အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။

လူတိုင်းလူတိုင်း ကိုယ်ပိုင် သွေးအမျိုးအစားတွေရှိပါတယ်။ Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။ ဒီဆောင်းပါးမှာကတော့ ေသွး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။ သွေးအမျိုးအစားလိုက် ဖြစ်နိုင်ခြေ အများဆုံးရောဂါများ ။ ။ A သွေး ။ ။ A သွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ […]


ကျန်းမာရေး သတင်းများ

နေလောင်ကာခရင်မ်ရဲ့ဓါတုပစ္စည်းတွေ သွေးကြောထဲရောက်ရှိမှုက ဘေးကင်းတဲ့အဆင့်ကိုကျော်လွန်နေ

နေလောင်မှာကို စိုးရိမ်ကြတာက ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။နေပူထဲ ထွက်ထွက် မထွက်ထွက် အတွင်းမှာနေလည်း ခရမ်းလွန်ရောင်ခြည်ထိနိုင်တာပဲဆိုပြီးနေလောင်ကာခရင်မ်တွေ လိမ်းရပါတယ်။ သူက နှစ်နာရီခြားတစ်ကြိမ် လိမ်းရမယ်/ဖျန်းရမယ်ဆိုလို့လည်းနေလောင်ကာကွယ်အောင် ထပ်ထပ်သုံးရပါတယ်။ ဒါပေမယ့် မကြာသေးခင်က အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထုတ်ပြန်ချက်အသစ်တွေအရနေလောင်ကာခရင်မ်မှာပါတဲ့ဓါတုပစ္စည်းတွေကို လူ့ခန္ဓါကိုယ်ထဲစုပ်ယူလိုက်တဲ့ပမာဏက အဆိပ်အတောက်ဖြစ်စေတဲ့အဆင့်ထိမြင့်မားနေတယ်လို့ သိရပါတယ်။ ဖျန်းဆေး၊ လိုးရှင်း၊ ခရင်မ်တို့ကို အညွှန်းအတိုင်း လေးရက်ကြာသုံးပြီးနောက် စစ်ဆေးမှုတွေမှာ နေလောင်ကာခရင်မ်ပါ ဓါတုပစ္စည်းလေးမျိုးရဲ့သွေးကြောထဲရောက်ရှိမှုပမာဏက ပိုမြင့်တက်နေတာတွေ့ရပါတယ်။ ဒီပမာဏကဘေးကင်းမှုရှိတယ်လို့ သတ်မှတ်ထားတဲ့အတိုင်းအတာအဆင့်ကိုကျော်လွန်နေတယ်လို့University of California၊ San Francisco School of Medicine မှဒေါက်တာKanade Shinkai ကပြောပါတယ်။ ဒါပေမယ့် ဒီလေ့လာမှုရလဒ်ကြောင့်နေလောင်ကာခရင်မ်တွေကိုမသုံးသင့်ဘူးလို့ပြောဖို့စောသေးတယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဘာလို့ဆိုနေရောင်ခြည်ကနေထိခိုက်မယ့်အန္တရာယ်က ဒီဓါတုပစ္စည်းကနေ ရမယ့်အန္တရာယ်ထက် ပိုဆိုးတာကြောင့်ဖြစ်ပါတယ်။ ဒီပမာဏက များနေတာ မှန်ပေမယ့် လူ့ကျန်းမာရေးကိုဘယ်လိုသက်ရောက်မှုရှိနိုင်လဲသေချာမသိရသေးတာကြောင့် ဒီလေ့လာမှုတစ်ခုတည်းနဲ့နေလောင်ကာခရင်မ်တွေမသုံးရဲကြတော့မှာကို စိုးရိမ်တယ်လို့ သုတေသီတွေကပြောပါတယ်။ နေလောင်ကာခရင်မ်အများစုမှာရောင်ခြည်တွေဒဏ်က ကာကွယ်ပေးဖို့oxybenzone၊ avobenzone နဲ့ octocrylene တို့လို ဓါတုပစ္စည်းတွေသုံးထားပါတယ်။ […]


ရောဂါလက္ခဏာများ

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာ အရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့် ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။ ဖောရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။ ( ၁ ) Albumin ပရိုတင်း ပမာဏ နည်းနေခြင်း […]


ကျန်းမာရေး သတင်းများ

စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်

လူဆိုတာတော့ ဖိစီးစရာတွေနဲ့မကင်းနိုင်ပါဘူး။တွေးစရာ၊ လုပ်စရာတွေများလွန်းလို့ အိပ်မပျော်နိုင်တဲ့ညတွေမှာလည်း ကိုယ့်အပူနဲ့ကိုယ်ပေါ့။ ဒီအနေအထားကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့တော့ ကြိုးစားသင့်ပါတယ်။ ဘာလို့ဆို ချက်ချင်းတော့မသေနိုင်ပေမယ့် ရေရှည်ကျန်းမာရေးအတွက် ဆိုးကျိုးကြီးမားလို့ပါ။အလုပ်ကြောင့်စိတ်ဖိစီးနေရတဲ့အပြင် အိပ်ရေးပါပျက်ထားသူဟာသွေးတိုးမရှိရင်သွေးတိုးဖြစ်လာ၊ ရှိပြီးသားဆိုလည်း နှလုံးသွေးကြောရောဂါနဲ့ ဆက်နွှယ်သေဆုံးရနိုင်ခြေ သုံးဆပိုများနိုင်ပါတယ်။ ဒါက လတ်တလောထွက်ရှိထားတဲ့ သုတေသနရလဒ်ပါ။သွေးတိုးရောဂါရှိတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးမှာ စိတ်ဖိစီးမှုနဲ့အိပ်မပျော်ခြင်းဘယ်လိုဆက်နွယ်နေလဲဆိုတာ သုတေသနကလေ့လာတဲ့အခါ ရလဒ်ကတော်တော်ဆိုးတာတွေ့ရပါတယ်။သုတေသနမှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာသွေးတိုးရှိသူတွေဟာလေ့လာမှုစတင်ချိန်မှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် ဆီးချိုရောဂါမရှိခဲ့ကြပါဘူး။ အလုပ်နဲ့သက်ဆိုင်တဲ့စိတ်ဖိစီးမှုပဲဖြစ်ဖြစ် အိပ်မပျော်တဲ့ပြဿနာရှိနေသူပဲဖြစ်ဖြစ် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဒီနှစ်ချက်လုံးရှိနေတဲ့သူမှာတော့ အန္တရာယ်ပိုများနေပါပြီ။ ဒီသုတေသနကိုEuropean Journal of Preventive Cardiologyဂျာနယ်မှာဖော်ပြထားတာပါ။ "သတိမထားမိတဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီးနေရတဲ့အလုပ်နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေမလုံလောက်တော့ဘဲ […]


အခြေခံကျန်းမာရေး

ဗီတာမင် K ချို့တဲ့ရင် ဒီလက္ခဏာတွေဖြစ်လာနိုင်တယ်

ဗီတာမင် K က သွေးခဲမှုဖြစ်စဉ်မှာ အဓိကအရေးပါပါတယ်။ ဗီတာမင်K ချို့တဲ့ရင် အရိုးပွရောဂါ၊နှလုံးရောဂါ၊ဆီးချို၊အဆစ်ရောင်ရောဂါတို့မှာ ဖြစ်နိုင်ခြေပိုများစေနိုင်လို့ လက္ခဏာတွေကို သိထားဖို့လိုပါတယ်။ အရေပြားမှာ ပွန်းပဲ့၊ရှနာ မှန်သမျှ တစ်ခုခုဖြစ်တိုင်း ခန္ဓါကိုယ်ရဲ့သွေးခဲမှုဖြစ်စဉ်က လုပ်ဆောင်ချက်စတင်လာပါတယ်။ အဲဒီမှာအဓိကကျတဲ့အာဟာရဓါတ်က ဗီတာမင်K ဖြစ်ပြီး အရိုးကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ ဗီတာမင်K ကိုရရှိနိုင်တဲ့အစားအစာတွေကတော့ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဘလူးဘယ်ရီ၊ ချိစ်၊ အသား၊ ပဲပိစပ်၊နဲ့ ကြက်ဥတို့ဖြစ်ပါတယ်။ ဗီတာမင်K ချို့တဲ့သူတွေထဲမှာ အူလမ်းကြောင်းရောဂါရှိသူတွေလိုမျိုး ဗီတာမင်K ကို မစုပ်ယူနိုင်သူတွေပါဝင်ပါတယ်။ (၁) သွေးမတိတ်ခြင်း ဗီတာမင်K ရဲ့အဓိကလုပ်ဆောင်မှုက သွေးခဲခြင်းဖြစ်တာကြောင့် သူ့ကိုချို့တဲ့နေပြီဆိုရင် အနာဖြစ်တိုင်း သွေးထွက်များတတ်ပါတယ်။ ခန္ဓါကိုယ်အတွင်းရောအပြင်ရော အတူတူပါပဲ။ ပိုသိသာတဲ့လက္ခဏာတွေက သွားဖုံးသွေးထွက်တာ၊ မကြာခဏ နှာခေါင်းသွေးလျှံတာတွေဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာသေးသေးလေးဖြစ်ရင်တောင် သွေးထွက်များပြီး မတိတ်တာတွေဖြစ်တတ်ပါတယ်။ (၂) ရာသီသွေးဆင်းများခြင်း ဗီတာမင်K ချို့တဲ့တဲ့အမျိုးသမီးတွေမှာ ရာသီလာတဲ့အခါ သွေးဆင်းများတတ်ပါတယ်။ […]


ကျန်းမာရေး သတင်းများ

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ စားချင်စိတ်ကို ချိုးနှိမ်ပြီးအောင့်အည်းရတဲ့ ဝက်ကလေးတို့ရဲ့ဒုက္ခကို ကြုံဖူးမှသိမှာပါ။ သူများလိုပဲ ဆာတတ်ပေမယ့် စားလိုက်ရင် ဝိတ်ပိုတက်မှာစိုးပြီး မစားရဲ၊ ကယ်လိုရီနဲ့အဆီလည်းမများ ဗိုက်လည်းပြည့်မယ့်စားစရာကိုရွေးရ၊ စားသင့်တဲ့အချိန်ကလည်းတွက်ရသေးတယ်။ အဆီချမဟာစီမံကိန်းကြီးမှာ တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေကြတဲ့ သူတွေအတွက် စင်ကာပူသုတေသနပညာရှင်တွေက နည်းလမ်းတစ်ခု အသစ်တီထွင်ပေးလိုက်ပါပြီနော်။ Nanyang Technological University နဲ့ National University Health System (NUHS) တို့ရဲ့သုတေသီအဖွဲ့က အဝလွန်သူတွေအတွက်ဆေးတောင့်တစ်မျိုးကို ရှေ့ပြေးပုံစံ တီထွင်ဖန်တီးခဲ့ပါတယ်။ EndoPil လို့အမည်ပေးထားတဲ့ ဒီဆေးတောင့်မှာ အစာအိမ်ထဲရောက်သွားတာနဲ့ ပြင်ပကသံလိုက်နဲ့ချိတ်ဆက်ပြီး အလိုအလျောက်ပြန့်ကားလာမယ့် ပူဖောင်းတစ်ခုပါရှိပါတယ်။ ဒီလို အစာအိမ်ထဲမှာ သူကနေရာယူထားတဲ့အတွက် သိပ်မဆာတော့ဘဲ ဗိုက်ပြည့်တင်းတိမ်နေစေပါလိမ့်မယ်။ဆေးတောင့်ထဲမှာပါတဲ့ အန္တရာယ်မရှိတဲ့အက်စစ်တစ်မျိုးနဲ့ဆားကို သံလိုက်နဲ့နှိုးဆွဓါတ်ပြုစေပြီး ပူဖောင်းထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပြည့်စေတာပါ။ လက်ရှိမှာ အဝလွန်လူနာတွေနဲ့ ခွဲစိတ်မှုလုပ်ဆောင်လို့မဖြစ်တဲ့ နာမကျန်းသူတွေအတွက် အစာအိမ်အတွင်းပူဖောင်းထည့်သွင်းတဲ့ကုသနည်းက ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီနည်းမှာဆို လူနာကို စိတ်ငြိမ်ဆေးပေးပြီး […]


အခြေခံကျန်းမာရေး

သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

အိမ်လေးဆိုရင် သန့်ရှင်းသပ်ရပ်နေမှကြိုက်တယ်ဆိုတာက ကြီးကျယ်တာမဟုတ်ပါဘူး။ ဒါက လူတိုင်းမှာဖြစ်သင့်တဲ့ စိတ်ဆန္ဒတစ်ခုပါနော်။ ကြမ်းပြင်လေးဆိုပြောင်နေမှ၊ မှန်လေးဆိုကြည်နေမှ၊ စင်လေးတွေဆို ဖုန်ကင်းနေမှဆိုတာက လိုအပ်တဲ့ အိမ်သန့်ရှင်းမှုတွေထဲက အခြေခံကျတဲ့အကြောင်းအရာပါနော်။ မနက်ခင်းလင်းလာရင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးတာနဲ့ လုပ်မိတာကနေအိမ်လေးသန့်စင်ဖို့ဆိုရင်တော့ ကိုယ်တိုင်ရော မိသားစုအတွက်ပါကောင်းကျိုးများတဲ့ အလုပ်လေးတစ်ခုကို လုပ်မိနေတာပါ။ သန့်ရှင်းသပ်ရပ်တဲ့နေအိမ်လေးကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေ နေအိမ်လေးကို ပုံမှန်သန့်ရှင်းသပ်ရပ်နေအောင်ထားတာက အခုလိုအကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။ ဓါတ်မတည့်မှြုဖစ်နိုင်ခြေနည်းစေတယ် အိမ်ကို ပုံမှန်သန့်ရှင်းနေတဲ့အတွက် ဖုန်မှုန့်နဲ့ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို သန့်စင်ပြီးသားဖြစ်နေမှာပါ။ တံမြက်စည်းလှည်းတာ၊ ဖုန်စုပ်တာတွေမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပြီးဖြစ်တာကြောင့် အအေးမိ၊တုပ်ကွေးအန္တရာယ်တွေကနေလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အသက်ရှုလမ်းကြောင်းပြဿနာ၊ ပန်းနာရင်ကျပ်ေရာဂါတွေလည်း ကင်းဝေးကြပါတယ်။ ရောဂါကင်းတယ် နေ့တိုင်းရေအိမ်၊ရေချိုးခန်းကစလို့ မီးဖိုခန်း၊အိပ်ခန်း၊ဧည့်ခန်းပါမကျန် သန့်စင်ထားမှုကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပြီးသားဖြစ်ပါတယ်။လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုပါ တိုက်ဖျက်ပြီးသားဖြစ်လို့ ကျန်းမာပြီးရောဂါကင်းစေမှာပါ။ မှိုပေါက်ဖွားမှုလျော့နည်းစေနိုင်တယ် ပူနွေးစိုစွတ်မှုတွေကြောင့်ကော်ဇော၊ ခန်းဆီးလိုက်ကာတွေ၊ အိပ်ရာခင်းတွေမှာ မှိုပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ ဒီမှိုပိုးတွေက အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်သလို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်မှုတွေထဲမှာမှ အရမ်းနာတဲ့ခွဲစိတ်မှုတွေက ဘာတွေလဲ ။ ။

အသားပေါ် ဓါးတင်တဲ့ခွဲစိတ်မှုတိုင်းကတော့ နာကျင်ရတာချည်းပါပဲ။ ဒါပေမယ့် ခုပြောပြမယ့် ခွဲစိတ်မှု ၇ ခုကတော့ ခွဲစိတ်မှု ပြုလုပ်ပြီး အချိန်အတော်ကြာတဲ့အထိ နာကျင်မှု ဝေဒနာမပျောက်တဲ့ ခွဲစိတ်မှုကြီး ၇ခုပါ။ ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။ နာကျင်မှု ပြင်းထန်စွာ ခံစားရနိုင်တဲ့ခွဲစိတ်မှုများ ။ ။ ( ၁ ) သည်းခြေအိတ်ဖယ်ရှားခြင်း ။ ။ သည်းခြေအိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုမှာ မှန်ပြောင်းနဲ့ ခွဲစိတ်တာနဲ့ ရိုးရိုး ဗိုက်ခွဲပြီး ဖယ်ရှားတဲ့ ခွဲစိတ်မှု ဆိုပြီး ၂ မျိုးရှိပါတယ်။ မှန်ပြောင်းတဲ့ခွဲတဲ့ ခွဲစိတ်မှုက မြန်ဆန်ပြီး နာကျင်မှု လျော့ပါးတယ်ဆိုပေမယ့် ဆရာဝန်တော်တော်များများက ရိုးရိုးဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တာကိုပဲ စိတ်ဝင်စားပါတယ်။ ရိုးရိုး ဗိုက်ခွဲပြီး သည်းခြေအိတ်ဖယ်တဲ့နည်းက ပိုပြီး နာကျင်မှု ခံစားရနိုင်ပြီး ခွဲစိတ်ပြီး ၁လကနေ […]


အခြေခံကျန်းမာရေး

ဆေးဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားရမလဲ

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဒီဆောင်ပုဒ်လေးက တကယ်မှန်တာပါနော်။ လူတိုင်းအတွက် အရေးအကြီးဆုံးက ကျန်းမာဖို့ပါ ခန္ဓာကိုယ်ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေမှာ နေမကောင်းဖြစ်တာတွေရှိမယ်။ မကျန်းမာတဲ့အချိန်တွေကြုံရလိမ့်မယ်။ အဲဒီအချိန်ဆို ဆေးဝါးတွေဝယ်ယူသုံးစွဲဖို့လိုအပ်လိမ့်မယ်။ ဆေးဝါးဝယ်ယူတဲ့အခါမှာ ဆေးဖြစ်ရင်ပြီးရောဆိုပြီး ဝယ်လို့မရဘူး။ သတိထားသင့်တဲ့အချက်ကလေးတွေရှိတယ်။ ဒီဆောင်းပါးထဲမှာ ဆေးဝယ်တဲ့အခါ ဘာတွေကိုသတိထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။ ဈေးကွက်ထဲက ဆေးဝါးတုတွေရဲ့ အန္တရာယ် မကျန်းမာလို့ ဆေးသောက်ပါမယ်ဆိုမှ ဆေးက အတု၊ အရည်အသွေးမမီဘူးဆိုရင် ဆေးသောက်လို့ နေကောင်းမလာတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါခံစားရနိုင်ပါသးတယ်နော်။ ဆေးတော့သောက်တာပဲ သက်သာမလာဘူး၊ ဆေးသောက်လိုက်မှာ အချို့သောကိုယ်တွင်းအစိတ်အပိုင်းတွေ ထိခိုက်သွားတယ်၊ လူကတစ်နေ့တခြားဆေးဒဏ်ကြောင့်လားမသိ နေရထိုင်ရမကောင်းဘူးဆိုတာတွေက ဆေးဝါးတုတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတာပေါ့။ ဒီပြဿနာကို အများဆုံးကြုံရတာက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ ဆေးဝါးဝယ်ယူတဲ့အခါ ဒီအချက်တွေကို သတိထားပါ ဆေးဝါးအတုတွေ စိတ်မချရတဲ့ဆေးဝါးတွေရဲ့ အန္တရာယ်မကြုံတွေ့ရဘဲ အနာနဲ့ဆေးတွေ့ဖို့က အရည်အသွေးကစလို့ အစစအရာရာ စိတ်ချရတဲ့ […]


ရောဂါလက္ခဏာများ

ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

ကိုယ်တွင်းမှာ အရည်စုပြီး ဖောရောင်လာတယ်ဆိုတဲံ ကိစ္စမျိုးကို လူတိုင်းကြားဖူးကြမှာပါ။ ကိုယ်ပေါ်က တစ်နေရာရာ ဖောင်းလာပြီဆိုတာနဲ့ ဖောနေတာပဲ လို့သာ လွယ်လွယ်ပြောလိုက်ကြတာပါ။ ဖောရောင်ခြင်းမှာလည်း သူ့ အမျိုးအစားသူ ရှိပါတယ်။ ဖြစ်တဲ့အကြောင်းအရာနဲ့ နေရာတွေပေါ်လိုက်ပြီး ဖောရောင်ခြင်း အမျိုးအစားတွေ ကွဲပြားသွားရတာဖြစ်ပါတယ် ။ ဒီတော့ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ။ ။ ကွဲပြားခြားနားသော ဖောရောင်ခြင်း အမျိုးအစားများ ။။ ( ၁ ) Peripheral edema ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံ အပိုင်းများတွင် ဖောရောင်ခြင်း ။ ။ ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံး အပိုင်းတွေဆိုတာ ခြေထောက်၊ ခြေဖဝါး၊ ခြေကျင်းဝတ်တို့ကို ဆိုလိုချင်တာပါ။ ဒီလိုနေရာတွေမှာ ဖောရောင်တာဖြစ်ရခြင်းကတော့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်ကြော လည်ပတ်မှု စနစ်မှာ ပြဿနာတက်တာကြောင့် နဲ့ ကျောက်ကပ်ရောဂါကြောင့် ဖြစ်ရတာပါ။ ( […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း