အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မကောင်းပါ

တစ်ခါတစ်ရံ မိဘများသည် သူတို့ကလေးများ အလွန် ဆူညံနေသောအခါ စိတ်အနှောင့်အယှက်ဖြစ်ကြပြီး တိတ် ဆိတ်သွားရင် ကောင်းလိမ့်မည်ဟု ဆုတောင်းသည်။ သို့သော်လည်း ကလေးများ အမှန်တကယ် တိတ်ဆိတ်သွား ပါက ဘာဖြစ်မလဲ။ သင့်ကလေးသည် မကြာသေးမီတွင် ပုံမှန် မဟုတ်ဘဲ တိတ်ဆိတ်သွားသည်ဟု သတိပြုမိပါသလား။ သင်သည် ထိုသို့ခံစားရပါက သင့်ကလေးတွင် ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိကောင်းရှိနိုင်သည်။ အမှန်တွင် ၎င်းသည် ကလေးငယ်များတွင် အဖြစ်နည်းသော ပြဿနာတစ်ခု မဟုတ်ပါ။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ဆိုတာဘာလဲ။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်းဆိုသည်မှာ လူများ စကားပြောရာတွင် ရှင်းလင်းသော စာကြောင်းများဖြစ်စေရန် မှန်ကန်သော စကားလုံးများ မရှာနိုင်သော ချို့ယွင်းချက် တစ်ခု ဖြစ်သည်။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း ရှိသောလူများသည် အခြားသူများပြောသည်ကို နားလည်ရန် လည်း ခက်ခဲနိုင်သည်။ ဘာသာစကား ကစဉ့်ကလျားဖြစ်ခြင်း၏ လက္ခဏာတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကဖင်းဓာတ်စွဲသွားစေသော စွမ်းအားဖြည့်အချိုရည် များ

ကလေးများဟာ သူတို့ကြီးပြင်းလာတာနဲ့အမျှ ဖိအားတွေ ပိုပြီး ရင်ဆိုင်လာရပါတယ်။ အလုပ်ပြီးရမယ့် သတ်မှတ်ရက်တွေ၊ ကျောင်းစာတွေ၊ စာမေးပွဲတွေ စတာတွေဟာ ကလေးတွေကို ထိုးနှက်နေပါတယ်။ ဒါကြောင့် ကဖင်းဓာတ် သုံးစွဲမှုဟာ ပိုပြီး မြင့်တက်လာပါတယ်။ ယနေ့အခါ စွမ်းအားဖြည့်အချိုရည် တွေဟာ ကလေးများကြားမှာ ရေပန်းစားနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါရဲ့လား။ စွမ်းအားဖြည့်အချိုရည် များရဲ့ အာဟာရဓာတ် အချက်အလက်များ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း၊ တော်ရင်း၊ ဗီတာမင်၊ ဆေးဖက်ဝင်အပင်များက ထုတ်လုပ်တဲ့ ဖြည့်စွက်စာများ၊ သကြားနဲ့ အချိုဓာတ်တွေ ပါဝင်ပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းကတော့ ကဖင်းပါပဲ။ များသောအားဖြင့် ဒီအချိုရည်တွေမှာ ဂွာရာနာ၊ ကိုလာအစေ့၊ ယာဘာ၊ ကိုကိုး စတာတွေ ထည့်သွင်းထားတတ်ကြပါတယ်။ သုတေသနတွေအရ ဈေးကွက်ထဲက စွမ်းအားဖြည့်အချိုရည် အများစုရဲ့ ကဖင်းဓာတ်ပါဝင်မှုဟာ […]


ဆေးစစ်ချက်များ

ကလေးငယ်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ

ကလေးငယ်များ မွေးဖွားပြီးတဲ့အခါ မကြာခဏ စစ်ဆေးရပါတယ်။ ပထမ ၂နှစ်ဟာ သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အချိန်ဖြစ်လို့ပါပဲ။ ဆရာဝန်ဟာ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကို စစ်ဆေးဖို့ အချိန်ဇယားဆွဲပေးပါလိမ့်မယ်။ ပုံမှန်စစ်ဆေးမှုဟာ မွေးဖွားပြီး ၃-၅ရက်လောက်မှာ စတင်ပြီး ၁လ၊၂လ၊ ၄လ၊ ၆လ၊ ၉လ၊ ၁၂လ၊ ၁၅လ၊ ၁၈လနဲ့ ၂၄လအရွယ်တွေမှာ အသီးသီးစစ်ဆေးရပါတယ်။ ကျန်းမာရေးစစ်ဆေးမှု အမျိုးအစားများ စစ်ဆေးမှုတိုင်းမှာ သင့်ကလေး ကျန်းမာသလားဆိုတာ အသေးစိတ်စစ်ဆေးပါတယ်။ တိုင်းတာခြင်း။ ဆရာဝန်ဟာ သင့်ကလေးရဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ခေါင်းပတ်လည်ပမာဏ စတာတွေအားလုံးကို တိုင်းတာပြီး ပုံမှန်အနေအထား ရှိမရှိ မှတ်တမ်းတင်ထားပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုစစ်ဆေးခြင်း။ သင့်ကလေးရဲ့ အပြုအမူတွေကို ကြည့်ရှုလေ့လာပြီး ပုံမှန်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ် ရှိမရှိ သုံးသပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း။ သင့်ကလေးရဲ့ ပြုမူချက်၊ တုံ့ပြန်ချက်များကို စစ်ဆေးဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

သုတေသနတွေအရ လူနဲ့ တိရစ္ဆာန်များကြား အပြန်အလှန် ဆက်နွယ်မှုဟာ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ကိစ္စတွေမှာ အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အော်တစ်ဇင်နဲ့ စာဖတ်ခြင်းပြဿနာရှိသူ ကလေးငယ် များဟာ တိရိစ္ဆာန်များနဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ ဖွံ့ဖြိုးတိုးတက်မှု ရှိစေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းတဲ့ ကလေးတွေတောင်မှ ခွေးများ၊ ကြောင်များ မွေးခြင်းဟာ အကျိုးရှိစေတယ်လို့ သိရပါတယ်။ သင့်ကလေးတွေ အိမ်မွေးတိရစ္ဆာန် မွေးခွင့်ပေးနိုင်ဖို့ အကြောင်းပြချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ သင့်ကလေး စာဖတ်နိုင်စေဖို့ အထောက်အကူပြုသလား ဒီအစီအစဉ်မှာ ကလေးတွေကို ခွေးတွေအတွက် စာဖတ်ပြခြင်း ပါဝင်ပါတယ်။ ကလေးတွေရှေ့မှာ ခွေးလေးတွေကို ပရိသတ်အနေနဲ့ ရှိစေပြီး စာဖတ်ခြင်းမှာ ပျော်မွေ့လာစေဖို့ စိတ်ကူးစိတ်သန်း ဖြစ်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဆရာမရှေ့မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုသောနည်းလမ်းများ

ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ကာယကံရှင် အမျိုးသမီး အတွက်ရော ခင်ပွန်းသည်အတွက်ပါ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံဖြစ်ပါတယ်။ တချို့ကိုယ်ဝန်များဟာ အမှတ်မထင် ရလာတတ်ပေမယ့် တချို့ကိုယ်ဝန်တွေကတော့ အချိန်နဲ့ အင်အား အများကြီးစိုက်ထုတ်ပြီးမှ ရလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ရဖို့ ခက်ခဲနေမယ်ဆိုရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။ တားဆေးများကို ကြိုတင်ဖြတ်ပါ ကိုယ်ဝန်တားဆေးအချို့ဟာ ရပ်လိုပ်ပြီးရင်တောင် ကလေးရဖို့ အခွင့်အရေး နည်းနေတတ်ပါတယ်။ မျိုးဥကြေါခြင်းဟာ ပုံမှန်အနေအထားကို ပြန်ရောက်လာဖို့ အချိန်ယူရတတ်ပါတယ်။ ဒါပေမယ်ပ ကလေးရနိုင်ခြေကတော့ ရှိပါတယ်။ ဒါ့အပြင် ဘေးလည်းကင်းပါတယ်။ သင့်ကလေးဟာ ကျန်းမာပါလိမ့်မယ်။ ဘယ်အချိန်မျိုးဥကြွေလည်း စစ်ဆေးပါ ကလေးရနိုင်ခြေအချိန်ကာလဟာ တိုတောင်းပါတယ်။ မျိုးဥကြွေပီးရင် ၂၄နာရီအထိပဲ ရှင်သန်နိုင်တာကြောင့် အချိန်ကိုက်ရွေးချယ်ဖို့ဟာ အဓိကကျပါတယ်။ မျိုးဥကြွေတဲ့နေ့ဟာ အမြဲတမ်းမမှန်ပါဘူး။ တခါတရံမှာ အနည်းငယ်စော ဒါမှမဟုတ် နောက်ကျတတ်ပါတယ်။ စုံတွဲများဟာ ဒါကို လွတ်မသွားရအောင် တပတ်ကို ၃ကြိမ် အတူနေသင့်ပါတယ်။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်ခြင်းကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

White Coat Syndrome (ဝှိုက်ကုတ်ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်White Coat Syndrome ဆိုတာ လူအချို့က သူတို့အိမ်မှာနေနေစဉ်မှာသွေးပေါင်ချိန်ကပုံမှန်ဖြစ်နေပြီး ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာသွေးပေါင်ချိန်က နည်းနည်းလေးမြင့်နေတတ်ပါတယ်။ ဒီလိုမျိုး အခြေအနေကိုwhite coat syndrome (သို့မဟုတ်) the white coat effect လို့ခေါ်ပါတယ်။ ဆရာဝန်တွေ သူနာပြုဝန်ထမ်းတွေက ဝတ်ဆင်ရတဲ့ဂျူတီကုတ်အဖြူရောင်ကို အစွဲပြုပြီး အခုလိုမျိုးခေါ်ဆိုတာပဲဖြစ်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်က ၁၂၀/၈၀ mm Hg ရှိမှာဖြစ်ပြီး ဒီထက်နည်းနည်းလေးကျော်နေခဲ့ရင်တော့သွေးတိုးနေတယ်လို့ဆိုရမှာပါ။white coat syndrome က ဆရာဝန်တွေ၊ သူနာပြုတွေကိုတွေ့လိုက်တဲ့အချိန်မှာ ပုံမှန်ထက်သွေးပေါင်ချိန်တက်လာစေပါတယ်။ အချို့မှာ အရမ်းမပြင်းထန်ပေမယ့် အချို့မှာတော့white coat syndrome ကပြင်းထန်နိုင်ပါတယ်။ White-coat hypertension ကဆေးရုံဆေးခန်းလိုမျိုးနေရာဝန်းကျင်ကိုရောက်သွားတဲ့အခါသွေးပေါင်ချိန်တက်လာတာပါ။ ဆရာဝန်နဲ့တွေ့လိုက်တဲ့အခါမှာသွေးပေါင်ချိန်တက်လာပြီးနေအိမ်မှာတိုင်းတာကြည့်တဲ့ အခါသွေးပေါင်ချိန်မတက်တဲ့ အနေအထားမျိုးပါ။ လက္ခဏာများWhite Coat Syndrome ရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့ရအများဆုံး လက္ခဏာကဆေးရုံဆေးခန်းတွေသွားတဲ့အချိန် နဲ့ ဆရာဝန်နဲ့တွေ့တဲ့ အချိန်မှာသွေးပေါင်ချိန်တိုင်းလိုက်တိုင်းသွေးပေါင်က ရှိသင့်တဲ့ပမာဏထက်များနေတာပါ။ အကြောင်းအရင်းများWhite Coat […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Central Venous Catheter (ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း ဗဟိုသွေးပြန်ကြော ပိုက်ထည့်ခြင်းဟာ လူနာကို အရည်၊ ဆေးနဲ့ အာဟာရဓါတ်တွေကို ပေးသွင်းဖို့ ဘေးကင်းပြီး ထိရောက်တဲ့နည်း ဖြစ်ပါတယ်။ ဗဟိုသွေးပြန်ကြောပိုက်ဆိုတာ ဘာလဲ အရည်၊ ဆေး စတာတွေကို ခဏခဏထိုးနေရတာမျိုး မဖြစ်အောင် ဒီပိုက်အမျိုးအစားကို သုံးပါတယ်။ နှလုံးအနီး သွေးပြန်ကြောထဲ ဝင်ဆန့်ပြီး ပိုက်ရဲ့ အခြားအစိတ်အပိုင်း ကတော့ ကိုယ်ခန္ဓါအပြင်ဘက်မှာ ရှိပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘယ်အချိန်မှာ ဗဟိုသွေးပြန်ကြောပိုက်ထည့်ဖို့ လိုသလဲ ပဋိဇီဝဆေး၊ ကင်ဆာဆေးသွင်းခြင်း၊ သွေးသွင်းခြင်း စတာတွေကို လပေါင်းများစွာအထိ ပုံမှန်ကုသမှု ခံယူနေဖို့ လိုအပ်တဲ့အခါ သွေးပြန်ကြောပိုက်သုံးပါတယ်။ ပိုက်လိုင်းကို ပိုးဝင်ခြင်းမှ လျှော့ချနိုင်အောင် အရေပြားအောင် မြှုပ်ထားနိုင်ပါတယ်။ ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း မပြုခင် ဘာတွေသိသင့်သလဲ သွေးခဲခြင်းဆိုင်ရာ ပြသနာရှိရင် ဒီပိုက်ထည့်လို့ မရပါဘူး။ အက်စပရင်၊ ဝါဖရိန်စတဲ့ သွေးကျဲဆေးတွေ သောက်သုံးနေရတယ်ဆိုရင် ဆရာဝန်များနဲ့ တိုင်ပင်ပါ။ ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်းမှာ တခြားရွေးချယ်စရာ ကုသမှုတွေရှိလား ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်းရဲ့ တခြားရွေးချယ်စရာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Cornea Transplant Surgery (မျက်ကြည်လွှာ အစားထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်ကြည်လွှာအစားထိုးခွဲစိတ်ခြင်း မျက်ကြည်လွှာရောဂါဖြစ်ခြင်းဟာ မျက်လုံးရှေ့က အမြင်လွှာကို သဲကွဲမှုလျော့နည်းစေပါတယ်။ တခြားဘယ်နည်းနဲ့မှ အဆင်မပြေရင် မျက်ကြည်လွှာ အစားထိုးခြင်းဟာ အမြင်အာရုံကို တိုးတက်စေဖို့ နည်းလမ်းတခုဖြစ်ပါတယ်။ မျက်ကြည်လွှာဆိုတာ ဘာလဲ မျက်စိမှာ အလွှာပေါင်းများစွာ ရှိပါတယ်။ မျက်ကြည်လွှာဟာ အလင်းရောင်ဖြတ်သန်းသွားနိုင်တဲ့ အလွှာဖြစ်ပြီး မျက်လုံးရှေ့မှာ ခုံးတဲ့ပုံစံနဲ့ တည်ရှိပါတယ်။ မျက်ကြည်လွှာရောဂါ ဘယ်လိုဖြစ်သလဲ မျက်ကြည်လွှာကို ရောဂါဖြစ်စေတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ခွဲစိတ်ဖို့ထိ လိုအပ်နိုင်တဲ့ အဖြစ်များတဲ့ အခြေအနေ၃ခုကတော့ keratoconus ခေါ် မျက်ကြည်လွှာဟာ ကတော့ပုံပြောင်းလာပြီး အမြင်ဝါးလာခြင်း၊ မျက်ကြည်လွှာ ဖောင်းပြီး တိမ်လို ထူလာခြင်း၊ အမာရွတ်ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ မျက်ကြည်လွှာ အစားထိုးခြင်းဆိုတာ ဘာလဲ မျက်ကြည်လွှာ အစားထိုးခြင်းဆိုတာ မျက်ကြည်လွှာရဲ့ ထိခိုက်ပျက်စီးနေတဲ့ အစိတ်အပိုင်းကို အလှူရှင်ဆီက ရရှိတဲ့ မျက်ကြည်လွှာအကောင်းန့ အစားထိုးလဲလှယ်ခြင်း ဖြစ်ပါတယ်။ မျက်ကြည်လွှာ အစားထိုးခြင်းကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ အောက်ပါပြသနာတွေ ခံစားနေရရင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Glaucoma Surgery (မျက်စိရေတိမ် ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်စိရေတိမ် ခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ မျက်စိရေတိမ်ခွဲစိတ်ခြင်းကို ဆေးပညာအရ trabeculectomy လို့ခေါ်ပြီး မျက်စိအာရုံကြောတွေ နောက်ထပ် ထိခိုက်မှု လျှော့ချဖို့ ပြုလုပ်ပါတယ်။ မျက်စိအာရုံကြောဟာ မျက်စိအတွင်းအမြင်လွှာက ပုံရိပ်တွေကို ဦးနှောက်ဆီ ပို့ပေးလို့ သင့်ပတ်ဝန်းကျင်ကို မြင်နိုင်ပါတယ်။ ရေတိမ်ဟာ မျက်စိထဲမှာ အရည်များ ပုံမှန်အတိုင်းမဟုတ်ဘဲ စီးထွက်ပြီး ဖိအားမြင့်တက်လာပြီး အာရုံကြော ထိခိုက်မှုကို ဖြစ်စေပါတယ်။ အသက် ၄၀ကျော်အရွယ် ၅၀လောက်မှာ တယောက်လောက် ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာရင် မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကေ့စ်တွေမှာ မျက်စိရဲ့ ဖိအားပုံမှန် ရှိနေလျက်နဲ့ မျက်စိအာရုံကြောဟာ ထိခိုက်နိုင်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းမျက်စိရေတိမ်ခွဲစိတ်ခြင်း ဘာကြောင့်ပြုလုပ်သလဲ ရေတိမ်ခွဲစိတ်ခြင်းဟာ မျက်စိထဲက ဖိအားတွေ လျော့သွားအောင် အရည်များကို စီးထွက်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေတိမ်ရဲ့ဖိအားကြောင့် ဖြစ်နေတဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်များ မျက်စိရေတိမ် ခွဲစိတ်မှုရဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Hip Resurfacing (ပေါင်ရိုးထိပ် အစားထိုးပြုပြင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်ရိုးထိပ် အစားထိုးပြုပြင်ခြင်းဆိုတာ ဘာလဲ ပေါင်ရိုးထိပ် အစားထိုးပြုပြင်ခြင်းဆိုတာ ဆိုးဆိုးရွားရွား ရောင်ရမ်းနေတဲ့ ပေါင်ရိုးထိပ်ပိုင်းကို အစားထိုး လဲလှယ်ခြင်း ဖြစ်ပါတယ်။ အဆစ်ရောင်ခြင်းဟာ အဆစ်ပေါင်းများစွာကို ထိခိုင်ပျက်စီးစေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ အဖြစ်အများဆုံး ပြသနာကတော့ အရိုးအဆစ်ရောင်ခြင်းဖြစ်ပြီး အဆစ်ဟာ တဖြည်းဖြည်း ပျက်စီးလာပါတယ်။ နောက်ဆုံးမှာ အဆစ်ကို ဖုံးအုပ်ပေးထားတဲ့ အရိုးနုတွေကိုပါ ပျက်စီးလာစေပါတယ်။ ဒီလိုဖြစ်တဲ့အခါ နာကျင်ခြင်း တောင့်တင်းခြင်း ဝေဒနာတွေကို ခံစားရတတ်ပါတယ်။     အခြေခံအကြောင်းရင်းကို သိရှိခြင်းပေါင်ရိုးထိပ် အစားထိုးပြုပြင်ခြင်းဘာကြောင့် ပြုလုပ်သလဲ ပေါင်ရိုးထိပ်အဆစ်ပိုင်းရဲ့ ရောင်ရမ်းမှုဆိုးရွားလာတဲ့အခါ အရိုးအဆစ်တခုလုံးကို အစားထိုးခြင်း၊ ပေါင်ရိုးထိပ်ပိုင်းကို ပြန်လည်ပြုပြင်ခြင်း စတဲ့နည်းလမ်းတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ ၂မျိုးစလုံးဟာ အစားထိုးနည်းလမ်းတွေဖြစ်ပြီး သိသာတဲ့ ကွဲပြားခြင်းတွေ ရှိပါတယ်။ ငယ်ရွယ်တဲ့ လူနာတွေဆိုရင်၊ မကြာခဏခွဲစိတ်နေရမယ်ဆိုရင် ပေါင်ရိုးထိပ်ပိုင်းပြန်လည် ပြုပြင်တာဟာ အဆစ်တခုလုံး အစားထိုးလိုက်ခြင်းထက် ပိုကောင်းပါတယ်။ ဒီနည်းလမ်းမှာ အရိုးမျက်နှာပြင်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း