အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

အသက် ၁၈ နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာနိုင်သေးလား

လူငယ်တော်တော်များများ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူအများစုက ထပ်မရှည်လာနိုင်တော့ဘူးလို့ ဖြေကြသလို အသက် ၂၅ နှစ်ထိ ရှည်နိုင်သေးတယ်လို့ ယူဆထားကြသူတွေလည်း ရှိပါတယ်။ အဲ့တော့ ဘယ်သူက မှန်မလဲ၊ အရပ်ရှည်နှုန်းက ဘယ်အချိန်မှာ ရပ်တန့်သွားသလဲ၊ လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို ဘယ်လိုအရာတွေက သက်ရောက်မှုရှိစေတာလဲဆိုတာ ပြောပြပေးပါမယ်။ အရပ်အမြင့်ကို သက်ရောက်စေနိုင်တဲ့အရာတွေက ဘာတွေလဲ။ ၁။ မိဘမျိုးရိုး မိဘမျိုးရိုးက အရပ်ရှည်တယ်ဆိုရင် မွေးလာတဲ့ကလေးကလည်း ဘာမှအထွေအထူးလုပ်စရာမလိုဘဲ အရပ်ရှည်လာတတ်ပါတယ်။ ပုတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ လူအများစုကတော့ ကြီးလာတဲ့အခါမှာလည်း အရပ်ပုတာ အဖြစ်များပါတယ်။ ကံကောင်းစွာနဲ့ပဲ တချို့လူတွေကတော့ မိဘမျိုးရိုးပုနေတဲ့တိုင်အောင် အစာအာဟာရစုံလင်စွာ စားသုံးခြင်း၊ လေ့ကျင့်ခန်း၊ အားကစား ပုံမှန်လုပ်ခြင်းကြောင့် အရပ်အနည်းငယ် ရှည်လာတာမျိုးလည်း ရှိပါတယ်။ ၂။ အစာအာဟာရ လူတစ်ယောက် တစ်နေ့တာစားသုံးတဲ့ အစာအာဟာရသည် ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို အများကြီး သက်ရောက်မှုရှိစေနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ချင်ရင် နေရောင်ခံပါ။

နေရောင်ခံပါလို့ ပြောလိုက်ရင် အများအားဖြင့် လူတွေက အရေပြားကင်ဆာဖြစ်မယ်၊ နေလောင်မယ်၊ အသားမည်းမယ်၊ အရေးအကြောင်းတွေဖြစ်မယ် စသဖြင့် နေထိတာမကောင်းဘူးဆိုတာတွေကိုပဲ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ လူတော်တော်များများ မသိကြတာက နေရောင်ခြည်က ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း အများကြီးရှိကြတယ်ဆိုတာပါပဲ။ နေရောင်ခြည်ဟာ ပျော်ရွှင်မှုကိုကိုယ်စားပြုတယ်။ တစ်ခုခုကို အကောင်းဘက်က ပြောချင်တယ် စိတ်ချမ်းသာတာကို ဖော်ပြချင်တယ်ဆိုရင် နေလုံးပုံတွေ နေရောင်ခြည်အလင်းတန်းတွေကို သုံးကြတယ်။ ဒါက ရုပ်ပြသက်သက်ပဲ မဟုတ်ပါဘူး။ နေရောင်ခြည်ရော အမှောင်ဓာတ် နှစ်ခုလုံးက ဦးနှောက်ကနေ ဟော်မုန်းထုတ်တာကို လှုံ့ဆော်ပေးပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်ကနေ ပျော်ရွှင်ခြင်း ဟော်မုန်းလို့ခေါ်လို့ရတဲ့ ဆီရိုတိုနင် (serotonin) ကိုထွက်စေပါတယ်။ ဒီဟော်မုန်းဟာ လူတွေအတွက် စိတ်တည်ငြိမ်တာတွေ၊ ပျော်ရွှင်တာ အာရုံစူးစိုက်မှုကောင်းတာတွေကို ဖြစ်စေပါတယ်။ အမှောင်ဓာတ်ကတော့ ညအိပ်ဖို့ အတွက်အထောက်အကူပြုတဲ့ မက်လတိုနင် (melatonin) လို့ခေါ်တဲ့ […]


အခြေခံကျန်းမာရေး

ခွဲစိတ်ကုသမှုမခံယူခင် ကြိုသိထားသင့်တဲ့အချက်တချို့

ခွဲစိတ်ကုသမှုခံယူတယ်ဆိုတာ ဆရာဝန်တွေရဲ့ပညာ၊ စေတနာ၊ ခွန်အားစိုက်ထုတ်မှုနဲ့ လူနာတွေရဲ့အသက်နဲ့ရင်းရတဲ့ အရေးကြီးတဲ့ အခိုက်အတန့် တစ်ခုပါ။ မရေမရာဖြစ်နေတာတွေ၊ ဗဟုသုတမရှိတာတွေ၊ ပွင့်ပွင့်လင်းလင်းသိရှိထားစရာတွေကို မသိသေးတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ အခက်ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ကုသရတော့မယ်လို့ စဉ်းစားလာရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပြင်ပလူနာအကြံပေး တွေနဲ့ စကားပြောဆို တိုင်ပင်ရချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တချို့ကို အကြံပြုဖော်ပြလိုက်ပါတယ်။  ခွဲစိတ်ဖို့က မဖြစ်မနေလိုအပ်သလား တချို့ဆရာဝန်တွေက ခွဲစိတ်ကုသဖို့ကို ပိုပြီးအားသာနေတတ်ပြီး တခါတရံမှာ ဘယ်နည်းလမ်းက အကောင်းဆုးကုသနည်း ဖြစ်မလဲဆိုတဲ့အပေါ် သဘောကွဲလွဲမှုတွေရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်က အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတဲ့အခြေအနေမျိုးမဟုတ်ခဲ့ရင် တခြားဆေးရုံ၊ဆေးခန်းမှ ဆရာဝန်တစ်ဦးဦးဆီက ပေးလာတဲ့ ဒုတိယနည်းလမ်းကို စဉ်းစားကြည့်ပါ။ မဖြစ်မနေ ခွဲစိတ်ကုသမှုခံယူရမှာလားဆိုတာကို ဆန်းစစ်နိုင်ဖို့ ဆရာဝန်နှစ်ဦးစလုံးကို သေချာမေးမြန်းကြည့်ပါ။ ဥပမာ - မခွဲစိတ်ဘူးဆိုရင် ဘာအကျိုးဆက်တွေဖြစ်လာနိုင်လဲ တခြားရွေးချယ်စရာနည်းလမ်းတွေနဲ့ အရင်ကုသကြည့်ရင်ရောဖြစ်နိုင်မလား ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့အန္တရာယ်တွေက ဘာတွေလဲ […]


အခြေခံကျန်းမာရေး

အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး

အိမ်မှာ ရှိတဲ့အိမ်သုံးဆားဆိုတာ ဟင်းချက်တဲ့နေရာ၊ အစားအသောက်ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင်တယ်ထင်နေလား။ တကယ်တမ်း သူ့ရဲ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ တချို့ကို သိပြီးသားဖြစ်ရင်ဖြစ်မှာပေမယ့် သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို ပြောပြချင်လို့ပါ။ ဘာတွေအသုံးဝင်လဲ ဆိုတော့… (၁) ကော်ဖီကို အခါးလျော့အောင် လုပ်လို့ရတယ် ကော်ဖီကို သိပ်မပြင်းတဲ့ ခါးဆိမ့်ဆိမ့်လေးဖြစ်ဖို့ဆိုရင် ဆားလေးတစ်ပွင့်နှစ်ပွင့်လောက်ထည့်လိုက်ပါ။ လက်လွန်ရင်တော့ အရသာပျက်နိုင်ပါတယ်နော်။ ဆားမှာ ကော်ဖီရဲ့အခါးဓာတ်ကို ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေပါဝင်တယ်လို့ သုတေသနက တွေ့ရှိထားပါတယ်။ (၂) ရေခဲသေတ္တာသန့်ရှင်းရေး လုပ်လို့ရတယ် ရေခဲသေတ္တာကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်တော့ အနံ့အသက်ကင်းအောင်၊ သန့်ရှင်းသပ်ရပ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့တိုက်ဆေးချလို့မဖြစ်တာကြောင့် ကပ်ငြိနေတဲ့ အစွန်းအထင်းတွေနဲ့ အနံ့ဆိုးတွေပျောက်အောင် ရေနွေးနွေးနဲ့ဖျော်ထားတဲ့ ဆားရည်ကိုသုံးပြီး လိုတဲ့နေရာ ပွတ်တိုက်ပေးပါ။ (၃) ပန်းကန်ဆေး ရေမြှုပ်ကို သန့်စင်လို့ရတယ် အဆီနဲ့အညစ်အကြေးတွေအမြဲ ထိတွေ့နေရတဲ့ ရေမြှုပ်လေးတွေကို တစ်ခါသုံးလို အမြဲစွန့်ပစ်လို့တော့ ဘယ်တွက်ခြေကိုက်ပါ့မလဲ။ အကြာကြီးမဟုတ်ပေမယ့် သုံးလို့ရသလောက်တော့ ပြန်သန့်စင်ပြီး သုံးဖို့၊ […]


ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

ဆေးကုသဖို့ ပြည်ပခရီးထွက်တဲ့အခါ သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်လေးများ

ပြည်ပခရီးသွားတယ်ဆိုတာ အများအားဖြင့်တော့ အလည်အပတ်ခရီး ဒါမှမဟုတ် အလုပ်ကိစ္စ နဲ့ပဲများကြပေမယ့် ခုနောက်ပိုင်းတော့ ဆေးကုသမှုအတွက်ပါ ရည်ရွယ်လာကြပါတယ်။ အလှအပအတွက် ပြုပြင်ခွဲစိတ်မှုတွေ၊ ခွဲစိတ်ကုသမှုတွေ၊ ကျန်းမာရေးစစ်ဆေးမှု၊ ခန္ဓါကိုယ်အစိတ်အပိုင်းအစားထိုးကုသမှုတွေ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက်ပြည်ပမှာသွားရောက်ကုသလာကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ပြည်ပမှာဆေးသွားကုတော့မယ်ဆိုရင် ဒီအချက်တွေကို အရင်ဆုံးထည့်စဉ်းစားသင့်တယ်နော်။ (၁) ကြိုတင်လေ့လာစုံစမ်းပါ ကိုယ့်လုပ်မယ့်ကုသမှုအတွက် ကုန်ကျနိုင်မယ့်ပမာဏကို နီးစပ်ရာကနေ စုံစမ်းပါ။ဆေးရုံဝန်ဆောင်မှုစင်တာတွေ၊ အွန်လိုင်းဝန်ဆောင်မှုတွေ၊ ကွန်ရက်တွေကို အလွယ်တကူ တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။ဆေးကုသမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်၊ ဝန်ဆောင်မှုအနေအထား၊ လူကြိုက်များမှု၊ဆေးရုံရဲ့နာမည်ဂုဏ်သတင်းတို့ကို စုံစမ်းလေ့လာပြီးရင် ခရီးစရိတ်နဲ့နေရာထိုင်ခင်းတို့အတွက် စုံစမ်းပါ။ အားလုံးသုံးသပ်ပြီးတဲ့အခါ စုစုပေါင်းကုန်ကျစရိတ်ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက်သင့်ပါတယ်။ (၂) သွားရောက်ကုသဖို့ ကိုယ်နဲ့ ကိုက်ညီမယ့် နိုင်ငံကိုပဲ ရွေးချယ်ပါ အပေါ်မှာပြောခဲ့သလို ကုန်ကျစရိတ်တွေတွက်ချက်ပြီးပြီဆိုရင် ဘယ်နိုင်ငံမှာသွားကုတာ ကိုယ့်အတွက်အဆင်ပြေဆုံးလဲ နှိုင်းယှဉ်ကြည့်လို့ရပါပြီ။ ကိုယ့်ရဲ့ရောဂါ သို့မဟုတ် သွားရောက်ကုသမယ့်အကြောင်းရင်းအတွက် စိတ်ချရတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာပံ့ပိုးမှုပြည့်စုံတဲ့ အပြင် သွားရောက်ရလွယ်ကူ၊ စရိတ်လည်းတွက်ခြေကိုက်မယ့် နိုင်ငံကိုရွေးချယ်သင့်ပါတယ်။ ဥပမာ […]


ကျန်းမာရေး အာမခံ

ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုကာကွယ်မလဲ

ပိုင်ဆိုင်မှုတွေကို ပျက်စီးဆုံးရှုံးမှာစိုးလို့ဘယ်လိုကာကွယ်ရမလဲလို့ တွေးပြီး စိတ်ပူနေမိပြီလား။ ဒါဆိုရင် ပိုင်ဆိုင်မှုတွေအတွက် စိတ်အေးရစေဖို့ လုပ်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။ ဆုံးရှုံးမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ပိုင်ဆိုင်မှုများလာသမျှနောက်မှာ ကပ်ပါလာက ပျက်စီးဆုံးရှုံးမှုတစ်စုံတရာဖြစ်ခဲ့ရင်ဆိုတဲ့ ပူပန်မှုပါ။ ဘယ်သူ့အိမ်ကတော့ဖြင့် မီးထဲပါသွားတယ်၊ အိမ်ကိုသူခိုးဝင်သွားလို့လေ၊ ကားချင်းချိတ်မိလို့ ပြန်ပြင်ရဦးမယ်၊မုန်တိုင်းကြောင့်၊ ရေကြီးမှုကြောင့် အိမ်ရော၊ ပစ္စည်းတွေပါ ပျက်စီးကုန်ပြီ။ ဆုံးရှုံးမှုတွေများလိုက်တာ ငွေကုန်ကြေးကျတော်တော်လေးများတယ်ဆိုပြီး ငြီးငြူသံတွေကြားတဲ့အခါ ငါ့အလှည့်များဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ပူမိတယ်ဟုတ်။ ရန်သူမျိုး ငါးပါးရန်ကကြိုသိဖို့ခက်သလို ကြိုတင်ကာကွယ်ဖို့ဆိုတာကလည်း မလွယ်တော့မလွယ်လှဘူးပေါ့။ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေပျက်စီးမှာကို စိုးရိမ်နေတယ်ဆိုရင် လစဉ်ပုံမှန် ငွေပေးသွင်းထားရုံနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် သင့်ကိုယ်စားတာဝန်ယူပေးမယ့်နည်းလမ်းရှိပါတယ်။ ဒါကတော့ ပိုင်ဆိုင်မှုတွေကို အာမခံထားတာပါ။ နေအိမ်၊ ကား နဲ့ အခြားပိုင်ဆိုင်မှုပစ္စည်းတော်တော်များများကို လစဉ်ပုံမှန်အာမခံကြေးပေးသွင်းပြီး အာမခံထားလို့ရနေပါပြီ။ မြန်မာနိုင်ငံနဲ့ စိမ်းနေသေးတဲ့စကားရပ်တစ်ခု "အာမခံ" အာမခံထားတယ်ဆိုတာကို ကြားဖူးနေပေမယ့် ကိုယ်တိုင်ထားဖူးတဲ့သူနည်းသလို အာမခံထားတာနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်သိတဲ့သူအရေအတွက်ကလည်း သိပ်မရှိလှပါဘူး။ ဒီတော့ အာမခံထားဖို့ကိုစဉ်းစားမိသူက ခပ်နည်းနည်းရယ်ပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

မနက်ခင်းအိပ်ရာနိုးလာချိန်မှာ စကြားလိုက်ရတဲ့ ကျာကျာကျည်ကျည် ကျေးငှက်သံလေးတွေ၊ အိပ်ရာထလို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာ မျက်နှာနားကနေဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေကြောင့် ဆောင်းရာသီရဲ့ အငွေ့အသက်ကို စတင်ခံစားနေရပြီဟုတ်။ မိုးကုန်လို့ ဆောင်းကိုစရောက်လာတဲ့ အငွေ့အသက်လေးကို ပီပီပြင်ပြင်မခံစားရသေးပေမယ့် မကြာခင်အေးလာတော့မယ်ဆိုတာကိုတော့ခံစားရနေပါပြီ။ ဒီတော့ ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာစေဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား........ ဆောင်းရာသီက ပျော်စရာကောင်းလား ဆောင်းရာသီက အေးမြမှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ကလည်း ကဗျာဆန်လာပြီလေ။ စာဖွဲ့လို့ကောင်းတဲ့ရာသီပေါ့။ ဆောင်းရာသီမှာ မကောင်းတာတစ်ခုကတော့ အအေးဒဏ်ကြောင့် နှာစေးနှာပိတ်တာ၊ ဖျားနာတာနဲ့ အသားအရေခြောက်သွေ့တာတွေပါ။ ဒီတော့ ကဗျာဆန်တဲ့ဆောင်းရာသီမှာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ကျန်းကျန်းမာမာနဲ့ ခံစားနိုင်စေဖို့ဆိုရင် အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့လိုပါမယ်။ ကဲ...ပျော်စရာကောင်းတဲ့ဆောင်းရာသီလေးဖန်တီးကြည့်ရအောင်လား...... ပျော်စရာကောင်းတဲ့ ဆောင်းရာသီလေးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ တူတူဆက်ကြည့်လိုက်ရအောင်နော်။ အသားအရေခြောက်သွေ့မှုကင်းစေဖို့ ရေများများသောက်ပါ ကိုယ်ခံအားကောင်းစေဖို့ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ အာဟာရမျှတအောင်စားပါ အရေပြားပေါ်ကဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးပါ ဆောင်းရာသီမှာ […]


အခြေခံကျန်းမာရေး

ချွေး ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

လူတိုင်းချွေးထွက်တတ်ကြပါတယ်။ အပြင်လေး မထွက်လိုက်နဲ့။ ချွေး တွေပြန်လာတာ ရေချိုးထားတဲ့အတိုင်း။ တစ်ချို့ကျတော့လည်း ဘယ်လောက်ပူပူ ချွေးလုံးဝမထွက်။ ဒီ ချွေးထွက်များတာ ချွေးလုံးမထွက်တာ တွေအပြင် ကိုယ်ခန္ဓါက ထွက်တဲ့ ချွေးတွေက ကိုယ့်ကျန်းမာရေးအကြောင်း ပြောပြနေတဲ့ အရာတွေပါ။ ချွေးထဲမှာ ရေဓါတ် ဓါတ်ဆားဓါတ်တွေပါတဲ့အတွက် သူတို့ကနေ ကိုယ့်ကျန်းမာရေးအကြောင်း အများကြီး သိနိုင်မှာပါ။ ဒီတော့ ချွေး ကနေ သိနိုင်တဲ့ ကျန်းမာရေးအကြောင်းတွေ ဘာတွေဖြစ်မလဲ။ ။ ( ၁ ) စိတ်ဖိစီးမှုများနေတာ စိတ်ဖိစီးမှုများနေ စိတ်လှုပ်ရှားနေပြီဆိုရင် ချွေးစေးတွေပြန်လာတာ လူတိုင်းကြုံဖူးကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ချွေးဂလင်း ၂ မျိုးရှိတဲ့အထဲ Eccrine glands ကတော့ အနံမရှိကြည်လင်တဲ့ ချွေးတွေကိုထုတ်ပေးပြီး ချိုင်းကြားပေါင်ကြားမှာရှိတဲ့ Apocrine glands ကတော့ အနံ့ပြင်းပြီး စေးကပ်တဲ့ ချွေးတွေ ထုတ်ပေးလေ့ရှိပါတယ်။ […]


အခြေခံကျန်းမာရေး

အောင်မြင်သူတွေရဲ့ သူမတူတဲ့အလေ့အထများ

လူတိုင်းမအောင်မြင်နိုင်ကြပါဘူးနော်။ အောင်မြင်သူတွေက လူနည်းစုလောက်ပဲရှိကြတာပါ။ အောင်မြင်သူတွေက ကံကောင်းလို့အောင်မြင်တယ်ဆိုတာထက် သူတို့မှာ သူမတူတဲ့ အလေ့အထလေးတွေပိုင်ဆိုင်ထားလို့လည်း အောင်မြင်ကြတာပါနော်။ အောင်မြင်သူတွေက လူတွေထဲက လူတွေပဲဆိုပေမယ့် သူမတူတဲ့ နေ့စဉ်အလေ့အထလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါဆိုအောင်မြင်သူတွေမှာ ပိုင်ဆိုင်ထားတဲ့ အမူအကျင့်တွေက ဘာများလဲ။ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါနော်။ အောင်မြင်သူတွေရဲ့ သူမတူတဲ့ အလေ့အထတွေကတော့ အရေးကြီးတဲ့လုပ်စရာတွေကို ရေးမှတ်ထားတတ်ကြတယ် - အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စတွေကို မေ့လျော့ပျက်ကွက်တာမျိုးမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို အရေးအကြီးဆုံးကနေစလို့ ရေးမှတ်ထားတတ်ကြပါတယ်။ မနက်စောစောအိပ်ရာထလေ့ရှိကြတယ် - အိပ်စက်တာကို လိုအပ်သလောက်ပဲရယူတတ်ကြပါတယ်။ အိပ်နေရင်းနဲ့ သူတို့ရဲ့ တန်ဖိုးတဲ့အချိန်တွေကို ကုန်ဆုံးမခံကြပါဘူး။ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတတ်ကြပေမယ့် နေမြင့်တဲ့အထိတော့ မအိပ်တတ်ကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် - အစားမတော်တလုတ်ကြောင့် ခန္ဓါကိုယ်ကို အထိခိုက်မခံသလို ဖျားနာမှုကြောင့် လုပ်ရမယ့် တာဝန်တွေပျက်ကွက်မှာကိုလည်း အဖြစ်မခံကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ကြသူတွေပေါ့။ ေကာင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်တတ်ကြတယ် - […]


အခြေခံကျန်းမာရေး

သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

ကြားဖူးကြတယ်မလား၊ သွေးပျစ်လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊ သွေးခဲတာတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကို အန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီး အဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ဖို့ သွေးကျဲဆေးတွေ ပေါ်လာရတော့တာပေါ့။ သွေးကျဲဆေးအမျိုးအစား ၂ မျိုးရှိပါတယ်။ antiplatelet medicine - သွေးခဲတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ platelet သွေးဆဲလ်လေးတွေ ပူးပြီးသွေးခဲ မဖြစ်အောင် ကာကွယ်ပေးတာ anticoagulant medicine - သွေးခဲခြင်းဖြစ်စဉ်ကို တားပေးတဲ့ သွေးကျဲဆေးဆိုပြီး ၂ မျိုးရှိပါတယ်။ ဘယ်လိုလူတွေက ဘယ်လို သွေးကျဲဆေး အမျိုးအစားကိုရွေးချယ်သင့်သလဲ။ Antiplatelet medicine - coronary artery disease […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း