Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်
Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။ Johnson & Johnsonရဲ့ တုံ့ပြန်ချက် Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ […]
































