အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါလေးကန်ထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါလေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုကကော်ဖီသောက်တာပါပဲ။ ဒါပေမယ့်ကော်ဖီကသောက်တိုင်းမကောင်းပါဘူး။ ခန္ဓါကိုယ်ထဲမှာ ကဖင်းဓါတ်များတဲ့အခါ စိတ်ဖိစီးတဲ့ခံစားမှုကို ခံစားရစေပြီး အိပ်မပျော်တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။ လေးလံထိုင်းမှိုင်းတာကို တိုက်ဖျက်ပြီး တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေဖို့ ဒီအချက်လေး ၁၀ ချက်ကိုလုပ်ကြည့်ရအောင်လား။ (၁) အစားအသောက်တွေကိုသေချာစီစဉ်စားသုံးပေးပါ စားသုံးမယ့်အစားအစာတွေထဲမှာ ခန္ဓါကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကိုပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ်ကျောင်းမှာတစ်နေ့တာလုံးလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်ဖို့ ခွန်အားပြည့်ဝနေမှာပါ။ အစားအသောက်တွေစားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓါတ်တွေပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်စားသုံးပေးပါ။ကောက်နှံတစ်ခုလုံး၊ အခွံမာသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ အသားဓါတ်တွေပါဝင်အောင်စားသုံးပေးပါ။ အရေးကြီးဆုံးအချက်တစ်ခုက ခန္ဓါကိုယ်မှာ ခွန်အားပြည့်ဝနေစေဖို့အတွက်သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိဖို့ပါ။ လုံလောက်တဲ့သွေးတွင်းသကြားဓါတ်ရှိနေမယ်ဆိုရင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမှာပါ။ (၂) ထိုင်နေရာကနေ ထပြီး လမ်းနည်းနည်းပတ်လျှောက်ပါ တကယ်လို့ သင်က စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အမြဲထိုင်နေတာမျိုးမလုပ်ဘဲ […]


ကျန်းမာရေး သတင်းများ

အားကစားသမားတွေကို ထိခိုက်ဒဏ်ရာတွေကနေ သက်သာလာစေမယ့် PRP ကုထုံး

ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့က အားကစားသမားတွေအတွက် အရေးအကြီးဆုံးပါ။ဆေးသိပ္ပံပညာတွေတိုးတက်လာမှုနဲ့အတူ အားကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ပုံမှန်ထက်မြန်မြန်ပြန်ကောင်းလာစေမယ့် ကုထုံးတွေရှိလာခဲ့ပါပြီ။ ဒီကုထုံးကတော့ Platelet-rich plasma (PRP) လို့ခေါ်တဲ့ ကုထုံးပါ။ ဒီကုထုံးက ကစားသမားတွေမှာဖြစ်တတ်တဲ့ နာတာရှည် အရွတ်စုတ်ပြဲတာ နဲ့ ကြွက်သားထိခိုက်မှုဒဏ်ရာတွေကို ကုသရာမှာထိရောက်မှုရှိသလို ကစားသမားတွေကို အချိန်တိုအတွင်းမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေပါတယ်။ အားကစားသမားများအတွက်နောက်ဆုံးပေါ်ကုထုံးသစ်PRP PRP ဆိုတာကသွေးရည်ကြည်တစ်မျိုးဖြစ်ပြီး ပုံမှန်သွေးထက်သွေးကလာပ်စည်းပါဝင်မှုက ၅ ဆ ကနေ ၁၀ ဆလောက်အထိပိုများပါတယ်။ အဆိုပါသွေးကလာပ်စည်းတွေထဲမှာ အနာကျက်တဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတဲ့growth factors လို့ခေါ်တဲ့ ပရိုတင်းတွေ ရာနဲ့ချီပါဝင်နေပါတယ်။ PRP ကုထုံးမှာ growth factors ပမာဏပါဝင်မှု သိသိသာသာများနေတာက အနာကျက်စေတဲ့နှုန်းကို ပုံမှန်ထက်ပိုမြန်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ PRP ကုထုံးမှာ လူနာဆီကနေ သွေးကိုအရင်ဆုံးထုတ်ယူရပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါသွေးထဲကသွေးကလာပ်စည်းကို အခြားသွေးဆဲလ်တွေထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ […]


အခြေခံကျန်းမာရေး

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အညီ လူတန်းစေ့နေထိုင်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းနေရတာကြောင့် လူတိုင်းဟာတော်တော်လေးပင်ပန်းကြရပါတယ်။ တစ်နေ့တာလုံးမနားရလောက်အောင် လှုပ်ရှားနေရပေမယ့် ခန္ဓါကိုယ်ကို လုံလောက်တဲ့ အာဟာရဓါတ်တွေရောပေးမိရဲ့လား။ လုံလောက်တဲ့ အာဟာရဆိုတဲ့နေရာမှာ အိပ်စက်မှုရော၊ စားသောက်မှုပုံစံပါ ပါတယ်။ ခန္ဓါကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေဖြစ်လာပါတယ်။ လုပ်နိုင်စွမ်းထက် ပိုခိုင်းမိတဲ့အခါ ကွန်ပျူတာတွေ ဟန်းမ်သွားတာလိုမျိုးပေါ့။ ဗီတာမင် ချို့တဲ့ခြင်းဆိုတာ ဗီတာမင် ဆိုတာက ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာပါ။ အခုခေတ်ရဲ့ ဘဝနေထိုင်မှုပုံစံကိုက အသင့်ပြင်ထားတဲ့ အစားအစာတွေ နဲ့ အဆီများတဲ့အစားအစာတွေကိုရှောင်လွှဲနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများဟာ ဗီတာမင် ချို့တဲ့မှုဒဏ်ကိုခံစားလာကြရတာပါ။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် ချို့တဲ့လာတဲ့အခါ အစာခြေစနစ်မှာပြဿနာဖြစ်လာပါတော့တယ်။ ခန္ဓါကိုယ်ရဲ့ဇီဝတွင်းလုပ်ငန်းစဉ်တွေလုပ်ဆောင်လည်ပတ်နိုင်စေဖို့အတွက် ဗီတာမင်တွေကို မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းအနေနဲ့ လုံလောက်တဲ့ ဗီတာမင်ရရှိအောင် အစားအစာတွေကို စားသုံးပေးတာမျိုးဖြစ်ဖြစ် ဗီတာမင်အားဖြည့်ဆေးတွေသောက်သုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်ရပါမယ်။ နေ့စဉ်စားသုံးတဲ့ […]


အခြေခံကျန်းမာရေး

Obsessive Compulsive Disorder (အစွဲလန်းလွန်စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) ကဘာလဲ။ အစွဲလမ်းလွန် စိတ်ဝေဒနာ (obsessive compulsive disorder) ဆိုသည်မှာ လူနာ၏ တွေးခေါ်မှုနှင့် အပြုအမှုများကို ထိခိုက်စေသော စိတ်ရောဂါ တစ်မျိုးဖြစ်ပါသည်။ လူနာသည် အတွေးများ အမြဲပေါ်လာပြီး စွဲလန်းစိတ်နဲ့ တူညီသောလှုပ်ရှားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်ပါသည်။ ဥပမာ တံခါးကို သော့ခတ်ထားသလား မထားသလား ဟု တွေးကာ တံခါးဆီသို့ ခဏခဏ သွားခြင်း ဖြစ်သည်။ လူနာများသည် ထိုသို့တွေးခြင်းကိုရပ်ရန် ကြိုးစား သော်လည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်တင်းမာမှု များသာ ထပ်မံ ဖြစ်စေပါသည်။ နောက်ဆုံးတွင် စိတ်သက်သာစေရန် ထိုလှုပ်ရှားမှုများကိုသာ လိုက်လံ ပြုလုပ်ပါတော့ သည်။ Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) […]


ရောဂါလက္ခဏာများ

Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။ အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒါကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။ Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) က ဘယ်လောက်အဖြစ်များသလဲ အေခရိုမက်ဂလီ က အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သက်လက်ပိုင်း ယောက်ျားနှင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abruptio Placentae (အချိန်မတိုင်မီအချင်းကွာခြင်း) ကဘာလဲ။ placental abruption နောက်တစ်နည်း abruption placentae ဆိုတာ အချိန်မတိုင်ခင် အချင်းကွာကျခြင်းကို ခေါ်ပါတယ်။ ၎င်းက ကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်သော်လည်း ဖြစ်ခဲပါတယ်။ အချင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပေါ်လာပြီး ကလေးကို အာဟာရပေးပါတယ်။ ဒီရောဂါမှာ အချင်းက ကလေးမထွက်ခင်မှာ သားအိမ်၏ အတွင်းနံရံမှ ကွာကျလာပါတယ်။ ၎င်းကို အဆင့် ၁၊ ၂ နှင့် ၃ ဆိုပြီး ပြင်းထန်မှုပေါ်လိုက်ပြီး ၃ မျိုးခွဲနိုင်ပါတယ်။ သားအိမ်မှ ကွာကျသွားတဲ့ အချင်းကို ပြန်ကပ်လို့မရပါဘူး။ ဒါဟယ ကလေးကို အောက်စီဂျင်နှင့် အာဟာရတွေ ပေးပို့မှုကို ကန့်သက်လိုက်နိုင်ပြီး အမေကိုလည်း သွေးထွက်လွန်စေပါတယ်။ ဒီအန္တရယ်များတဲ့ အခြေအနေကြောင့် အစောပိုင်း ခွဲမွေးရခြင်းကြုံနိုင်ပါတယ်။ အချင်းကွာခြင်းက ရုတ်တရက်ဖြစ်နိုင်ပြီး […]


အခြေခံကျန်းမာရေး

ဒီလက္ခဏာတွေရှိနေရင် သင့်မှာ ဗီတာမင်ချို့တဲ့မှုတွေရှိနေပါပြီ

ကျန်းမာပျော်ရွှင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့က ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်က အသွေးအသားနဲ့တည်ဆောက်ထားတာကြောင့် လိုအပ်မယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာဖြည့်တင်းပေးဖို့ကလည်း မေ့ထားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို မရရှိတဲ့အခါ ဝေဒနာတွေဖြစ်လာပါတော့တယ်။ လိုအပ်တဲ့ဓာတ်တွေမရတာနဲ့ ချက်ချင်း အပြင်းအထန်ဝေဒနာတွေ ခံစားရတာတော့ မဟုတ်ပါဘူး။ ရှေ့ပြေးလက္ခဏာလေးတွေ အရင်စဖြစ်လာပါတယ်။ ဘယ်လက္ခဏာက ဘယ်ဗီတာမင် ချို့တဲ့နေတာလဲ ဆိုတာကို သိထားဖို့တော့လိုပါမယ်။ ဒါဆိုရင် ပြင်းထန်တဲ့ဆိုးကျိုးတွေမဖြစ်ပေါ်လာခင် ပြန်လည်ဖြည့်တင်းချိန်ရနိုင်ပါတယ်။ ဒါကြောင့် သတိထားကြည့်နိုင်ဖို့ သိသာထင်ရှားတဲ့ ဗီတာမင်ချို့တဲ့မှုလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အာဟာရဓာတ်ပြည့်ဝစွာရရှိဖို့လိုအပ်ပါတယ် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် အာဟာရပြည့်ဝအောင်စားသုံးဖို့လိုတယ်ဆိုတဲ့အကြောင်းကို မကြားဖူးသူကမရှိသလောက်ဖြစ်မှာပါ။ အစားအသောက်တွေစားတဲ့အခါ အာဟာရပြည့်ဝအောင်စားသုံးကြရပါတယ်။ တကယ်လို့များ ကိုယ်စားသုံးတဲ့အစားအသောက်တွေက အာဟာရဓာတ်မပြည့်ဝဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာအားမရှိသလိုဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ဖြူဖပ်ဖြူရော်ဖြစ်တာ၊ ဖျားနာလွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေချို့တဲ့တာက အချိန်ကြာမြင့်လာမယ်ဆိုရင်တော့ ကျန်းမာရေးကိုထိခိုက်စေလာနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကြံ့ခိုင်သန်စွမ်းဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်အမျိုးမျိုးကိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေပါမှ […]


အခြေခံကျန်းမာရေး

Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကဘာလဲ။ ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဆိုသည်မှာ တိကျသောအကြောင်းအရင်းမရှိပဲဖြစ်ပွားသော စအိုနာကျင်မှုဖြစ်သည်။ ထိုနာကျင်မှုသည် ပြင်းထန်သော စအိုတွင်းနှင့် စအိုစပ်ရှိကြွက်သားကျုံ့ခြင်းကြောင့်ဖြစ်သည်။ လီဗေတာအေနိုင်းရောဂါစုကဲ့သို့သော စအိုနာကျင်မှုတစ်မျိုးနှင့်လည်း ဆင်တူသည်။ သို့သော် ထို ရောဂါစုတွင် နာကျင်မှုသည် မိနစ်အနည်းငယ်အစား ရက်များစွာကြာရှည်တတ်သည်။ မည်သူမဆို ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်သည်။ သို့သော် ထိုရောဂါသည် ပျိုဖော်မဝင်ခင်တွင် ဖြစ်ပွားလေ့မရှိပဲ အမျိုးသားများထက်စာလျှင် မိန်းမများတွင်ပိုဖြစ်တတ်သည်။ မည်သည့်အကြောင်းကြောင့် ဖြစ်ကြောင်း ကိုရှင်းလင်းစွာမသိရပဲ ထိုကဲ့သို့ဖြစ်ကြောင်းကို မိန်းမအများစုကသာ တင်ပြသတင်းပေးလေ့ရှိကြ၍ဖြစ်သည်။ Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများProctalgia fugax (ပရော်တယ်ဂျီးယား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။ သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊ အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။ Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေး ဖြစ်နိုင်တယ် ဆိုပေမယ့် အသက် ၂ နှစ် ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို လိုက်နာပြီး ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကဘာလဲ။ Gaucher’s disease ဆိုတာ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်း တွေ အထူးသဖြင့် သရက်ရွက် နဲ့ အသည်း မှာ စုဝေးနေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်ထက် ပိုကြီးစေပြီး သူ့တို့ရဲ့ သဘာ၀ လုပ်ဆောင်ချက်တွေကို ပျက်ယွင်းသွားစေပါတယ်။ Gaucher’s disease နဲ့ ဆက်စပ်နေတဲ့ အဆီ တွေဟာ အရိုးတစ်ရှုးတွေမှာလည်း စုဝေးနေတတ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာသာ အဆီတွေ စုဝေးနေမယ် ဆိုလို့ ရှိရင် အရိုးကို အားနည်းစေပြီး အရိုးပါးရောဂါ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရိုးတွင်းခြင်ဆီမှာ အဆီတွေစုဝေးနေရင် သွေးခဲဖြစ်ပေါ်စေခြင်းကိုလည်း ထိခိုက်စေပါတယ်။ Gaucher’s disease အမျိုးအစား ၃ မျိုး ရှိပါတယ်။ အမျိုးအစား ၁ – […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း