အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

အိမ်မွေးတိရိစ္ဆာန်လို့ ဆိုလိုက်ရင် ခွေးလေး ကြောင်လေးတွေသာမက ငါးလေးတွေ၊ ငှက်လေးတွေ၊ ယုန်လေးတွေကိုပါ မွေးမြူတတ်ကြပါသေးတယ်။ ဒီတစ်ခေါက်တော့ အိမ်မွေး တိရစ္ဆာန် အနေနဲ့ ယုန်လေးတွေကို မွေးမြူသင့်လား။ ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ယုန်ကလေးတွေကို မွေးမြူသင့်လား။ ယုန်လေးတွေက ပုံမှန်အားဖြင့်တော့ ချစ်စရာကောင်းသလို သေသေချာချာ သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုတောင် ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို မွေးမြူသင့်လားဆိုတော့ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မွေးပါလို့ ရတယ်လို့ ပြောပါရစေ။ ယုန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး၊ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ကျန်းမာရေး အာနိသင်ကို ပေးပါတယ်။ အခြား အိမ်မွေးတိရစ္ဆာန်တွေထက် ထိန်းသိမ်းရလွယ်တာကြောင့် မွေးရလွယ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်မျိုးပါ။ ယုန်လေးတွေ မွေးမယ်ဆိုရင် ဘာတွေသတိထားရမလဲ............... ယုန်လေးတွေက ချစ်စရာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

သင့်အနေနဲ့ မီးဖိုချောင်ဝင်ရင်း ကြက်သွန်လှီးချိန်မှာ မျက်ရည်ကျလာတာကို ကြုံဖူးမှာပါ။ ကြက်သွန်နီကို အခွံချွတ်ပြီး အတွင်းသားကို လှီးလိုက်တာနဲ့ မျက်စိမှာ ပူစပ်လာပြီး မျက်ရည်လည်းကျလာတတ်ပါတယ်။ ဘာကြောင့် ဒီကြက်သွန်နီဟာ သင့်မျက်စိကို အနှောင့်အယှက်ပေးရပါသလဲ။ ကြက်သွန်နီမှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတာကြောင့်လား။ ဒါမှမဟုတ် သင့်မျက်စိကပဲ အားနည်းနေလို့လား။ သိပ္ပံပညာရှင်များရဲ့အဆိုအရ သတ္တဝါများနဲ့ အပင်များဟာ သူတို့ရဲ့ရှင်သန်ရပ်တည်နိုင်ရေး၊ မျိုးပွားနိုင်ရေးအတွက် သဘာဝတရားရဲ့လက်ဆောင်တွေ ရှိပါတယ်။ ကြက်သွန်နီမှာလည်း ဒီသဘောပဲလို့ ဆိုနိုင်ပါတယ်။ မိမိကို ရန်ပြုချေမွလာမယ့် ရန်သူကို တုံ့ပြန်ဖို့ ဓာတုငွေ့တချို့ ထုတ်လွှတ်ပေးပါတယ်။ ဒီအငွေ့များဟာ သင့်ရဲ့မျက်ဝန်းများကို ရွှဲစိုသွားစေနိုင်တဲ့ အငွေ့တွေပဲ ဖြစ်ပါတယ်။ ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ဆိုတော့ ကြက်သွန်ကို အခွံနွှာလိုက်ချိန်မှာ ဓာတုပစ္စည်းတစ်မျိုး ထွက်ပေါ်လာပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းကို propanethial S-oxide လို့ ခေါ်ဝေါ်ပြီး မျက်ရည်ထုတ်ဂလင်းများကို […]


အခြေခံကျန်းမာရေး

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေ၊ အအေးမိဖျားနာခြင်း၊ ရာသီတုပ်ကွေးတွေကို ကုသဖို့ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) တွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသတဲ့နေရာမှာ အာနိသင်အလွန်ပြင်းတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း အတန်အသင့် ခံစားရနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေထဲက အဖြစ်များတဲ့ လက္ခဏာကတော့ မောပန်းပြီး အားမရှိသလို ဖြစ်တာပါ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ၁။ ပိုးသတ်ဆေးတွေဟာ ဆေးပြင်းတွေ ဖြစ်တဲ့အတွက် စစချင်း သောက်တဲ့အခါ ကိုယ်ခံအားစနစ်က အနည်းငယ်ကျဆင်းသွားပြီး လူက အားမရှိသလို ဖြစ်သွားနိုင်ပါတယ်။ နဂိုဖျားနာနေတဲ့ အရှိန်ကြောင့် ကိုယ်ခံအားစနစ် အားပျော့နေတဲ့အချိန်မှာ ဆေးပြင်းတွေ သောက်လိုက်တာကြောင့်လည်း ပါပါတယ်။ ၂။ ပိုးသတ်ဆေးတွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုသာမက ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီအကျိုးပြု ဘက်တီးရီးယားများ ပြန်မပေါက်ဖွားလာခင်အထိ […]


အခြေခံကျန်းမာရေး

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဆေးပြင်းတစ်မျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရချိန်မှာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေး သောက်ဖို့ ညွှန်ပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးထဲမှာတော့ ပိုးသတ်ဆေး မပါဝင်ပါဘူး။ ပုံမှန်ဆေးတွေမှာလည်း အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို ပိုးသတ်ဆေးလို ဆေးပြင်းတွေမှာဆို ပိုပြီးတောင် ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အတွက် ရောဂါကုဖို့ အဓိက၊ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေကို နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းတာက သာမညလို့ မှတ်ယူထားဖို့ လိုပါတယ်။ ဒါဆို ပိုးသတ်ဆေးသောက်လို့ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။ ဘေးထွက်ဆိုးကျိုးတွေဟာ ဆေးတံဆိပ်နဲ့ ဆေးအမျိုးအစားပေါ် မူတည်သလို သောက်တဲ့လူနဲ့ ဆေး တည့်၊ မတည့်ပေါ် မူတည်ပြီးတော့လည်း တစ်ယောက်နဲ့ တစ်ယောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သူငယ်ချင်းအဆင့် (Friend Zone) ထဲက ရုန်းထွက်နိုင်စေမယ့် ခြေလှမ်း ၇ လှမ်း

သူငယ်ချင်းအဆင့် (Friend Zone) ထဲမှာ ပိတ်မိနေပြီလား။ ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့အချက်က ကိုယ့်ရဲ့ အချစ်ရေးကို ချည်နှောင်ထားနေတာလား။ ဒီအချက်တွေက သင့်ရဲ့ စိတ်ကို လေးလံနေစေပြီလား။ လူအတော်များများ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တစ်ယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးပေါ့။ သူငယ်ချင်းဘဝ ဆက်ဆံရေးဟာ အပေးအယူမျှပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှာ အားလုံးဟာ သာတူညီမျှပါပဲ။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သင့်ရဲ့သူငယ်ချင်းလေးမှာရှိတဲ့ ထူးခြားဆန်းကြယ် ချစ်စဖွယ်ကောင်းလှတဲ့အချက်တွေကို သင်သတိထားမိလာတဲ့အခါ ဇာတ်လမ်းစပါပြီ။ သင်ချစ်မိနေပါပြီ။ ဒါပေမယ့် ဒါဟာ တစ်ဖက်သတ်အချစ်လို့ခေါ်ပါတယ်။ တကယ်တော့ အချစ်မှာ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပါ။ သူငယ်ချင်းဖြစ်ခြင်းမဖြစ်ခြင်းထက် သူ့ကိုကိုယ် ဘယ်လို မေတ္တာထားပြီး ကြင်နာပေးနိုင်မလဲဆိုတာက ပိုအရေးပါပါတယ်။ ကိုယ့်ရဲ့ မေတ္တာတရားကို ပြသနိုင်ဖို့၊ ကိုယ့်ရဲ့ အနာဂတ်ခရီးဆီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုး လှလှလေးတွေကို လက်မှာ အလှပတ်ကြတာ၊ လိုတဲ့ အခါ ခေါင်းစည်းဖို့ ဆိုပြီး လက်ကောက်ဝတ် မှာ ပတ်ထားကြတာ တွေ့ဖူးပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။ ဒါပေမယ့် ခေါင်းစည်းကြိုးတွေ၊ သရေကြိုးတွေကို လက်မှာ စည်းထားတာက ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ ပျိုမေတို့ မသိသေးလို့ပါ။ ဒီလို လက်မှာ မပတ်ကြဖို့ ဘာကြောင့် သတိပေးရသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ - (၁) သွေးလည်ပတ်မှု မကောင်းတော့ဘူး။ သားရေကြိုး ပါတဲ့ ခေါင်းစည်းကြိုး ကို လက်ကောက်ဝတ် မှာ ပတ်စည်းလိုက်မယ် ဆိုရင် လက်ကောက်ဝတ်မှာ ရှိတဲ့ သွေးကြောတွေကို ဖိညှစ်ထားလိုက်သလိုပါပဲ။ ဒီလိုဆို သွေးလည်ပတ်မှုက ဘယ်လို ဖြောင့်ဖြူးနိုင်တော့မလဲ။ အဲဒီကနေ လက်အာရုံကြောတွေ […]


အခြေခံကျန်းမာရေး

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ညက အတော်များသွားပြီလို့ မနက်အိပ်ရာနိုးနိုးချင်းမှာ တွေးနေမိပြီဆိုရင် သေချာတယ် သင် အရက်နာကျနေပြီဆိုတာပါပဲ။ တကယ်လို့ အရက်နာကျနေမယ်ဆိုရင် ခေါင်းတွေကိုက်၊ မကြည်မလင်တွေဖြစ်ပြီး အာခံတွင်းကနေလည်း ဆိုးရွားတဲ့အနံ့တွေ ထွက်နေမှာဖြစ်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ နေရတ မအီမသာကြီးဖြစ်နေမှာပါ။ ပြီးရင်တွေးပါလိမ့်မယ် “တော်ပြီ နောက်တစ်ခါ ငါမသောက်တော့ဘူးကွာ” ဆိုပြီးပေါ့။ ဒီလိုတွေ ကြုံဆုံရပေမယ့် ယမကာလုလင်တွေကတော့ အရက်ကို ဖြတ်တော်မမူပဲ ဆက်ပြီး စွဲစွဲမြဲမြဲ မှီဝဲကြပြန်ပါတယ်။ နောက်တစ်ခါ အရက်နာပြန်ကျရင် ထပ်တွေးမယ်၊ “ငါထပ်မသောက်တော့ဘူး” ဆိုပြီးပေါ့။ ဒီလိုပဲ သံသရာလည်နေတာမဟုတ်လား။ ခုလိုဖြစ်နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ အရက်နာကျတာက ဆိုးရွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘူးလို့ အစဉ်အဆက် ယူဆထားကြတာကြောင့်ဖြစ်ပါတယ်။ ယုံတမ်းအမှားတွေကြောင့် အရက်နာကျတာနဲ့ ပတ်သက်ပြီး တလွဲတွေ ရှုမြင်လာမိကြတာပေါ့။ တကယ်တော့ အရက်နာကျတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါကြောင့် အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး လူအများစုယူဆနေကြတာတွေရဲ့ အမှန်အမှားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင် ပလတ်စတစ်တွေကို စားမိနေပြီလား

အမေရိကန်လူမျိုးတစ်ယောက်ဟာ တစ်နေ့ကို မိုက်ခရိုအရွယ် ပလတ်စတစ်အစ သေးသေးကွေးကွေး ၂၀၀ လောက်ကို စားမြိုနေမိကြပါတယ်တဲ့။ Journal Environmental Science & Technology ရဲ့ ဖော်ပြချက်ဟာ အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ မိုက်ခရိုပလတ်စတစ်စ အများစုဟာ ရေချိုးခန်းသုံးပစ္စည်းတွေ၊ ရေတွေ၊ အဖျော်ယမကာတွေ၊ အစားအစာတွေ၊ လေထုနဲ့ ကိုင်တွယ်ထိတွေ့နေတဲ့ ပလတ်စတစ်အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်နေတော့တာပေါ့။ ပလတ်စတစ်ကို ကိုယ်တိုင်တော့ ကိုက်မစားပါဘူး။ ဒါပေမယ့် သေးငယ်လှတဲ့ မိုက်ခရိုပလတ်စတစ်တွေဟာ မထင်မှတ်ထားတဲ့ နည်းလမ်းတွေကနေတဆင့် ပါးစပ်ထဲကို ဝင်သွားတတ်ကြတာပါ။ မိုက်ခရိုပလတ်စတစ်ဆိုတာက ဆံချည်မျှင်ထက် သေးငယ်တဲ့ အမှုန်အမွှားတွေကိုဆိုလိုတာပါ။ ဒီလို မိုက်ခရိုပလတ်စတစ်အစလေးတွေ (Microplastics) ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အကျိုးမရှိစေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုသာ ဖြစ်စေတာပါ။ ပလတ်စတစ်ရဲ့ ဆိုးကျိုးတွေ ပါးစပ်ထဲဝင်သွားတာတွေကို အသာထား၊ ပုံမှန်ကိုင်တွယ် အသုံးပြုနေတဲ့ ပလတ်စတစ်တွေက […]


အခြေခံကျန်းမာရေး

လက်ဖဝါးတွေက ချွေးထွက်လွန်းနေလား

သူများနဲ့မတူ တစ်ကိုယ်လုံး ချွေးမထွက်ဘဲ လက်ဖဝါးပဲ ကွက်ပြီး ချွေးထွက်တဲ့သူတွေ ရှိကြလား။ ထွက်တာမှ လက်မှာ လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားရလောက်တဲ့အထိပဲ။ စာရေးရင်ဆို ပိုဆိုး၊ စာရွက်မှာ ချွေးတွေ ရွှဲလို့။ စိတ်လှုပ်ရှားရင် ချွေးထွက်တာ သဘာဝဆိုပေမယ့် အချိန်တိုင်းလိုလို ချွေးထွက်နေရင်တော့ စိတ်ညစ်ရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီဆောင်းပါးမှာ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ ဆက်ပြီး အတူတူ ဖတ်ကြည့်ရအောင်။ လက်ဖဝါးက ဘာလို့ ချွေးထွက်တာလဲ။ ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်ပါ။ ချွေးထွက်မှ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားနိုင်မှာပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး ထွက်လာရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဘာရောဂါအခံမှမရှိဘဲ လက်ဖဝါးက ချွေးထွက်တာကို Palmar hyperhidrosis လို့ ခေါ်ပါတယ်။ ဒီလို အကြောင်းအရင်းမရှိဘဲ ချွေးထွက်တာက ကလေးဘဝမှာတည်းက စကြုံနိုင်ပြီး အသက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး

လူ တော်တော်များများက မိုးစက် မိုးပေါက်လေးတွေ ကျနေတဲ့ အသံကို သဘောကျ ကြပါတယ်။ အကြောင်းကတော့ မိုးရာသီရဲ့ သံစဉ်လေးတွေက စိတ်ကို လန်းဆန်း စေလို့ပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့ မိုးနံ့သင်းသင်းလေး ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါသေးတယ်။ မိုးနံ့သင်းသင်းလေး နဲ့ မိုးစက်မိုးပေါက်လေးတွေက ဦးနှောက်ရဲ့  ခံစားမှုအပိုင်းကိုရော မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးပါတယ်။ မိုးရွာချလိုက်တဲ့အခါ ထွက်လာတဲ့ မိုးနံ့သင်းသင်းလေးနဲ့ မိုးရေစက်လေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုလဲဆိုတာကို လေ့လာထားတဲ့ တွေ့ရှိချက်လေးတွေ အကြောင်း ပြောပြပေး သွားပါမယ်။ မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး ရွာချလိုက်တဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့သင်းသင်းလေး တွေက ရှူသွင်းလိုက်တဲ့ လေတွေကို သန့်စင်စေတယ် လေထုတွေက ခြောက်သွေ့တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း