အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေမှာပဲ ဖြစ်ဖြစ် အမွှေးတိုင် ကို ထွန်းခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အရင်ခေတ်တွေကတော့ သဘာဝပစ္စည်းတွေကို မီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့နဲ့ ပူဇော်ကြတာပါ။ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့် အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ အမွှေးတိုင်အပြင် အမှုန့်၊ အဆီခဲ စသဖြင့် ပုံစံမျိုးစုံ ရှိပါတယ်။ ခုခေတ်မှာတော့ ဓာတုပစ္စည်းတွေက အနည်းနဲ့ အများ ပါဝင်လာကြပါပြီ။ ဒါ့ပြင် ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာအပြင် အိမ်တွင်းမျာလည်း သုံးလာကြတဲ့အတွက် ဒါတွေက အိမ်တွင်းလေထုညစ်ညမ်းမှု (indoor air pollution) မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။ အမွှေးတိုင် တွေနဲ့ ကျန်းမာရေး သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ ထွန်းမှာလဲ။ […]


အခြေခံကျန်းမာရေး

ကရိုတီးနွိုက် (Carotenoids) အကြောင်း သိသင့်သမျှ

ကရိုတီးနွိုက် (Carotenoid) ဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး သစ်ပင်များ၊ ရေညှိပင်များနဲ့ အလင်းရောင်ကနေ အစာဖွဲ့စည်းတဲ့ ဘက်တီးရီးယားတွေမှာ ပါဝင်ပါတယ်။ အဆိုပါ ရောင်ခြယ်ပစ္စည်းများကြောင့် အပင်များ၊ အသီးအနှံ အရွက်များမှာ အဝါရောင်၊ အနီရောင်၊ လိမ္မော်ရောင်များ မြင်တွေ့ရစေပါတယ်။ ကရိုတီးနွိုက်ဟာ ရောင်ခြယ်ပစ္စည်းအဖြစ်သာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း အကျိုးပြုပါတယ်။ ကရိုတီးနွိုက်အမျိုးကွဲပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။ အချို့ကို ဗီတာမင် A အနေနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။ တွေ့ရများတဲ့ ကရိုတီးနွိုက် အမျိုးအစားတွေကတော့ - အယ်လ်ဖာကရိုတင်း - ဘီတာကရိုတင်း - လူတိန်း (Lutein) - လိုင်ကိုပင်း (Lycopen) စတာတွေ ဖြစ်ပါတယ်။ ကရိုတီးနွိုက်ကို အစားအသောက်ကနေ ရရှိနိုင်ပါတယ်။ အဆီနဲ့အတူ စုပ်ယူရင် ပိုပြီး ထိရောက်ပါတယ်။ ကရိုတီးနွိုက် ကြွယ်ဝတဲ့ အစားအစာတွေကတော့ - ဝဥ - ကိုက်လန် - ဟင်းနုနွယ် - ဖရဲသီး - သခွားမွှေးသီး - ငရုတ်ပွ - […]


အခြေခံကျန်းမာရေး

သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်

သံဓာတ်အားနည်းနေသူတွေ သံဓာတ်အားဖြည့်ဆေးသောက်တော့မယ်ဆို သိထားသင့်တာလေးတွေပြောပြ ချင်ပါတယ်။ သံဓာတ်အားနည်းတာနဲ့ သွေးအားနည်းတာက ဆက်စပ်နေပါတယ်။ သံဓာတ်လုံလုံလောက်လောက်ရှိမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥများများ ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ သွေးနီဥတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို အဆုတ်ကနေ တစ်ကိုယ်လုံးရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်က သံဓာတ်နည်းနေရင် အောက်ဆီဂျင်ပို့ဆောင်ဖို့ လိုအပ်တဲ့ သွေးနီဥမရှိတော့ပါဘူး။ ဒီအချိန်မှာ သွေးအားနည်းတဲ့ပြဿနာ ကြုံရတော့တာပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သံဓာတ်ကို အစားအသောက်တွေ စားရင်လည်း ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ သံဓာတ်အားဖြည့်ဆေးနဲ့ဆိုင်တာကိုပဲ အဓိကပြောပြသွားမှာပါ။ သံဓာတ်အားဆေးကို ဆေးတောင့်၊ ဆေးပြား၊ ဆေးရည် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ သုံးစွဲနိုင်ပါတယ်။ သံဓာတ်အားဆေးမသောက်ခင် တစ်ရက်ကို ဘယ်လောက်ပမာဏသော က်သင့်သလဲဆိုတာကို ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ အရေးကြီးပါတယ်။ သံဓာတ်က မရှိမဖြစ်လိုအပ်တာ မှန်ပေမဲ့ လိုအပ်တာထပ်ပိုသောက်မိရင်လည်း ပြဿနာရှိပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

ဗီတာမင် D ဆိုတာ ကယ်လ်စီယမ် စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်နဲ့ အရိုး၊ ကြွက်သား၊ နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ ဓာတ် ဖြစ်ပါတယ်။ ဒါပေမယ့် ဗီတာမင် Dကို အဆီများတဲ့ငါးက လွဲပြီး တခြားအစားအသောက်ကနေ ရရှိနိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့ နေရောင်ထိတွေ့မှု သိပ်မရှိသူတွေမှာ အလုံအလောက် မရနိုင်တဲ့ အတွက် ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် Dမှာ D2 နဲ့D3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ D2 ကို အသီးအရွက်တွေကနေ ရရှိနိုင်ပြီး D3 ကိုတော့ အဆီများတဲ့ငါးနဲ့ အသားကနေ ရရှိနိုင်တယ်၊ နေရောင်ခြည်က ရနိုင်တယ် ဆိုပေမယ့် ပမာဏ နည်းပါတယ်။ တစ်နေ့ကို ဗီတာမင် Dပမာဏ 400–1000 IUအထိ […]


အခြေခံကျန်းမာရေး

အားဆေး အသောက်လွန် ကြတဲ့အခါ

အားဆေး တို့၊ ဖြည့်စွက်စာ တို့ဆို ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး သိပ်အားကိုးကြတယ် မဟုတ်လား။ မျက်စိအတွက် မျက်စိအားဆေး၊ အသည်းအတွက် အသည်းအားဆေး၊ အာရုံကြောအားဆေး၊ နှလုံးအတွက် ကောင်းတဲ့ အားဆေး၊ ကိုယ်ခံအားကောင်းဖို့ အာဟာရဓာတ်တွေ အပြည့်ပါတဲ့ ဖြည့်စွက်စာတွေ စတဲ့ အမျိုးအမည်ပေါင်းများစွာ သောက်နေကြပါတယ်။ ဒါပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပဲ။ လိုအပ်တဲ့ ပမာဏလောက်ဆို အကျိုးကျေးဇူးများလှပေမယ့် လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်တာလည်း ဒီ အားဆေးတွေပဲ ဆိုတာ မမေ့ပါနဲ့။ ဘာ အန္တရာယ်တွေ ရှိနိုင်လဲ လိုအပ်လို့ ဆရာဝန် ညွှန်ကြားတာက လွဲလို့ ကိုယ့်သဘောနဲ့ကိုယ် အားဆေးအစုံ သောက်ကြတဲ့အခါ သူတို့မှာ ပါတဲ့ အာဟာရဓာတ်တွေရဲ့ ပမာဏ အားလုံးပေါင်းဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ပမာဏထက် […]


အခြေခံကျန်းမာရေး

အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ

ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်က တစ်စုံတစ်ရာသော အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ပြီး လိုအပ်နေသူကို လှူဒါန်းကူညီခြင်းတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းလိုအပ်နေသူတွေဟာ အသက်ဘေးနဲ့ နီးစပ်နေသူတွေများပါတယ်။ ဒါကြောင့် ခုလိုလှူဒါန်းတာဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။ လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတချို့ဟာ အကူအညီလိုအပ်နေတဲ့ တခြားတစ်စုံတစ်ယောက်ထံ ခွဲဝေလှူဒါန်းလို့ ရပါတယ်။ ဥပမာ ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာနဲ့ နှလုံးတို့ပေါ့။ ဘယ်လို အစိတ်အပိုင်းတွေကို လှူဒါန်းလို့ရသလဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲစိတ်လှူဒါန်းလို့ရတာမှန်ပေမယ့် တချို့အစိတ်အပိုင်းတွေက လှူဒါန်းသူ ကွယ်လွန်ပြီးမှသာလှူဒါန်းနိုင်တာဖြစ်ပြီး တချို့ အစိတ်အပိုင်းတွေက အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ကိုယ်တွင်း အင်္ဂါတွေထဲမှာဆိုရင် ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ နှလုံး၊ ပန်ကရိယနဲ့ အူတို့ကို အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မျက်နှာနဲ့ လက်တို့ကိုလည်း အစားထိုးလို့ရတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အသည်း ဒီထဲမှာမှ အသည်းနဲ့ ကျောက်ကပ်အစားထိုးတာတွေကတော့ လူသိပိုများလှပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ်

ခုလို မိုးတွင်းကာလ မိုးတွေ သည်းသည်းမည်းမည်း ရွာပြီဆိုရင် “မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်” လို့ အော်ဟစ်ပြီး မိုးရေပြေးချိုးခဲ့ကြဖူးမှာပါ။ အနောက်နိုင်ငံတွေမှာတော့ မိုးရေကို အိမ်သုံးအဖြစ် သုံးတဲ့ အလေ့အထရှိပေမယ့် မိုးရေထွက်ချိုးတဲ့ အလေ့အထမျိုးတော့ နည်းပါးလှပါတယ်။ ဒါပေမယ့် အာရှဒေတွေမှာတော့ မိုးရေထွက်ချိုးတယ်ဆိုတာဟာ ငယ်ဘဝအမှတ်တရတွေကြားထဲက ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပုံရိပ်တချို့လို့တောင်ဆိုလို့ရပါတယ်။ မြန်မာပြည်မှာဆိုရင် မိုးရေချိုးရင် မိတ်ပျောက်တယ်ဆိုတဲ့ အယူအဆကလည်းရှိတော့ လူကြီးတွေကလည်း မိုးရွာရင် ကလေးတွေကို မိုးရေချိုးဖို့ တိုက်တွန်းတတ်ကြပါတယ်။ မိုးရေချိုးရင် ကျန်းမာတယ်လို့လည်း ပြောတတ်ကြပါသေးတယ်။ မိုးရေချိုးရင် တကယ်ရော ကျန်းမာမယ်ဆိုတာ ဟုတ်ရဲ့လား။ မြန်မာပြည်လို မိုးများတဲ့ မုတ်သုံရာသီဥတုရှိတဲ့တိုင်းပြည်မျိုးမှာ ဒီမေးခွန်းလေးက စိတ်ဝင်စားစရာ မေးခွန်းလေး တစ်ခုပါ။ မိုးရေက ခန္ဓာကိုယ်ကို အကျိုးပြုသလား မိုးရေချိုးတာဟာ အကြမ်းဖျဉ်းအားဖြင့်တော့ လူကို ဘေးမဖြစ်စေနိုင်သလို ရေကိုလည်းချွေတာစေနိုင်တာမို့ ကောင်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ပျော်နေ သေခဲ

ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပျော်ပျော်နေ သေခဲ ဆိုတဲ့ စကားလေးက တကယ်ကို မှန်တာပါ။ ပျော်ရွှင်နေတဲ့ စိတ်ကလေးက စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျော်ပျော်နေ သေခဲ ပျော်ရွှင်နေတဲ့ စိတ်ကလေးက ပေးတဲ့ ကျန်းမာရေး တွေက ဘာတွေများ ဖြစ်မလဲ။ ပျော်ပျော်နေ သေခဲ ........ နေ့ရက်တိုင်းမှာ စိတ်ပျော်ရွှင်မှုရနေသူတွေက စိတ်ပျော်ရွှင်မှုတင် မဟုတ်ဘဲ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပါ ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ကြတယ် စိတ်ပျော်ရွှင်နေတာက ကျန်းမာတဲ့ လူနေမှုပုံစံကို လိုက်နာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ပျော်ရွှင်နေသူတွေက စိတ်ညစ်နေသူတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိတတ်​ကြပါတယ်။ လေ့လာမှုတွေအရ စိတ်ပျော်ရွှင်နေသူတွေဟာ လတ်ဆတ်တဲ့ သစ်သီးတွေ။ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကောက်နှံတွေကို ပိုမို စားသုံးမိကြတယ်၊ […]


အခြေခံကျန်းမာရေး

နေကြတ်ခြင်း နဲ့ ကျန်းမာရေး အယူအဆများ

နေကြတ်တာက သဘာဝ ဖြစ်စဉ်ဆိုပေမယ့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ယူဆမှုတွေ၊ ယုံကြည်မှုတွေ ရှိနေပါတယ်။ ဒီ အယူအဆတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်စေချင်ပါတယ်။ နေကြတ်တယ် ဆိုတာ သဘာဝဖြစ်စဉ် တစ်ရပ်ပါ။ နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ လက ကမ္ဘာမြေပေါ်ကို ကျရောက်နေတဲ့ နေရဲ့ အလင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်  လရဲ့ အရိပ်က ကမ္ဘာမြေပေါ် ကျလာတာကို နေကြတ်တယ် ခေါ်တာပါ။ နေကြတ်တဲ့အခါ နေအပြည့်ကြတ်တာ ရှိသလို နေတစ်စိတ်တစပိုင်း ကြတ်တာမျိုးလည်း ရှိပါတယ်။ နေအပြည့်ကြတ်တယ်ဆိုတာက ကမ္ဘာရယ် နေရယ် လရယ် တစ်ထပ်တည်း ကျရောက်ပြီး လည်ပတ်မင ဖြစ်စဉ် အသစ်တစ်ရပ် ဖြစ်ပေါ်လာမယ့် အခြေအနေပါ။ ဒီအခြေအနေက သဘာဝဖြစ်စဉ် […]


အခြေခံကျန်းမာရေး

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Body piercing ဆိုတာကတော့ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ ပြင်ပအစိတ်အပိုင်းတစ်ခုခု (ဥပမာ- နားရွက်၊ ချက်၊ နှုတ်ခမ်း၊ လျှာ၊ နှာခေါင်း စတဲ့ နေရာတွေ) မှာ ရတာနာပစ္စည်းလေးတွေ၊ fancy အလှပစ္စည်းလေးတွေ တပ်ဖို့အတွက် အလှသဘောနဲ့ အပေါက်ဖောက်တာကို ခေါ်တာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း များသောအားဖြင့် နားမှာ ဖောက်ကြပြီး နားကပ်လေးတွေ အလှတပ်ကြတဲ့အပြင် အထူးသဖြင့် လူငယ်တွေမှာ ချက်၊ နှုတ်ခမ်း စတဲ့အခြား နေရာတွေမှာလည်း body piercing လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲလို body piercing လုပ်မယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊ ဘယ်အချက်တွေကို ဂရုစိုက်သင့် ဆိုတာလေးတွေကို မျှဝေပေးသွားမှာပါ။ Body piercing လုပ်ပြီးတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။ ပုံမှန်အားဖြင့်တော့ သေသေချာချာ ပိုးသတ်ထားပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း