အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။

လေ့ကျင့်ခန်းလုပ်လည်းမကျ အစားအသောက်နဲ့ထိန်းလည်းမရတဲ့ ကိုယ်ပေါ်က အဆီ တွေကို စုပ်ထုတ်ပစ်ဖို့ စဉ်းစားနေပြီလား။ ခုနောက်ပိုင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းလေးကလည်း လူပြောများ ခေတ်စားလာတယ်ပြီး စိတ်ဝင်စားတဲ့သူတွေလည်း များလာတယ်လေ။ အဲဒီ စိတ်ဝင်စားတဲ့အထဲမှာ ကိုယ်လည်းပါနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ အဆီစုပ်ထုတ်တယ်ဆိုတာ ဘယ်လိုများလဲ ။ ။ ဆေးပညာအရ အဆီစုပ်ထုတ်တယ်ဆိုတာကို Liposuction လို့ခေါ်ပြီး အစားလျှော့ လေ့ကျင့်ခန်းလုပ်တာတောင် မကျနိုင်တဲ့ အဆီတွေကို ဖယ်ရှားတဲ့ cosmetic procedure( အလှအပ ဆိုင်ရာနည်းပညာ) တစ်ခုပါ။ Liposuction လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာတွေရှိသင့်လဲ။ Liposuction ဆိုတာ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ကိုခံနိုင်မယ့်သူဖြစ်ဖို့လိုပါတယ်။ ဒီတော့ liposuction လုပ်တဲ့သူဟာ ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းအတွင်းမှာရှိရမယ် အသားအရေကလည်း ကျုံ့နိုင် ဆန့်နိုင်အားကောင်းတဲ့ အခြေအနေမှာရှိနေသင့်ပြီးူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

အကြောအခြင်တွေပြေဖို့ဆိုပြီး Spaတွေ၊ အကြောပြေစင်တာတွေသွားကြတယ်မဟုတ်လား။ အဲဒီမှာ တစ်နာရီလောက် အနားယူဖြေလျှော့လိုက်တာက နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုလည်းလျော့ပါးစေနိုင်တာလည်းပါတာပေါ့လေ။ ဒါပေမယ့် အမြဲသွားလို့တော့ အဆင်မပြေနိုင်ဘူးလေ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှိပ်နယ်လို့ရတဲ့ အလွယ်နည်းလေးတွေသိထားရင် အချိန်မရွေးသက်သောင့်သက်သာဖြစ်စေနိုင်တာပေါ့။ နှိပ်နယ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ အလွယ်ကူဆုံးလေးတွေကို ရွေးပေးထားတာနော်။ ဒီလိုအကျိုးကျေးဇူးရှိမှန်းမသိဘဲ ကိုယ်လုပ်နေကျအမူအကျင့်လေးတွေတောင်ဖြစ်နေနိုင်ပါသေးတယ်။ အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း (၁) မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်သီးဆုပ်နဲ့ ဖွဖွနှိပ်ပါ လက်သီးဆုပ်ကို သုံးပြီး ခန္ဓာကိုယ်နောက်ခြမ်းတစ်ခုလုံးကို လက်မောင်းကစပြီး အထက်ကနေအောက်ကို ခပ်ဖွဖွထုပါ။ ခပ်ဆတ်ဆတ်လေးပါပဲ၊ အားသိပ်မသုံးနဲ့နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့အရိုးကို သန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်၊ အာရုံကြောအစွန်တွေကို ပြေလျော့စေတယ်။ ဒါပေမယ့် ကိုယ်က သွေးကျဲဆေးသောက်နေရတဲ့သူတွေဆိုရင်တော့ အားနဲ့ ထုတာမျိုး မလုပ်သင့်ပါဘူး။ (၂) အစာစားပြီး ဗိုက်ကိုပွတ်ပါ ဒါကတော့ ကလေးလေးတည်းကတောင် လူတိုင်းလိုလို လုပ်မိတတ်ကြတဲ့ အကျင့်လေးတစ်ခုပါ။ စားချင်ရာစားပြီးလို့ ဗိုက်ကားနေပြီဆို […]


ရောဂါလက္ခဏာများ

အသက်ရှူကျပ်ခြင်းကို ဖြစ်စေမယ်လို့ လုံးဝကို မထင်မှတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းတွေ။

အသက်ရှုရကျပ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူရခက်တာ စတဲ့ ပြဿနာတွေကို ကောင်းကောင်းသိတာ အဆုတ်ရောဂါသည်တွေနဲ့ နှလုံးရောဂါသည်တွေပါ။ ဒါပေမယ့် သူတို့ မဟုတ်ဘဲ အခြား ထင်မှတ်စရာ မရှိတဲ့ ကျန်းမာရေးအခြေအနေတချို့ကလည်း အသက်ရှူရကျပ်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကိုယ့်မှာ အဆုတ်နဲ့ နှလုံးရောဂါလည်း မရှိပါဘဲနဲ့ အသက်ရှိုက်ရှူတာတောင် မဝသလိုဖြစ်နေရတာ ဘာ့ကြောင့်လဲ။ ကြည့်လိုက်ရင် မဆက်စပ်သလိုလိုနဲ့ အသက်ရှူရကျပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ။ ( ၁ ) သွေးအားနည်းခြင်း ။ ကိုယ်တွင်းက ကလီစာတွေဆီကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့တာဝန်ကို အဓိကယူရတဲ့ သွေးနီဥဆဲလ် လေးတွေ နည်းသွားတဲ့အခါ ၊ အောက်ဆီဂျင်တွေ သွေးနီဥဆဲလ်တွေဆီကပ်နေအောင် တာဝန်ယူပေးရတဲ့ သံဓါတ်နည်းတဲ့အခါ( သံဓါတ်ချို့တဲ့ သွေးအားနည်းခြင်း) မျိုးတွေမှာ အသက်ရှူရကျပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ သံဓါတ်များတဲ့ အစားအစာတွေ၊ သွေးအားဖြည့်ပေးမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

လူကြီးတော်တော်များများကတော့ ဒီလိုအပြုအမူကို ဘာသာရေးအရ၊ လူမျိုးရေးအရ ရှက်စရာကောင်းတယ်၊ မလုပ်သင့်ဘူးလို့ မြင်တတ်ကြပေမယ့် ကျန်းမာရေးအရတော့ ဒါသည် လူတိုင်းလုပ်နေကျ ပုံမှန်အပြုအမူတစ်ခုပါပဲ။ ဒါပေမယ့်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို နေ့စဉ်ရက်ဆက် ဘာမှမလုပ်ဘဲ အပြာရုပ်ရှင် မကြည့်ရမနေနိုင်တာ၊ လွန်လွန်ကျူးကျူး အာသာဖြေတတ်တယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ ခုဆောင်းပါးမှာ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်းနဲ့ လိင်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အပြာရုပ်ရှင်တွေကို ဘယ်အရွယ်တွေမှာ အများဆုံးကြည့်ကြလဲ။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး အပြာရုပ်ရှင်ကြည့်ကြပါတယ်။ အထူးသဖြင့် လူပျို၊ အပျိုဖြစ်ကာစအရွယ်၊ လိင်မှုကိစ္စဆိုတာကို အသစ်အဆန်းကိစ္စတစ်ခုလို စမ်းသပ်လေ့လာချင်ကြတဲ့ လူငယ်သဘာဝတွေကတော့ ပိုပြီးကြည့်တာ များပါတယ်။ ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကျနေတဲ့ ကိုယ့်ရဲ့ လိင်စိတ်ကို မြှင့်တင်ပေးနိုင်သလို ကိုယ်ချစ်ရတဲ့သူနဲ့လည်း ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်သုခကို ဖြည့်ဆည်းပေးဖို့ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အပြာရုပ်ရှင်စွဲလမ်းစိတ်ဆိုတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

ခန္ဓာကိုယ်အလေးချိန်ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့် အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာ အရပ်ရှည် ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်း အကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။ လူတိုင်း အရပ်ရှည်နိုင်လား။ အရပ်ရှည် ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင် အများကြီးမဟုတ်တောင် အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် အရပ်က ဆက်ပြီးရှည်မထွက်နိုင်တော့ဘူးဆိုတာပါပဲ။ တကယ်တော့ အသက် ၂၅ အထိ […]


အခြေခံကျန်းမာရေး

လက်သည်းတွေ ဘာ့ကြောင့် ပြာနေရတာလဲ။

ပုံမှန်ဆို လက်သည်း လေးတွေက ကြည့်ပြီးပန်းနုရောင်လေးသန်းနေရမှာပါ။ လက်သည်းမျက်နှာပြင်လေးက ချောနေသင့်ပြီးခုံးနေဖောင်းနေတာမျိုးတွေလည်း ရှိမနေသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့ ရောဂါတွေရဲ့ လက္ခဏာဟာ လက်သည်းမှာ လာပြနေတတ်တာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ လက်သည်းတွေပြာတာပေါ့။ လက်သည်းတွေ ပြာနေတယ်ဆိုတာ ပုံမှန်မဟုတ်ဘဲ ကိုယ့်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုတာကို ပြောတာဖြစ်နေတတ်ပါတယ် ။ ဒီတော့ လက်သည်းပြာခြင်းကို ဖြစ်စေတဲ့ ရောဂါ အရင်းခံတွေကို သိထားဖို့ လိုလာပါပြီ ။ ။ ကြည်ကြည်လေးဖြစ်ပြီး ပန်းရောင်သန်းနေရမယ့် လက်သည်းဟာ ဘာ့ကြောင့် ပြာနေရတာလဲ ။ ဒီလို လက်သည်းတွေပြာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုယ်တွင်းလှည့်နေတဲ့သွေးတွေထဲမှာ ေအာက်ဆီဂျင်နည်းနေလို့ ဖြစ်ရတာပါ။ သွေးဆဲလ်တွေထဲမှာ အောက်ဆီဂျင်ကိုသယ်တဲ့သွေးဆဲလ် သွေးနီဥြဖစ်ပြီး သွေးနီဥပုံမှန်မဟုတ်တဲ့ ပြဿနာတွေမှာလည်း ခုလို လက်သည်းတွေ ပြာနှမ်းခြင်းဖြစ်နိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာလည်း လက်သည်တွေ ပြာတတ်တယ်ဆိုပေမယ့် ကိုယ်တွင်းအပူချိန် ပုံမှန်ပြန်ရောက်သွားရင်တော့ လက်သည်းပန်းရောင်ပြန်သန်းသွားတတ်ပါတယ်။ ဒါပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။ ( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။ ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အသည်းအစားထိုး ကုသခြင်းအကြောင်း သိကောင်းစရာများ ။ ။

ကိုယ့်အသည်းက ခြောက်နေလို့၊ အသည်းကင်ဆြာဖစ်နေလို့၊ အသည်းအလုပ်မလုပ်တော့လို့ဆိုတဲ့ ပြင်းထန်ရောဂါတွေ အကြောင်းကြားဖူးကြမှာပါ။ ရှေးတုန်းကဆို ဒီလို ရောဂါတွေဖြစ်ရင် ခဏလေးနဲ့ အသက်ဆုံးရှုံကြပေမယ့် ခုနောက်ပိုင်း ဆေးပညာတွေတိုးတက်လာတော့ အသည်းအစားထိုးတဲ့ ခွဲစိတ်မှုကြီးကို လူတိုင်းကြားဖူးကြမှာပါ။ ကြားသာကြားဖူးတယ်ဘာလဲဆိုတာ သေချာသိချင်တဲ့သူတွေနဲ့ အသည်းအစားထိုးဖို့လိုအပ်တဲ့လူနာတွေအတွက် အသည်းအစားထိုးတော့မယ်ဆိုရင် ဘာတွေသိသင့်သလဲဆိုတဲ့အကြောင်း ပြောပြပေးတော့မှာပါ။ ။ ဘယ်သူတွေက အသည်းအစားထိုးဖို့လိုအပ်လဲ ။ ။ နာတာရှည်အသည်းရောင် ရောဂါဖြစ်ပြီး အသည်းခြောက်သွားတဲ့အခါ သည်းခြေလမ်းကြောင်း ကျဉ်းတဲ့အခါ အရက်စွဲနေပြီးအသည်းမကောင်းတော့တဲ့အခါ အသည်းကင်ဆာ ဖြစ်တဲ့သူတွေနဲ့ အသည်းလုံးဝအ လုပ်မလုပ်နိုင်တော့တဲ့သူတွေ ဟာ အသည်းအစားထိုးဖို့လိုအပ်တဲ့သူတွေပါ။ အသည်းအစားထိုးတယ်ဆိုတာဘယ်လိုမျိုးလဲ။ ။ အသည်းအစားထိုးတယ်ဆိုတဲ့နေရာမှာ အလှူရှင်နဲ့ လက်ခံသူရှိရပါမယ်။ အလှူရှင်ရဲ့ အသည်းတစ်ခြမ်းကို လှီးပြီး လက်ခံသူကို အဲဒီ တစ်ခြမ်းအစားထိုးပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်းနဲ့ သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း ဆိုပြီး၂ […]


အခြေခံကျန်းမာရေး

သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေးကောင်းမှာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်းသောက်လို့ကောင်းတဲ့အရွယ်၊ ကျန်းမာရေးကလည်း ကောင်းနေတယ်ဆိုရင် အားဆေး မသောက်လို့ရလား။ အမှန်က အားဆေးဆိုတာ အာဟာရဓာတ်တွေချို့တဲ့နေတဲ့သူတွေရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရဖြည့်ပေးဖို့အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်းသောက်လို့ကောင်းတဲ့ သူတွေလည်း အားဆေးသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကြိုက်တာကိုပဲ ရွေးစားတဲ့ အကျင့်ရှိတယ်လေ။ ကျန်းမာရေးနဲ့ညီညွတ်လေ စားရတာ မကြိုက်လေပဲမဟုတ်လား။ ပြီးတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ နေ့စဉ်အကုန်စုံအောင်စားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ အားဆေးသောက်ဖို့လိုကို လိုအပ်ပါတယ်။ အားဆေးသောက်ဖို့လိုအပ်တယ်ဆိုတော့ ဘယ်လို အခြေအနေမျိုး ကိုယ့်မှာ ရှိနေပြီဆို အားဆေးကို လုံးဝ မဖြစ်မနေသောက်ရမလဲဆိုတာလေးလည်း သိဖို့ အရေးကြီးပါသေးတယ်။ အမြင်အာရုံ အားနည်းလာမယ်၊ အသားအရေတွေ ခြောက်သွေ့လာမယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ ၁၀ မျိုး။ ။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယို ရောဂါတို့၊ ကျောက်ကြီးရောဂါဆိုတာတွေကို ခုခေတ်ကလေးတွေ ကြားတောင်မကြားတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ ရောဂါ ၁၀ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ (၁ ) ဝက်သက်ရောဂါ။ ။ ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် ၉ လ မှာတစ်ကြိမ် ၁နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲက တစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် ဖြစ်နိုင်ချေနည်းသွားမယ့် ရောဂါတစ်ခုပါ။ ( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီ အဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း