အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

ချွေးထွက်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို ပြန်ကျအောင် ထိန်းညှိပေးဖို့အတွက် ဖြစ်လာရတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတဲ့အခါ၊ ပူပူစပ်စပ်တွေစားတဲ့အခါ၊ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ခန္ဓာကိုယ်အပူချိန်တွေ တက်လာတဲ့အချိန်တွေမှာ လူတိုင်းချွေးထွက်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ပုံမှန်အခြားသူတွေထက် ချွေးထွက်ပိုလွယ်တာ၊ ပိုများတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာ အဲဒီလို ပိုပြီးချွေးထွက်လွယ်ရတာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ လိုအပ်တာထက်ပိုပြီး ချွေးထွက်များစေနိုင်တဲ့ အကြောင်းအရင်းများ လိုအပ်တာထက်ပိုပြီးချွေးထွက်တာကို ဆေးပညာအခေါ်အဝေါ်အရ hyperhidrosis လို့ခေါ်ပါတယ်။ ၁။ အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွယ်ခြင်း တချို့ကတော့ ဘာရောဂါအခံမှ မရှိဘဲ အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်၊ ချွေးထွက်များတတ်ကြပါတယ်။ အဲဒီလို အကြောင်းအရင်းတစ်ခုခုမရှိဘဲ ချွေးထွက်လွယ်တဲ့သူတွေဟာ တစ်နေရာထဲတင်မက ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့် ချိုင်း၊ မျက်နှာ၊ ပေါင်ခြံ၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ရှည်ရှည်နေချင်သလား Screen Time လျှော့ချလိုက်ပါ

Screen Time ၊ Screen Time နဲ့ ခဏခဏ ကြားလာရတယ်။ Screen Time ဆိုတာ ဘာကြီးလဲလို့ သိချင်လာကြမယ်ထင်တယ်။ တကယ်တော့ Screen Time ဆိုတာ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။ ဒီခေတ်မှာ Screen Time ဆိုတာ လူတိုင်းမဖြစ်မနေ ကြုံဆုံနေရတဲ့ ကိစ္စတစ်ခုပါ။ အလုပ်လုပ်ဖို့ ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားစက်ကို ကြည့်တာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။ Screen Time ဆိုတာကြီးဟာ လူသားတိုင်းရှောင်လွှဲလို့မရနိုင်ခြင်းရဲ့ နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေပေါ့။ အသက်လေးရယ်တဲ့ ရှည်စေလို Screen Time ကပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေ […]


အခြေခံကျန်းမာရေး

ခေတ်သစ် ဖုန်းရောဂါ (text neck)

ခုတလော ဘာကြောင့်မှန်းမသိ ဇက်ကြောတွေ တက်နေတာ၊ မျက်ရိုးကိုက်နေတာတွေ ဖြစ်နေရင် ကိုယ့်ရဲ့ ဖုန်းသုံးချိန်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ခုခေတ် လူသားတွေရဲ့ လက်ထဲမှာ ဘယ်သွားသွား ဖုန်းတစ်လုံးတော့ အမြဲပါနေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ အနီးကပ်ရန်သူပါပဲ။ ဖုန်းသုံးရင်းနဲ့ သတိမထားမိဘဲ ခေါင်းငုံ့ပြီး စာတွေရိုက်နေတာဟာ သင်ဇက်ကြောတက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လူတွေက တစ်နေ့ကို ပျမ်းမျှခြင်း ၅နာရီလောက်တော့ ဖုန်းသုံးကြပါတယ်။ သုံးတဲ့နေရာမှာလည်း မသိလိုက်ဘဲ ခေါင်းကို ငုံ့ထားတတ်ပါတယ်။ ဒီတိုင်း ခေါင်းကို ၅နာရီငုံ့ဆိုရင် ဘယ်သူမှ ငုံ့မှာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ဆိုရင်တော့ အချိန်တွေ ကုန်လို့ ကုန်မှန်းတောင်  သိလိုက်မှာ မဟုတ်ပါဘူး။ ၅နာရီမကလည်း ငုံ့နေမိတတ်ပါတယ်။ ဒါဟာ ခေတ်သစ်ဖုန်းရောဂါပါပဲ။ အရင်ကတော့ ဖုန်းသုံးတာ စာပို့ဖို့ အဓိက ဖြစ်ပြီး စာရိုက်ရင်း […]


အခြေခံကျန်းမာရေး

ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း

ပျော်ရွှင်ခြင်းဆိုတာ လူ့ဘဝရဲ့ အဓိပ္ပာယ်လို့ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်ကတည်းက ဆိုခဲ့ပါတယ်။ ဒီနေ့အထိ မှန်နေတုန်းပါပဲ။ ပျော်ရွှင်မှုဆိုတာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်အားလုံးကို ခြုံငုံပြီး ခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ရွှင်မြူးခြင်း၊ စိတ်ကျေနပ်ခြင်း၊ ကြည်နူးနှစ်သက်ခြင်း စတဲ့သဘောတရားတွေ ပါဝင်နေပါတယ်။ သုတေသနတွေအရ ပျော်ရွှင်ခြင်းဟာ စိတ်ခံစားမှုကို ကောင်းစေခြင်းသက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးဖြစ်စေကြောင်း သိရှိလာရပါတယ်။ ယခုဆောင်းပါးမှာလည်း ပျော်ရွှင်ခြင်းနဲ့ ကျန်းမာရေးအကြားက ဆက်စပ်မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံ စိတ်ပျော်ရွှင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖြစ်ပါတယ်။ သုတေသနတွေအရ ပျော်ရွှင်သူများဟာ အဆိုးမြင်သူများထက် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေကို ပိုမိုစားသုံးဖြစ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များဟာ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေပါတယ်။ ၎င်းသုတေသနမှာပဲ ဖော်ပြထားတာကတော့ အကောင်းမြင်စိတ်ရှိသူများဟာ ရုပ်ပိုင်းဆိုင်ရာလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရှူဆေးရှူ တိုင်း ကောင်းရဲ့လား

ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ ရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ် ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်၊ ခေါင်းကိုက်မယ်၊ နေရထိုင်ရမအီမသာ ဖြစ်တာတွေပေါ့။ နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလိုဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။ တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးရှူ လိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။ ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။ နှာခေါင်းပိတ်ခြင်းနဲ့ ရှူဆေးရှူ ခြင်း နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊ နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့သွေးကြောလေးတွေ ရောင်ရမ်းလာတာကြောင့်ပါ။ ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ […]


အခြေခံကျန်းမာရေး

ဝါတွင်းကာလမှာ တရားထိုင် မယ်ဆိုရင် ဒါလေးတော့ သတိထား

တရားထိုင် တယ်ဆိုတာ လောကီရော လောကုတ္တရာပါ ကောင်းတဲ့အလုပ်ဆိုတာ အားလုံးသိထားကြပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိတယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။ ဒါပေမယ့် တရားထိုင်ရင်းနဲ့ ရုတ်တရက် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါလေးကိုတော့ သတိထားစေလိုပါတယ်။ တရားထိုင် ရင်း အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေဆိုတာ တရားစခန်းမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တရားထိုင်တဲ့အခါ တစ်နာရီ ဖြစ်ဖြစ် နှစ်နာရီ ဖြစ်ဖြစ် ကိုယ်နိုင်သလောက် ဒီထက်လည်း ကြာကြာ တရားထိုင်တတ်ကြပါတယ်။ တရားထိုင်တဲ့ပုံစံကို ကြည့်မယ်ဆိုရင်လည်း တင်ပလ္လင်ခွေပြီး ထိုင်တာဖြစ်တဲ့အတွက် သွေးကြောတွေကို ဖိညှစ်ထားသလို ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး နေ့စဉ် ရက်ဆက် ဖြစ်လာပြီဆိုရင် ခြေထောက်သွေးပြန်ကြောထဲက သွေးတွေ ခဲလာတတ်ပါတယ်။ ဒီအခြေအနေကို deep vein thrombosis လို့ ခေါ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရှင်သန်ဖို့အတွက် အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အသက်ရှူတာက ရှင်သန်မှုအတွက် တော်တော်လေး အရေးပါပါတယ်။ ကိုယ်တွင်းက ဇီဝကမ္မ ဖြစ်စဉ်တွေ ကောင်းစေဖို့လည်း အသက်ရှူစဉ်မှာ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ အသက်ရှူတယ်ဆိုတာ က အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ပါတယ်။ အသက်ရှူတယ်ဆိုတာ စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုပါ။ အသက်ရှူတာကနေ အင်အားတွေရစေသလို သွေးနီဥဆဲလ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ အသက်ရှူလိုက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက် ၇၀ ရာခိုင်နှုန်းကို ပြင်ပကို စွန့်ထုတ်လိုက်တာပါ။ ဒီလို စွန့်ထုတ်မှုက ကိုယ်ခံအားကို အားဖြည့်ပေးသလို စိတ်ခံစားမှု ကောင်းမွန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အာနိသင်တွေကတော့ အင်အား ပြည့်ဝစေတယ် အောက်ဆီဂျင်က ခန္ဓာကိုယ်က ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝ အရင်းအမြစ်တစ်ခုပါ။ လူသားတွေဟာ အစား မစားဘဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ရာကျော် ရှည်စေသော်

ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲ ကအတိုင်း နေထိုင်ကြည့်ဖို့ အကြံပြုပါရစေ။ အသက်ရှည်ခြင်းအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေထဲမှာ အစားအသောက်အပြင် နေထိုင်မှုပုံစံတွေလည်း လိုအပ်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင် ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် နေနိုင်ဖို့ဆိုရင် အကောင်းမြင်စိတ် ထားပါ ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ အကောင်းမြင်တာက အသက်ရှည်စေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်စိတ် ထားတာက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် နေ့ရက်တိုင်းမှာ အကောင်းမြင် စိတ်ထားလေး ထားကြည့်ပေးပါ။ ယောဂ ကစားပါ ယောဂ ကစားတာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ယောဂ လေ့ကျင့်တာက နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချို၊ သွေးတိုး နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် […]


အခြေခံကျန်းမာရေး

အစိမ်းရောင်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

နေ့တိုင်း မြင်တွေ့နေတဲ့ အရောင်တွေက လူတစ်ယောက်ရဲ့ စိတ်ခံစားမှု အပိုင်းမှာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှု ရှိနေနိုင်ပါတယ်။ အချို့သော အရောင်တွေက ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေမှာ စိတ်အပန်းပြေစေဖို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် လူတော်တော်များများက စိတ်ခံစားမှု အဆင်ပြေစေဖို့အတွက် နဲ့ စိတ်ခံစားမှု သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် အပြာရောင်ကို အသုံးပြုကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ ကျွမ်းကျင်ပညာရှင်တွေက အပြာရောင် နည်းတူ ကျန်းမာရေးအပေါ်မှာ ကောင်းကျိုးတွေ သက်ရောက်မှုရှိနေတယ်လို့ ပြောထားတဲ့ အစိမ်းရောင် အကြောင်းလေးကို ပြောပြပေးပါရစေ။ သဘာဝတရားကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကပေးတဲ့ ကျန်းမာရေး သဘာဝတရားကို ကိုယ်စားပြုတဲ့  အစိမ်းရောင်က အမြင်အာရုံ ကောင်းစေတယ် မျက်လုံးက အရောင်တွေကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ မျက်လုံးက သူ့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အရောင်က အပြာရောင်ဖြစ်ပြီး အနေရအခက်စေဆုံးက […]


အခြေခံကျန်းမာရေး

ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

သင့်အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ စာစောင်တွေဖတ်ရှုရင် ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဆိုတာကို ကြားဖူးနေကြဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုသက်ရောက်မုရှိသလဲဆိုတာကတော့ သိရှိသူနည်းပါးပါတယ်။ ယခုဆောင်းပါးမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်မှုရှိသလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဖရီးရယ်ဒီကယ်ဆိုတာ ကိုယ်ခန္ဓာထဲက တည်ငြိမ်မှုမရှိတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ ဓာတုဗေဒစကားနဲ့ ပြောရရင် ပတ်လမ်းမှာ အီလက်ထရွန်အရေအတွက် မပြည့်တဲ့ အက်တမ်တွေဖြစ်ပြီး တခြားအက်တမ်ကိုဆွဲယူဖို့ ကြိုးစားနေပါတယ်။ အဆိုပါ ဖရီးရယ်ဒီကယ်များ များပြားလာရင် ကိုယ်ခန္ဓာကို ဒုက္ခပေးပြီး ရောဂါဘယထူပြောလာစေပါတယ်။ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်လာစေပါတယ်။ ကိုယ်ခန္ဓာဟာ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အသုံးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များက လိုအပ်တဲ့ အီလက်ထရွန်ကို ထောက်ပံ့ပေးခြင်းအားဖြင့် ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အစားအစာတွေကနေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း