အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာတွေ၊ မှတ်သားစရာတွေ အများကြီး ဖတ်ပြီးတဲ့နောက် ပျော်စရာဖက် နည်းနည်း လှည့်ကြရအောင်။ သင့်ခန္ဓာကိုယ်၊ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒီအချက်လေးတွေကို သင်သိပါရဲ့လား။ ၁။ ခန္ဓာကိုယ်မှာ အလုပ်အများဆုံး ကြွက်သားက မျက်လုံးကြွက်သားတွေ ဖြစ်ပါတယ်။ ၂။ ကျန်းမာရေးနဲ့ မညီဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းတွေကို စာဖတ်ခြင်းက လျှော့ချပေးနိုင်ပါတယ်။ ၃။ ကော်ဖီသောက်ခြင်းက စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ (ဒီအချက်က အမျိုးသမီးတွေမှာ ပိုပြီး သိသာပါသတဲ့။) ၄။ နာကျင်နေတဲ့ အချိန်မှာ ကျိန်ဆဲလိုက်ခြင်းက နာကျင်မှုကို ပို ခံနိုင်ရည်ရှိစေပြီး လူကို ပိုနေရသက်သာစေပါတယ်။ (အနာလျော့သွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နေရသက်သာတယ်ဆိုပြီး တစ်ချိန်လုံးတော့ ဆဲမနေနဲ့ပေါ့) ၅။ စာတွေကို ချရေးလိုက်တာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ (ငယ်ငယ်တုန်းက […]


ရောဂါလက္ခဏာများ

အသံ များ ရဲ့ အဓိပ္ပာယ်

ဟပ်ချိုး ဆိုတဲ့ နှာချေသံ ကြားရင် နေမကောင်းဖြစ်တော့မယ် လို့ အလိုအလျောက် ထင်တတ်ကြပါတယ်။ ဒီလိုပဲ ရင်ဘတ်ထဲက တရွှီရွှီနဲ့ ခရူးခရူးသံ ထွက်နေတယ်ဆို ရင်ကျပ်နေပြီ၊ ချွဲကျပ်နေပြီ လို့ သိကြတယ် မဟုတ်လား။ ခန္ဓာကိုယ်မှာ ထွက်တဲ့ အသံ တွေမှာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သိထားသင့်တဲ့ အရာတွေ ဆိုလည်း မမှားပါဘူးနော်။ ဘယ် အသံ တွေက ဘာအဓိပ္ပာယ် ရှိနေသလဲ ဘာ့ကြောင့် ဒီလို အသံ ဖြစ်လာရတယ်၊ ဘာတွေ သတိထားရမယ်၊ အမှုမဲ့အမှတ်မဲ့နေရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာလေးတွေ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး - (၁)နှာချေသံ နှာချေတာ ကိုတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခု ပဲပေါ့။ ဗိုင်းရပ်စ် တခုခုကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်

ခုနောက်ပိုင်း အိမ်တွင်းမှာ အပင်လေးတွေ စိုက်တာ ခေတ်စားလာကြပါတယ်။ တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက် ၁။ ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ် အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ နောက်ပြီး အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေ နဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။ ၂။ အသက်ရှူ ဝစေပါတယ် ကျွန်တော်တို့ သိကြတဲ့အတိုင်း အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး […]


အခြေခံကျန်းမာရေး

ထိုင်ခုံတွေက လွတ်မြောက်ဖို့ နည်းအသွယ်သွယ်

ခုခေတ်က ဉာဏခေတ်လို့ ပြောရမလားပဲ။ တစ်ခုခုဆို အရင်ကလို ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ပါဘူး။ တစ်နေရာက တစ်နေရာသွားချင်သလား။ ကား၊ ရထား၊ လေယာဉ် ကြိုက်တာစီးသွား။ ဝေးလို့လား ဖုန်းဆက်လိုက်၊ အီးမေးလ်ပို့လိုက်လေ။ အမြင့်မတက်ချင်ဘူးလား။ ဓာတ်လှေကားတွေ စက်လှေကားတွေ ရှိတယ်လေ။ ဒီလိုတီထွင်မှုတွေက လူသားတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုကို လျင်မြန်လွယ်ကူစေတာ မှန်ပေမယ့် တစ်ဖက်မှာလည်း လူသားတွေကို ငပျင်းလေးတွေ ဖြစ်သွားစေပါတယ်။ တစ်ခုခုဆို လမ်းမလျှောက်ချင်တော့ဘူး။ ခြေထောက်မသုံးချင်တော့ဘူး။ ဒီလို ခန္ဓာကိုယ်က ကြွက်သားတွေကို အနားပေးတာ ကြာလာတဲ့အခါ လူက ကိုယ်အားရော စိတ်အားပါ ချိနဲ့လာပါတော့တယ်။ ခုခေတ်ဆို ပိုဆိုးတာပေါ့။ အများစုက ရုံးဝန်ထမ်းတွေ၊ တစ်နေ့ကို ၈နာရီလောက် ရုံးမှာ ပိတ်မိနေကြတဲ့သူတွေ။ ကျန်တဲ့ ၈နာရီက အိပ်ဖို့ ချန်ရသေးတယ်။ နောက်၈နာရီကျတော့လည်း တစ်ကိုယ်ရည် ကိစ္စတွေ […]


အခြေခံကျန်းမာရေး

ဘေဘီလေး အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ ကြောင်လေးတွေကိုလည်း ချစ်တယ်။ နှစ်ခုလုံး အဆင်ပြေတာ ရှိပါ့မလား

တချို့တွေ အိမ်မှာ ကြောင်လေးတွေကို ချစ်လို့ မွေးထားတတ်ကြပါတယ်။ ဒါပေမဲ့ ဘေဘီလေးကလည်း ရလာတော့မယ်ဆိုတော့ ကြောင်မွေးတွေက ဘေဘီလေးတွေကို ဒုက္ခပေးမှာလား။ အတူတူ ထားလို့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ကလေးတွေနဲ့ ကြောင်တွေနဲ့ဆို ရောဂါတွေ ရကုန်မယ်။ သူများကို ပေးရင်လည်း ပေး၊ ပစ်ရင်လည်း ပစ်ဆိုပြီး ဖိအားတွေ ပေးတဲ့အခါမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ဗျာများပြီး ကိုယ်ချစ်တဲ့ ကြောင်လေးတွေနဲ့ ခွဲရဖို့အရေး အသည်းကွဲကြရသူတွေလည်း ဒုနဲ့ဒေးပေါ့။ ဒါကြောင့် ကြောင်လေးတွေ မွေးထားရင် ဘေဘီလေးတွေအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လို ထားကြမလဲဆိုတဲ့ အကြောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ အိမ်က ကြောင်လေးတွေကို ကာကွယ်ဆေး ထိုးထားပြီးတာ ကျိန်းသေပါစေနော်။ ကြောင်လေးတွေနဲ့ ဘေဘီလေးကို သေချာ မိတ်ဆက်ပေးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဖိနပ်က လူတစ်ယောက် ကျန်းမာရေးအတွက် တော်တော်လေး အရေးပါပါတယ်။ ဖိနပ်ရွေးချယ်တဲ့အခါ ဖိနပ်က ခိုင်ခန့်ရဲ့လား။ မြဲမြံရဲ့လား ဆိုတာ အပြင် ဖိနပ်ကို ချုပ်လုပ်ထားတဲ့ အသားက သက်တောင့်သက်သာ ရှိရဲ့လားဆိုတာကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ နောက်ထပ် သတိထားရမှာ တစ်ခုက ဖိနပ်က ဆိုဒ်မှန်ရဲ့လားဆိုတာပါ။ ဖိနပ်ဆိုဒ်ကို ကြီးနေရင်လည်း ထိခိုက်နိုင်သလို ဖိနပ်ဆိုဒ် သေးနေရင်လည်း မကောင်းပြန်ပါဘူး။ ဒါများ ဘာအရေးလဲ ခြေထောက်နဲ့ တိုင်းဝယ်မှာပေါ့လို့တော့ မပြောပါနဲ့။ ဖိနပ်လေးက လှတယ်။ အွန်လိုင်းကနေပဲ မှာလို့ရမယ်ဆိုရင် ဆိုဒ်မှန်ပြီး ခြေထောက် ထိခိုက်မှု မဖြစ်အောင် ဘယ်လိုများ ဝယ်မလဲပြော။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ ဖိနပ်ဆိုဒ် မှန်မှန်စီးပါ။ ဖိနပ်ဆိုဒ် မှန်မှန်စီးတာက လှပဖို့ရော ကျန်းမာဖို့ပါ အထောက်အကူပြုနိုင်ပါတယ်။ ဖိနပ်က ဆိုဒ်မှန်မှန် စီးရင်တောင် ဖိနပ်ပေါက်တဲ့ […]


အခြေခံကျန်းမာရေး

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအကြောင်းကို အရင်ကလည်း ခဏခဏ တင်ပေးခဲ့တာဆိုတော့ ဒီတစ်ခေါက်မှာ အပြောင်းအလဲ ဖြစ်သွားအောင် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ သန့်ရှင်းရေးနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ထမင်းဟင်းချက်ပြုတ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်တော့ မီးဖိုချောင်ဆိုတာ ပျော်ရွှင်စရာ ကမ္ဘာငယ်လေးတစ်ခုပါ။ မိသားစုအတွက်ရော၊ ကိုယ်တိုင် မြိန်ရေရှက်ရေ စားသောက်နိုင်ဖို့ ချက်ပြုတ်ရတယ်၊ ဒါ့အပြင် ကျန်းမာရေးအတွက်ပါ အာဟာရဓာတ် စုံလင်အောင် စဉ်းစားပေးရတယ်နော်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ချက်ပြုတ်ရတာ ဝါသနာပါနေပါစေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ စိတ်အညစ်ရဆုံးအချိန်ဆိုရင်တော့ ချက်ပြုတ်ခဲ့သမျှ အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုးတွေကို ဆေးကြောသန့်ရှင်းရတဲ့ အချိန်ပေါ့။ အိုးခွက်ပန်းကန်တွေကတော့ ဆေးကြောဖို့ လွယ်တယ်ဆိုပေမယ့် ချက်ပြုတ်ရတဲ့ ဒယ်အိုးတွေက သန့်ရှင်းဆေးကြောဖို့ အရမ်းခက်ပါတယ်။ ဆီတွေပြောင်သွားခဲ့ရင်တောင် နေ့တိုင်း အသုံးပြုနေရတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့အတွက် အနံ့တွေက စွဲကျန်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့တွေ ကျန်နေတဲ့အခါ ကိုယ်ချက်လိုက်တဲ့ ဟင်းအပေါ် သွားပြီးအနံ့သက်ရောက်မှုဖြစ်စေနိုင်တယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ် အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့ သွေးက ရောဂါအခြေအနေ အမျိုးမျိုးကြောင့် သွေးသွင်းဖို့ လိုအပ်တဲ့ လူနာတွေ အတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန် သွေးလှူ နေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီး သွေးလှူ ပေးကြသူတွေ၊ လူနာ နဲ့ ကိုက်ညီတဲ့ သွေးအလှူရှင် ရဖို့ အပြေးအလွှား ကူရှာပေးသူတွေ၊ သွေးလှူကြဖို့ တိုက်တွန်းနှိုးဆော်သူတွေ ရှိနေတာပါ။ သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ ဒီလိုမွန်မြတ်တဲ့ စိတ်ထားလေးတွေ ရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေး ကလည်း အရေးကြီးတယ် ဆိုတာ မေ့မထားသင့်ပါဘူး။ လူက ကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေ […]


အခြေခံကျန်းမာရေး

မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

မိခင်နို့က ဘေဘီလေးတွေကို ကျန်းမာစေရုံ အာဟာရ ပြည့်စေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း ကာကွယ် ပေးသေးတယ်နော်။ ဘေဘီလေးတို့ကို အာဟာရ ဖြည့်ပေးတဲ့နို့က ဘေဘီလေးတွေရဲ့ ကျန်းမာရေးကိုတင် မဟုတ်ဘဲ အရွယ်ရောက်ပြီး သူတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနိုင်ပါသေးတယ်။ ဘယ်လိုများ အထောက်အကူပြုပေးလဲ သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ မိခင်နိုရဲ့ အသုံးဝင်မှု အဖြာဖြာ မိခင်နို့က ဘေဘီလေးကို အားဖြည့်ပေးတာ အပြင် အခုလို အသုံးဝင် ပါသေးတယ်။ မျက်စိနာ သက်သာစေတယ် မျက်စိနာတာကို သက်သာချင်တယ် ဆေးလည်း အလွယ်တကူ မရှိဘူးဆိုရင် မိခင်နို့ရည်ကို မျက်စဉ်းလို ခပ်ပေးလို့ ရပါတယ်။ မျက်လုံး ပိုးဝင်တာ၊ မျက်စိနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ နားပိုးဝင်တာကို သက်သာစေတယ် နားကိုက်တာ၊ နားပိုးဝင်ပြီး ပြည်ထွက်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ ထိခိုက်ရှနာ သက်သာစေတယ် ထိခိုက်ရှနာတွေကို ပိုးဝင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမိုနီယံ နိုက်ထရိတ်ဆိုတာ ဘာလဲ၊ ဘယ်လောက် အန္တရာယ်များသလဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့တုန်းကပေါ့။ ပြင်းထန်တဲ့ မြည်ဟီးသံကြီးနဲ့အတူ ဘေရွတ်မြို့ရဲ့ ကောင်းကင်ယံမှာ ကြောက်မက်ဖွယ် မီးတောက်ကြီးက မှိုပွင့်ကြီးတစ်ခုလို အလိပ်လိုက်တက်လာတယ်။ အရှေ့-အနောက် ကမ္ဘာနှစ်ခုရဲ့ ယဉ်ကျေးမှုဆုံရပ်လို့ တင်စားခံခဲ့ရတဲ့ မြေထဲပင်လယ်ထဲက ဆိပ်ကမ်းမြို့လေးဟာ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်ကာလအတွင်းမှာ အပျက်အစီးပုံတွေ အထပ်ထပ်နဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အနိတ္ထာရုံအရပ်ဖြစ်သွားခဲ့တာပါ။ လူ ၂၂၀ ကျော်သေဆုံးပြီး၊ ၇၀၀၀ ကျော် ဒဏ်ရာရကာ၊ လူ သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဒီပေါက်ကွဲမှုရဲ့ လက်သည်ဟာ အမိုနီယံ နိုက်ထရိတ် (Ammonium Nitrate) ဖြစ်တယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၁၅ သန်းဖိုးလောက် ပျက်စီးဆုံးရှုံးစေခဲ့ပြီး အဓိက ကုန်သွယ်ရေးဆိပ်ကမ်းကို တစ်စစီဖြစ်သွားစေခဲ့တဲ့ တရားခံလို့ ဆိုရပါမယ်။ ပေါက်ကွဲမှုအားက ၁.၂ ကီလိုတန်လောက်အထိရှိခဲ့တာကိုး။ အမိုနီယံ နိုက်ထရိတ်ဆိုတာဘာလဲ ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ သင်္ဘောတစ်စီးပေါ်က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း