အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း) ကဘာလဲ။ အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် (ATT) စစ်ဆေးခြင်းဆိုတာ သွေးထဲက အယ်လ်ဖာဝမ်း အင်တီထရစ်ပ်ဆင်လို့ ခေါ်တဲ့ပရိုတိန်းတမျိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ အဲဒီပရိုတိန်းဟာ အဆုတ်တွေကို ထိခိုက်မှုမဖြစ်စေအောင် ကာကွယ်ပေးပါတယ်။ ATT ပုံမှန်မဟုတ်တဲ့ အခြေအနေကို သိရအောင် စစ်ဆေးခြင်းလည်း ပါဝင်ပါတယ်။ အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင်ရဲ့ မူလတာဝန်ဟာ အင်ဇိုင်းများစွာကို ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ Elastase ဖြစ်ပြီး သွေးဖြူဥကနေ ထုတ်လုပ်ပါတယ်။ ဒဏ်ရာရခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ပုံမှန်တုံ့ပြန်ရာမှာ ပါဝင်ပါတယ်။ Elatase ဟာ ပရိုတိန်းတွေကို ဖြိုခွဲပြီး ကိုယ်ခန္ဓါအတွက် ပြန်လည်အသုံးနိုင်စေပါတယ်။ ဒါပေမယ့် elastase ကို မထိန်းညှိနိုင်ရင် အဆုတ်တစ်သျှူးတွေကို ထိခိုက်စေပါတယ်။ Alpha-Antitrypsin Test (အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် စစ်ဆေးခြင်း)ဘာကြောင့် လုပ်ဆောင်သလဲ အောက်ပါအခြေအနေတွေကြောင့် လုပ်ဆောင်ပါတယ်။ အဆုတ်လေအိတ်များ ပျက်စီးတဲ့အခါ အယ်လ်ဖာဝမ်းအင်တီထရစ်ပ်ဆင် […]


အခြေခံကျန်းမာရေး

Behcet's Syndrome (Behcet ရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ကဘာလဲ။ Behcet ရောဂါလက္ခဏာစုဆိုတာ သွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အစိတ်အပိုင်း အတော်များများမှာ ပြသနာဖြစ်စေပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ရောဂါပေါင်းစုံကြောင့် စနစ်ပေါင်းစုံ ထိခိုက်ရောင်ရမ်းတဲ့ ပြသနာလို့ သိထားကြပါတယ်။ နောက်ဆက်တွဲပြသနာတွေ၊ ရောဂါလက္ခဏာတွေဟာ ပထဝီအနေအထားအရ အမျိုးမျိုး ကွဲပါတယ်။ Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ အမေရိကမှာ ရှားပါးပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ တွေ့ရများပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာ အဓိက ဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ပေါ်လာဖို့ လနဲ့နှစ်နဲ့ချီပြီး ကြာတတ်တာကြောင့် ရောဂါရှာဖွေဖို့လည်း ကြာမြင့်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။   လက္ခဏာများBehcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ […]


အခြေခံကျန်းမာရေး

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

သောကြာနေ့လိုမျိုး ညတွေမှာ တစ်ပတ်တာပင်ပန်းသမျှကိုဖြေဖျောက်တဲ့အနေနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့ပြီးပျော်ပျော်ရွှင်ရွှင်သောက်ကြစားကြတာမျိုးရှိကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေစုမိကြတဲ့အခါ ကိုယ်သောက်နိုင်တဲ့ပမာဏထက်ပိုပြီးသောက်မိသွားတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒီလိုများသွားတာကသောက်တုန်းတော့ သိပ်မသိသာပေမယ့်နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ အရက်နာကျတဲ့ခံစားမှုကို စတင်ခံစားရပြီလေ။ အရက်နာကျတာကို သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အရက်နာကျတယ်ဆိုတာက အရက်နာကျတာက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အရက်နာကျတဲ့အခါခေါင်းကိုက်မယ်၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်နေမယ်၊ခြေကုန်လက်ပန်းကျနေမယ်၊ ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းသလိုဖြစ်နေတာတွေပါပဲ။ အရက်နာကျတဲ့သူတွေမှာ အဖြစ်များဆုံးလက္ခဏာက ခန္ဓါကိုယ်မှာရေဓါတ်ကုန်ခန်းနေသလို ခံစားရတာပါပဲ။ အရက်နာကျတဲ့အခါ အာရုံစိုက်ဖို့မလွယ်တာမျိုးဖြစ်နိုင်သလို စိတ်ထဲမကြည်မလင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အရက်နာကျရတဲ့အဓိကအကြောင်းအရင်းကတော့ အရက်ထဲမှာပါတဲ့ အီသနောပါပဲ။ အီသနောက အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓါကိုယ်ထဲကရေဓါတ်ကိုဆုံးရှုံးစေပါတယ်။ အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ရေသောက်ပါ -ခန္ဓါကိုယ်က ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက်ရေသောက်ပေးဖို့လိုပါမယ်။ရေများများသောက်ပေးလေလေ ခန္ဓါကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေလေပါ။ဖြစ်နိုင်ရင်တော့ ညဘက်အရက်သောက်နေချိန်မှာကိုကရေကိုသောက်ပေးသင့်တာပါ။ ရေဓါတ်ပြည့်ဝစေမယ့်ဖျော်ရည်တွေသောက်ပေးပါ -ရေသောက်ပေးရုံနဲ့ရေဓါတ်ကုန်ခန်းသွားတာတွေကိုဖြည့်နိုင်ပြီလို့ မဆိုသာပါဘူး။ အရက်နာကျတဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဆားဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်ကိုပါ ဆုံးရှုံးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကျနချေိန်မှာ အချိုရည်၊ အုန်းရည်လိုမျိုးအရာတွေကိုသောက်သုံးပေးလို့ရသလို စွပ်ပြုတ်တစ်ခုခုကိုသောက်ပေးလို့လည်းရပါတယ်။ မနက်စာစားပေးပါ […]


အခြေခံကျန်းမာရေး

အဖြစ်များတဲ့ လှုပ်ရှားမှုပြသနာတွေဟာ ဘာတွေလဲ

၁။ လှုပ်ရှားမှုပြသနာအပေါ် ယေဘုယျအမြင် လှုပ်ရှားမှုပြသနာဆိုတာ လှုပ်ရှားမှုရဲ့ လျင်မြန်ခြင်း၊ သွက်လက်ခြင်း၊ သက်တောင့်သက်သာရှိခြင်း စတဲ့အချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Dyskinesia လို့ခေါ်တဲ့ ပြသနာမှာ ပြင်းပြင်းနဲ့ မြန်မြန် လှုပ်ရှားတတ်တဲ့ hyperkinesia ဖြစ်ခြင်းရော ဖြေးဖြေး (သို့) လှုပ်ရှားမှု မရှိတတ်တဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။ ၂။ အတွေ့များတတ်သော လှုပ်ရှားမှုပြသနာများ Parkison ရောဂါ Parkison ရောဂါဆိုတာ တဖြည်းဖြည်းပိုဆိုးလာတတ်တဲ့ အာရုံကြောရောဂါဖြစ်ပြီး ကိုယ်ခန္ဓါလှုပ်ရှားမှုတွေအပေါ် ထိန်းချုပ်မှုကင်းမဲ့သွားတတ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတာ မသိသေးသလို ကုသနည်းလည်း မရှိသေးပါဘူး။ ဒီရောဂါနဲ့ ပတ်သက်လို့ သိရသလောက်တော့ Substantia Nigra လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပျက်စီးလာရာကနေ ရောဂါ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ Substantia Nigra […]


အခြေခံကျန်းမာရေး

ဆေးမတည့်ခြင်း

ဆေးမတည့်ခြင်းဆိုတာ သင့်ကိုယ်ခံအားစနစ်ကနေ ဆေးဝါးများကို လွန်ကဲစွာ တုံ့ပြန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘယ်ဆေးမဆို ဓါတ်မတည့်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ၁။ ဆေးမတည့်ခြင်းဆိုတာ ဘာလဲ ပထမဆုံး ဆေးသောက်ချိန်မှာ ဘာဖြစ်တယ်ဆိုတာ သင်မသိနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဆေးကိုတုံ့ပြန်ဖို့ ခုခံပစ္စည်းများကို တိတ်တဆိတ် ထုတ်လုပ်နေပါတယ်။ နောက်တကြိမ်ဆေးသောက်လိုက်တဲ့အခါ ခုခံပစ္စည်းဟာ သင့်ရဲ့ သွေးဖြူဥတွေကို ဟ်စ်တမင်းဓါတ်တွေ ထွက်လာစေပါတယ်။ ဒါဟာ ဓါတ်မတည့်လက္ခဏာတွေရဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဆေးမတည့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အတက်ရောဂါတွင် သုံးသောဆေးများ - အင်ဆူလင် - အိုင်အိုဒင်း - ပင်နီဆလင်ကဲ့သို့ ပဋိဇီဝဆေးများ - ဆာလ်ဖာဆေးများ - အက်စပရင်နှင့် အိုင်ဗျူပရိုဖင်ကဲ့သို့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ - အတက်ကျဆေးများ - ခုခံပစ္စည်းဓါတ်ပွားကုသခြင်း - ကင်ဆာဆေးသွင်းကုသခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဆေးတမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ဓါတ်မတည့် တုံ့ပြန်မှုလို့ […]


ရောဂါလက္ခဏာများ

နာတာရှည်နာကျင်မှု

နာကျင်ခြင်းတွေဟာ ဒဏ်ရာတွေ၊ ထိခိုက်မှုတွေ၊ ရောဂါတွေ အထူးသဖြင့်ကြွက်သားနဲ့အရိုးဆိုင်ရာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်ခြင်းဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်တွေ၊ မိသားတွေ ချစ်ခင်သူတွေနဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နာကျင်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းကိုကုသဖို့ကပထမပါ။ ဒါပေမယ့်တခါတလေမှာတော့ သင့်ဘဝအနှစ်သာရအတွက် နာကျင်မှုကိုအရင်ကုဖို့က ပိုအရေးကြီးကောင်းကြီးနိုင်ပါတယ်။ နာတာရှည်နာကျင်ခြင်း လပေါင်း၊ နှစ်ပေါင်းများစွာကြာတတ်တဲ့ တစ်သျှူးထိခိုက်မှုတွေကြောင့် ရတတ်တဲ့ နာကျင်ခြင်းတွေဖြစ်တယ်။ ဥပမာ- အရိုးအဆစ်ရောင်ခြင်း၊ ခေါင်းတခြမ်းပြင်းထန်စွာကိုက်ခြင်း၊ အရွတ်ရောင်ခြင်း၊ လက်ဖျံတွင်ဖြစ်သော အရွတ်ရောဂါတစ်မျိုး တို့ဖြစ်တယ်။ နာတာရှည်နာကျင်ခြင်းဟာ ရုတ်တရတ်ခေတ္တနာကျင်သောနာကျင်မှုနဲ့ မတူပါဘူး။ ရုတ်တရတ်ခေတ္တနာကျင်ခြင်းက ထိခိုက်မှုကိုအသိပေးတဲ့ ယာယီလှုံ့ဆော်မှုတစ်ခုဖြစ်တယ်။ ၃ လနဲ့အထက်ကြာတဲ့နာကျင်မှုကို နာတာရှည်နာကျင်မှုလို့ခေါ်တယ်။ အာရုံကြောစနစ်မှ ခန္ဓါကိုယ်ရဲ့တစ်နေရာရာကနေ နာကျင်တဲ့အသိလှုံ့ဆော်မှုကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာအောင်ရနေတာဖြစ်တယ်။ တခါတလေမှာ နာကျင်မှုကြောင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အခြေအနေပြောင်းလွယ်ခြင်း၊ ပူပင်သောကရောက်ခြင်း၊ နွမ်းနယ်လွယ်ခြင်း၊ နေ့စဉ်ဘဝတွင် အာရုံဝင်စားမှုနည်းခြင်းတို့ဖြစ်လာနိုင်ပါတယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်နေတာကြောင့် […]


ရောဂါလက္ခဏာများ

နာခြင်းဘယ်လိုဖြစ်လာသလဲ

သင့်ဦးနှောက်ကနာကျင်မှုတွေကို ဘယ်လိုသိရှိလဲဆိုတာ တစ်ခါလောက်ဖြစ်ဖြစ်တွေးကြည့်ဖူးလား။ သင်သိတာက နာကျင်မှုဆိုတာ နာတယ်လို့ခံစားရတယ် ၊ ဒီလောက်ပဲသင်သိတာပါ။ တစ်သျှူးတွေထိခိုက်တဲ့အခါနာကျင်တယ်၊ ဒါမှမဟုတ် မီးဖိုမှာအပူလောင်တာမျိုး၊ ခြေမတံခါးကြားညက်သွားတဲ့အခါမျိုး ပြင်းထန်တဲ့လှုံ့ဆော်မှုတစ်ခုခုကြောင့် နာကျင်ရတတ်ပါတယ်။ နာကျင်တယ်ဆိုတာ သင့်ခန္ဓါကိုယ်ကို ဒီထက်ပိုပြီးဒဏ်ရာရမှု၊ ထိခိုက်မှုတွေကနေကာကွယ်ဖို့ပါ။ သင်အန္တရာယ်ရှိတဲ့တစ်စုံတစ်ခုနဲ့နီးကပ်နေပြီ ဒါမှမဟုတ် ကုသမှုခံယူဖို့လိုအပ်နေပြီဆိုတဲ့ သတိပေးမှုလည်းဟုတ်ပါတယ်။ နာကျင်ခြင်းဟာ ကျွန်ုပ်တို့တွေ ဆေးကုသမှုခံယူရတဲ့ နံပါတ်တစ်အကြောင်းအရင်းလည်းဟုတ်တယ်။ နာကျင်မှုကိုဘယ်လိုသိရှိခံစားလဲ နာကျင်မှုသိရှိခံစားတဲ့ဖြစ်စဉ်ကို နာကျင်မှုနားလည်ခြင်းလို့ခေါ်ကြတယ်။ ထိတွေ့လှုံ့ဆော်ခံရတဲ့နေရာမှာ နာကျင်မှုစတင်အချက်ပြပြီး အာရုံကြောတွေကနေတဆင့် အာရုံကြောမကြီးဆီ၊ ပြီးတော့ ဦးနှောက်ဆီကိုတက်သွားပါတယ်။ အဲ့အချိန်မှာပဲ သင့်ဦးနှောက်က နာကျင်မှုကိုသိရှိသွားပြီး သင့်ကိုအဲ့နာကျင်မှုကို တစ်ခုခုတုံ့ပြန်ဖို့အသိပေးပါလိမ့်မယ်။ ဥပမာ သင့်လက်ကိုဓါးရှမိတယ်ဆိုပါတော့၊ ထိုနာကျင်မှုကိုသိရှိခံစားရဖို့အတွက်က တကယ်တော့ အဆင့်တွေအများကြီးဖြတ်ရပါတယ်။ လက်ကိုဓါးရှတဲ့ခါ တစ်သျူးတွေပျက်စီးသွားတယ်၊ ထိုအခါနာကျင်မှုကိုသိရှိတဲ့အရာတွေကိုသွားပြီး လှုံ့ဆော်တယ်။ ထိုနာကျင်မှုကိုသိတဲ့အရာတစ်ခုချင်းစီက နာကျင်မှုကိုသယ်ပို့ပေးတဲ့အာရုံကြောတွေနဲ့ချိတ်ဆက်ထားပြီး အဲ့အာရုံကြောတွေက အာရုံကြောမကြီးနဲ့ဆက်ပြီးချိတ်ထားပါတယ်။ ထိုကတဆင့် ဦးနှောက်ဆီရောက်တယ်။ ထိုအခါမှ ဦးနှောက်ကနာကျင်မှုကိုသိပြီး သင့်ကိုတစ်ခုခုတုံ့ပြန်ဖို့အသိပေးပါတယ်။ တခါတလေတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

အိမ်သုံးဓါတုပစ္စည်းတွေဟာ သေချာမသုံးရင် မသိမ်းရင် ပြသနာဖြစ်တတ်ပါတယ်။ ဒီလိုမတော်တဆ ပြသနာတွေရှောင်နိုင်ဖို့ ဒီဆောင်းပါးကို လေ့လာကြည့်ပါ။ အောက်ပါဆောင်းပါးမှာတော့ အိမ်သုံးဓါတုပစ္စည်းတွေနဲ့ပတ်သက်ပြီး သင်သတိထားရမယ့်အရာတွေ တင်ဆက်ပေးမှာဖြစ်ပါတယ်။ လတ်ဆတ်သောအသီးအနှံများ ဝယ်စားရန်ကြိုးစားကြည့်ပါ : အိမ်သုံးဓါတုပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ အစားအစာများကနေလာနိုင်ပါတယ်။ မြေသြဇာ , ပိုးသတ်ဆေးနှင့်ဟော်မုန်းတွေ ထိတွေ့မှုလျှော့ချရန် လတ်ဆတ်တဲ အော်ဂဲနစ်အသီးအနှံတွေစားပါ။ ကျွန်ုပ်တို့ နေ့စဉ်သောက်နေကျ နို့ကိုလည်း ကြီးထွားဟော်မုန်းတွေပါမပါ check လုပ်ထားရပါမည်။ ထုပ်ပိုးထားတဲ့ အစားအစာများမှာ မကြာခဏ BPA သို့မဟုတ် parabens ဓါတုပစ္စည်းတွေပါဝင်နေတတ်တယ်။ ရေကန်များသို့မဟုတ်မြစ်များကနေ (PCBs နှင့်ပြဒါးကဲ့သို့) အန္တရာယ်ရှိသော ဓါတုပစ္စည်းများပါဝင်နိုင်တဲ့အတွက် စီးပွားဖြစ် သို့မဟုတ် မွေးမြူ ရေးငါးတွေကိုရှောင်ပါ။ သမားရိုးကျ ဖမ်းမိတဲ့ငါးသို့မဟုတ်ဓါတ်ခွဲခန်းမှာ စမ်းသပ်ပြီးတဲ့ ငါးကို ရွေးချယ်ဖို့အကြံပြုပါတယ်။ ပလပ်စတစ်ရှောင်ကြဉ်ပါ တချို့ဓါတုပစ္စည်းတွေက အစားအစာသို့မဟုတ်အချိုရည်ထဲသို့ ပလတ်စတစ်ထဲက စိမ့်ထွက်နိုင်တဲ့အတွက် မှ BPA မပါတဲ့ပလတ်စတစ်အသုံးပြုသူများအတွက်တောင် အန္တရာယ် […]


အခြေခံကျန်းမာရေး

အာဟာရချို့တဲ့ခြင်း၏ လက္ခဏာများ

ကလေးများအဟာရချို့တဲ့ကြောင်းပြောကြသည့်အခါ လူအများထင်ကြသည်မှာ ကြီးထွားဖွံ့ဖြိုးရန်လိုအပ်သည့် ပရိုတင်းနှင့်ကယ်လိုရီများကို လုံလောက်စွာ မစားသောကြောင့်ဖြစ်ရသည် အာဟာရမလုံလောက်ခြင်း ကိုသာ ထင်ကြပါသည်။ အမှန်တကယ်တွင် အာဟာရချို့တဲ့ခြင်းဆိုသည်မှာ အာဟာရမလုံလောက်ခြင်းရော အာဟာရပိုလျှံနေခြင်းကိုပါ ဆိုလိုပါသည်။ ကလေးတစ်ယောက် လိုအပ်သည်ထက် ကယ်လိုရီပိုစားသုံးပါက အာဟာရပိုလျှံခြင်း ဖြစ်နိုင်ပါသည်။ ဒီဆောင်းပါးကတော့ အာရဟာမလုံလောက်ခြင်းသာ အဓိကထားရေးသားပါမည်။ အာဟာရချို့တဲ့ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများ အစားအသောက်ကောင်းကောင်းမစားရခြင်းက အဓိကပင်ဖြစ်သည်။ ကလေးမှ အစားအစာလုံလောက်စွာ မစားသောက်ရလျှင် သို့မဟုတ် စားသည့်အစာမှ လုံလောက်သည့်အာဟာရများ မရလျှင် အာဟာရချို့တဲ့နိုင်ပါသည်။ ထို့အပြင် မျိုချရခက်ခဲသည့်ရောဂါများကြောင့်လည်း အစာအာဟာရ လုံလောက်စွာ စားနိုင်မည်မဟုတ်ပါ။ တစ်ခြားသော အကြောင်းရင်းတစ်ခုမှာ စိတ်ကျန်းမာရေးမကောင်းခြင်းပင်။ စိတ်ကျနေသည့်ကလေးတစ်ယောက်သည် အစာကောင်းကောင်းမစားနိုင်ပါ။ ထိုမှ အာဟာရချို့တဲ့နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာဈေးကြီးခြင်း သို့မဟုတ် ပြတ်လပ်ခြင်းကြောင်း အာဟာရချို့တဲ့မှု ဖြစ်ပွားနိုင်ပါသည်။ အာဟာရချို့တဲ့သည့်လက္ခဏာများ တွေ့ရနိုင်သည့် လက္ခဏာများမှာ - · အဆီများဆုံးရှုံးခြင်း · အသက်ရှုလမ်းကြောင်းပြဿနာ (အသက်ရှုရခက်ခြင်း) · စိတ်ကျခြင်း · ခွဲစိတ်ကုသခြင်း၏ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်စေမယ့် လျှို့ဝှက်ချက်များ

ညစာကို မိသားစုလက်ဆုံစားပါ။ နောက်ဆုံးပြုလုပ်ထားတဲ့လေ့လာချက်အရ မိသားစုနဲ့အတူတူလက်ဆုံစားတဲ့ကလေးတွေဟာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး၊ ကိုယ်ဝန်ရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ အစားအသောက်မူမမှန်ခြင်းစတာတွေ ဖြစ်တာနည်းတယ်လို့ တွေ့ရပါတယ်။ နောက်ထပ်လေ့လာမှုတွေကတော့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ဆုံစားကြတဲ့ကလေးတွေမှာ ဝေါဟာရပိုမိုကြွယ်ဝခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားခြင်း စတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အပေါ် လက်ခံနိုင်ဖွယ်ရာအကောင်းဆုံး လေ့လာမှုကတော့ မီချီဂန်တက္ကသိုလ်က ပြုလုပ်ထားတဲ့ လေ့လာချက်ပါ။ ၁၉၈၁ နဲ့ ၁၉၉၇ခုကြား အမေရိကန်ကလေးတွေ သူတို့မိသားစုနဲ့ အချိန်ဘယ်လိုဖြုန်းတယ်ဆိုတာကို လေ့လာခဲ့ကြပြီး အိမ်မှာ မိသားစုနဲ့ ထမင်းအတူတူစားပြီး အချိန်ကုန်ကြတဲ့ကလေးတွေဟာ ပညာရေးမှာပိုထူးချွန်ကြပြီး အပြုအမူတွေလည်း ပိုပြီး ယဉ်ကျေးကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ထမင်းစားချိန်ဟာ ကျောင်းမှာ စာသင်နေတဲ့အချိန်တွေ၊ ဘာသာရေးကျောင်းတွေတက်နေရတဲ့အချိန်တွေ ဒါမှမဟုတ် အားကစားလုပ်ချိန်တွေထက် ပိုပြီး လွှမ်းမိုးမှုရှိပါတယ်။ ညစာအတူတူစားဖို့ သင့်မိသားစုအတွက် အဆင်မပြေနေဘူးလား။ ညစာအတူတူစားရမှ (ညစာစားချိန်မှ)လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း