ခြင်း၊ သားအိမ်အတွင်းသား ကင်ဆာဖြစ်ခြင်း၊ သားအိမ်ပုံစံ ပုံမမှန်ခြင်း စတာတွေမှာ ရောဂါရှာဖွေဖို့ အထောက်အကူပြုပါတယ်။ ဘယ်အချိန်မှာ သားအိမ်မှန်ပြောင်းကြည့်ဖို့ လိုသလဲ အောက်ပါ အကြောင်းအရာမျိုးစုံအတွက် လိုအပ်ပါတယ်။ နာကျင်မှု၊ သွေးဆင်းမှုနှင့် အခြားပြသနာများကို ဖြစ်စေသော သားအိမ်အသားမျှင်လုံးဖြစ်ခြင်း သားအိမ်ကျွံခြင်း (ပုံမှန်အနေအထားမှ သားမွေးလမ်းကြောင်းအတိုင်း ကျွံထွက်ခြင်း) သားအိမ်၊ သားအိမ်ခေါင်းနှင့် မျိုးဥအိမ်တွင် ကင်ဆာဖြစ်ခြင်း သားအိမ်အတွင်းပိုင်း […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Ingrown Toenail Surgery (ခြေစွယ်ငုပ်ခြင်းအားခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခြေစွယ်ငုပ်ခြင်းအားခွဲစိတ်ကုသခြင်း ရောဂါပိုးဝင်ခြင်းနဲ့ နာကျင်ခြင်းကို ပျောက်ကင်းစေဖို့ ငုပ်နေတဲ့ ခြေစွယ်ကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ခြေစွယ်ငုပ်ခြင်းဆိုတာ ဘာလဲ ခြေစွယ်ဟာ အသားထဲကို တိုးဝင်တဲ့အခါ ခြေစွယ်ငုပ်ခြင်း ဖြစ်ပေါ်ပါတယ်။ အသားပျက်စီးပြီး ပိုးဝင်ခြင်း၊ နာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ခြေမတွေမှာ ဖြစ်တတ်ပါတယ်။ အဖြစ်အများရဆုံး အကြောင်းကတော့ ခြေသည်းကို သေချာစွာ မညှပ်လို့ ဖြစ်ပါတယ်။ ဖြောင့်တန်းစွာ ရှည်ထွက်ခြင်းမရှိတဲ့ ခြေသည်းတွေမှာ ဖြစ်တတ်ပါတယ်။ မိမိနဲ့ မတော်ဘဲ ကျပ်နေတဲ့ ရှူးဖိနပ်တွေစီးရင်လည်း ခြေစွယ်ငုပ်ခြင်း ဖြစ်တတ်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းခွဲစိတ်ကုသခြင်းဟာ ဘယ်လိုအကျိုးရှိလဲ ရောဂါပိုးဝင်မှု၊ နာကျင်မှုတွေ ပျောက်သွားပါလိမ့်မယ်။ ခြေစွယ်ငုပ်ခြင်းအား ခွဲစိတ်ကုသခြင်း မပြုခင် ဘာတွေ သိသင့်သလဲ တချို့နည်းတွေကတော့ အိမ်မှာကုသနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ ခြေသည်းကို ဖြောင့်တန်းစွာ ညှပ်ထုတ်ပြီး ရှလွယ်မယ့် အနားစောင်းတွေ မဖြစ်အောင် ဂရုစိုက်ရပါမယ်။ မိမိခြေထောက်နဲ့ သက်တောင့်သက်သာရှိမယ့် ဖိနပ်တွေ ဝတ်ဆင်ရပါမယ်။ ဆရာဝန်ဟာ ခြေစွယ်နဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Inguinal Hernia Repair For Men By Open Procedure (အမျိုးသားများ အူကျခြင်းအားခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသားများ အူကျခြင်းအားခွဲစိတ်ကုသခြင်း အူကျခြင်းဟာ အဖြစ်များတဲ့ ပြသနာဖြစ်ပြီး ပေါင်ခြံအနီးက ဝမ်းဗိုက်နံရံကြွက်သား အားနည်းတဲ့အတွက် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ မကုသဘဲထားရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပွားနိုင်ပါတယ်။   အူကျခြင်းဆိုတာ ဘာလဲ ဝမ်းဗိုက်ကြွက်သားနံရံရဲ့ တနေရာရာမှာ အားနည်းလာတဲ့အခါ ဝမ်းဗိုက်ထဲက အရာတွေကို အဲဒီနေရာကတဆင့် တွန်းထုတ်သလိုဖြစ်တတ်ပါတယ်။ အဲဒီနေရာမှာ အဖုံအလုံးဖြစ်နေတတ်ပြီး အူကျခြင်းလို့ ခေါ်ပါတယ်။ ပေါင်ခြံပိုင်းအူကျခြင်းဟာ ပေါင်ခြံလမ်းကြောင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီနေရာဟာ ဝမ်းဗိုက်နံရံကို သွေးကြောတွေ ဖြတ်သန်းသွားတဲ့ ကျဉ်းမြောင်းတဲ့ နေရာလေး ဖြစ်ပါတယ်။ အူကျခြင်းကြောင့် အူနဲ့တခြားအစိတ်အပိုင်းတွေဟာ ညှစ်မိထားသလိုဖြစ်ပြီး သွေးစီးဆင်းမှု ရပ်တန့်နိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းခွဲစိတ်ကုသခြင်းဟာ ဘယ်လိုအကျိုးရှိလဲ အူကျရောဂါ ပျောက်သွားပါလိမ့်မယ်။ အူကျခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြသနာတွေကို ခွဲစိတ်ခြင်းက ကာကွယ်နိုင်ပါတယ်။   ခွဲစိတ်ကုသမှု ဘယ်အချိန်မှာ ခံယူသင့်သလဲ အူကျခြင်းကြောင့် နာကျင်ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အခါ ခွဲစိတ်မှုကို ခံယူသင့်ပါတယ်။ ကလေးများမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Kidney Transplant (ကျောက်ကပ်အစားထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကျောက်ကပ်အစားထိုးခြင်း ဆိုတာ ဘာလဲ ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။ အသက်ရှင်သော အလှူရှင်။ မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။ သေဆုံးပြီးအလှူရှင်။ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါ မရှိသူ ဖြစ်၇ပါမယ်။ ကျောက်ကပ်အစားထိုးခြင်း ဘယ်လောက်ထိ လုပ်ကြသလဲ ဆိုးရွားတဲ့ ကျန်းမာရေးပြသနာဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အန္တရာယ်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ပိုပြီးသိချင်တာတွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်နိုင်ပါတယ်။ လက္ခဏာများကို သိရှိခြင်း ။ကျောက်ကပ်ပျက်စီးခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာတွေ အများကြီး ရှိပါတယ်။ တခါတရံမှာ လက္ခဏာ မပြတတ်ပေမယ့် ကျောက်ကပ်ပျက်စီးသူတွေဟာ များသောအားဖြင့် ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ ဆီးသွားသည့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Laparoscopic Gastric Banding (မှန်ပြောင်းမှတဆင့် အစာအိမ်ကွင်းစည်းခြင်း)

အခြေခံအချက်များမှန်ပြောင်းမှတဆင့် အစာအိမ်ကွင်းစည်းခြင်းဆိုတာ ဘာလဲ အစာအိမ်ကွင်းစည်းခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ရေရှည်အထောက်အကူ ပြုပါတယ်။ ဘယ်လောက်ထိ အောင်မြင်မယ်ဆိုတာ အစားစားတဲ့ပုံစံအသစ်နဲ့ ပုံမှန်လေ့ကျင့်ခန်း ဘယ်လောက်လုပ်ဖြစ်တယ် ဆိုတဲ့ အပေါ် မူတည်ပါတယ်။ ဒီအစီအစဉ်မှာ အလျော့အတင်းလုပ်နိုင်တဲ့ ဆီလီကွန်ကွင်းကို အစာအိမ်အပေါ်ပိုင်းကို ထည့်သွင်းခြင်း ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်လာစေပါတယ်။ ကိုယ်အလေးချိန်ကို ရေရှည်ထိန်းနိုင်ပေမယ့် ပုံစံအသစ်ကို ဘယ်လိုထိန်းထားနိုင်မလဲ ဆိုတာအပေါ် မူတည်ပါတယ်။ ရေရှည်ကိုယ်အလေးချိန်လျော့ကျခြင်းဟာ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းမှန်ပြောင်းမှတဆင့် အစာအိမ်ကွင်းစည်းခြင်းဘာကြောင့် ပြုလုပ်သလဲ သင့်ရဲ့ BMI ဟာ ၄၀ကျော်နေရင် ဒီခွဲစိတ်မှုဟာ ကိုယ်အလေးချိန်ကို ရေရှည်ထိန်းသိမ်းပေးနိုင်ပါတယ်။ BMI ဟာ ၃၅ ကျော်ပြီး ဆီးချိုအမျိုးအစား (၂) နဲ့ သွေးတိုးလိုမျီုး ကျန်းမာရေးပြသနာတွေရှိနေရင် ဒီနည်းလမ်းကို လုပ်ဆောင်နိုင်ပါတယ်။ ဆရာဝန်ဟာ သင်ရဲ့ BMI ကို အတည်ပြုပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Rigid Cystoscopy (Rigid Cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rigid Cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း ဆိုတာဘာလဲ။ Rigid Cystoscopy ဟာ မာကျောတဲ့ telescope ကို အသုံးပြုပြီး ဆီးအိမ်အတွင်းပြဿနာတွေကို စစ်ဆေးတဲ့ procedure တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆီးအိမ်ပြဿနာတွေနဲ့ ဆီးပြွန်ပြဿနာတွေကို တစ်ခါတည်းကုသနိုင်ပါတယ်။ Cystoscopy ကို နာကျင်မှုရှိရင်၊ ဆီးအတွင်းသွေးပါရင်၊ ရောဂါပိုးဝင်ခြင်း ထပ်ခါထပ်ခါ ဖြစ်နေရင်၊ ဆီးအိမ်ဒုက္ခပေးရင် အသုံးပြုနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းRigid Cystoscopy တွေကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ဆရာဝန်က သင့်မှာ ဆီးအိမ်ပြဿနာရှိတယ်လို့ သံသယရှိရင် Cystoscopy ကို ပြုလုပ်သင့်ပါတယ်။ ဥပမာ ဆီးအတွင်းသွေးမြင်ရရင်၊ မကြာခဏ ရောဂါပိုးဝင်ရင်၊ ဆီးကို ထိန်းမထားနိုင်ပဲ ဆီးသွားချင်စိတ်ဖြစ်ရင်၊ ဆီးသွားခြင်းကို မထိန်းနိုင်တော့ရင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က မာကျော်တဲ့ Cystoscopy ပြုလုပ်စဉ်မှာ ပုံမမှန်ခြင်းတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Rigid Cystoscopy For Women (အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသမီးတွေအတွက် Rigid cystoscopy ခေါ် ဆီးအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း ဆိုတာဘာလဲ။ Rigid Cystoscopy ဟာ မာကျောတဲ့ telescope ကို အသုံးပြုပြီး ဆီးအိမ်အတွင်းပြဿနာတွေကို စစ်ဆေးတဲ့ procedure တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆီးအိမ်ပြဿနာတွေနဲ့ ဆီးပြွန်ပြဿနာတွေကို တစ်ခါတည်းကုသနိုင်ပါတယ်။ Cystoscopy ကို နာကျင်မှုရှိရင်၊ ဆီးအတွင်းသွေးပါရင်၊ ရောဂါပိုးဝင်ခြင်း ထပ်ခါထပ်ခါ ဖြစ်နေရင်၊ ဆီးအိမ်ဒုက္ခပေးရင် အသုံးပြုနိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းRigid cystoscopy for women တွေကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ဆရာဝန်က သင့်မှာ ဆီးအိမ်ပြဿနာရှိတယ်လို့ သံသယရှိရင် Cystoscopy ကို ပြုလုပ်သင့်ပါတယ်။ ဥပမာ ဆီးအတွင်းသွေးမြင်ရရင်၊ မကြာခဏ ရောဂါပိုးဝင်ရင်၊ ဆီးကို ထိန်းမထားနိုင်ပဲ ဆီးသွားချင်စိတ်ဖြစ်ရင်၊ ဆီးသွားခြင်းကို မထိန်းနိုင်တော့ရင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က မာကျော်တဲ့ […]


ဆေးစစ်ချက်များ

Toxicology Test (ကိုယ်တွင်း ဆေးနှင့် ဓါတုဆိုင်ရာ စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Toxicology Tests (ကိုယ်တွင်း ဆေးနှင့် ဓါတုဆိုင်ရာ စစ်ဆေးခြင်း) ဆိုတာဘာလဲ။ Toxicology Tests ဟာ ကိုယ်ခန္ဓါအတွင်း ဆေး၊ ဓါတုပစ္စည်း ပါမပါကို သွေး၊ ဆီး၊ တံတွေး၊ အစာအိမ် အရည်၊ ချွေး အစရှိသည်တို့မှ တစ်ဆင့် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဆေး၊ ဓါတုပစ္စည်းတွေဟာ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရသောဆေးများ၊ ဆရာဝန်ညွှန်ကြားချက်မပါပဲ သောက်ရသောဆေးများ၊ ဗီတာမင်များ၊ အာဟာရဖြည့်စွက်စာများ၊ အရက်၊ တရားမဝင်သောဆေး၊ ဥပမာ ကိုကိန်းနဲ့ ဘိန်း တို့ပါဝင်ပါတယ်။ လူတွေဟာ ကိုယ်ခန္ဓါအတွင်းကို ဒီပစ္စည်းတွေ မတော်တဆသော်လည်းကောင်း၊ တမင်တကာသော်လည်းကောင်း ထည့်မိတတ်ကြပါတယ်။ Toxicology စစ်ဆေးမှုဟာ ဆေးအမျိုးအစား ၃၀ ကို တစ်ပြိုင်နက် စစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို သွေး၊ တံတွေးအစား ဘာလို့ ဆီးအတွင်းမှာ စစ်ဆေးရလဲဆိုတာ အကြောင်းရင်း […]



ဆေးစစ်ချက်များ

Uric Acid Blood Test (သွေးတွင်း ယူရစ်အက်စစ် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uric acid blood test (သွေးတွင်း ယူရစ်ခ်အက်စစ် စစ်ဆေးခြင်း) ဆိုတာဘာလဲ။ Uric acid blood test ကို သွေး sample အတွင်း uric acid ဘယ်လောက်ပါသလဲဆိုတာ စစ်ဆေးဖို့ အသုံးပြုပါတယ်။ သင်စားတဲ့အစားအသောက်တွေနဲ့ သဘာဝအတိုင်းခြေဖျက်တဲ့ နည်းတွေဟာ uric acid ကို ဖြစ်ပေါ်စေပါတယ်။ ကျောက်ကပ်တွေဟာ uric acid ကို စစ်ထုတ်တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ သူ့ကို ဆီးနဲ့ တခါတရံ ဝမ်းအတွင်းမှ ကိုယ်ခန္ဓါအပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ ကျောက်ကပ်တွေ ပုံမှန်အတိုင်းအလုပ်မလုပ်တော့ရင် (သို့) uric acid ပမာဏ ထုတ်လုပ်မှုများလွန်းရင် Uric acid များနိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်ခန္ဓါအတွင်း uric acid ပမာဏများခဲ့ရင် အဆစ်တွေကြားမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း