အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဝမ်းနည်းတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဝမ်းသာတဲ့အခါမှာပဲ ဖြစ်ဖြစ် မျက်ရည် ဝဲတတ်ကြ၊ ငိုကြွေးတတ်ကြတာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အကြောင်းမရှိဘဲ ငိုကြွေးဖြစ်နေတာမျိုးတွေလည်း ဖြစ်နိုင်သလို အလိုလိုမျက်ရည်ကျလာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ စိတ်ဓာတ်ကျတာမျိုး၊ စိတ်ဖိစီးမှုများတာမျိုးလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါ့။ တစ်ခုရှိတာက အထက်ပါပြဿနာတွေမရှိဘဲ တခြားသောကျန်းမာရေးပြဿနာတွေကြောင့်လည်း မျက်ရည်တွေ တသွင်သွင်စီးကျတာမျိုး ဖြစ်နိုင်တယ်ဆိုတာပါပဲ။ မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ရုတ်တရက်အကြောင်းအရင်း မသိနိုင်ဘဲ မျက်ရည်တွေ စီးကျလာနိုင်တဲ့ အကြောင်းအရင်းတွေ အများအပြားရှိထားပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ။ ဘာတွေလဲဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။ တချို့ပြဿနာတွေဟာ ပေါ့ဆလို့မဖြစ်တဲ့ ပြဿနာတွေဖြစ်နေတာကြောင့်ပါပဲ။ မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ လူတစ်ယောက် ငိုကြွေးစေရတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ ပျော်ပြီး မျက်ရည်ကျတာမျိုးဖြစ်နိုင်သလို စိတ်ခံစားချက်လွန်ကဲတာကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းနည်းတာနဲ့ ပတ်ဝန်းကျင်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ကယ်ဖို့ သွေးလှူ ကြပါစို့

ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် စိတ်ချရတဲ့သွေးရရှိဖို့ ဘယ်လောက်အရေးပါသလဲဆိုတာနဲ့ သွေးလှူ ဖို့ ဘာလို့အရေးကြီးလဲဆိုတာတွေကို ပြောပြချင်ပါတယ်။ ကမ္ဘာ့ သွေးလှုရှင်များနေ့ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့သွေးလှူရှင်များနေ့ ဖြစ်ပါတယ်။ လူတိုင်းအသက်ရှင်နေနိုင်ဖို့ သွေးကို မရှိမဖြစ်လိုအပ်ပါတယ်။ အခုချိန်ထိလည်း ကမ္ဘာ့အနှံ့အပြားမှာ သွေးအရေးပေါ်လိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်ကုသမှု ခံယူရမယ်ဆိုရင် သွေးလိုပါတယ်။ ကလေးမွေးမယ့် မိခင်တွေဆိုလည်း အရေးပေါ်သွေးဆောင်ထားဖို့လိုသလို သွေးပုံမှန်သွင်းဖို့ လိုအပ်နေတဲ့ နာတာရှည်ဝေဒနာရှင်တွေလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးက သွေးလိုအပ်နေတဲ့သူတွေအတွက် လုံခြုံစိတ်ချရတဲ့ သွေးရရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီသတင်းစကားကို ဖြန့်ဝေချင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၀၅ ခုနှစ်ကစပြီး နှစ်တိုင်းဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အသက်ကယ်ဖို့ သွေးလှူ ကြပါစို့ သန့်စင်တဲ့ […]


အခြေခံကျန်းမာရေး

မဂ္ဂနိစ်ဓာတ် (Manganese) အကြောင်း သိကောင်းစရာ

မဂ္ဂနိစ်ဆိုတာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပြီး periodic table မှာ အက်တမ်နံပါတ် ၂၅ သတ်မှတ်ထားပါတယ်။ မဂ္ဂနိစ် (Manganese) ကို စာလုံးပေါင်းဆင်တဲ့ မဂ္ဂနီဆီယမ် (Magnesium) နဲ့ မကြာခဏ မှားတတ်ကြပါတယ်။ မဂ္ဂနိစ်ဟာ ပမာဏများလာရင် လူကို ထိခိုက်နိုင်ပေမယ့် သင့်တော်တဲ့ပမာဏမှာဆိုရင် လူသားတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ မဂ္ဂနိစ်ချို့ယွင်းလာရင်လည်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ မဂ္ဂနိစ်ဟာ ဘာအတွက် အရေးပါသလဲ မဂ္ဂနိစ်ဟာကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အရေးပါပါတယ်။ အထူးသဖြင့် အောက်ပါ ကိစ္စရပ်များ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်ခြင်းလုပ်ငန်းစဉ် ကိုယ်ခန္ဓာထဲမှာ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတိန်းပေါင်းစုံရှိပါတယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်များကို အရှိန်မြန်လာစေပါတယ်။ မဂ္ဂနိစ်ဟာ အရေးကြီးအင်ဇိုင်းပေါင်းစုံရဲ့ မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ ကိုလက်စထရော စတာတွေကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ဖရီးရယ်ဒီကယ်များဟာ ဆဲလ်များကို […]


အခြေခံကျန်းမာရေး

ကိုလင်း (Choline) ချို့တဲ့ခြင်းအကြောင်း

ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။ အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ ကိုလင်းဟာ ကိုယ်ခန္ဓာရဲ့ အောက်ပါတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ - ဆဲလ်တည်ဆောက်ခြင်း။ ကိုယ်ခန္ဓာဆဲလ်များရဲ့ တောင့်တင်းခိုင်မာမှုကို အားဖြည့်ပေးမယ့် အဆီဓာတ်ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။ - ဆဲလ်များအချင်းချင်းသတင်းပို့ခြင်း။ ကိုယ်ခန္ဓာဆဲလ်များအချင်းအချင်း အချက်အလက်သတင်းတွေ ပေးပို့ရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ဖို့ ကိုလင်းကို လိုအပ်ပါတယ်။ - အဆီဓာတ် သယ်ယူပို့ဆောင်ခြင်းနှင့် ဇီဝဖြစ်ပျက်ခြင်း။ အသည်းကနေ ကိုလက်စထရောကို ဖယ်ထုတ်ရာမှာ ကိုလင်းဟာ အရေးပါပါတယ်။ […]


အခြေခံကျန်းမာရေး

ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုနည်းပညာကို သုံးလို့ သိုင်းရွိုက်ပြဿနာကို ဖြေရှင်းလို့ရနေပါပြီ။

လည်ပင်းအရှေ့ဘက်က ရောင်နေတယ်၊ အသံတွေက ဘာ​ကြောင့်မှန်းမသိ ကွဲအက်နေတယ်၊ တော်တော်နဲ့ကို မသက်သာဘူး။ အစာမျိုချရတာ ခက်လာတယ်။ လည်ပင်းတဝိုက်က နာနေတယ်။ လည်ပင်းက ပြန်ရည်ကြော ဂလင်းတွေ ရောင်နေတယ်။ လည်ပင်းလည်း ကြီးလာသလိုပဲ။ ဘာဖြစ်နေတာလည်း မသိဘူးဆိုရင်တော့ ဒီလက္ခဏာတွေရဲ့ ဖြစ်နိုင်ခြေက သိုင်းရွိုက်ပြဿနာရှိနေတာပါ။ အဆိုးဆုံးအနေနဲ့ကတော့ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်တာပါ။ သိုင်းရွိုက်ပြဿနာကို ကုသနိုင်မယ့်နည်းလမ်းတွေ ရှိပါ့မလား။ သိုင်းရွိုက် ကင်ဆာ ဖြစ်နေတယ်ဆိုရင်ရော ကုသလို့ ပျောက်ကင်းပါ့ဦးမလား။ သေရတော့မယ်ထင်ပါတယ်လို့ တွေးမိနေပြီလား။ ကင်ဆာဆိုတိုင်း သေရမယ်လို့ မဟုတ်ပါဘူး။ အခုပြောတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသလို့ ရောဂါကို အတည်ပြုတာ၊ ရောဂါ အခြေအနေကို အတည်ပြုတာ လုပ်ဆောင်ဖို့ လိုပါမယ်။ ရောဂါ အမျိုးအစားနဲ့ အခြေအနေကို အတည်ပြုပြီးလို့ သိုင်းရွိုက်ကင်ဆာ ဖြစ်နေခဲ့ရင်တောင် ကုသပျောက်ကင်းနိုင်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Screen Timeကို လျှော့ချပါ

ယနေ့ခေတ်မှာ လူတိုင်းရဲ့ တစ်နေ့တာ အချိန်မှာ Screen Time က မပါမဖြစ်နော်။ အလုပ်လုပ်တာဖြစ်ဖြစ်၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာတွေ လုပ်နေတာကြောင့် စခရင်မ်တွေကို ကြည့်ဖြစ်တဲ့ အချိန်က တော်တော်လေးများနေတယ် ဆိုရပါမယ်။ Screen Time ဆိုတဲ့နေရာမှာ ဒါ​တွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Screen Time ဆိုတဲ့ထဲမှာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ ဂိမ်းဆော့တဲ့ ကိရိယာတွေ၊ iPads စတာတွေ ပါဝင်နေတာပါ။ Screen Time များတာက ဘာတွေများ ဖြစ်စေနိုင်လို့လဲ...... Screen Time များတာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပမယ့် သေချာ စဉ်းစားကြည့်ရင် Screen Time ဆိုတဲ့ကလာမှ လှုပ်ရှားမှု လုံးဝမရှိတာကတော့ အသေအချာပါ။ ဒါ​ကြောင့် အမြဲလိုလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်ခြင်း ၏ အကျိုးကျေးဇူးများ

ချွေးထွက်ခြင်း ဆိုတာ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးမှာ အဓိကအားဖြင့် ရေပါဝင်ပြီး အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြား စတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း အပူချိန်တက်လာတဲ့အခါ ချွေးဂလင်းများဟာ အရေပြားရဲ့ အပေါ်ကို ရေတွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီရေဟာ ချွေးပေါက်များမှတဆင့် ချွေးအဖြစ်ထွက်ပေါ်လာပါတယ်။ ချွေးထွက်ခြင်းကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပေမယ့် တကယ်တော့ ချွေးထွက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ လေ့ကျင့်ခန်း ပြုလုပ်ချိန် ချွေးထွက်ခြင်း ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် ချွေးထွက်ခြင်းက စွမ်းအင်ကို မြှင့်တင်ပေးခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ချွေးထွက်ခြင်း ဆိုတာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက် တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အထာက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ချွေးထွက်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် လူကြားထဲရောက်ချိန် အင်္ကျီမှာ ချွေးအကွက်လိုက်ကြီး ထင်းနေတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးကို တတ်နိုင်သလောက် ရှောင်ရှားနိုင်မယ့် အခြေအနေတော့ ရှိပါတယ်။ ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ ယခုဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ အကြောင်းပဲ ဖြစ်ပါတယ်။ အိပ်ရာမဝင်မီ ချွေးထွက်နည်းစေသည့် ဆေးများသုံးခြင်း ချွေးထွက် နည်းစေတဲ့ (antiperspirant) ဆေးများဟာ ချွေးထွက်ပြွန်များကို ပိတ်ဆို့လိုက်တာကြောင့် ချွေးများဟာ အရေပြားပေါ် မရောက်နိုင်တော့ပါဘူး။ ချွေးဂလင်းက ထုတ်လုပ်လိုက်ပေမယ့် အရေပြားပေါ်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

‘ရေအသက်တစ်မနက်’ ဆိုတဲ့ဆိုရိုးအတိုင်း အသက်ရှင်ဖို့အတွက် ရေသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေဓာတ်လိုအပ်ပေမဲ့ လိုတာထက်ပိုပြီး သောက်မိရင်လည်း ရေဆိပ်တက်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကို သိထားသင့်ပါတယ်။ လူတိုင်းဖျော်ရည် သောက်သုံးဖူးကြမှာပါ။ ဖျော်ရည်ဖျော်တဲ့အခါမှာ ထည့်ဖျော်ရမယ့် ရေပမာဏအနည်းအများက အရေးကြီးပါတယ်။ ရေနည်းနေရင် ဖျော်ရည်က လိုတာထက် ပိုချိုနေပြီး များလွန်းရင်လည်း ဘာအရသာမှမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ ရေဆိပ်တက်တဲ့အခြေအနေကလည်း ဒီပုံစံနဲ့ဆင်တူပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သက်စောင့်ဓာတ်အမျိုးမျိုးရှိပြီး ဆိုဒီယမ်ဓာတ်ကလည်း အရေးကြီးဆုံး သက်စောင့်ဓာတ်တွေထဲက တစ်ခုပါ။ ရေကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသောက်သုံးမိရင် သွေးတွင်း ဆိုဒီယမ်ဓာတ်တွေ ကျဲပါးသွားပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ ဆဲလ်ရဲ့အတွင်းနဲ့ အပြင်မှာရှိရမယ့် ရေဓာတ်ပမာဏကို ချိန်ညှိပေးနိုင်စွမ်းရှိတဲ့အတွက် ဆိုဒီယမ်ဓာတ်ကို သတ်မှတ်ပမာဏအတိုင်း ထိန်းထားဖို့က အလွန်ပဲ အရေးကြီးပါတယ်။ သွေးတွင်းဆိုဒီယမ်ပမာဏ 135mmol/l အောက်ကျသွားရင် ဆဲလ်အပြင်က ရေတွေ ဆဲလ်အထဲကို ဝင်ရောက်လာပြီး […]


အခြေခံကျန်းမာရေး

အိမ်တွေမှာ ဆောင်ထားသင့်တဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာများ

အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေထိုင်ခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သည်လို အိမ်မှာပဲနေထိုင်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို ဖြစ်လာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာလည်း ဆန်းစစ်ချင်တယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေကိုလည်း လူနာတွေများပြီး ရောဂါကူးစက်လာမှာ ကြောက်တဲ့အတွက် မသွားရဲဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်အိမ်မှာ ဆောင်ထားနိုင်ပြီး အသုံးပြုရလည်း လွယ်ကူတဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာ - Digital Thermometer လူတစ်ယောက်က သာမန်အပူချိန်မှာ ရှိနေသလား၊ ညောင်းညာပြီး ဖျားနေသလား၊ ဒါမှမဟုတ် ဖျားနေတဲ့သူက သာမန်ငွေ့ငွေ့လေးဖျားနေတာလား၊ တအားကို အပြင်းဖျားနေတာလား စတာတွေကို သင်ကိုယ်တိုင် တိုင်းကြည့်နိုင်ပါတယ်။ ကလေးတွေဆိုရင် လူကြီးတွေလောက် မပြောတတ်တာကြောင့် လူကြီးတွေအနေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း