အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စမတ်ဖုန်းလှလှ ရောဂါထူထူ

လူတိုင်းကိုင်တွယ် အသုံးပြုနေကြတဲ့ စမတ်ဖုန်းလှလှလေးတွေဟာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ လူတိုင်းနီးပါးသိလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ပညာရှင်တွေကလည်း ဒီအချက်ကို မကြာခန သတိပေးနေကြပါတယ်။ ဒါပေမယ့် အဆိုပါ သတိပေးချက်တွေကို လိုက်နာနိုင်စွမ်းကတော့ နည်းပါးလွန်းလှပြီး လူတိုင်းနီးပါးဟာ စမတ်ဖုန်းတွေကို ဂရုတစိုက်သုံးစွဲကြခြင်းမရှိကြသေးပါဘူး။ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာကို သိရှိထားကြပေမယ့် ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်း တိတိပပ သိရှိထားကြခြင်းမရှိကြတာများပါတယ်။ စမတ်ဖုန်းလို အီလက်ထရွန်နစ်ထုတ်ကုန်တွေဟာ ရောဂါဘယပေါင်းများစွာကို လူတွေဆီယူဆောင်လာနိုင်ပါတယ်။ အခန့်မသင့်လို့ ကိုယ့်မှာမဖြစ်သေးပေမယ့် အကြောင်းတိုက်ဆိုင်လာရင် ရောဂါဝေဒနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လိုရောဂါဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်သလဲဆိုတာကို ပြောပြချင်ပါတယ်။ ကူးစက်နိုင်သော ရောဂါပိုးမွှားများ စမတ်ဖုန်းတွေမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားတွေဟာ အလွန်အန္တရာယ်များပြားကြောင်း သတိပေးမှုတွေရှိနေပါတယ်။ စမတ်ဖုန်း မျက်နှာပြင်တွေမှာ လေထုထဲက ပိုးမွှားတွေသာမက ကိုယ့်ရဲ့လက်၊ ကိုယ်သယ်ဆောင်သွားရာ အိမ်သာ၊ မော်တော်ကား၊ ထမင်းစားခန်း၊ ရုံး၊ စားသောက်ဆိုင်နဲ့ ဘယ်နေရာကမဆို ကပ်ညိလာတဲ့ ပိုးမွှားပေါင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်များတဲ့ ကိုကို မမတွေ ကျန်းမာလှပစေမယ့် ရိုးရှင်းတဲ့ နည်းလမ်း ၅ သွယ်

အလုပ်တွေအရမ်းများနေလို့ ပင်ပန်းနေတဲ့အခါ ဘာလေ့ကျင့်ခန်းမှ မလုပ်ချင်တော့တာ သဘာဝပဲ။ တနေကုန် လုံးလည်း ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီထိုင်နေရမယ်။ အိမ်ပြန်ရောက်ချိန် ဗိုက်ကလည်း ဆာနေတော့ အစားတွေ အများကြီးစားမိမယ်။ စားပြီးရင် အိပ်ရာထဲတန်းဝင်ပြီး အိပ်လိုက်မယ်။ မနက်မိုးလင်းရင် ရုံးပြန်သွားမယ်။ နေ့စဉ်ဘဝဟာ ဒီလိုပဲ လည်ပတ်နေတော့မှာလား ကိုကို မမတွေ ရေ ...... ဒီလိုသာဆိုရင် ကိုကို မမတွေ အနေနဲ့ ကိုယ်အလေးချိန် တိုးလာမယ်။ ခန္ဓာကိုယ်အနှံ့ အဆီပိုတွေများလာမယ်။ မကိတ်သင့်တဲ့နေရာတွေ ကိတ်လာမယ်။ ပေါင်တံတွေ လက်မောင်းတွေ တုတ်လာမယ်။ စိတ်ညစ်လာရမယ်။ လှချင်ပချင်တဲ့ မမတွေဆိုရင်လည်း ကိုယ့်ရုပ်ကိုယ် မှန်ထဲမကြည့်ချင်တော့ဘူး။ ကြည့်ရဆိုးနေမလား တွေးပူနေရပြီလေ။ ဖက်တီးကြီးဖြစ်နေပြီလား။ ချစ်သူက ငြိုငြင်နေပြီလား။ ဟိုဟိုဒီဒီလျှောက်တွေးမိတော့မယ်။ အလုပ်ကလည်းများ၊ ကိုယ်ကလည်း စိတ်ဖိစီးနဲ့ နေရတာ မပျော်မရွှင်ဖြစ်လာတော့ ကျန်းမာရေးပါထိခိုက်လာနိုင်တယ်။ အလုပ်များတဲ့ ကိုကို […]


အခြေခံကျန်းမာရေး

ဗီတာမင်ဒီ အဆိပ်သင့်ခြင်း

အရင်က ဗီတာမင်ဒီ အဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ ခုခေတ်မှာတော့ ဗီတာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ အကြောင်းက ဗီတာမင်ဒီက ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြည့်စွက်ဆေးကို အဆမတန်သောက်လာကြတာကြောင့်ပါပဲ။ ဗီတာမင်ဒီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာမှန်ပါတယ်။ ဖြည့်စွက်ဆေးတွေက တချို့သူတွေအတွက် လိုတယ်ဆိုတာလည်း မှန်ပါတယ်။ ပြဿနာက ဘယ်လောက်လိုလည်းဆိုတာ မသိတာရယ်၊ ပိုသောက်ရင်ဘာဖြစ်မလဲဆိုတာ မသိတာကြောင့် သောက်ရင်း သောက်ရင်းနဲ့ အဆိပ်သင့်တဲ့အဆင့်အထိ ရောက်သွားတာပါ။ ဗီတာမင်ဒီတစ်နေ့ဘယ်လောက်လိုသလဲ။ မွေးစကနေ တစ်နှစ်အထိဆိုရင် 400IU၊ တစ်နှစ်ကနေ ၇၀နှစ်အထိဆိုရင် 600IU၊ အသက်၇၀အထက်ဆိုရင် 800IUပါ။ ဒါက တစ်နေ့တာအတွက် ပမာဏပါ။ ဗီတာမင်ဒီက ဘာအတွက်ကောင်းတာလဲ။ ဗီတာမင်ဒီနဲ့ ပတ်သတ်ပြီး အပြောများတာက ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီနဲ့ တွဲသောက်ရင် ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်ပါတယ်တဲ့။ ဗီတာမင်ဒီက သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်ချို့တဲ့တာကို သက်သာစေပါတယ်။ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ မွေးရာပါသွေးထဲမှာ ဖော့စဖိတ်နည်းတာကို ကုသပေးနိုင်ပါတယ်။ ဗီတာမင်ဒီကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေထုညစ်ညမ်းမှု အန္တရာယ်

မနေ့က (ဇန်နဝါရီ ၂၉ ၂၀၂၀)က ရန်ကုန်ရဲ့လေထုက အနီရောင်အဆင့်ကို ရောက်သွားတယ်ဆိုတာ သိပါသလား။ ဒီ၂၁ရာစုမှာ လူဦးရေ တိုးပွားလာတာကြောင့် ကုန်ကြမ်းကုန်ချောတွေ ပိုလိုအပ်လာတဲ့အတွက် စက်ရုံတွေ၊ စွမ်းအင်တွေ ပိုလိုလာပါတယ်။ စိုက်ပျိုးရေးမြေတွေ၊ ရေတွေလည်း ပိုလိုလာပါတယ်။ ဒါတွေရဲ့ အဆုံးသတ်က ပတ်ဝန်းကျင်သယံဇာတ ပျက်စီးပြီး လျှော့နည်းလာတာပါပဲ။ ဒါကို သတိထားမိတဲ့ ဖွံဖြိုးပြီးနိုင်ငံကြီးတွေက ပတ်ဝန်းကျင်မညစ်ညမ်းအောင် ဇီဝလောင်စာအသုံးတွေလျှော့ချတာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာတွေ စလုပ်နေကြပါပြီ။ မြန်မာနိုင်ငံအနေနဲ့လည်းဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုနေပါပြီ။ လေထုညစ်ညမ်းမှု အနီရောင်အဆင့်က အားလုံးကို သတိပေးလိုက်တာပါပဲ။ ဒီညစ်ညမ်းမှုတွေရဲ့ နောက်ကွယ်မှာ ကျန်းမာရေးအရဘယ်လိုထိခိုက်မှုတွေရှိနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ လေထုညစ်ညမ်းမှု ဘယ်ကစ လေထုညစ်ညမ်းတယ်ဆိုတာ ကိုယ်ရှူတဲ့လေထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါနေတာပါ။ WHOက လူ၁၀ယောက်မှာ ၉ယောက်က မသန့်တဲ့လေတွေကို ရှူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်WHOက လေထုညစ်ညမ်းမှုကို […]


အခြေခံကျန်းမာရေး

မီးညောင်လေးတွေ မွေးထားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ခု

Hello ဆရာဝန်ရဲ့ ပရိသတ်တွေထဲမှာ ညောင်ချစ်တတ်တဲ့သူတွေများ ရှိလား။ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဘာရောဂါဖြစ်မယ်၊ ဘာအန္တရာယ်တွေရှိတယ်ဆိုတာ ကြားဖူးကြမှာပေါ့နော်။ အမှန်တော့ သခင်ဖြစ်သူရဲ့ ဂရုတစိုက်ထားရှိမှု၊ သန့်ရှင်းမှု၊ စနစ်တကျစည်းကမ်းထားရှိမှု၊ ပုံမှန်ကျန်းမာရေးဂရုစိုက်မှု တို့ကို အဓိက မူတည်တာဖြစ်ပါတယ်။ ကိုယ်က ဖြစ်သလိုမွေးထားရင် ရောဂါပိုးတွေ ပွထနေမှာ သေချာတာပေါ့။ အိမ်မွေးတိရစ္ဆာန်မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုတွေဂရုစိုက်ရမလဲဆိုတာကို အရင်ဆောင်းပါးတစ်ခုမှာ ရေးထားပေးပြီးပြီဆိုတော့ ဒီတစ်ခါ မီးညောင်လေးတွေမွေးထားတဲ့ သခင်တွေပဲ ရနိုင်မယ့် အကျိုးကျေးဇူးတွေ၊ အားသာချက်တွေ ရေးပေးပါ့မယ်။ ဒီအကျိုးကျေးဇူးတွေကို အိမ်မွေးတိရစ္ဆာန်မွေးမြူရာမှာ စည်းကမ်းရှိတဲ့ ညောင်သခင်တွေပဲ ရနိုင်မှာပါနော်။ လေ့လာတွေ့ရှိမှုတွေအရ ညောင်လေးတွေကြောင့် - (၁) စိတ်ဖိစီးမှု နဲ့ စိုးရိမ်စိတ်တွေ လျော့စေတယ်။ ကိုယ်စိတ်ပင်ပန်းတဲ့အခါ ရင်ဖွင့်စကားပြောဖော်၊ ငိုယိုပြောပြစရာအဖော် အဖြစ်နဲ့ အမြဲနားထောင်ပေးနိုင်တဲ့ ညောင်လေးတွေရှိပါတယ်။ သူတို့ကို ပွတ်သပ်၊ ပိုက်ထွေးလိုက်ရုံနဲ့ နွေးထွေးမှုကို ပေးနိုင်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထအချို့

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ပြောကြပေမယ့် လူတော်တော်များများက တန်ဖိုးထားဖို့မေ့နေကြပါတယ်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတော့မှနားလည်ကြတာပါ။ လူတစ်ယောက်ကျန်းမာပြီး ရောဂါကင်းနေဖို့က အခြားသူတွေလုပ်ပေးလို့မရပါဘူး ကိုယ်တိုင်လုပ်ယူရတာပါ။ နောက်တစ်ချက်က ကျန်းမာစေဖို့ ဆိုတဲ့နေရာမှာ အနေအထိုင်၊ အစားအသောက် နဲ့ နေ့စဉ်ပြုမူနေကျ အလေ့အထအားလုံးက သက်ရောက်နေတယ်ဆိုတာပါ။ တစ်နေ့တာအတွက် အရေးပါဆုံး အချိန်အပိုင်းအခြား တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် အင်အားပြည့်ဝစွာနဲ့နိုးထပြီး မနက်ခင်းလေးကို အကောင်းဆုံးစတင်ဖို့လိုပါမယ်။ မနက်ခင်းကို အကောင်းဆုံး စတင်နိုင်မှုက တစ်နေ့တာလုံးမှာ အကောင်းဆုံးတွေဖြစ်လာစေဖို့ရော သင့်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုပေးနိုင်လို့ပါ။ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ မနက်ခင်း အလေ့အထ အချို့က ဘာတွေများလဲ....... ရှင်သန်နေချိန်တလျှောက်မှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ဆိုရင် သင့်ရဲ့ မနက်ခင်းတိုင်းကို အခုလိုမျိုး ကုန်ဆုံးကြည့်ပါ။ အိပ်ရာစောစောထပါ မနက်ခင်းစောစောမှာ လေထုက သန့်စင်လတ်ဆတ်နေသလို နေရောင်ခြည်နုနုလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှုကင်းပြီး ကျန်းမာနေစေဖို့အတွက် ဗီတာမင် D ပြည့်ဝစွာရရှိစေဖို့ မနက်ခင်းနေရောင်ခြည်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နှာခေါင်းအပေါက်ဖောက်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သမျှ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတွင်ကျယ်သေးတာမျိုးမဟုတ်ပေမဲ့ ဒီဘက်ခေတ်မှာလည်း နားတစ်မျိုးသာမက နှာခေါင်းမှာပါ အပေါက်ဖောက်တာ ခေတ်စားလာကြပါတယ်။ မြင်နေကျမဟုတ်သူတွေအတွက်တော့ တော်တော်ထူးဆန်းနေနိုင်တဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ဒါဟာလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ်တိုင်က နှာခေါင်းမှာ အပေါက်ဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ နှာခေါင်းအပေါက်ဖောက်တာ အနာကျက်ဖို့ ဘယ်လောက်ကြာနိုင်လဲ။ နားကပ်ပေါက်ဖောက်တာလိုပဲ နှာခေါင်းပေါက်ဖောက်တဲ့အခါမှာလည်း လုံးဝအကင်းအရှင်းပျောက်သွားဖို့ ၄လမှ ၉လထိ ကြာနိုင်ပါတယ်။ အနာကျက်ရန်ကြာချိန်သည် • အပေါက်ဖောက်ထားတဲ့ နှာခေါင်းအစိတ်အပိုင်း (နှာခေါင်းပေါက်၊ အတွင်းသား၊ အပေါက်နှစ်ခြား အလယ်ကခြားနေတဲ့ အမြှေးပါး အစရှိသဖြင့်) • အပေါက်ဖောက်ထားတဲ့ နေရာမှာ ကပ်ထားတဲ့ ပစ္စည်း (သံ၊ ရွှေ၊ ပလက်တီနမ်၊ သတ္တုပစ္စည်း အစရှိသဖြင့်) • ဒီအပေါက်ဖောက်ထားတဲ့ နေရာကို ဘယ်လောက်ထိ သန့်ရှင်းအောင်ထားလဲ စတာတွေပေါ် မူတည်နိုင်ပါတယ်။ နှာခေါင်းပေါက် ဖောက်ပြီးနောက် ပြန်ကောင်းလာရန် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်နော်

ကမ္ဘာကြီးက အရင်ကထက် ပိုပြီးပူနွေးလာတယ်။ ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ အဲ့လိုပဲ ရောဂါပိုးမွှားအသစ်အဆန်းတွေဆိုတာလည်း အရင်တုန်းကရော အခုရော နောင်ရော ထွက်ပေါ်နေဦးမှာပါ။ မှတ်မှတ်ရရ အရင်နှစ်တွေတုန်းကလည်း ကြက်ငှက်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဝက်တုပ်ကွေးဆိုပြီး အမျိုးမျိုး ထွက်လို့ ပြည်သူလူထုက အထိတ်တလန့် ဖြစ်ကြရတယ်။ အခုတခါလည်း တရုတ်ပြည်ကနေ ဝူဟန်ဗိုင်းရပ်စ်ဆိုပြီး အဆုတ်ရောင်နမိုးနီးယားဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်တွေ ထပ်ထွက်လာပြန်ပြီနော်။ ရောဂါပိုးမွှားဆိုတာ အသစ်ပဲ ဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အဓိက ကူးစက်နိုင်တာကတော့ ကိုယ်ခံအားနည်းသူတွေ၊ ကလေးတွေနဲ့ အသက်ကြီးပိုင်းအရွယ်တွေပါပဲ။ အရေပြားချင်းထိမိရာကနေ ကူးစက်တာတွေ ရှိတယ်၊ လေထဲကနေတစ်ဆင့် ကူးစက်တာတွေလည်း ရှိတယ်၊ အစားအစာ သို့မဟုတ် တိရစ္ဆာန်အသားကနေ ကူးစက်တာမျိုးလည်း ရှိတယ်။ ဘယ်လိုကြောင့်ပဲ ကူးစက်ခံရပါစေ ကိုယ်ခံအားနည်းတဲ့သူတွေသာလျှင် အဓိကရောဂါဖြစ်နိုင်ခြေ အများဆုံးဆိုတာတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအချိန်မျိုးမှာမဆို ကိုယ့်ရဲ့ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ

သိုင်းရွိုက်ရောဂါဆိုရင် လည်ပင်းကြီးရောဂါလို့ပဲ လူသိများပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေက လည်ပင်းကြီးတာချည်းပဲမဟုတ်ဘဲ လက္ခဏာအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်အမှုမဲ့အမှတ်မဲ့ ဖြစ်နေကျ လက္ခဏာတွေက ခန္ဓာကိုယ်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဖော်ပြနေတတ်ပါတယ်။ ဒီအချက်တွေထဲက အတော်များများဖြစ်တယ်ဆိုရင်၊ နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါ့ကြောင့် အရေးပါတဲ့ လက္ခဏာတွေကို သိထားသင့်တာပေါ့နော်။ ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက စိတ်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လို့ Mayo Clinic ကဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းရင် ဦးနှောက်ထဲကပျော်ရွှင်မှုပေးတဲ့ serotoninဟော်မုန်းကိုထိခိုက်စေပြီး သင့်စိတ်ကိုပုံမှန်နဲ့မတူ ညှိုးငယ်တဲ့ခံစားချက်တွေဖြစ်စေပြီး စိတ်ကျဝေဒနာအထိဖြစ်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း သိုင်းရွိုက်ဟော်မုန်းများလွန်းရင် စိတ်ပူပန်မှု၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်း ဝမ်းချုပ်ခြင်းကိုခံစားနေရရင်လည်း ဒီလက္ခဏာကိုသတိရပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမူမမှန်ရင် အစာချေဖျက်မှုမှာနှေးကွေးစေတတ်လို့ပါ။ ဒါဟာhypothyroidism ရဲ့အဖြစ်များဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။ အအိပ်များလွန်းခြင်း မနက်ဆို အိပ်ရာကမထနိုင်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်အိပ်ရေးကမဝသလိုခံစားရပါတယ်။ အိပ်ခဲ့ရပေမယ့် မအိပ်ရသလို ခံစားချက်မျိုး။ သိုင်းရွိုက်လုပ်ဆောင်ချက်နှေးကွေးမှုက သင့်ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို လိပ်လိုနှေးစေနိုင်တာကြောင့်နေ့အချိန်မှာတောင် အိပ်ငိုက်နေစေတာဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေခြင်း အားမရှိသလို၊ နုံးချိနေသလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

​အခုနှစ်ပိုင်းတွေမှာ လိင်အကြမ်းဖက်ခံ ရတာကို မကြာခဏကြားနေရပါတယ်။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ယောက်ျားလေး၊ မိန်းကလေးတွေရော ကြားနေရတာပါ။ ဒီကိစ္စက မဖြစ်ရင်ကောင်းပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးတွေ မြန်မြန်ဆန်ဆန်ကာကွယ်နိုင်မှသာ ပြုကျင့်ခံရသူ (victim)က နှစ်ခါ မနစ်နာမှာပါ။ ဒီမှာတော့ လိင်အကြမ်းဖက်ခံရပြီးနောက်  လုပ်ရမယ့်အချက်တွေကို ကျန်းမာရေးရှုထောင့်ကေန ပြောပြသွားမှာပါ။ (၁) ကိုယ်တွင်းကိုယ်ပဒဏ်ရာများ အဓမ္မကျင့်ခံရတာကို သိသိချင်း အရင်ဆုံးလုပ်ရမှာက ဆေးရုံကို သွားဖို့ပါ။ ရေမချိုးပါနဲ့။ ဆေးရုံကိုတန်းသွားပါ။ ဒါမှ အမှုဖွင့်ဖို့ လိုအပ်တဲ့ သက်သေ (သုတ်ရည်)စတာတွေကို စုဆောင်းနိုင်မှာပါ။ နောက်တစ်ခုက ဒဏ်ရာပါ။ ခြိမ်းခြောက်ခံထားရလို့ဖြစ်ဖြစ်၊ ရုန်းကန်ထားလို့ဖြစ်ဖြစ် ပွန်းပဲ့ရာ၊ အညိုအမည်းစွဲရာ၊ အခြားဒဏ်ရာတွေရှိနိုင်ပါတယ်။ ဒါပြင့် မိန်းမကိုယ်စုတ်ပြဲတာ၊ စအိုစုတ်ပြဲပြီး အူအတွင်းပိုင်းထိ ဒဏ်ရာရတာ၊ သွေးထွက်လွန်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရတာတွေလုပ်ရမှာပါ။ နောက်ကျသွားရင် ပိုးဝင်တာ၊ အသက်အန္တရာယ်ရှိတာတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း