
လေ့လာမှုအသစ်တစ်ရပ်အရ သိရှိရတာက အိမ်မှာထူနေတဲ့ဖုန်တွေမှာရှိနေတဲ့ ဘက်တီးရီးယားလေးတွေက ပတ်ဝန်းကျင်လေထုထဲမှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဖုန်တွေက အန္တရာယ်ရှိစေနိုင်တယ်ဆိုပေမယ့် ကင်ဆာဖြစ်စေတဲ့ အရာတေါကိုတော့ တိုက်ဖျက်နိုင်စွမ်းရှိနေပါတယ်။
နေထိုင်ရာ အိမ်ထဲကနေရာအနှံ့အပြားမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေအများကြီးရှိနေပါတယ်။ရောဂါပိုးတိုင်း ကအန္တရာယ်ရှိတယ်လို့ မဆိုသာပေမယ့် အချို့သောရောဂါပိုးတွေကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ သွားပွတ်တံထည့်တဲ့ခွက်တွေ၊ ပန်းကန်ဆေးတဲ့ရေမြှုပ် ကနေစလို့ အိမ်သုံးပစ္စည်းတော်တော်များများမှာ မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားလေးတွေ အများအပြားရှိနေတတ်ပါတယ်။ ဒီလိုရောဂါပိုးတွေထဲကမှာ အိမ်ထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေထဲမှာ ရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကိုယ်ခံအားနည်းနေသူတွေအတွက် ရန်သူဖြစ်နေပေမယ့် ကိုယ်ခံအားသာကောင်းနေမယ်ဆိုရင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ မိတ်ဆွေလေးတွေဖြစ်စေမှာ အသေအချာပါ။ သူတို့က ပတ်ဝန်းကျင်မှာရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်စွမ်းအပြည့်အဝရှိနေပါတယ်။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုအရကတော့ ဖုန်မှုန့်တွေထဲမှာပါတဲ့Staphylococcusနဲ့Streptococcus တို့လိုဘက်တီးရီးယားတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ phthalatesတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဖုန်မှုန့်တွေထဲက ဘက်တီးရီးယားတွေကနေ့စဉ်ထိတွေ့နေတဲ့ ပလပ်စတစ်တွေ၊ ဗီနိုင်း၊ ပလပ်စတစ်အရုပ်တွေ၊ ပစ္စည်းထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ၊ အစွန်းချွတ်ဆေးတွေ၊ ဆပ်ပြာမှုန့် နဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
ဒီလေ့လာမှုလုပ်ဖို့အတွက်နေအိမ်ကော်ဇောတွေက ဖုန်မှုန့်တွေနဲ့ ဖုန်မှုန့်ထဲမှာရှင်သန်နေတဲ့ ဘက်တီးရီးယားတွေကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွက်နေအိမ်တွေကနေကော်ဇောတွေကို အလျဉ်းသင့်သလိုရယူစုဆောင်းခဲ့တာပါ။ ဒီလေ့လာမှုအတွင်းတွေ့ရှိရတာကနေအိမ်အတွင်းပိုင်းက အရာတွေမှာရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ဒီဖုန်မှုန့်တွေထဲမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားလေးတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်တယ်ဆိုတဲ့အချက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။