အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ

ဆိုကြပါစို့။ ကိုယ်ဟာ ပါတီပွဲတစ်ခုကိုရောက်နေပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သောက်ထားတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေ၊ ဘီယာတွေကြောင့် လေတက်ချင်စိတ်၊ ဆီးသွားချင်စိတ် ဖြစ်လာတယ်။ စကားဝိုင်းထဲက ထသွားရမှာကို အားနာလို့ အိမ်သာမသွားဖြစ်ဘူးဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ ကို သတိထားရပါမယ်။ ခန္ဓာကိုယ်ဟာ ပြင်ပကပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တွင်းကပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုဝင်လာတယ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာတင် မကောင်းတာတွေများလာပြီဆိုရင် စွန့်ထုတ်ဖို့၊ တစ်ခုခုလုပ်ဖို့ အချက်ပြလေ့ရှိပါတယ်။ ဒီလိုအချက်ပြတာတွေကို လျစ်လျူရှုလိုက်တာ၊ အောင့်ထားလိုက်တာမျိုးတွေ လုပ်လိုက်ရင်ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်မလာမလဲ။ ဒီလိုအချက်ပြမှုတွေကရော တကယ်ရော အရေးကြီးရဲ့လားဆိုတာကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ က ဘာတွေလဲ နှာချေခြင်း ဟတ်ချိုး၊ ဟတ်ချိုး နှာချေတာကို ဘယ်သူကမှတော့ အထူးတလည် အောင့်ထားနေမှာတော့မဟုတ်ပါဘူး။ အမှန်ပြောရရင် အောင့်ထားလို့လည်းမရပါဘူး။ ဒါပေမဲ့ တစ်ခုခုကို […]


အခြေခံကျန်းမာရေး

ခွေးအမွေး၊ ကြောင်အမွေးလား…ပြုစားခံရတာလား…ဆေးပညာနဲ့အဖြေထုတ်တဲ့အခါ

ရုပ်ရှင်ဇာတ်လမ်းတချို့မှာ မြင်တွေ့ရဖူးသလို အပြင်လောကမှာလည်း ဖြစ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးပြဿနာတစ်ခုရှိတယ်။ သားဥအိမ်တွင်းအလုံးတည်လို့ ကိုယ်ဝန်လိုလိုအထင်လွဲခံရ၊ ပစ်ပယ်ခံရတာမျိုးပေါ့။ ဒါတွေက သားဥအိမ်မှာဖြစ်တဲ့ အရည်အိတ် ။ ဒီတစ်ခါတော့ လူပြုစားတာတဲ့။ ခွေးတွေ၊ကြောင်တွေရဲ့အမွေးတွေစုပြီး ပိတ်ခဲနေတာတဲ့။ ဒီလိုအရပ်ပြောစကားတွေနဲ့ အရည်အိတ်ပြဿနာဟာ ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှုနဲ့ ခွဲထုတ်လိုက်တဲ့အရည်အိတ်ထဲမှာ အမွေးလိုလို ဆံပင်လိုလိုတွေ ပါနေတဲ့အကြောင်းနဲ့ လူမှုမီဒီယာမှာပျံ့နှံ့လာပါတယ်။ ဒါတွေ ဟုတ်မဟုတ်ကို ဆေးပညာအရ အဖြေရှာကြည့်ရင် Dermoid Cyst လို့ခေါ်တဲ့ အရည်အိတ် က အဓိကတရားခံပါ။ Dermoid Cyst ထဲမှာ အမွေး၊ အရည်၊ သွား၊ အရေပြားဂလင်းတွေ‌ပါဝင်နေတတ်ပြီး ခန္ဓာကိုယ် တစ်နေရာရာမှာ ဖြစ်လာတတ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားဥအိမ်ရေအိတ်တွေက အမျိုးမျိုးရှိပေမယ့် Dermoid Cyst ကတော့ တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ် - မျက်နှာ လည်ပင်း […]


အခြေခံကျန်းမာရေး

ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

ဗီတာမင် D ဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာမင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။ ကျွန်တော်တို့အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေဗီတာမင် D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ တစ်နေ့တာ စားသုံးသင့်တဲ့ ဗီတာမင် D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

ဒီဘက်ခေတ်မှာ လူကြီးလူငယ်မရွေး အရက်နဲ့တော့ မကင်းကြတော့ပါဘူး။ လူမှုရေးအရရော အသက်ငယ်သေးတဲ့အတွက် ကိုယ့်အပေါင်းအသင်းနဲ့အတူ ပျော်ဖို့ ရွှင်ဖို့အတွက် စားပွဲဝိုင်းလေးမှာ အရက်ကလေးပါမှ မြိန်တတ်ကြတာကိုး။ အဲ့လိုသောက်ချင်သလို သောက်ပြီး နောက်နေ့ဆိုရင် အလူးအလဲခံရမယ့် ဒုက္ခကတော့ အရက်နာကျတဲ့ဝေဒနာပါပဲ။ သောက်တဲ့ပမာဏနဲ့ လူပေါ်မူတည်ပြီး ဝေဒနာပြင်းထန်မှုက ကွာသွားနိုင်တယ်ဆိုပေမယ့် လူအများစုအနေနဲ့တော့ ဒီပြဿနာကို မလွဲမသွေ ကြုံကြရတတ်ပါတယ်။ အရက်နာကျတဲ့ ဝေဒနာဟာ အရမ်းအဆိုးရွားကြီး မဟုတ်တဲ့တိုင်အောင် ခံစားရတဲ့သူအတွက် မသက်သာသလို ဘေးလူအမြင်မှာလည်း သိပ်ကိုကြည့်ရဆိုးပြီး ကဲ့ရဲ့ချင်စရာဖြစ်နေတတ်ပါတယ်။ ညကလည်း အိပ်တာနောက်ကျတော့ မျက်တွင်းကညို၊ အသားက မွဲခြောက်ခြောက်၊ လူကို ကြည့်ရင်လည်း အားမရှိဘဲ နုံးခွေနေသလို၊ အိပ်ချင်နေသလို၊ အစားကလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်၊ အဆိုးဆုံးကတော့ မူးဝေအော့အန်ပြီး ခေါင်းကိုက်တဲ့ ပြဿနာပါပဲ။ ဒီဆောင်းပါးမှာတော့ အရက်သောက်ပြီး နောက်နေ့ အရက်နာကျတဲ့အချိန်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဦးနှောက်ဖွံ့ဖြိုးအောင် ဗီဒီယိုဂိမ်းဆော့ပါ

ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။ စာရင်းဇယား လေ့လာချက်တွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ သန်း ၁၅၀ လောက်က ဗီဒီယိုဂိမ်းဆော့ကြပါတယ်။ ဒါက သူတို့တိုင်းပြည် လူဦးရေရဲ့ ၄၇% နီးပါးပမာဏဖြစ်ပါတယ်။ သူတို့ဟာ တစ်ရက်မှာ ဂိမ်းဆော့ချိန် ၃ နာရီခန့် ပျမ်းမျှဆော့ကြပါတယ်တဲ့။ ပျမ်းမျှအသက်ကတော့ ၃၅ နှစ်ဖြစ်ပါတယ်။ ၇၂% သော ဂိမ်းဆော့သူတွေဟာ အသက် ၁၈  နှစ်နဲ့အထက် လူငယ်တွေဖြစ်ကြပါတယ်။ ၇၁% လောက်က ကလေးတွေဖြစ်ပြီးတော့ ၂၉% ကတော့ မိဘတွေကိုယ်တိုင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက  ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေနဲ့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ပိုများတယ်ဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူ့ဘဝသက်တမ်း ရှည်ကြာစေဖို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ

ရခဲလှတဲ့ လူ့ဘဝဆိုတာလည်း တကယ်တမ်းပြန်တွက်ကြည့်ရင် တိုတိုလေးပဲနော်။ လူတော်တော်များများက မွေးကတည်းက သေရမယ့်ရက်ဆိုတာ ပါလာတာချည်းပဲလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းက ကိုယ်နေထိုင်တဲ့ လူ့ဘဝသက်တမ်း ရှည်မလား၊ တိုမလားဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေပေါ် အများကြီးမူတည်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျန်းမာအောင် စားရင် ကျန်းကျန်းမာမာဖြစ်မယ်၊ အာဟာရမဖြစ်တဲ့ အစားအစာတွေပဲ စားနေရင် ရောဂါတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်မယ်၊ မြန်မြန်အသက်တိုနိုင်တယ်ပေါ့။ လူတိုင်းနီးပါးကတော့ အသက်ရှည်ရှည်နဲ့ နေချင်ကြတာပဲမလား။ ကိုယ်ချစ်တဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း မခွဲချင်ကြဘူး၊ မရောက်ဖူးသေးတဲ့ နေရာတွေကို သွားလည်ချင်တယ်၊ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း စားကြည့်ချင်တယ်၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ တိုင်းပြည်အပေါ်လည်း အများကြီး အကျိုးပြုရဦးမယ် အစရှိသဖြင့်ပေါ့။ ခုဆောင်းပါးမှာတော့ အသက်ရှည်ရှည်နေချင်တဲ့သူတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ၊ အစာအာဟာရတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာတွေကို ပြောင်းလဲကြမလဲ။ နှစ်သစ်ကို ရောက်လာပြီဆိုတော့ အကောင်းဆုံးတကာ့ အကောင်းဆုံးတွေကိုပဲ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

သိုင်းရွိုက်ဂလင်း က သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။ အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။ သိုင်းရွိုက်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လို သက်ရောက်နိုင်သလဲ သိုင်းရွိုက်ပြဿနာရှိနေတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေက - ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း ဝမ်းချုပ်ခြင်း အအိပ်များလွန်းခြင်း ပင်ပန်းနွမ်းနယ်နေခြင်း ရာသီမမှန်ဖြစ်ခြင်း သားသမီးရဖို့ခက်ခြင်း ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း လိင်စိတ်ဆန္ဒလျော့ခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း ရင်တလှပ်လှပ်ခုန်ခြင်း အာရုံဝေဝါးခြင်း သွေးတိုးခြင်း ခံတွင်းပျက်လာခြင်း လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံး  သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။ သန္ဓေအောင်နိုင်စွမ်း  သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။ အရိုး  အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀၀ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများစိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေကိုသာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မလုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ သံလိုက်လှိုင်းတွေကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်နိုင်ချေရှိပါတယ်။ ၁။ ခေါင်းကိုက်တာ ၂။ မှတ်ဉာဏ်ချို့ယွင်းတာ ၃။ နှလုံးဖောက်ပြန်တာ ၄။ သုက်လွှတ်နှုန်းနည်းပါးတာ ၅။ ခန္ဓာကိုယ်ချို့ယွင်းချက်ရှိတဲ့ ကလေးမွေးဖွားမှုနှုန်းမြင့်မားတာ ၆။ ကင်ဆာဖြစ်ပွားနိုင်ချေရှိတာ ၇။ ပင်ပန်းနွမ်းနယ်တာ ၈။ အိပ်မပျော်တာ ၉။ အမြင်အာရုံချို့ယွင်းတာ ၁၀။ မူးဝေတာမျိုးတွေဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရေးလှိုင်းတွေကြောင့်ဖြစ်တဲ့ […]


ကျန်းမာရေး သတင်းများ

အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

လူအများသိထားကြတဲ့ အဝလွန်တာ၊ သွေးတိုးရောဂါနဲ့ အထိုင်များတဲ့နေထိုင်မှုပုံစံတို့လို အန္တရာယ်အချက်တွေကြောင့်ချည်းပဲ ဆီးချို ဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုဟာလည်း အမျိုးသမီး တွေရဲ့ ဆီးချိုသွေးချိုဖြစ်ပွားမှုမှာ အရေးပါတဲ့သက်ရောက်မှုရှိနေတာကို သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။ ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍကွန်ဖရင့်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီး တွေမှာ ဆီးချိုအန္တရာယ် ပိုများ ဒီသုတေသနအရ စိတ်ဒဏ်ရာဖြစ်စေတဲ့ကိစ္စတွေကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ အိမ် ဒါမှမဟုတ် အလုပ်ခွင်မှာ ကြာရှည်ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေမှာ အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ ဆီးချိုကာကွယ်ရာမှာ စိတ်ဖိစီးမှုအန္တရာယ်ကိုလည်း တခြားအချက်တွေလိုပဲ အလေးထား ဖြေရှင်းသင့်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေက သတိပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်မှာ - မိဘ၊ မောင်နှမသားချင်းတွေထဲက တစ်ယောက်ယောက်မှာ ဆီးချိုရှိနေရင်၊ ဆီးချိုရောဂါနဲ့ ချိတ်ဆက်နေတဲ့ ရောဂါတချို့ ရှိနေရင်၊ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခဲ့ဖူးရင် ၊ ဆီးချိုရောဂါအစပျိုးအဆင့်မှာရှိနေရင်၊ […]


ကျန်းမာရေး သတင်းများ

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ် ဇီကာ၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ချီကန်ဂူညာ (ဆင်တုပ်ကွေး) တို့က ကြောက်ဖို့ကောင်းတယ်ထင်ပါသလား။ ဒါဆို ခြင်ကိုက်မခံပါနဲ့၊ ခြင်မရှိအောင် ကြိုးစားရှင်းလင်းပါ၊ ကြိုတင်ကာကွယ်ပါ။ ကမ္ဘာကြီးပူနွေးမှုကြောင့် နောက်လာမယ့် နှစ် ၅၀ အတွင်းမှာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေဆီကနေ ကူးစက်ပျံ့နှံ့ခံရသူ ကမ္ဘာ့လူဦးရေ ၁ ဘီလျံအထိ ရှိလာနိုင်တယ်လို့ သုတေသနက သတိပေးထားပါတယ်။ ရောဂါပိုးသယ်ဆောင်မှုအများဆုံးခြင်မျိုးစိတ်နှစ်ခုဖြစ်တဲ့ Aedes aegypti နဲ့ Aedes albopictus တို့က သွေးလွန်တုပ်ကွေး၊ ဇီကာနဲ့ ဆင်တုပ်ကွေး တို့လို ဗိုင်းရပ်စ်တွေကို သယ်ဆောင်ပျံ့နှံ့စေတာဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ တစ်လထက်တစ်လပြောင်းလဲလာတဲ့ အပူချိန်ကြောင့် ဆယ်စုနှစ်တွေအတွင်း ဒီခြင်တွေမှာ ဘယ်လိုပြောင်းလဲမှုရှိလာမလဲ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ “ ကိန်းဂဏန်းအတိအကျထွက်ဖို့ မလွယ်ပေမယ့် တစ်ချိန်ချိန်တော့ ဒါပြဿနာဖြစ်လာမယ်ဆိုတာ သိပါတယ်။ ကြောက်စရာကောင်းတဲ့ အတိုင်းအတာပါပဲ။ “ လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း