အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာ အရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့် ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။ ဖောရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။ ( ၁ ) Albumin ပရိုတင်း ပမာဏ နည်းနေခြင်း […]


အခြေခံကျန်းမာရေး

ဖနောင့်တွေနာနေပြီလား

တစ်နေကုန်သွားလာပြီး ညနေနားချိန်များရောက်ပြီဆိုရင် ဖနောင့်တွေထဲက နာလိုက်တာဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးမှာပါနော်။ ဒါတွေကြောင့် ဖနောင့်နာရတာပါ ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာပါ။ ဒီတော့ တစ်နေ့တာလှုပ်ရှားလိုက်တိုင်းမှာ အဓိက ဝန်ထမ်းထားရတာပေါ့။ ဒီတော့ သတ်မှတ်ထားတဲ့အခြေအနေထက်ပိုလုပ်ရတဲ့အခါခြေဖနောင့်ကနာလာနိုင်ပါတယ်။ ခြေထောက်က ပုံမှန်မဟုတ်တာ ဒေါက်မြင့်ဖိနပ်တွေစီးတာ ခြေထောက်နဲ့မကိုက်တဲ့ ဖိနပ်စီးတာ အဝလွန်နေတာ ကိုယ်ဝန်ဆောင်ေနရတာ အလေးအပင်တွေ တစ်ချိန်လုံး သယ်ပိုးထားတာတွေကြောင့် ဖနောင့်နာလာနိုင်ပါတယ်နော်။ ဘယ်လိုသက်သာအောင်လုပ်မလဲ ဖနောင့်နာတာကို သက်သာစေဖို့ ဒီနည်းလေးတွေက အသုံးဝင်မှာပါနော်။ အနားယူပါ -ခြေထောက်နာတဲ့အခါ မနိုင်ဝန်ထမ်းတာမျိုး မလုပ်ပါနဲ့။ခြေဖနောင့်လေးကို သက်သောင့်သက်ဖြစ်စေဖို့အတွက် အနားယူပေးပါ။ ရေနွေးစိမ်ပေးပါ -ရေနွေးနွေးလေးထဲကို ဆားကြမ်းထည့်ပြီးရေနွေးစိမ်ပေးတာကလည်း ဖနောင့်နာတာကို သက်သာစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးစိမ်ပေးပါနော်။ ရေခဲကပ်ပေးပါ - ဖနောင့်နာတာကို သက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကရေခဲဝတ်ကပ်ပေးတာပါ။ရေခဲကို တဘက်စလေးထဲမှာထည့်လို့ ဖနောင့်နာတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်ပေးလိုက်ပါ။ ဖနောင့်နာတာကို သက်သာစေမှာအသေအချာပါ။ သင့်တော်တဲ့ ဖိနပ်ဝတ်ပေးပါ - ဖိနပ်ကလည်း […]


အခြေခံကျန်းမာရေး

နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ

အပြင်က ရာသီဥတုရဲ့ အပူချိန်က သက်ရောက်တဲ့အခါ ကျွန်တော်တို့ ကိုယ်ခန္ဓါက ကိုယ်တွင်းအပူတွေကို ကျစေဖို့ ချွေးတွေထွက်စေပါတယ်။ တချို့သူတွေမှာတော့ ဘယ်လောက်ပူပူ ချွေးမထွက်တာမျိုးတွေ ရှိတယ်ဗျ။ ဒါဟာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ချွေးထုတ်လုပ်တဲ့ ဂလန်းတွေဟာ ကောင်းစွာ အလုပ်မလုပ်တော့တာကြောင့်ပါ။ ဒီအခြေအနေကို ချွေးငုပ်ခြင်း (Hypohidrosis) လို့ခေါ်ပါတယ်။ ကိုယ်ခန္ဓါတစ်ခုလုံး ချွေးငုပ်တာမျိုးလည်း ရှိသလို နေရာကွက်ကျားဖြင့် ချွေးငုပ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ချွေးက မထွက်တော့တဲ့အခါ ကိုယ်တွင်းအပူကို ငြိမ်းအောင် မလုပ်နိုင်တော့တဲ့အတွက် အပူတွေက ပိုပြီးတိုးလာမယ်။ အပူတွေ အရမ်းကြီးလာတဲ့အခါ နောက်ဆက်တွဲ အပူဒဏ်ကြောင့် တက်ခြင်း၊ သတိလစ်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။ ချွေးငုပ်တဲ့ လက္ခဏာကို ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ။ များသောအားဖြင့် ရောဂါတွေဟာ အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ချွေးငုပ်တတ်ပါတယ်။ တခြား အရေပြားပြဿနာတွေ၊ မျိုးရိုးဗီဇလိုက်တာ၊ […]


အခြေခံကျန်းမာရေး

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အခုရာသီဥတုမတရားပူတယ်။ အပြင်ထွက်ရရင် အသက်ရှူလို့တောင်မဝသလိုပဲ။ ဒီထက်ပိုပူလာမှာကို ပြင်ဆင်ထားရမယ်ထင်တယ်။ အပူဒဏ်ကြောင့်ဖြစ်နိုင်တာကို အရေးပေါ် နဲ့ အရေးပေါ်မဟုတ်တဲ့အခြေအနေများဆိုပြီး ခွဲလို့ရတယ်။ အရေးပေါ်အခြေအနေကနေ သေတဲ့အထိဖြစ်နိုင်တယ်။ အပူရှပ်တယ်လို့ ခေါ်ကြတယ်။ ဒါပေမယ့် နားလည်မှုလွဲနေတာက နေပူထဲကနေ ပြန်လာပြီး ရေချိုးလိုက်လို့ အဲကွန်းခန်းထဲဝင်လိုက်လို့စတာတွေကို အပူရှပ်တယ်လို့ ပြောနေကြတယ်။ တကယ်က အပူဒဏ်ကို အကြာကြီး ခံရတဲ့နောက် ချွေးထွက်များပြီး ခန္ဓါကိုယ်က ရေဓါတ်နဲ့ ဆားဓါတ်တွေဆုံးရှုံးတယ်။ ဆုံးရှုံးမှုတွေကို ဆက်ပြီးမဖြည့်တင်းနိုင်ဘဲ အပူကလည်း ဆက်ပြီးခံနေရတယ်ဆိုရင် ခန္ဓါကိုယ်က သူ့ရဲ့ အပူထိန်းညှိတဲ့လုပ်ငန်းစဉ်ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပျက်ယွင်းသွားတယ်။ အဲဒီမှာ သတိလစ်တာ၊ တက်တာ၊ ခန္ဓါကိုယ်အပူချိန် အရမ်းမြင့်တာတွေဆက်ဖြစ်တယ်။ အဲဒါကို အပူရှပ်တယ် (Heat Stroke) လို့ခေါ်တယ်။ Heat Stroke မတိုင်ခင်မှာ ရေဓါတ်နဲ့ ဆားဓါတ်ဆုံးရှုံးမှုလက္ခဏာတွေ အရင်ပြတတ်တယ်။ ခေါင်းမူးခေါင်းကိုက်တာ။ ကြွက်သားတွေနာကျင်တာ၊ ကြွက်တက်တာ။ နှလုံးခုန်မြန်တာ၊မူးဝေတာတွေက အန္တရာယ်ရှိနေပြီဆိုတာကို ပြသပါတယ်။ အပူရှပ်တာက အမြန်အဆန်ကယ်တင်မှုမလုပ်ဘူးဆိုရင် သေတတ်ပါတယ်။ […]


အခြေခံကျန်းမာရေး

ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား

ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ခုချိန်မှာ အရိပ်ထဲနေရင်တောင် ပူလောင်နေရတဲ့နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင်နေရမလဲပဲတွေးနေကြမှာပါ။ အင်္ကျီဆိုင်ရှေ့ဖြတ်ရင်တောင် အသားအေးမယ့်အဝတ်အစားကိုပဲ မျက်လုံးထဲမြင်တော့တယ်။အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့လေအေးပေးစက်ပါ။လေအေးပေးစက်မရှိတဲ့သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလိုနေရာရွှေ့ပြောင်းလို့ရတာလည်းပါတာပေါ့။ ပန်ကာကိုနေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျအိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာစိုးရတယ်လေ။ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ယူဆထားကြပါတယ်။ ဒါပေမယ့်တစ်ညလုံးပန်ကာရှေ့အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့မေးခွန်းထုတ်စရာရှိလာပါတယ်။ သုတေသနဆန်းစစ်ချက်တစ်ခုကြောင့်ပါ။လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ဆက်နွှယ်မှုအထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကိုသေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့အထောက်အထားဆက်ရှာဖွေဖို့လိုပါတယ်လို့ဗြိတိန်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာနမှKatie Carmichael ကပြောပါတယ်။ ပန်ကာကြောင့် ပိုပူနိုင် ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။ အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓါကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ […]


အခြေခံကျန်းမာရေး

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓါမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

ဒီနှစ်ေနွရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။ အားလုံးထဲကမှ အန္တရာယ်အရှိဆုံးဖြစ်တဲ့ နွေအပူချိန်ေကြာင့် ပြင်းထန်စွာ ထိခိုက်တတ်တဲ့ ကျန်းမာရေး အခြေအနေ ၃ ခုကို ပြောပြပေးတော့မှာပါ ။ ။ ( ၁ ) အပူရှပ်ခြင်း (Heat stroke) အပူရှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ် အရှိဆုံးကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က ၉၈.၇ ဒီဂရီ ဖာရင်ဟိုက်ဘဲ ရှိသင့်တာပါ။ ဒီထက်ကျော်ပြီး များလာတဲ့ ပတ်ဝန်းကျင်က အပူချိန်ကို အံတုဖို့ သာမာန် အပူချိန်ကို ပြန်ထိန်းထားဖို့ […]


ကျန်းမာရေး သတင်းများ

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကိုဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓါတ်ဖြစ်နေလို့ပါပဲ။ တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ်ကျော်လွန်တာကြာနေရင် ခန္ဓါကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံးသောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓါတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓါတ်တွေအကုန်လုံးဟာ ခန္ဓါကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာကျောက်ကပ်ပါပဲ။ လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကိုနေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပါစေ

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် ၂၄ နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေနော်။ အချိန်ကို အကျိုးရှိရှိအသုံးချခြင်း တစ်နေ့တာအစီအစဉ်ကိုရေးဆွဲပါ တစ်နေ့တာမှာ ဘာတွေလုပ်မယ်ဆိုတာကို ကိုယ်တိုင် အစီအစဉ်ဆွဲထားပါ။ အိပ်ရာမဝင်ခင်မှာနောက်တစ်နေ့တာအတွက် အစီအစဉ်ကို အချိန်အပိုင်းအခြားနဲ့တကွသေချာလေးအစီအစဉ်ချတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။ အချိန်အတိအကျသတ်မှတ်ပါ ကိုယ့်တာဝန်တွေကို အပြီးသတ်ရမယ့်အချိန်တွေကို အတိအကျသတ်မှတ်ထားဖို့လိုပါမယ်။ ဥပမာပြောပြရရင်- X ဆိုတဲ့အလုပ်ကို မနက် ၁၀ နာရီမှာပြီးရမယ်။ Y ဆိုတဲ့အလုပ်ကို ညနေ ၃ နာရီမှာပြီးရမယ်။ Z ဆိုတဲ့ အလုပ်ကို ညနေ ၅ နာရီခွဲမှာပြီးရမယ် အချိန်အတိအကျသတ်မှတ်ရပါမယ်။ ပြီးရမယ့်အချိန်ကို အတိအကျသိအောင်လုပ်ပါ တာဝန်တစ်ခုကို လုပ်ရတော့မယ်ဆိုရင်ပြီးရမယ့်အချိန်ကိုသေချာသိအောင်လုပ်ဖို့လိုပါမယ်။ ဒါမှ အလုပ်ကို အချိန်နဲ့ ကွက်တိကျအောင်လုပ်နိုင်မှာပါ။ ဒါက ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးစေပြီးအောင်မြင်မှုရစေမယ့် အဓိကအချက်တွေထဲကတစ်ခုပေါ့။ မလုပ်နိုင်ဘူးဆိုတာကို […]


အခြေခံကျန်းမာရေး

ရေနွေးသောက်ပေးလို့ ခန္ဓါကိုယ်အတွက် ဘာတွေကောင်းလဲ

ရေပူရေနွေးကို ဆောင်းရာသီမှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။ ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။ ၁။ နှာစေးနှာပိတ် သက်သာစေတယ်။ ဖျားနေတဲ့အချိန်၊ နှာစေးနှာပိတ်တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းက အသက်ရှူလို့လည်း မဝ၊ နှပ်တွေကို အမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့ အပူဓါတ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။ ၂။ […]


ကျန်းမာရေး သတင်းများ

အိမ်မှာဖုန်ထူနေတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး

နေအိမ်ကို သပ်သပ်ရပ်ရပ်လေးထားရတာက စိတ်ကျေနပ်မှုရစေတဲ့ အချက်တစ်ခုပါ။ အပြင်ကပြန်လာလို့ အိမ်ကလေး ရှင်းပြီး သပ်ရပ်နေရင် စိတ်ထဲမှာ ကြည်လင်နေတယ်နော်။ ဖုန်လေးတွေကင်းပြီး သပ်ရပ်နေတဲ့ အိမ်လေးကစိတ်ကျေနပ်မှုအပြည့်အဝရစေတာမှန်ပေမယ့် တစ်ခါတလေ ဖုန်ထူနေတာကလည်း ကျန်းမာရေးအတွက်ကောင်းပါတယ်နော်။ ဖုန်ထူနေတာကကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရှိရတာက အိမ်မှာထူနေတဲ့ဖုန်တွေမှာရှိနေတဲ့ ဘက်တီးရီးယားလေးတွေက ပတ်ဝန်းကျင်လေထုထဲမှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဖုန်တွေက အန္တရာယ်ရှိစေနိုင်တယ်ဆိုပေမယ့် ကင်ဆာဖြစ်စေတဲ့ အရာတေါကိုတော့ တိုက်ဖျက်နိုင်စွမ်းရှိနေပါတယ်။ နေထိုင်ရာ အိမ်ထဲကနေရာအနှံ့အပြားမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေအများကြီးရှိနေပါတယ်။ရောဂါပိုးတိုင်း ကအန္တရာယ်ရှိတယ်လို့ မဆိုသာပေမယ့် အချို့သောရောဂါပိုးတွေကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ သွားပွတ်တံထည့်တဲ့ခွက်တွေ၊ ပန်းကန်ဆေးတဲ့ရေမြှုပ် ကနေစလို့ အိမ်သုံးပစ္စည်းတော်တော်များများမှာ မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားလေးတွေ အများအပြားရှိနေတတ်ပါတယ်။ ဒီလိုရောဂါပိုးတွေထဲကမှာ အိမ်ထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေထဲမှာ ရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကိုယ်ခံအားနည်းနေသူတွေအတွက် ရန်သူဖြစ်နေပေမယ့် ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ မိတ်ဆွေလေးတွေဖြစ်စေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း