အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊မြို့ပြင်ကို နည်းနည်းလောက်ပဲသွားလိုက်ရင်ကို မူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။ ကားမူးတယ်ဆိုတာ ဘာလဲ....... ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။ ကားမူးတာကို အဓိကခံစားတဲ့ခန္ဓါကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓါကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။ ကားမူးနေပြီလား....... ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။ ခေါင်းမူးမယ် သန်းမယ် ညီးစီစီဖြစ်မယ် ချွေးထွက်မယ် […]


အခြေခံကျန်းမာရေး

ဆီးချိုမရှိဘဲ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းဝေဒနာ

မူးတယ်၊ တုန်တယ်၊ချွေးတွေထွက်တယ်၊မောပန်းနေတယ် ဆိုရင်သွေးတွင်းသကြားဓါတ်များကျနေသလားလို့ ယူဆကြပါတယ်။သွေးတွင်းသကြားဓါတ်ကျတယ်ဆိုရင် ဆီးချိုများရှိနေပြီလားလို့ စိုးရိမ်ရတတ်ပါတယ်။ ဒါပေမယ့် ဆီးချိုလည်းမရှိဘဲ ဒီလက္ခဏာတွေ ခံစားရတာ ဘယ်လိုလုပ်မလဲ။ သွေးတွင်းသကြားဓါတ်အရမ်းကျဆင်းနေတဲ့အခြေအနေကို hypoglycemia လို့ခေါ်ပါတယ်။သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက်အားအင်ပေးတဲ့နေရာမှာ အရေးပါတာကြောင့် အတက်အကျကို ပုံမှန်ထိန်းညှိထားနိုင်ဖို့လိုပါတယ်။ သွေးတွင်းသကြားဓါတ်ကျနေရင် လူကနေလို့မကောင်းတာတော့ သိသာပါတယ်။ သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။ Reactivehypoglycemia - အစာစားပြီး နာရီပိုင်းအတွင်းဖြစ်လာတတ်တယ်။ Fastinghypoglycemia - ဆေးဝါး သို့မဟုတ် ရောဂါတစ်ခုခုနဲ့ ပတ်သက်နေတတ်တယ်။ ဆီးချိုကြောင့်မဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြစ်စေတာလဲ သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။ Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက - ဆီးချိုဖြစ်ဖို့အလားအလာရှိနေတဲ့ အနေအထား အစာအိမ်ခွဲစိတ်ထားခြင်း ဖြစ်ခဲတဲ့ အင်ဇိုင်းချို့တဲ့မှုတွေပါဝင်ပါတယ်။ Fasting hypoglycemia ကတော့ - Aspirin နဲ့sulfaဆေးတွေလိုဆေးဝါးတွေ အယ်ကိုဟောသောက်သုံးမှုများခြင်း အသည်း၊ […]


အခြေခံကျန်းမာရေး

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား ။ ။

မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။ ။ ကားဘာ့ကြောင့် မူးရတာလဲ ။ ။ ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။ ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။ ကိုယ်ခန္ဓါပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါၤတို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။ ဘယ်လိုလေ့ကျင့်ကြမလဲ ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟော်မုန်း တွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။ ဟော်မုန်းဆိုတာဘာလဲ ။ ။ ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေက ကိုယ်ခန္ဓါ ဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။

ကိုယ်ခန္ဓာကို ဘက်ညီအောင် ထိန်းပေးနေတဲ့ ဟော်မုန်း ပေါင်းများစွာရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးသိချင်နေကြတဲ့ မေးခွန်းတွေမေးထားကြတာရှိတာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို လေ့လာကြည့်ရအောင် ။ လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။ ဟော်မုန်းတွေက ဗိုက်ဆာတဲ့ ဖြစ်စဉ်မှာရော ပါလား။ ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုတဲ့ဖြစ်စဉ်မှာလည်း ဟော်မုန်းတို့က ထိန်းချုပ်ထားပြန်ပါတယ်။ ghrelin လို့ခေါ်တဲ့ ဗိုက်ဆာကြောင်း အသိပေးတဲ့ ဟော်မုန်းနဲ့ leptin လို့ခေါ်တဲ့ ဗိုက်ပြည့် ကြောင်း အချက်ပြတဲ့ ဟော်မုန်းတို့ပါ။ အမျိုးသားတွေဟာလည်း အမျိုးသမီးလိုပဲ သွေးဆုံးလေ့ရှိပါသလား။ အမျိုးသားတွေမှာ အမျိုးသမီးတွေလိုမျိုး ဟော်မုန်းပြောင်းလဲပြီး သွေးဆုံးချိန် ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေမှာ သွေးဆုံးသွားပြီဆိုတာနဲ့ ကိုယ်ဝန်လွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အမျိုးသားတွေမှာ ခုလို သွေးဆုံးတာမျိုး မရှိတဲ့အတွက် သူတို့ ဘယ်လောက် အသက်ကြီးကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ! လက်ရှိ အမျိုးသားတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးကတော့ တစ်ကိုယ်ရေ အာသာဖြေ တဲ့ အကြိမ်ရေများလေ ဝက်ခြံပိုပေါက်လေဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲလေး ဘယ်ကစလဲဆိုရင် လူပျိုအရွယ် ခန္ဓာကိုယ်ကပြောင်းလဲလာတတ်တဲ့ အရာတွေကနေ စတယ်လို့ ဆိုရမှာပါ။ လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ယောက်ျားလေးတွေ လူပျိုဖော်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာမှာ စူးစမ်းလေ့လာချင်တဲ့စိတ်၊ နိုးကြားတက်ကြွလာတဲ့ စိတ်တွေကြောင့် တစ်ကိုယ်ရေ အာသာဖြေ တဲ့အလေ့အကျင့်ကို စလာတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အာသာဖြေလေ ဝက်ခြံပေါက်လေဆိုတဲ့ မဟာအလွဲက ဒီအရာကနေ စတင်လာတယ်လို့ ဆိုရမှာပါ။ လူပျိုအရွယ် ဝက်ခြံပေါက်တဲ့ ပြဿနာ လူပျိုအရွယ် ပျမ်းမျှ အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းတွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လွှတ်ပါတယ်။ ဒီကျားဟော်မုန်းတွေကြောင့် ယောက်ျားလေးတွေရဲ့ ကိုယ်ခန္ဓာမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာ လေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲက အစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။ သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။ ဘာလို့ လိင်ဆက်ဆံနေစဉ်မှာ လေလည်တာလဲ။ အမျိုးသမီးတွေမှာ လိင်တံက မိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့ စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။ အထူးသဖြင့် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓါကိုယ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

ဒီအတိုင်း ကျန်းမာနေတုန်းကတော့ ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေ သွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။ ။ Q – သွေးအုပ်စု ဘယ်နှစ်ခုရှိလဲ။ ဘယ်သွေးက အရှားဆုံးနဲ့ ဘယ်သွေးက အပေါဆုံးလဲ။ ။ A B AB O ဆိုပြီးသွေးအုပ်စု ၄ မျိုးရှိပါတယ်။ ဒီထဲမှာ AB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို အရင်တွေ့ပြီးနောက်ပိုင်းမှ […]


ရောဂါလက္ခဏာများ

ညပိုင်းတစ်ရေးနိုးတဲ့အခါ ချွေးစေးတွေပြန်နေတာမျိုး ဖြစ်ဖူးလား။ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။

တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ညတစ်ရေးနိုးတော့ တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။ အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။ ချွေးထွက်တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။ ရာသီဥတုပူလို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။ ( ၁ ) အခန်းက ပူနေတာကြောင့်ပါ။ သင့်အခန်း အပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်းအပူချိန် မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းက အဲယားကွန်းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့ အိပ်တတ်ကြတယ်လေ။ ဒီလို အခြေအနေနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

သွေး အုပ်စု ၄ခုရှိတယ်။ သွေးတွေက သူ့သွေးအမျိုးအစားတိုင်း သွင်းမှရတယ်ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်သွေး အမျိုးအစားကို သေသေချာချာ တိတိကျကျ သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သွေး အမျိုးအစားနဲ့ ပက်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် အားလုံး ဖတ်ကြည့်သင့်တယ်နော် ။ ။ သွေးအုပ်စု ကြီး ၄ ခုပဲရှိတယ်ဆိုတာ သေချာလို့လား။ ။ သွေး အမျိုးအစား ၄ မျိုးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ A B AB O ဆိုတဲ့ လေးမျိုးပေါ့။ ဒီ ၄ မျိုးကိုမှ အပေါင်းသွေး အနှုတ်သွေးလေးပါ ထပ်ထည့်လိုက်ရင် စုစုပေါင်း ၈ မျိုးကွဲသွားပါတယ်။ ဒီတော့ သွေး အုပ်စု ၈ ခုလောက်ရှိတယ်လို့ ပြောရမှာပေါ့။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း