အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကဘာလဲ။ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် နှာတာရှည် ခဏခဏပြန်ဖြစ်သောရောဂါဖြစ်ပြိး နာကျင်ခြင်းကိုဖြစ်စေတတ်သည်။ အစောပိုင်းတွင် သင့်အရေပြားပေါ်ဝက်ခြံကဲ့သို့သောအဖုများပေါ်လာမည်။ ထိုအဖုများကပျံ့သွားပြီး ဝက်ခြံမပေါက်တတ်သောနေရာများတွင်ပင်ပေါ်လာသည်။ Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ တစ်ရာခါနှုန်းသောသူများတွင်နိုင်သည်။-သို့သော် အချို့သူများတွင်ရှက်သောကြောင့်ကုသမှုမခံယူခြင်းလည်းရှိနိုင်သည်။ လက္ခဏာများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် ဝက်ခြံနှင့်မတူသောအချက်က အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ အဖြစ်အများဆုံးနေရာမှာ ချိုင်းအောက်(တစ်ဖက်သို့မဟုတ် နှစ်ဖက်) ပေါင်ခြံကြား(လိင်အဂါီၤ စအိုဘေးနား နှင့် ပတ်ဝန်းကျင်နေရာ) ပေါင် တင်ပါးအပေါ် အမျိုးသမီးရင်သား(အောက်နှင့်တခါတရံရင်သားအပေါ်) ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းစရှိပါက အောက်ပါတို့ကိုစသတိထားမိတတ်သည်။ တစ်ခု(သို့မဟုတ်တော်တော်များများ) ဝက်ခြံနှင့်တူသောအဖုများ အရေပြားပေါ်တွင်တွေ့ရပြီး တခါတရ့ပျောက်ပြီးပြန်ဖြစ်သည်။ ကုသမှုမခံယူပါက လူနာတွင်အောက်ပါတို့ဆက်ဖြစ်နိုင်သည် နာခြင်း။ နက်နက်သို့ရောက်ပြီး ပြန်ကောင်းပြန်ဖြစ်နေခြင်း ခဏခဏပြန်ဖြစ်နေရာမှအမာရွတ်ထင်ခြင်း အမာရွတ်သည်အချိန်ကြာလာသည်နှင့်အမျှမာလာခြင်း အရည်ပြားတွင်လိုဏ်ဂူကဲ့သို့သော လမ်းကြောင်းပေါ်လာခြင်း အရေပြားတွင်ပြင်းထန်စွာရောဂါပိုးဝင်ခြင်း အရေပြားကင်ဆာဖြစ်ခြင်း(ရှားရှားပါးပါးဝ လက္ခဏာများသည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိဖြစ်နိုင်သည်။ လူလူချင်းမတူ လူတူသော်လည်းဖြစ်သောအချိန်မတူ ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစိးစွာသိပါက ကုသမှုပိုထိရောက်နိုင်သည်။ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်တွေ့ပါ။ နာခြင်း အပါတ်အနည်းငယ်ကြာသည်အထိပြန်မကောင်းခြင်း ကုသပြီး အပါတ်အနည်းငယ်တွင်ပြန်ဖြစ်ခြင်း နေရာများစွာတွင်ပေါ်ခြင်း ခဏခဏပြန်ဖြစ်ခြင်း လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဘယ်ကြောင့်ဖြစ်သည်ကမသေချာသော်လည်း အချို့သူများက ချွေးပေါက်ပိတ်ခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ အကယ်၍ ချွေးနှင့်အမှံုများက […]


အခြေခံကျန်းမာရေး

ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

နေမကောင်းခဏခဏဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးကအဖိုးမဖြတ်နိုင်တဲ့အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အမြဲကျန်းမာအောင်နေနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကတော့ မဖျားအောင်ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအားကောင်းနေစေဖို့က ကိုယ်တိုင်လုပ်ဆောင်လို့ရတဲ့အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြမယ်နော်။ ကိုယ်ခံအားကောင်းနေစေဖို့ ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက အချို့ကိုဂရုစိြုက်ပင်ဆင်ဖို့လိုအပ်မှာပါ။ ဂရုစိုက်ပြင်ဆင်ရမယ့် အလေ့အထတွေက - (၁) အာဟာရပြည့်ဝအောင်စားသုံးပါ - နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။ ဘလူးဘယ်ရီလိုမျိုးအသီးအနှံတွေက ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ သုတေသနပြုမှုတွေအရ ဒိန်ချဉ်၊ကန်စွန်းဥ၊ ကီဝီ၊ပေါင်မုန့်၊ကွေကာအုတ်၊လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေကကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့အချိုဓါတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ (၂)ရေဓါတ်ပြည့်ဝအောင်နေပါ -ဆရာဝန်တွေကတော့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကိုရေ ၁၀ ခွက်ကနေ ၁၂ ခွက်အထိသောက်ဖို့လိုအပ်မယ်၊လို့ အကြံပြုထားပါတယ်။ ဒီအချက်က အံ့သြစရာတော့မဟုတ်ပါဘူး။ ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကရေဓါတ်ပါ။ရေဓါတ်ပြည့်ဝနေတဲ့အခါ ခံတွင်းနဲ့နှာခေါင်းတွင်းက ချွဲအမြှေးပါးတွေမှာ အစိုဓါတ်ပြည့်ဝနေတာကြောင့် ဗိုင်းရပ်စ်တွေကို အပြည့်အဝတိုက်ဖျက်နိုင်သလို ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြားအရာတွေကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ရေကကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

လူရယ်လို့ဖြစ်လာရင် အနာရောဂါနဲ့မကင်းကြပါဘူး။ တစ်နေ့တာလှုပ်ရှားလုပ်ကိုင်နေမှုအတွင်း အသေးစားထိခိုက်ဖျားနာမှုတွေရှိနိုင်သလို အကြီးစားထိခိုက်မိတာတွေလည်းရှိနိုင်ပါတယ်။ ဘယ်လိုထိခိုက်ဖျားနာမှုမျိုးမဆို နာလန်ထတဲ့အချိန်ဆိုတာရှိပါတယ်။ ဖျားနာပြီးရင်ပဲဖြစ်ဖြစ်၊ အကြီးစားမတော်တဆမှုတွေကနေပြန်ကောင်းလာရင်ပဲဖြစ်ဖြစ်၊ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ အကောင်းပကတိပြန်ကောင်း လာစေဖို့ထိုက်သင့်တဲ့အချိန်ယူရပါတယ်။ နောက်တစ်ခုက ဖျားနာနေတဲ့အချိန်မှာပဲ ကျန်းမာရေးကောင်းအောင်ဂရုစိုက်ဖို့လိုတာမဟုတ်ပါဘူး။ နာလန်ထအချိန်မှာလည်း ဖျားနာတာနဲ့နောက်ဆက်တွဲရောဂါတွေဝင်မလာစေဖို့အတွက်သေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ နာလန်ထလူနာတွေ ရောဂါကင်းကင်းနဲ့မြန်မြန်ကျန်းမာလာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ မြန်မြန်ပြန်ကျန်းမာလာအောင် ဘာတွေလုပ်ဖို့လိုမလဲ နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲရုံနဲ့ ခန္ဓါကိုယ်ကို ကျန်းမာလာအောင်လုပ်ဆောင်လို့ရပါတယ်။ ဒါတွေကဘာတွေဖြစ်မလဲဆိုတော့- အိပ်ရေးဝဝအိပ်ပါ - လူတစ်ယောက် ကျန်းမာနေစေဖို့က လုံလောက်ပြည့်ဝတဲ့ အိပ်ချိန်ရှိနေဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ လုံလောက်ပြည့်ဝတဲ့အိပ်စက်မှုက ခန္ဓါကိုယ်ကိုကြံ့ခိုင်သန်စွမ်းစေသလို ကိုယ်ခံအားကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင်နဲ့မနက်ခင်းတိုင်းမှာ ပရိုတင်းစားပေးပါ -မအိပ်ခင်မှာ ခန္ဓါကိုယ်ကို အာဟာရပြည့်အောင်စားသုံးပေးတာကကောင်းကောင်းအိပ်ပျော်စေမှာပါ။ ညမအိပ်ခင်မှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေစားမယ်ဆိုရင် ညအိပ်ချိန်မှာ ခန္ဓါကိုယ်က ကြွက်သားတွေကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ညဘက်မှာကောင်းကောင်းအနားယူပြီးသွားလို့ မနက်နိုးလာပြီဆိုရင်လည်း ပရိုတင်းကြွယ်ဝတဲ့ မနက်စာတွေကို စားသုံးပေးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်ကခွန်အားပြည့်ဝနေပြီး တက်ကြွလန်းဆန်းနေမှာဖြစ်ပါတယ်။ ခဏခဏဗိုက်ဆာတာမျိုးမဖြစ်တာကြောင့် ကျန်းမာရေး နဲ့မညီညွတ်တဲ့အစားတွေစားမိနိုင်ခြေလည်းနည်းသွားပါတယ်။ ရေများများသောက်ပါ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Minimally invasive surgery (အသေးငယ်ဆုံးခွဲစိတ်ကုသမှု)ဆိုတာ

Minimally invasive surgery ဆိုတာကခန္ဓါကိုယ်မှာပုံမှန်ခွဲစိတ်မှုတွေလိုဓါးရာအကြီးကြီးတွေပေးစရာမလိုဘဲအပေါက်သေးသေးလေးဖောက်ပြီးလုပ်ရတဲ့ခွဲစိတ်ကုသမှုမျိုးပါ။ အပေါက်သေးသေးလေးပဲဖောက်ရတာဖြစ်တာကြောင့် ခန္ဓါကိုယ်မှာခွဲစိတ်တဲ့ဒဏ်ရာဆိုပြီး ကြီးကြီးမားမားမကျန်ခဲ့တာကMinimally invasive surgery ရဲ့အားသာချက်တစ်ခုလို့ဆိုရပါမယ်။ ကြယ်သီးပေါက်၃ - ၄ပေါက်စာလောက်ဖောက်ထားတဲ့အရာလေးထဲကနေ တုတ်တံလိုမျိုးခပ်ရှည်ရှည်ကိရိယာတွေကို အသုံးပြုပြီးခွဲစိတ်ကုသမှုကိုလုပ်ဆောင်တာပါ။ ခွဲစိတ်ကုဆရာဝန်ကအရေပြားပေါ်မှာဖောက်ထားတဲ့အပေါက်ထဲကနေမှန်ပြောင်းကိုထည့်သွင်းပြီးကိုယ်တွင်းအင်္ဂါတွေရဲ့ပုံရိပ်တွေကိုအသေးစိတ်ကြည့်ရှု့ပြီးတိကျတဲ့ခွဲစိတ်ကုသမှုတွေကိုလုပ်ဆောင်နိုင်မှာပါ။ ခွဲစိတ်မှုတွေပြီးသွားတဲ့အခါမှာတော့အရေပြားမှာဖောက်ထားတဲ့အပေါက်လေးကိုပြန်ချုပ်လိုက်ရမှာပါ။ ခွဲစိတ်ထားတဲ့ဒဏ်ရာကသေးငယ်တာကြောင့်အမာရွတ်ကလည်းခပ်သေးသေးလေးပဲကျန်နေမှာပါ။ Minimally invasive surgery ကိုရောဂါရှာဖွေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။laparoscopy ကိရိယာကိုအသုံးပြုတဲ့ကုသမှုကိုခွဲစိတ်မှုတွေနဲ့ ကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။ Minimally invasive surgery ကိုစက်ရုပ်လက်တွေကိုအသုံးပြုပြီးလုပ်လို့လည်းရပါတယ်။ စက်ရုပ်လက်တွေကိုသုံးပြီးခွဲစိတ်မှုလုပ်တဲ့အခါခွဲစိတ်ကုဆရာဝန်ကခလုတ်ခုံကနေလက်တံတွေကိုလိုအပ်သလိုထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ၃ဖက်မြင်ကင်မရာတွေကိုအသုံးပြုထားတာကြောင့်ခွဲစိတ်မယ့်နေရာကိုရှင်းရှင်းလင်းလင်းမြင်ရသလိုစက်ရုပ်လက်တံတွေကိုသုံးပြုပြီးခွဲစိတ်တာဖြစ်တဲ့အတွက်လိုအပ်သလိုထိန်းချုပ်ပြီးတိတိကျကျခွဲစိတ်မှုတွေကိုလုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ Minimally invasive surgery လုပ်တော့မယ်ဆိုရင် Minimally invasive surgery (MIS) လို့ခေါ်တဲ့ထိခိုက်မှုအနည်းဆုံးခွဲစိတ်ကုသမှုတွေဟာသမားရိုးကျခွဲစိတ်မှုတွေကိုလွှမ်းမိုးစပြုလာပြီပဲ ဖြစ်ပါတယ်။ ဒါဟာအံ့မခန်းတိုးတက်လာတဲ့ဆေးပညာရဲ့အကျိုးကျေးဇူးတွေပါ။MIS နည်းလမ်းကိုအသုံးပြုမယ်ဆိုရင်ခွဲစိတ်ဆရာဝန်အနေနဲ့စင်တီမီတာဝက်ကနေတစ်စင်တီမီတာလောက်အထိရှိမယ့်ဓါးရာအချို့ကိုအရင်ပေးရပါတယ်။ ဒီနောက်မှာတော့အထူးပြုလုပ်ထားတဲ့ကိရိယာအသေးစားလေးတွေကိုသုံးပြီးဆက်လက်ခွဲစိတ်မှာပါ။ ပုံမှန်သမားရိုးကျခွဲစိတ်မှုတွေဟာ MIS ထက်ဆယ်ဆလောက်ပိုကြီးတဲ့ဓါးရာရှည်ရှည်ကြီးပေးရတာမို့ခပ်သေးသေးအရာပဲပေးတဲ့ MIS ဟာနာကျင်မှုဝေဒနာကိုလျော့ပါးစေနိုင်သလိုနာလန်ထချိန်ကိုလည်းပိုမိုတိုတောင်းစေပါလိမ့်မယ်။ ဒါ့ကြောင့်လူနာတွေအနေနဲ့မိမိတို့ရဲ့နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေထိုင်မှုတွေကိုစောလျင်စွာ ပြန်လည်ပြုလုပ်နိုင်မှာပါ။   ဒါ့အပြင် MIS ခွဲစိတ်ကုသမှုနည်းလမ်းဟာနောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်မှုကိုလည်းလျော့နည်းစေတယ်လို့ Mount Elizabeth Hospital […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Makoplasty ကုထုံးရဲ့ အကျိုးကျေးဇူးအကြောင်း

Makoplasty ကုထုံးနဲ့ ဒူးနာဒဏ်ရာပျောက်ကင်းစေခြင်း နေ့စဉ်ခန္ဓါကိုယ် လှုပ်ရှားမှုအတွက် ဒူးခေါင်းကတော်တော်လေးကိုအရေးပါပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ကိုထိန်းညှိပေးပြီး လှုပ်ရှားသွားလာနိုင်ဖို့က ဒူးခေါင်းပေါ်မှာတော်တော်လေး အားပြုရတယ်ဆိုတာကို ဒူးနာဖူးတဲ့သူတွေတိုင်းသိမှာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာက ကျန်းမာရေးကောင်းဖို့လိုသလို အရိုးအဆစ်တွေသန်မာဖို့ကလည်းလိုပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ရိုးတွင်းခြင်ဆီတွေ ဆုံးရှုံးတာကြောင့် ဒူးအဆစ်တွေနာကျင်နိုင်သလို အရိုးကျီးပေါင်းဖြစ်တာကြောင့်လည်းနာကျင်နိုင်ပါတယ်။ တစ်ခါတလေမှာဆေးလူးဆေးသောက်လုပ်ရုံနဲ့ပျောက်သွားတတ်ပေမယ့် အချို့ဒူးနာတာတွေကတော့ဆေးလူးဆေးသောက်နေပေမယ့်ပျောက်မသွားတာမျိုးရှိပါတယ်။ ကုသပျောက်ကင်းနိုင်မယ့်နေရာကိုရှာဖွေခြင်း ခြေထောက်ထောက်လို့မရအောင် ဒူးကနာတဲ့အခါ စိတ်ပင်ပန်းတာ၊ တစ်ခုခုလုပ်ချင်တိုင်း တစ်ယောက်ယောက်ကို အကူအညီတောင်းရတာတွေကို စိတ်ညစ်လာတဲ့အခါ ဒူးနာတာကို သက်သာစေတယ်ဆိုတဲ့ ကောင်းနိုးရာရာတွေ လိုက်လုပ်မိကြမယ်ထင်ပါတယ်။ဝေဒနာကိုမွေးထားချင်သူရယ်လို့မရှိပါဘူး။ဝေဒနာခံစားနေရသူတိုင်းကဖြစ်နိုင်ရင် ခံစားနေရတဲ့ဝေဒနာကို အမြန်ဆုံး ပျောက်ကင်းချင်ကြမှာပါ။ နှစ်ရှည်လများ ဒူးနာတာကို ခံစားနေရတဲ့ ဦးသူရကျော် တစ်ယောက်ကတော့ ဒူးနာဝေဒနာကို အမြစ်ဖြတ်ဖို့ ကုသနည်းတွေကို နည်းမျိုးစုံသုံးစုံစမ်းမှုစလုပ်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာတင်မကဘဲ အင်တာနက်မှာပါ ရှာဖွေကြည့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ့ဆန္ဒပြည့်ခဲ့ပါပြီ။ အခြားတော့မဟုတ်ပါဘူးMount Elizabeth ဆေးရုံမှာ ဒူးနာမှုဝေဒနာတွေကို Makoplasty အဆင့်မြင့်နည်းပညာသုံးပြီး ကုသပေးနေတယ်ဆိုတာကိုတွေ့ရှိခဲ့တာပါပဲ။ ဒူးနာပျောက်ချင်တဲ့ ဦးသူရကျော် ကတော့စင်ကာပူကိုသွားပြီး […]


ကျန်းမာရေး သတင်းများ

ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး

ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး Mount Elizabeth ဆေးရုံရဲ့သားဖွားမီးယပ်အထူးကုတစ်ဦးဖြစ်သလို ဆေးရုံရဲ့ သန္ဓေရရှိရန်အကူအညီပေးဌာန ဒါရိုက်တာလည်းဖြစ်တဲ့ ဒေါက်တာ Ann Tan က ကင်ဆာဝေဒနာသည်တွေရဲ့ သန္ဓေအောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကင်ဆာကုသမှုခံယူနေစဉ်အတွင်းနဲ့ ကင်ဆာကုထုံးခံယူပြီးချိန်မှာ ကိုယ်ဝန်ဆောင်ဖို့က မဖြစ်နိုင်ဘူးလို့ယူဆနေကြပေမယ့် သိပ်တော့မသက်ဆိုင်လှပါဘူး။ မမျိုးဥကိုအေးခဲထားတဲ့ နည်းလမ်းကအောင်မြင်မှုရရှိလာတာနဲ့အတူ အမျိုးသမီးတစ်ဦးအနေနဲ့ ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာ ကင်ဆာဝေဒနာခံစားရမယ်ဆိုရင် မိခင်ဖြစ်နိုင်စေဖို့အတွက် မျိုးဥအေးခဲထားတဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်။   ကင်ဆာကုထုံးက သန္ဓေအောင်ခြင်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ကင်ဆာကုထုံးတွေက မျိုးဥအိမ်နဲ့မမျိုးဥထုတ်လုပ်မှုအပေါ်မှာ ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေက မျိုးဥအရေအတွက်ကအတိုင်းအတာတစ်ခုအထိသာပါရှိလာတာဖြစ်တဲ့အတွက် ကင်ဆာကုထုံးကြောင့် မျိုးမအောင်တာမျိုးကဖြစ်နိုင်ခြေရှိနေတဲ့အနေအထားတစ်ရပ်ပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကင်ဆာရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာရောဂါအခြေအနေက သန္ဓေအောင်နိုင်မှုအပေါ် သက်ရောက်မှုမရှိဘူးဆိုရင်တောင်မှ မိခင်ဖြစ်နိုင်ဖို့အခွင့်အရေးအတွက် မျိုးဥတွေကိုအေးခဲထားမလားဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့က အရေးကြီးပါတယ်။ ကုသမှုခံယူပြီးချိန်မှာ ရာသီသွေးကပုံမှန်ပြန်ဆင်းတယ်ဆိုပေမယ့် သန္ဓေအောင်ဖို့အတွက် လုံလောက်မှုရှိချင်မှရှိမှာပါ။ ကုသမှုခံယူပြီးချိန်မှာသွေဆုံးချိန်က ပုံမှန်ထက် စောသွားတာမျိုးဖြစ်နိုင်ပါတယ်။ အသက်အရွယ်အလိုက် […]


အခြေခံကျန်းမာရေး

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကဘာလဲ။ မျက်နှာအကြောလိုက်ခြင်းဆိုသည်မှာ ထိန်းချုပ်မရပဲအလိုအလျောက် မျက်နှာရှိ ကြွက်သားများ တောင့်ခြင်း၊ ကျုံ့ခြင်းကိုဆိုလိုသည်။ဥပမာ နှာခေါင်းရှံု့နေခြင်း မျက်တောင်အလျင်အမြန် ခက်နေခြင်းတို့ဖြစ်သည်။ အလိုအလျောက်ဖြစ်၍ထိန်းချုပ်မရသော်လည်း တခါတရံပြန်လည် ထိန်းချုပ်နိုင်တတ်သည်။ မျက်နှာအကြောလိုက်ခြင်းမှာ ပြင်းထန်သောရောဂါတခုမဟုတ်ပါ။ ကလေးအများစုတွင် မွေးဖွားပြီး လအနည်းငယ်အတွင်းထိ ထိုကဲ့သို့ ဖြစ်ပွားနိုင်ကြသည်။ Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အကြောလိုက်ခြင်းသည် ကလေးဘဝတွင်သာဖြစ်နိုင်သော်လည်း အသက်ကြီးသည်အထိ တခါတရံတွင်ဖြစ်လာနိုင်သည်။ ယောင်္ကျားလေးများတွင် မိန်းကလေးများထက် သုံးဆ၊လေးဆ နီးပါးပိုအဖြစ်များသည်။ ကလေးအရေအတွက်၏ လေးပုံတပုံခန့်ပင် တခါတရံဖြစ်ပွားနိုင်သည်။ ဆရာဝန်နှင့် ထပ်မံသိရှိလိုပါက တိုင်ပင်ပြသရန်။ လက္ခဏာများFacial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်နှာအကြောလိုက်ခြင်းသည် ထပ်ကာထပ်ကာထိန်းချုပ်မရသော မျက်နှာကျံှု့ခြင်း များဖြစ်ပွားနိုင်သည်။ မျက်တောင်ခဏဏခက်ခြင်း မျက်နှာတွန့်ရှံု့ခြင်း ပါးစပ်ရွဲ့ခြင်း အလိုအလျောက် နှာခေါင်းရှံု့နေခြင်း မျက်စိစွေခြင်း ချောင်းခဏဏဟန့်ရခြင်း စသည်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ အထက်ပါလက္ခဏာရပ်များအပြင် ထပ်မံကျန်ရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများFacial tic disorder […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Cocaine abuse (ကိုကင်းအလွဲသုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) ကဘာလဲ။ ကိုကင်းသည် ဦးနှောက်ထဲရှိ အာရုံကြောလက်ဆင့်ကမ်းပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်းကို များစေသော မူးယစ်ဆေးတစ်မျိုး ဖြစ်သည်။ ဒိုပါမင်းသည် ပျော်ရွှင်မှုကိုဖြစ်စေပြီး လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း၊ ဆုရရှိသည့် ခံစားမှု တို့နှင့်ပတ်သတ်နေသည်။ သို့သော် ထိုအရာကပင် စွဲလန်းစေ၍ အလွဲသုံးမှုများဖြစ်စေသည်။ ကိုကင်းအလွဲသုံးခြင်းကြောင့် စိတ်ဝေဒနာများ၊ ရောဂါများနှင့် အသက်ဆုံးရှံုးခြင်းတို့အထိ ဖြစ်စေနိုင်သည်။ ကိုကင်းသည် စိတ်ပျော်စေခြင်း၊ တက်ကြွစေခြင်း၊ အားတက်စေခြင်းတို့ကြောင့် အပျော်အပါးအတွက် အလွဲသုံးချင်စဖွယ် ဆေးဖြစ်လာသည်။ ကိုကင်းအလွဲသုံးသူသည် ကိုကင်းကို ဆေးလိပ်အဖြစ်သောက်ခြင်း၊ နှာခေါင်းထဲပွတ်ရှူခြင်း၊ အကြောထဲ ထိုးသွင်းခြင်းတို့ ပြုလုပ်ကြသည်။   Cocaine abuse (ကိုကင်းအလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCocaine abuse (ကိုကင်းအလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုကင်းအလွဲသုံးခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ တက်ကြွလွယ်ခြင်း မျက်စိသူငယ်အိမ်ကျယ်ခြင်း နှာရည်ယိုခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စိတ်အပြောင်းအလဲမြန်ခြင်း ပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း စွန့်စားလိုခြင်း နှာခေါင်းသွေးယိုခြင်း မိမိကိုယ်ကို အလွန်အမင်း ယုံကြည်လာခြင်း စကားများလာခြင်း အအိပ်အစား မမှန်ခြင်း နှာခေါင်းနှင့် ပါးစပ်တဝိုက်တွင် ဖြူဖြူအမှုန့်များ ကပ်ကျန်နေခြင်း လက်နှင့်နုတ်ခမ်းတဝိုက်တွင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစာရေမျိုပြွန် သွေးယိုခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများ ဖောင်းကားကာ ပေါက်ရာမှတဆင့် သွေးယိုခြင်းကိုဆိုလိုသည်။ အစာမျိုပြွန်ဆိုသည်မှာ အစာအိမ်နှင့် အာခံတွင်းတလျှောက်ကို ဆက်သွယ်ပေးထားသော ကြွက်သားပြွန်တခုဖြစ်သည်။ အသည်း၏ သွေးစီးဆင်းမှုများ နည်းပါးလာပါက အစာပြွန်ရှိသွေးပြန်ကြောများသည် ဖောင်းကားလာနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းမှာ အသည်းတွင်းရှိ သွေးခဲ (သို့) အသားမာတက်သွားသော တစ်ရှူးများကြောင့်ဖြစ်သည်။ အသည်းမှ သွေးစီးဆင်းနေမှုများရပ်တန့်သွားသောအခါ သွေးတို့သည် အစာပြွန်ရှိ သွေးပြန်ကြောများကဲ့သို့သော အခြားသွေးကြောများတွင်စုပုံလာကြသည်။ သို့သော် ထိုသွေးကြောများသည်အလွန်သေးငယ်သောကြောင့် သွေးအမြောက်အမြား ဆန့်ဝင်ခြင်းမရှိပဲ ဖောင်းကားလာသည်။ ထိုအရာများကို အစာပြွန်လမ်းကြောင်းရှိ ဖောင်းကားနေသော သွေးပြန်ကြောများဟုခေါ်သည်။ ထိုသွေးကြောများသည် သွေးများယိုစိမ့်၍ နောက်ဆုံးတွင် ပေါက်သွားနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် အသက်သေသည်အထိဖြစ်ပွားနိုင်သည်။   လက္ခဏာများBleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုသွေးကြောများသည် ပေါက်ထွက်မသွားပါက လက္ခဏာရပ်များ ပြရန်ခဲယဉ်းသည်။ ပေါက်သွားပါက တွေ့ရသော လက္ခဏာများမှာ သွေးအန်ခြင်း အစာအိမ်နာခြင်း ၊ အောင့်ခြင်း သတိလစ်ခြင်း ဝမ်းမည်းမည်းများသွားခြင်း သွေးဝမ်းသွားခြင်း ရှော့ရခြင်း […]


ကျန်းမာရေး သတင်းများ

သွေးအမျိုးအစားမတူသော်လည်း ကျောက်ကပ်အစားထိုးလို့ရပါပြီ

သိပ်မကြာခင်က စမ်းသပ်အောင်မြင်မှုတွေအရ လူနာရဲ့သွေးအမျိုးအစားနဲ့မတူညီသော်လည်း ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူနာနဲ့သွေးအမျိုးအစားမတူဘဲ ပထမဆုံးကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူမှာ လုပ်ဆောင်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုမပြည့်သေးပါဘူး။ အဲဒီမတိုင်ခင်က အစားထိုးကုသမှုတိုင်းအတွက် ပေးလှူသူနဲ့ လက်ခံသူသွေးအမျိုးအစားကိုက်ညီဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပေးလှူထားတဲ့ကိုယ်တွင်းအင်္ဂါတွေရှားပါးလာမှုနဲ့ရင်ဆိုင်လာရတဲ့အခါ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကို အဖြေထုတ်ဖို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် အစပိုင်းလောက်မှာတော့ ဂျပန်နိုင်ငံမှအဖွဲ့တွေ ဦးဆောင်တဲ့ABO-incompatible kidney transplants လို့ခေါ်တဲ့ သွေးအမျိုးအစားမတူညီဘဲ ကျောက်ကပ်အစားထိုးကုသတဲ့ စမ်းသပ်ကုထုံးက အံ့သြလောက်စရာ အောင်မြင်မှုနှုန်းနဲ့စတင်ပေါ်ထွက်လာခဲ့ပါတယ်။“ABO” ဆိုတာက မတူညီတဲ့သွေးအမျိုးအစား -Aသွေး၊ B သွေး၊ AB သွေးနဲ့ Oသွေးကို ရည်ညွှန်းတာဖြစ်ပါတယ်။ “အစားထိုးကုသတယ်ဆိုတာက တခြားသူတစ်ယောက်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုခုကို လူနာထဲ ထည့်တာဖြစ်တဲ့အတွက်ကြောင့် သွေးအုပ်စုတူညီမှုက အမြဲတမ်းအရေးကြီးပါတယ်” ဟု စင်ကာပူနိုင်ငံ Gleneagles ဆေးရုံမှ ကျောက်ကပ်အထူးကုဆရာဝန်နှင့် အန္တရာယ်ကြီးမားသည့် ကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူနိုင်ငံတွင် အောင်မြင်အောင်ပြုလုပ်နိုင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း