အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး နစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ […]


အခြေခံကျန်းမာရေး

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ ။ ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။ လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်နည်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။ သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ အားမရှိသလို ပျော့ခွေနေမယ် မောပန်းနေမယ် ခေါင်းကိုက်နေမယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

ကျွန်တော်တို့လူသားများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို ကြိုးကိုင်ထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ အပူချိန်ြမင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။ ဖြစ်ပွားရသည့်အကြောင်းအရင်း လူသားတွေ စက်မှုလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းတွေ အများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓါတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ လူသားတို့အပေါ် အကျိုးသက်ရောက်မှု လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား

မာကင်ရာနဲ့ ပတ်သက်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကောင်းကောင်းသိထားကြမယ်ထင်ပါတယ်။ နမ်းနေတဲ့အချိန် အမှတ်တရအဖြစ်နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ အသားလေးကို ငုံပြီးခဲထားလိုက်တာ၊ ကြမ်းကြမ်းစုပ်ယူလိုက်တဲ့အခါမှာ အရေပြားပေါ်မှာကျန်ခဲ့တဲ့ အနီကွက်လေးကို မာကင်ရာလို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ချစ်လို့လုပ်လိုက်တယ်ဆိုပေမယ့်လည်း လည်ပင်းလို၊ လက်လို လူမြင်တဲ့နေရာတွေမှာ မာကင်ရာအကွက်ကြီးနဲ့ကျ အပေးခံရတဲ့သူအနေနဲ့ စိတ်ထဲအနည်းငယ်တော့ ရှက်နေမိမှာပါ။ ပတ်ဝန်းကျင်အနေနဲ့လည်း အနည်းငယ် ဝေဖန်ချင်စရာ ဖြစ်တာပေါ့။ ဒီတော့ လူငယ်တော်တော်များများ သိချင်နေကြတဲ့ မာကင်ရာကို အမြန်ဆုံးပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်တယ်နော်။ ၁။ ဇွန်းကို အအေးခံပြီး ကပ်ထားမယ်။ ဒါကတော့ အလွယ်ဆုံးနည်းလမ်းပေါ့။ ချစ်သူက ပူပူနွေးနွေး မာကင်ရာပေးပြီးသွားတဲ့အချိန် လုပ်ပေးရင် ပိုကောင်းပါတယ်။ နည်းလမ်းကတော့ ကိုယ်အိမ်က ထမင်းစားတဲ့ ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ၈မိနစ် ကနေ ၁၀မိနစ်အထိ အအေးခံထားရပါမယ်။ ပြီးသွားမှ ခုံးနေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

ရာသီဥတုအေးအေး၊ ပူပူ အသားကအမြဲပူနွေးနေတတ်သူတွေရှိပါတယ်။ ဘယ်အချိန်မဆို အသားချင်းထိကြည့်လိုက် အမြဲတမ်းပူနွေးနေတာပဲ။ သူဖျားနေတာတော့မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့များလဲ။ အကြောင်းရင်းတော့ ရှိနေမှာပါ။ ဘယ်လိုအကြောင်းရင်းတွေဖြစ်နိုင်လဲဆိုတာ ဆက်ပြီးကြည့်ကြရအောင်နော်။ ဟော်မုန်းများ လည်ပင်းကြီးရောဂါ သိုင်းရွိုက်ဂလင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဂလင်းကဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေလို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် ခန္ဓာကိုယ်မှာလောင်စာတွေကို ခွန်အားအဖြစ်ပြောင်းလဲမှုနှုန်းကိုမြန်စေလို့ ပူနွေးမှုကိုဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန်မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာနည်းတာ၊ ထိန်တာ၊ ကိုယ်ဝန်ရဖို့ခက်တာတွေဖြစ်လာနိုင်ပါတယ်။ သွေးဆုံးခြင်း အမျိုးသမီးတစ်ယောက် ကျန်းမာစွာနဲ့သွေးဆုံးတဲ့အရွယ်က အသက် ၅၀ ဝန်းကျင်ဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာhot flashes လို့ခေါ်တဲ့ အရေပြားနေရာတချို့ ရုတ်တရက်ပူရှိန်းရှိန်းဖြစ်လာတာမျိုးကို ခံစားရတတ်ပါတယ်။သွေးဆုံးချိန်မှာ ချွေးပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံးရာသီလာချိန်မတိုင်ခင်မှာ လက္ခဏာတွေခံစားရတတ်ပြီး နှစ်နဲ့ချီပြီးကြာရှည်တတ်ပါတယ်။ သားဥအိမ်ပြဿနာ အမျိုးသမီးဆိုရင် သားဥအိမ်က အက်စထရိုဂျင်ဟော်မုန်း ပုံမှန်မထုတ်ပေးနိုင်တာ ဒါမှမဟုတ် ပုံမှန်သားဥမကြွေတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ခက်ခဲတတ်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်သလိုမျိုး လက္ခဏာဆင်တူတဲ့ […]


ကျန်းမာရေး သတင်းများ

လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ အမျိုးသမီးကြီးတွေ အရိုးကျန်းမာရေးယိုယွင်းလာနိုင်

လူကြီးတွေကို အထီးမကျန်အောင် ဂရုစိုက်ပေးပါ။ အထီးကျန်စိတ်နဲ့ အားငယ်စိတ်တို့ကြောင့် လူကြီးမိဘတွေမှာ ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ သက်တူရွယ်တူချင်းစကားစမြည်ပြောချင်တယ်၊ရှေးဟောင်းနှောင်းဖြစ်တွေပြောချင်တယ်၊ သားသမီးမြေးမြစ်တွေနဲ့နွေးနွေးထွေးထွေးနေချင်တယ်ဆိုတာ သူတို့ရဲ့ဆန္ဒပါပဲ။ အပြင်မသွားရတော့ ရွယ်တူချင်းလည်းမတွေ့ရ၊ အိမ်ကမိသားစုတွေနဲ့လည်း သီးခြားဖြစ်နေရတဲ့ လူကြီးတွေမှာ ကျန်းမာရေးယိုယွင်းလာမှာသေချာပါပဲ။ အခုနောက်ဆုံးတွေ့ရှိတဲ့ သုတေသနရလဒ်တစ်ခုမှာတော့ လူမှုဆက်ဆံရေးအဆင်မပြေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေမှာ အရိုးအားနည်းစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံက သွေးဆုံးပြီးအမျိုးသမီး ၁၁၀၀၀ကျော်ကို နှစ်ရှည်လေ့လာခဲ့တဲ့သုတေသနအရ အရိုးထုထည်လျော့နည်းခြင်း(အရိုးပွအရိုးပါးခြင်း) နဲ့ လူမှုဆက်ဆံရေးအဆင်မပြေမှုကြား ဆက်နွှယ်မှုကြီးမားတယ်လို့ ဆိုပါတယ်။ လူမှုဆက်ဆံရေးနဲ့ မိသားစုချစ်ခင်မှုတို့မှာ အဆင်မပြေတဲ့၊ အထီးကျန်နေတတ်တဲ့၊ ဘယ်သူနဲ့မှ ဟက်ဟက်ပက်ပက်ပြောဆိုဆက်ဆံမှုသိပ်မရှိတဲ့ အမျိုးသမီးကြီးတွေဟာ အရိုးအားနည်းလာနိုင်ပါတယ်တဲ့။ လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ အမျိုးသမီးကြီးတွေဟာ တင်ပါးဆုံရိုးခွင်တစ်ခုလုံး၊ ခါးအောက်ပိုင်းကျောရိုးနဲ့ပေါင်ရိုးအရင်းနားကfemoral neck တို့မှာ အရိုးကျန်းမာရေးဆုတ်ယုတ်မှုဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီးကြီးတွေရဲ့လူမှုရေးပြဿနာကို ၄ ကနေ ၂၀ ထိ အဆင့်သတ်မှတ်ထားပြီး အဆင့်ပိုတိုးလေ အဆင်မပြေမှုပြင်းထန်လေဖြစ်ပါတယ်။ အဆင့်တစ်ခုစီကပေါင်ရင်းရိုးမှာ အရိုးထုထည် ဝ.၀၈ […]


ကျန်းမာရေး သတင်းများ

သက်လတ်ပိုင်းကစလို့ ကွန်ပျူတာသုံးခြင်းက ဦးနှောက်စွမ်းရည်ကျဆင်းမှုလျော့နည်းစေနိုင်

ကွန်ပျူတာအသုံးပြုတာ၊ ဂိမ်းတွေကစားတာ၊ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကြောင့် ဦးနှောက်စွမ်းရည်ကျဆင်းခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ လူကအသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ကလည်းပြောင်းလဲလာပါတယ်။ တချို့တွေမှာ မှတ်ဉာဏ်ပြဿနာ၊တွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတွေမှာ ပျက်ယွင်းလာနိုင်တယ်။ ဦးနှောက်စွမ်းရည်ကျဆင်းခြင်း(MCI) ဆိုတာ အသက်အရွယ်နဲ့ဆိုင်တဲ့ ဉာဏ်ရည်ကျဆင်းမှုနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ(dementia) ရဲ့ ကြားအဆင့်ဖြစ်ပါတယ်။ ဒါပေမယ့် MCI ကနေ့စဉ်ဘဝနဲ့ လှုပ်ရှားမှုတွေကို သိသိသာသာမထိခိုက်စေပါဘူး။ MCI ရှိတဲ့သူတွေကမေ့တတ်တယ်၊ အတွေးတွေနဲ့ပြောစကားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး၊ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိတော့ဘူး။ဒီအဆင့်ကိုဖြစ်နေသူတွေကနောက်ပိုင်းမှာdementiaဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများပေမယ့် လူတိုင်းတော့ မဖြစ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ဦးနှောက်ဉာဏ်ရည်နှိုးဆွမှု(ကစားနည်း)တွေလိုနေထိုင်မှုဘဝရွေးချယ်မှုတွေက ဦးနှောက်အတွက် အကျိုးသက်ရောက်မှုကောင်းစေနိုင်ပါတယ်။ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေမယ့် နှိုးဆွလုပ်ဆောင်ချက်များ ကွန်ပျူတာသုံးခြင်း၊ ဂိမ်းကစားခြင်း၊ လက်မှုပညာတွေလုပ်ဆောင်ခြင်း၊ လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်းတို့ကMCI အန္တရာယ်ကိုလျှော့ချနိုင်တယ်လို့Neurologyဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ သုတေသီတွေက အသက် ၇၀ ဝန်းကျင် လူဦးရေ ၂၀၀၀ ကို စုစည်းခဲ့ပြီး သူတို့ရဲ့သက်လတ်ပိုင်းအရွယ်အတွင်း ဦးနှော်က်ကိုအလုပ်ပေးတဲ့ လှုပ်ရှားမှုအမျိုးမျိုးမှာ ဘယ်လောက်ပါဝင်ခဲ့ဖူးလဲ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ပါဝင်သူတွေက တွေးခေါ်မှုနဲ့မှတ်ဉာဏ်စမ်းသပ်စစ်ဆေးမှုတွေကို ၁၅ […]


ရောဂါလက္ခဏာများ

အသေးအဖွဲလို့ ထင်ရပေမယ့် ကြီးကျယ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

သင်ရယ်လိုက်တဲ့အခါ ဆီးအနည်းငယ်ထွက်ကျဖူးပါသလား။ သင့်လက်တွဲဖော်နဲ့ သိပ်အစေးမကပ်သလို ဖြစ်နေပါသလား။ မကြာခဏ မေ့နေတတ်ပါသလား။ဒီအကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖူးပါသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် ဖြစ်တတ်တာပဲဆိုပြီး မေ့မေ့ပျောက်ပျောက် နေဖူးပါသလား။ တကယ်တော့ ကျွန်တော်တို့ ခန္ဓါကိုယ်ဟာ အတော်လေး စမတ်ကျပါတယ်။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံမလာခင်မှာ ရှေ့ပြေးလက္ခဏာအနည်းငယ်နဲ့ ကြိုတင်ပြီး သတိပေးလေ့ရှိပါတယ်။ သတိအနည်းငယ်ထားပြီးလေ့လာကြည့်ရင် စောစီးစွာသိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သိပ်ပြီးအရေးမကြီးလှဘူးလို့ လူအများက ထင်မြင်တတ်ပေမယ့် လက်တွေ့မှာ ပြဿနာကြီးကျယ်သွားတတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ ဆီးမထိန်းနိုင်ခြင်း လက္ခဏာများ။ နှာချေရင်၊ ရယ်ရင်၊ အလေးအပင်မရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဆီးထွက်ကျတတ်ပါတယ်။ ဒါမှမဟုတ် ဆီးသွားချင်စိတ်အရမ်းများနေပြီး အိမ်သာကို အချိန်မီမရောက်နိုင်ရင် အရေးပေါ် ကြုံရတတ်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ။ ဆီးမထိန်းနိုင်ခြင်းဟာ ဘဝရဲ့အရည်အသွေးကို ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ နေ့စဉ်ဘဝကို အကန့်အသတ်ဖြစ်သွားစေပါတယ်။ အနီးအနားမှာ အိမ်သာအလွယ်ဝင်နိုင်တဲ့ […]


ဆေးစစ်ချက်များ

ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း MRI ဆိုတာ ဘာလဲ။

အာထရာဆောင်း၊ X Ray၊ CT scan ဆိုပြီး အဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာတွေ အားလုံး ကြားဖူးကြမှာပါ။ သူတို့ထဲမှာ ခုပြောမယ့် MRI ကတော့ နောက်ထပ် အဆင့်မြင့်လာတဲ့ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း တစ်ခုပေါ့။ တစ်ချို့ သိပြီးသားဖြစ်တဲ့သူတွေရှိသလို MRI ဆိုတာ ဘာလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ MRI ဆိုတာဘာလဲ ။ ။ MRI ရဲ့ အရှည်ကောက်က Magnetic resonance imagingဖြစ်ပြီး သံလိုက်စက်ကွင်း ရေဒီယိုလှိုင်းတွေနဲ့ ကွန်ပျူတာနည်းပညာတို့ကိုသုံးပြီး ကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကို အသေးစိတ်ပုံဖော်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ CT scan နဲ့ မတူတာက MRI မှာ ဓါတ်ရောင်ခြည် X-rays တွေလုံးဝသုံးထားခြင်းမရှိတာပါပဲ။ MRI ကိုခုနောက်ပိုင်း ဘာ့ကြောင့် အသုံးများလာတာလဲ။ MRI က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း